iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ရုပ္ရွင္မ်ားမ်ားၾကည့္

သူေရာကိုယ္ေရာ စိတ္၀င္စားႏိုင္မယ့္ ရုပ္ရွင္ေတြ ရံုမွာျဖစ္ျဖစ္၊ ေခြနဲ႕ပဲျဖစ္ျဖစ္ တူတူၾကည့္ေပးလိုက္ပါ။ ရုပ္ရွင္ၾကည့္ေနရေတာ့ စကားမ်ားမ်ားလည္းသိပ္မေျပာျဖစ္၊ သံသယပြားစရာေတြလည္း စဥ္းစားျဖစ္ဖို႕ အခ်ိန္ေလ်ာ့သြားႏိုင္ပါတယ္။

၂။ Surprise ေလးေတြ

ေငြကုန္ေၾကးက်မ်ားမွမဟုတ္ပါဘူး။ သူၾကိဳက္တတ္မယ့္အရာမ်ိဳးေလးေတြကို

သူထင္မွတ္မထားတဲ့အခ်ိန္မွာ Surprise လုပ္ေပးတာဟာ သူ႕ကိုအေလးထားေနမွန္း တစ္မ်ိဳးတစ္ဖံုသိသြားေစႏိုင္လို႕ သံသယျဖစ္တာေတြေတာင္ ေပ်ာက္သြားတတ္ပါတယ္။

၃။ အရြဲ႕တိုက္တာေရွာင္

မ်ားေသာအားျဖင့္ ျဖစ္တတ္ၾကတာက သံသယမ်ားလြန္း၊ စြပ္စြဲလြန္းလို႕

အရြဲ႕တိုက္လုပ္ျပလိုက္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ အဲ့ဒီလိုမလုပ္ပါနဲ႕။ ျဖစ္ႏုိင္ရင္ သူသံသယမ်ားလာေလေလ ကိုယ္ကသူသံသယျဖစ္တဲ့ကိစၥေတြကို သူအျမင္ပိုရွင္းေအာင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေဖာ္ျပႏိုင္ေလေလျဖစ္ဖို႕လိုပါတယ္။

၄။ မေခ်ာ့နဲ႕၊ အခ်ိန္ေပး

သံသယေတြမ်ားလာျပီး ျပႆနာတက္လိုက္တာနဲ႕ ခ်က္ခ်င္းျပန္ေခ်ာ့လိုက္ရင္ အက်င့္ပါသြားတတ္သလို၊ သူ႕ရဲ႕သံသယစိတ္ကလည္း ေပ်ာက္ကြယ္သြားစရာ အလားအလာမရွိပါဘူး။ သံသယျဖစ္ေနတဲ့ကိစၥကို ေသေသခ်ာခ်ာရွင္းျပ၊ လက္မခံရင္ ဘာမွကိုဆက္မေျပာဘဲ အဲ့ကိစၥနဲ႕ပတ္သက္ျပီး အခ်ိန္ေပးျပီး မေဆြးေႏြးေတာ့ဘဲ ထားလိုက္ပါ။

၅။ အလုပ္ကိုပိုဦးစားေပး

တကယ္အလုပ္ရႈပ္ေနေနမေနေန၊ အလုပ္ကိုဦးစားေပးလုပ္ကိုင္ျပပါ။ တျဖည္းျဖည္းနဲ႕ သူ႕သံသယစိတ္ေတြက သူ႕ကိုျပန္စိတ္ညစ္လာေစတဲ့အခါမွာ ေနာက္ဆိုသံသယျဖစ္ဖို႕ထက္ အဆင္ေျပေျပေနဖို႕အခ်ိန္ကို ပိုေတာင့္တလာပါလိမ့္မယ္။

၆။ စတာေနာက္တာေလွ်ာ့

သံသယျဖစ္တတ္ပါတယ္ဆိုမွ စေကာင္းလို႕ ေနာက္ေကာင္းလို႕ သူသံသယျဖစ္ႏုိင္တဲ့ကိစၥရပ္မ်ိဳးေတြကို အေပ်ာ္အပ်က္စေနာက္တာေတြေလွ်ာ့ပါ။ ကိုယ္ကဘယ္ေလာက္စတယ္ေနာက္တယ္ေျပာေျပာ သူ႕စိတ္မွာအဲ့ကိစၥက ဘယ္ေလာက္ထိ ေနရာယူစိတ္အေႏွာင့္အယွက္ျဖစ္ေစလဲ မသိႏုိင္ပါဘူး။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

၁။ ရုပ်ရှင်များများကြည့်

သူရောကိုယ်ရော စိတ်ဝင်စားနိုင်မယ့် ရုပ်ရှင်တွေ ရုံမှာဖြစ်ဖြစ်၊ ခွေနဲ့ပဲဖြစ်ဖြစ် တူတူကြည့်ပေးလိုက်ပါ။ ရုပ်ရှင်ကြည့်နေရတော့ စကားများများလည်းသိပ်မပြောဖြစ်၊ သံသယပွားစရာတွေလည်း စဉ်းစားဖြစ်ဖို့ အချိန်လျော့သွားနိုင်ပါတယ်။

၂။ Surprise လေးတွေ

ငွေကုန်ကြေးကျများမှမဟုတ်ပါဘူး။ သူကြိုက်တတ်မယ့်အရာမျိုးလေးတွေကို

သူထင်မှတ်မထားတဲ့အချိန်မှာ Surprise လုပ်ပေးတာဟာ သူ့ကိုအလေးထားနေမှန်း တစ်မျိုးတစ်ဖုံသိသွားစေနိုင်လို့ သံသယဖြစ်တာတွေတောင် ပျောက်သွားတတ်ပါတယ်။

၃။ အရွဲ့တိုက်တာရှောင်

များသောအားဖြင့် ဖြစ်တတ်ကြတာက သံသယများလွန်း၊ စွပ်စွဲလွန်းလို့

အရွဲ့တိုက်လုပ်ပြလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုမလုပ်ပါနဲ့။ ဖြစ်နိုင်ရင် သူသံသယများလာလေလေ ကိုယ်ကသူသံသယဖြစ်တဲ့ကိစ္စတွေကို သူအမြင်ပိုရှင်းအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ပြနိုင်လေလေဖြစ်ဖို့လိုပါတယ်။

၄။ မချော့နဲ့၊ အချိန်ပေး

သံသယတွေများလာပြီး ပြဿနာတက်လိုက်တာနဲ့ ချက်ချင်းပြန်ချော့လိုက်ရင် အကျင့်ပါသွားတတ်သလို၊ သူ့ရဲ့သံသယစိတ်ကလည်း ပျောက်ကွယ်သွားစရာ အလားအလာမရှိပါဘူး။ သံသယဖြစ်နေတဲ့ကိစ္စကို သေသေချာချာရှင်းပြ၊ လက်မခံရင် ဘာမှကိုဆက်မပြောဘဲ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အချိန်ပေးပြီး မဆွေးနွေးတော့ဘဲ ထားလိုက်ပါ။

၅။ အလုပ်ကိုပိုဦးစားပေး

တကယ်အလုပ်ရှုပ်နေနေမနေနေ၊ အလုပ်ကိုဦးစားပေးလုပ်ကိုင်ပြပါ။ တဖြည်းဖြည်းနဲ့ သူ့သံသယစိတ်တွေက သူ့ကိုပြန်စိတ်ညစ်လာစေတဲ့အခါမှာ နောက်ဆိုသံသယဖြစ်ဖို့ထက် အဆင်ပြေပြေနေဖို့အချိန်ကို ပိုတောင့်တလာပါလိမ့်မယ်။

၆။ စတာနောက်တာလျှော့

သံသယဖြစ်တတ်ပါတယ်ဆိုမှ စကောင်းလို့ နောက်ကောင်းလို့ သူသံသယဖြစ်နိုင်တဲ့ကိစ္စရပ်မျိုးတွေကို အပျော်အပျက်စနောက်တာတွေလျှော့ပါ။ ကိုယ်ကဘယ်လောက်စတယ်နောက်တယ်ပြောပြော သူ့စိတ်မှာအဲ့ကိစ္စက ဘယ်လောက်ထိ နေရာယူစိတ်အနှောင့်အယှက်ဖြစ်စေလဲ မသိနိုင်ပါဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top