iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္ အေနနဲ႔ကေတာ့ အသက္ (၃၀) ဆုိတာ ငယ္ေတာ့တဲ့ အရြယ္ မဟုတ္ပါဘူး။ ဒီအသက္၀န္းက်င္ေလာက္ေရာက္လာျပီဆုိတာနဲ႕ ကေလးတစ္ေယာက္လုိ၊ ဆယ္ေက်ာ္သက္ေတြလို ျပဳမူတတ္တဲ့ တစ္ခ်ိဳ႕အက်င့္ေတြကို ေဖ်ာက္သင့္တဲ့အခ်ိန္ျဖစ္သလို  ခုေျပာျပေပးမယ့္ အေလ့အက်င့္မ်ိဳးေလးေတြ စတင္ပ်ိဳးေထာင္ရေတာ့မယ့္ အခ်ိန္ပါပဲ။

၁။ကိုယ္စားေသာက္ၿပီး ပန္းကန္ေတြကို အနည္းဆံုး ေဘစင္ထဲေတာ့ ထည့္ထားသင့္ပါတယ္။

အိမ္မွာ အိမ္အကူရွိတယ္ဆုိရင္ေတာင္ ကိုယ္စားၿပီးသား ပန္းကန္ကို ေဘစင္ထဲေလာက္ေတာ့ ပို႔ေပးထားသင့္တာေပါ့။ ကိုယ္ကအိမ္မွာ အကူမရွိဘူး၊ ဒါမွမဟုတ္ သူငယ္ခ်င္းနဲ႔စုေနတာမ်ိဳးဆိုရင္ေတာ့ ခုနလုိ အက်င့္မ်ိဳးရွိေနရင္ သင္ဟာ တစ္ျခားသူေတြရဲ႕ မ်က္မုန္းက်ိဳးတာကို ခံရမွာပါ။ ဒီအရြယ္ေတာင္ေရာက္ေနၿပီဆုိတာေလးလည္း ထည့္ေျပာခံရမွာေပါ့။

၂။မိဘေတြကို မၾကာခဏ ဖုန္းေခၚေပးပါ။

ကိုယ္က မိဘနဲ႔မတူ မေနေတာ့ဘူးဆုိရင္ မိဘေတြကို အနည္းဆံုးဖုန္းနဲ႔ေတာ့ ဂရုစိုက္ေပးဖုိ႔ လိုပါတယ္။ တစ္ခါတစ္ေလ ကိုယ့္အေမနဲ႔အတူ မုန္႔သြားစားတာမ်ိဳး၊ ေရွာ့ပင္ထြက္တာမ်ိဳး လုပ္ေပးႏိုင္ရင္ေတာ့ သူတုိ႔အတြက္ ပိုေကာင္းတာေပါ့။

၃။သတင္းေတြကို သိႏိုင္ေအာင္ ႀကိဳးစားပါ။

ကမၻာေပၚမွာ ဘာေတြျဖစ္ပ်က္ေနတယ္၊ ကိုယ့္ႏိုင္ငံမွာ ဘာေတြ ျဖစ္ပ်က္ေနတယ္ဆုိတာ သိႏိုင္ဖုိ႔ ဖုန္းအင္တာနက္ေလး သံုးလုိက္ရံုပါပဲ။ ဒီလို ဗဟုသုတတိုးပြားေအာင္ လုပ္တာဟာလည္း လိုအပ္မႈတစ္ခုအေနနဲ႔ရွိေနၿပီး သူငယ္ခ်င္းေတြ၊ အသိမိတ္ေဆြေတြ ဆံုတဲ့အခါ သင္ပါးစပ္အေဟာင္းသား ျဖစ္မေနေတာ့ဘူးေပါ့။

၄။အသိမိတ္ေဆြအိမ္၊ ေဆြမ်ိဳးအိမ္ေတြသြားရင္ လက္ေဆာင္ေလးတစ္ခုခု ၀ယ္သြားပါ။

ဟိုးအရင္တုန္းကေတာ့ လက္ေဆာင္ပစၥည္း၀ယ္ေပးေနက် မဟုတ္ခဲ့ဘူး မလား။ ခုကိုယ့္အသက္က ၃၀နီးပါးျဖစ္လာပါၿပီ။ လူႀကီးတစ္ေယာက္လုိ႔ ကိုယ့္ကိုကိုယ္ ခံယူၿပီး တာ၀န္ယူမႈ၊ အလုိက္သိမႈေတြကို စတင္လုပ္ေဆာင္ရေတာ့မွာပါ။ ဒီေတာ့ အသိတစ္ေယာက္အိမ္သြားမယ္၊ ေဆြမ်ိဳးအိမ္အလည္သြားမယ္ဆုိရင္ေတာင္ စားစရာေလး၊ လက္ေဆာင္တစ္ခုခု ၀ယ္သြားဖုိ႔ လိုေနပါၿပီ။

၅။မနက္စာေကာင္းမြန္စြာ စားၿပီး၊ ညစာကို အာဟာရရွိရွိသံုးေဆာင္တတ္ေအာင္ လုပ္ပါ။

မနက္ေနာက္က်မွထလို႔၊ ဒါမွမဟုတ္ မနက္စာ စားေလ့မရွိလို႔ ေန႔လည္စာနဲ႔ ေပါင္းစားတတ္တဲ့ အက်င့္မ်ိဳးေတြ ျပင္ပါေတာ့။ က်န္းမာေရးအတြက္ ထည့္စဥ္းစားရမယ့္ အရြယ္ေရာက္ပါၿပီ။ ညစာကိုလည္း ေကာ္ဖီေလးတစ္ခြက္နဲ႔ ျပီးသြားမယ့္အစား အာဟာရရွိၿပီး က်န္းမာမယ့္ အစားအေသာက္ကို ေရြးခ်ယ္စားသံုးဖုိ႔ လိုလာပါၿပီ။

၆။ခႏၶာကိုယ္အေလးခ်ိန္အတြက္ ထည့္စဥ္းစားပါ။

အသက္ (၃၀)ေလာက္ေရာက္လာၿပီဆိုေတာ့ ကိုယ့္ခႏၶာကိုယ္အေနအထား ဘယ္လိုျဖစ္လာသလဲဆိုတာ ေလ့လာပါ။ အေျပာင္းအလဲရွိလာတဲ့အခါ ခႏၶာကိုယ္ထိန္းသိမ္းေပးဖုိ႔ လိုလာပါၿပီ။ ေလ့က်င့္ခန္းလုပ္တာ၊ ေယာဂက်င့္တာမ်ိဳးေတြ လုပ္ေပးပါ။ အနည္းဆံုး အေၾကာေလွ်ာ့တာေလးေတာ့ ပံုမွန္လုုပ္ေပးဖုိ႔ လိုလာပါၿပီ။

၇။ညတိုင္း မ်က္ႏွာသစ္ၿပီးမွ အိပ္ယာ၀င္ပါ။

ဒီအခ်က္က လြယ္ကူတယ္လို႔ ထင္ေပမယ့္ ဒီလို ညတုိင္း မ်က္ႏွာမသစ္ပဲ အိပ္ေလ့ရွိသူေတြအတြက္ ခက္ခဲပါလိမ့္မယ္။ အသက္ ၃၀ေက်ာ္လာတဲ့အခါ မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ျဖစ္လာတာမ်ိဳး၊ အေရျပားမေကာင္းတာမ်ိဳးေတြ မႀကံဳရဖုိ႔ ဒီအက်င့္ေလးလုပ္ပါ။

၈။မျဖစ္မေန လုပ္ရမယ့္ အရာေတြကို ျပကၡဒိန္မွာ ေရးမွတ္တဲ့အက်င့္လုပ္ပါ။

ဒီလဘယ္ကို မျဖစ္မေနသြားရမယ္၊ ဘယ္ေန႔ဟာ အေရးႀကီးတယ္၊ ဘယ္ေန႔ကေတာ့ ဘယ္သူ႕ေမြးေန႔ျဖစ္လုိ႔ ေမ့လို႔မရဘူး စသျဖင့္ လအစကတည္းက ျပကၡဒိန္အေသးေလးမွာ ေရးမွတ္ထားပါ။ ဒါဆို ေမ့တတ္လာတဲ့ သင့္ကိုယ္သင္ သတိေပးၿပီးသားျဖစ္သြားပါလိမ့္မယ္။

၉။ေႏြ၊ မုိး၊ ေဆာင္း ရာသီတစ္ခုၿပီးတုိင္း ဗီရိုကို မျဖစ္မေန ရွင္းလင္းပါ။

တစ္ခါတစ္ေလ သင့္ဆီမွာ မ၀တ္ျဖစ္ေတာ့အ၀တ္အစားေတြ၊ မႀကိဳက္လို႔ ေခ်ာင္ထုိးထားတဲ့ အ၀တ္အစားေတြ ရွိပါလိမ့္မယ္။ ဒီေတာ့ အနည္းဆံုး ရာသီတစ္ခုၿပီးတိုင္း ဗီရိုကိုရွင္းလင္းေရးလုပ္ပါ။ ကိုယ္နဲ႔ လိုက္ဖက္တဲ့အ၀တ္အစား၊ မလုိက္ဖက္ဘူးထင္တဲ့ အ၀တ္အစားေတြကို ေသခ်ာရွင္းလင္းလိုက္ပါ။

၁၀။ညတုိင္း အျပင္ေလွ်ာက္သြားတာ၊ သူငယ္ခ်င္းေတြနဲ႔ ပါတီတက္တာမ်ိဳးေတြ ေလွ်ာ့ခ်လိုက္ပါ။

အလုပ္က ျပန္လာၿပီးတုိင္း သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းေသာက္တာမ်ိဳး၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားတာမ်ိဳး၊ ညတုိင္း သန္ေခါင္ထိတိုင္ေအာင္ အျပင္မွာေနတတ္တဲ့ အက်င့္မ်ိဳးေတြ ျပင္ပါ။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတစ်ယောက် အနေနဲ့ကတော့ အသက် (၃၀) ဆိုတာ ငယ်တော့တဲ့ အရွယ် မဟုတ်ပါဘူး။ ဒီအသက်ဝန်းကျင်လောက်ရောက်လာပြီဆိုတာနဲ့ ကလေးတစ်ယောက်လို၊ ဆယ်ကျော်သက်တွေလို ပြုမူတတ်တဲ့ တစ်ချို့အကျင့်တွေကို ဖျောက်သင့်တဲ့အချိန်ဖြစ်သလို  ခုပြောပြပေးမယ့် အလေ့အကျင့်မျိုးလေးတွေ စတင်ပျိုးထောင်ရတော့မယ့် အချိန်ပါပဲ။

၁။ကိုယ်စားသောက်ပြီး ပန်းကန်တွေကို အနည်းဆုံး ဘေစင်ထဲတော့ ထည့်ထားသင့်ပါတယ်။

အိမ်မှာ အိမ်အကူရှိတယ်ဆိုရင်တောင် ကိုယ်စားပြီးသား ပန်းကန်ကို ဘေစင်ထဲလောက်တော့ ပို့ပေးထားသင့်တာပေါ့။ ကိုယ်ကအိမ်မှာ အကူမရှိဘူး၊ ဒါမှမဟုတ် သူငယ်ချင်းနဲ့စုနေတာမျိုးဆိုရင်တော့ ခုနလို အကျင့်မျိုးရှိနေရင် သင်ဟာ တစ်ခြားသူတွေရဲ့ မျက်မုန်းကျိုးတာကို ခံရမှာပါ။ ဒီအရွယ်တောင်ရောက်နေပြီဆိုတာလေးလည်း ထည့်ပြောခံရမှာပေါ့။

၂။မိဘတွေကို မကြာခဏ ဖုန်းခေါ်ပေးပါ။

ကိုယ်က မိဘနဲ့မတူ မနေတော့ဘူးဆိုရင် မိဘတွေကို အနည်းဆုံးဖုန်းနဲ့တော့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ့်အမေနဲ့အတူ မုန့်သွားစားတာမျိုး၊ ရှော့ပင်ထွက်တာမျိုး လုပ်ပေးနိုင်ရင်တော့ သူတို့အတွက် ပိုကောင်းတာပေါ့။

၃။သတင်းတွေကို သိနိုင်အောင် ကြိုးစားပါ။

ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေတယ်၊ ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်ဖို့ ဖုန်းအင်တာနက်လေး သုံးလိုက်ရုံပါပဲ။ ဒီလို ဗဟုသုတတိုးပွားအောင် လုပ်တာဟာလည်း လိုအပ်မှုတစ်ခုအနေနဲ့ရှိနေပြီး သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ ဆုံတဲ့အခါ သင်ပါးစပ်အဟောင်းသား ဖြစ်မနေတော့ဘူးပေါ့။

၄။အသိမိတ်ဆွေအိမ်၊ ဆွေမျိုးအိမ်တွေသွားရင် လက်ဆောင်လေးတစ်ခုခု ဝယ်သွားပါ။

ဟိုးအရင်တုန်းကတော့ လက်ဆောင်ပစ္စည်းဝယ်ပေးနေကျ မဟုတ်ခဲ့ဘူး မလား။ ခုကိုယ့်အသက်က ၃၀နီးပါးဖြစ်လာပါပြီ။ လူကြီးတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ခံယူပြီး တာဝန်ယူမှု၊ အလိုက်သိမှုတွေကို စတင်လုပ်ဆောင်ရတော့မှာပါ။ ဒီတော့ အသိတစ်ယောက်အိမ်သွားမယ်၊ ဆွေမျိုးအိမ်အလည်သွားမယ်ဆိုရင်တောင် စားစရာလေး၊ လက်ဆောင်တစ်ခုခု ဝယ်သွားဖို့ လိုနေပါပြီ။

၅။မနက်စာကောင်းမွန်စွာ စားပြီး၊ ညစာကို အာဟာရရှိရှိသုံးဆောင်တတ်အောင် လုပ်ပါ။

မနက်နောက်ကျမှထလို့၊ ဒါမှမဟုတ် မနက်စာ စားလေ့မရှိလို့ နေ့လည်စာနဲ့ ပေါင်းစားတတ်တဲ့ အကျင့်မျိုးတွေ ပြင်ပါတော့။ ကျန်းမာရေးအတွက် ထည့်စဉ်းစားရမယ့် အရွယ်ရောက်ပါပြီ။ ညစာကိုလည်း ကော်ဖီလေးတစ်ခွက်နဲ့ ပြီးသွားမယ့်အစား အာဟာရရှိပြီး ကျန်းမာမယ့် အစားအသောက်ကို ရွေးချယ်စားသုံးဖို့ လိုလာပါပြီ။

၆။ခန္ဓာကိုယ်အလေးချိန်အတွက် ထည့်စဉ်းစားပါ။

အသက် (၃၀)လောက်ရောက်လာပြီဆိုတော့ ကိုယ့်ခန္ဓာကိုယ်အနေအထား ဘယ်လိုဖြစ်လာသလဲဆိုတာ လေ့လာပါ။ အပြောင်းအလဲရှိလာတဲ့အခါ ခန္ဓာကိုယ်ထိန်းသိမ်းပေးဖို့ လိုလာပါပြီ။ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးပါ။ အနည်းဆုံး အကြောလျှော့တာလေးတော့ ပုံမှန်လုုပ်ပေးဖို့ လိုလာပါပြီ။

၇။ညတိုင်း မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ။

ဒီအချက်က လွယ်ကူတယ်လို့ ထင်ပေမယ့် ဒီလို ညတိုင်း မျက်နှာမသစ်ပဲ အိပ်လေ့ရှိသူတွေအတွက် ခက်ခဲပါလိမ့်မယ်။ အသက် ၃၀ကျော်လာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်လာတာမျိုး၊ အရေပြားမကောင်းတာမျိုးတွေ မကြုံရဖို့ ဒီအကျင့်လေးလုပ်ပါ။

၈။မဖြစ်မနေ လုပ်ရမယ့် အရာတွေကို ပြက္ခဒိန်မှာ ရေးမှတ်တဲ့အကျင့်လုပ်ပါ။

ဒီလဘယ်ကို မဖြစ်မနေသွားရမယ်၊ ဘယ်နေ့ဟာ အရေးကြီးတယ်၊ ဘယ်နေ့ကတော့ ဘယ်သူ့မွေးနေ့ဖြစ်လို့ မေ့လို့မရဘူး စသဖြင့် လအစကတည်းက ပြက္ခဒိန်အသေးလေးမှာ ရေးမှတ်ထားပါ။ ဒါဆို မေ့တတ်လာတဲ့ သင့်ကိုယ်သင် သတိပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

၉။နွေ၊ မိုး၊ ဆောင်း ရာသီတစ်ခုပြီးတိုင်း ဗီရိုကို မဖြစ်မနေ ရှင်းလင်းပါ။

တစ်ခါတစ်လေ သင့်ဆီမှာ မဝတ်ဖြစ်တော့အဝတ်အစားတွေ၊ မကြိုက်လို့ ချောင်ထိုးထားတဲ့ အဝတ်အစားတွေ ရှိပါလိမ့်မယ်။ ဒီတော့ အနည်းဆုံး ရာသီတစ်ခုပြီးတိုင်း ဗီရိုကိုရှင်းလင်းရေးလုပ်ပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့အဝတ်အစား၊ မလိုက်ဖက်ဘူးထင်တဲ့ အဝတ်အစားတွေကို သေချာရှင်းလင်းလိုက်ပါ။

၁၀။ညတိုင်း အပြင်လျှောက်သွားတာ၊ သူငယ်ချင်းတွေနဲ့ ပါတီတက်တာမျိုးတွေ လျှော့ချလိုက်ပါ။

အလုပ်က ပြန်လာပြီးတိုင်း သူငယ်ချင်းတွေနဲ့ ချိန်းသောက်တာမျိုး၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားတာမျိုး၊ ညတိုင်း သန်ခေါင်ထိတိုင်အောင် အပြင်မှာနေတတ်တဲ့ အကျင့်မျိုးတွေ ပြင်ပါ။


Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆု
တောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top