iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္တည္းသီးသန္႔ေနရတာ သေဘာက်တဲ့လူတခ်ဳိ႕ကို လူအမ်ားက နားလည္ဖုိ႔ ခက္တတ္ၾကပါတယ္။ သူတုိ႔ကလူေတြနဲ႔ အေပါင္းအသင္းမလုပ္ခ်င္လို႔ တစ္ေယာက္တည္း ခပ္ခြာခြာေနတယ္လုိ႔ ထင္တတ္ၾကပါတယ္။ ဘဝတေလွ်ာက္လုံး အေပါင္းအသင္းမရွိဘဲ သီးသန္႔ေနတတ္တဲ့ သူေတြရွိသလုိ တခ်ဳိ႕ကေတာ့ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတတ္သလို တစ္ေယာက္တည္းေနရတဲ့ ကိုယ္ပိုင္အခ်ိန္ေလးကို တန္ဖိုးထားတတ္သူေတြကလည္း သက္သက္ရွိပါတယ္။ ဒီလို သီးသန္႔ေနတတ္တဲ့လူေတြကုိ လူအမ်ားမွားေလ့ရွိတဲ့ အထင္လြဲမႈေတြကေတာ့-

သူတုိ႔က ပြဲေတြ၊ လူမ်ားမ်ားရွိတဲ့ ေနရာေတြကို ဖိတ္ေခၚတဲ့အခါမွာ ျငင္းပယ္တတ္တာကို ေလာကၾကီးကို ေၾကာက္ျပီး ေရွာင္ပုန္းေနတဲ့သူေတြလို ထင္တတ္ပါတယ္။ တကယ္ေတာ့ အလုပ္ေတြနဲ႔ နပန္းလုံးျပီး ပင္ပန္းခဲ့ရျပီးေနာက္မွာ ကိုယ့္အိမ္မွာ ေကာ္ဖီေလးတစ္ခြက္နဲ႔ တီဗီေလးၾကည့္ရင္းျဖစ္ျဖစ္၊ စာအုပ္ေလးတစ္အုပ္ဖတ္ရင္းျဖစ္ျဖစ္ ျငိမ္းျငိမ္းခ်မ္းခ်မ္းေလးအနားယူခ်င္တာေၾကာင့္ ဖိတ္ေခၚတာေတြကို ျငင္းတတ္ၾကတာျဖစ္ပါတယ္။

တစ္ေယာက္တည္းေနရတဲ့အခ်ိန္ေလးကို တန္ဖိုးထားတာက လူမႈဆက္ဆံေရးကို ဆန္႔က်င္တာ မဟုတ္ပါဘူး။ တစ္ေယာက္တည္းေနတယ္ဆုိတာ ကိုယ့္ကိုယ္ကို အျမဲ အိမ္ထဲမွာပိတ္ေလွာင္ထားျပီး လူေတြနဲ႔ အဆက္အဆံမလုပ္တာကို ဆုိလုိတာမဟုတ္ပါဘူး။ တစ္ေယာက္တည္းေနတဲ့အခ်ိန္မွာ စိတ္သက္သာေပါ့ပါးမႈကို ခံစားရတဲ့အတြက္ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေတြ႔တဲ့အခ်ိန္မွာ ပိုျပီး ခင္မင္မႈကုိလည္း ခံစားမိေစပါတယ္။

တစ္ေယာက္တည္းသီးျခားေနတတ္တာက စိတ္က်ေရာဂါရဲ႕ လကၡဏာတစ္ရပ္ဆုိတာ ဟုတ္ပါတယ္။ ဒါေပမဲ့ ပုံမွန္ေပ်ာ္ေပ်ာ္ေနတတ္တဲ့၊ ဟန္ခ်က္ညီတဲ့စိတ္ထားရွိတဲ့လူေတြလည္း တစ္ကို္ယ္တည္းအခ်ိန္ျဖဳန္းရတာကို ႏွစ္သက္တတ္ပါတယ္။ ဒါေၾကာင့္ တစ္ေယာက္တည္း သီးသန္႔ေနတာကိုေတြ႔တာနဲ႔ စိတ္က်ေရာဂါခံစားေနရသူ၊ အဆိုးျမင္တတ္တဲ့သူလုိ႔ အထင္မမွားသင့္ပါဘူး။ ဒီလုိအခ်ိန္မွာ ဖန္တီးႏုိင္စြမ္းေတြေကာင္းျပီး စိတ္ကူးအသစ္အဆန္းေတြရရွိႏုိင္တာေၾကာင့္ သီးသန္႔ေနတတ္ၾကတာ ျဖစ္ႏုိင္ပါတယ္။

သီးသန္႔ေနတတ္သူေတြကိုပြဲလမ္းသဘင္ဖိတ္ၾကားလည္း ျငင္းမွာပဲလို႔ ယူဆျပီး မဖိတ္ေတာ့တာမ်ဳိးကလည္း အထင္လြဲမႈတစ္ခုျဖစ္ပါတယ္။ တစ္ေယာက္တည္း သီးသန္႔ေနရတာကို ၾကိဳက္တာက လူေတြကုိမုန္းေနတာ၊ လူအမ်ားနဲ႔ အတူမရွိခ်င္တာလို႔ ဆုိလိုတာမဟုတ္ပါဘူး။ မိတ္ေဆြေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနျပီး သူငယ္ခ်င္းအသစ္ေတြလည္း ရွာေဖြလိုပါတယ္။ အခ်ိ္န္တိုင္း တစ္ေယာက္တည္းေနမယ္လို႔ ဆုိလုိတာမဟုတ္ပါဘူး။ တခါတရံသီးသန္႔ေနရတာကို ႏွစ္သက္တာကသူေတာ္စင္တစ္ပါးလို ဘယ္သူနဲ႔မွ အဆက္အသြယ္္မလုပ္တာမ်ဳိးနဲ႔ မတူပါဘူး။

ဒါ့အျပင္ အထီးက်န္ေနတာေၾကာင့္လူေတထဲ ဝင္မဆန္႔ႏိုင္တာလို႔ ထင္တတ္ၾကပါေသးတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ တစ္ေယာက္တည္းေနတတ္တိုင္း အထီးက်န္ေနတာ မဟုတ္ပါဘူး။ လူတုိင္းရဲ႕ ကိုယ္ရည္ကိုယ္ေသြးအရ ေပါင္းသင္းဆက္ဆံေရးအေနအထားနဲ႔ သီးသန္႔ေနတတ္တဲ့အခ်ိန္အတုိင္းအတာေတြ မတူၾကပါဘူး။ သီးသန္႔ေနတဲ့အခ်ိန္မွာ ကိုယ့္အေၾကာင္းကိုယ္ပိုသိလာႏုိင္ဖုိ႔ ဆင္ျခင္မိတတ္သလို လုပ္စရာရွိတာေတြကိုလည္း ကိုယ္တုိင္လုပ္ႏုိင္တာေၾကာင့္ တကို္ယ္တည္းေနခ်ိန္ေတြကို ပိုလုိခ်င္တဲ့သူေတြျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

တစ်ယောက်တည်းသီးသန့်နေရတာ သဘောကျတဲ့လူတချို့ကို လူအများက နားလည်ဖို့ ခက်တတ်ကြပါတယ်။ သူတို့ကလူတွေနဲ့ အပေါင်းအသင်းမလုပ်ချင်လို့ တစ်ယောက်တည်း ခပ်ခွာခွာနေတယ်လို့ ထင်တတ်ကြပါတယ်။ ဘဝတလျှောက်လုံး အပေါင်းအသင်းမရှိဘဲ သီးသန့်နေတတ်တဲ့ သူတွေရှိသလို တချို့ကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သလို တစ်ယောက်တည်းနေရတဲ့ ကိုယ်ပိုင်အချိန်လေးကို တန်ဖိုးထားတတ်သူတွေကလည်း သက်သက်ရှိပါတယ်။ ဒီလို သီးသန့်နေတတ်တဲ့လူတွေကို လူအများမှားလေ့ရှိတဲ့ အထင်လွဲမှုတွေကတော့-

သူတို့က ပွဲတွေ၊ လူများများရှိတဲ့ နေရာတွေကို ဖိတ်ခေါ်တဲ့အခါမှာ ငြင်းပယ်တတ်တာကို လောကကြီးကို ကြောက်ပြီး ရှောင်ပုန်းနေတဲ့သူတွေလို ထင်တတ်ပါတယ်။ တကယ်တော့ အလုပ်တွေနဲ့ နပန်းလုံးပြီး ပင်ပန်းခဲ့ရပြီးနောက်မှာ ကိုယ့်အိမ်မှာ ကော်ဖီလေးတစ်ခွက်နဲ့ တီဗီလေးကြည့်ရင်းဖြစ်ဖြစ်၊ စာအုပ်လေးတစ်အုပ်ဖတ်ရင်းဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းလေးအနားယူချင်တာကြောင့် ဖိတ်ခေါ်တာတွေကို ငြင်းတတ်ကြတာဖြစ်ပါတယ်။

တစ်ယောက်တည်းနေရတဲ့အချိန်လေးကို တန်ဖိုးထားတာက လူမှုဆက်ဆံရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ တစ်ယောက်တည်းနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို အမြဲ အိမ်ထဲမှာပိတ်လှောင်ထားပြီး လူတွေနဲ့ အဆက်အဆံမလုပ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်တည်းနေတဲ့အချိန်မှာ စိတ်သက်သာပေါ့ပါးမှုကို ခံစားရတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ပိုပြီး ခင်မင်မှုကိုလည်း ခံစားမိစေပါတယ်။

တစ်ယောက်တည်းသီးခြားနေတတ်တာက စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ရပ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ပျော်ပျော်နေတတ်တဲ့၊ ဟန်ချက်ညီတဲ့စိတ်ထားရှိတဲ့လူတွေလည်း တစ်ကိုယ်တည်းအချိန်ဖြုန်းရတာကို နှစ်သက်တတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း သီးသန့်နေတာကိုတွေ့တာနဲ့ စိတ်ကျရောဂါခံစားနေရသူ၊ အဆိုးမြင်တတ်တဲ့သူလို့ အထင်မမှားသင့်ပါဘူး။ ဒီလိုအချိန်မှာ ဖန်တီးနိုင်စွမ်းတွေကောင်းပြီး စိတ်ကူးအသစ်အဆန်းတွေရရှိနိုင်တာကြောင့် သီးသန့်နေတတ်ကြတာ ဖြစ်နိုင်ပါတယ်။

သီးသန့်နေတတ်သူတွေကိုပွဲလမ်းသဘင်ဖိတ်ကြားလည်း ငြင်းမှာပဲလို့ ယူဆပြီး မဖိတ်တော့တာမျိုးကလည်း အထင်လွဲမှုတစ်ခုဖြစ်ပါတယ်။ တစ်ယောက်တည်း သီးသန့်နေရတာကို ကြိုက်တာက လူတွေကိုမုန်းနေတာ၊ လူအများနဲ့ အတူမရှိချင်တာလို့ ဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး သူငယ်ချင်းအသစ်တွေလည်း ရှာဖွေလိုပါတယ်။ အချိန်တိုင်း တစ်ယောက်တည်းနေမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တခါတရံသီးသန့်နေရတာကို နှစ်သက်တာကသူတော်စင်တစ်ပါးလို ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တာမျိုးနဲ့ မတူပါဘူး။

ဒါ့အပြင် အထီးကျန်နေတာကြောင့်လူတေထဲ ဝင်မဆန့်နိုင်တာလို့ ထင်တတ်ကြပါသေးတယ်။ တကယ်တော့ မဟုတ်ပါဘူး။ တစ်ယောက်တည်းနေတတ်တိုင်း အထီးကျန်နေတာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ ကိုယ်ရည်ကိုယ်သွေးအရ ပေါင်းသင်းဆက်ဆံရေးအနေအထားနဲ့ သီးသန့်နေတတ်တဲ့အချိန်အတိုင်းအတာတွေ မတူကြပါဘူး။ သီးသန့်နေတဲ့အချိန်မှာ ကိုယ့်အကြောင်းကိုယ်ပိုသိလာနိုင်ဖို့ ဆင်ခြင်မိတတ်သလို လုပ်စရာရှိတာတွေကိုလည်း ကိုယ်တိုင်လုပ်နိုင်တာကြောင့် တကိုယ်တည်းနေချိန်တွေကို ပိုလိုချင်တဲ့သူတွေဖြစ်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top