iMyanmarHouse.com - Best Property Website for Myanmar
×



Credit:Momolay



Unicode Version

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေမှာ အာဟာရဓာတ်တွေ အများကြီး ပါဝင်တာကြောင့် နေ့စဉ်စားသောက်ရာမှာလည်း မဖြစ်မနေ ထည့်သွင်းစားသောက်လေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက အသီးအနှံတွေမှာ ကပ်ပါနေတဲ့ ပိုးသတ်ဆေးတွေက လူတွေကို ဒုက္ခပေးနိုင်တာကြောင့် လက်လွတ်စပယ်မစားဘဲ သေချာ ဆေးကြောသန့်စင်ပြီးမှ စားသင့်ပါတယ်။ဘယ်အသီးအနှံပဲဖြစ်ဖြစ် ပိုးသတ်ဆေးရန်က လွတ်အောင်ဆိုရင် ဇလုံခပ်ကြီးကြီးတစ်ခုကိုယူပြီး ရေအပြည့်နီးပါးထည့်ပြီး ရှလကာရည်အနည်းငယ်ကို ရောထည့်လိုက်ပါ။

 မိနစ် ၂၀ လောက် စိမ် ထားပြီးရင်တော့ ရေနဲ့ ဆေးချတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ဆေးကြောတဲ့ ဆေးရည်ကို သုံးလို့လည်း ရပါတယ်။ပိုးသတ်ဆေးအများဆုံးစာရင်းထဲမှာ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီး၊ တရုတ်နံနံကြီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ဒေါက်ခွရွက်၊ ခရမ်းချဉ်သီး၊ ချယ်ရီခရမ်းချဉ်သီး၊ သခွားသီး၊ ပန်းငရုတ်ပွ၊ နက်တာ ရင်းမက်မွန်သီးတို့ ပါဝင်ပြီး အသန့်ရှင်းဆုံးစာရင်းဝင်တာတွေကတော့ ထောပတ်သီး၊ ပြောင်းဖူး၊ နာနတ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ပဲပန်း၊ ကညွတ်၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး၊ ခရမ်းသီး၊ ဂရိတ်ဖရု၊ သခွားသီး၊ သခွားမွှေးနဲ့ ပန်းဂေါ်ဖီတို့ ဖြစ်တယ်လို့ သိရပါတယ်။

Credit:Momolay



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top