iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္လုိအပ္တဲ့အခ်ိန္တိုင္း ကိုယ့္ေဘးမွာ အျမဲရွိတဲ့သူ။ သူတို႔က ကိုယ့္ကိုအားေပးမယ္။ ႏုိင္တဲ့ဘက္က ကူညီမယ္။ သူတုိ႔ဆႏၵက ကိုယ့္ဘဝမွာရႏိုင္သမွ် အေကာင္းဆုံးေတြပဲ ျဖစ္ေစလုိတဲ့သူေတြပဲ ျဖစ္ပါတယ္။ ဒီလိုလူမ်ဳိးေတြကုိမွ မိတ္ေဆြစစ္၊ သူငယ္ခ်င္းစစ္လုိ႔ ေခၚထုိက္ပါတယ္။ တကယ္ေတာ့ ေနာက္ထပ္သူငယ္ခ်င္းလို႔ေခၚတဲ့ အမ်ဳိးအစားတစ္မ်ဳိးရွိျပီး သူတုိ႔ကေတာ့ သူငယ္ခ်င္းစစ္စစ္ မဟုတ္ပါဘူး။ ကုိယ္က်ဳိးအတြက္ပဲၾကည့္တတ္တဲ့သူ၊ အတၱၾကီးတဲ့သူေတြက သူငယ္ခ်င္းေကာင္းျဖစ္ခဲသလို သူတုိ႔မွာလည္း မိတ္ေဆြေကာင္း ရခဲပါတယ္။ ဒီလိုမိတ္ေဆြမ်ဳိးေတြက ကုိယ့္အတြက္ေကာင္းက်ဳိးမေပးတဲ့အျပင္ ျပႆနာေတြပါျဖစ္ေစႏုိင္တာေၾကာင့္ အဆိပ္နဲ႔တူတဲ့ သူငယ္ခ်င္းလို႔ေတာင္ ေခၚလို႔ရပါတယ္။ ဒီလို မိတ္ေဆြအတုအေယာင္ေတြန႔ဲ ေပါင္းသင္းမိရင္ ကိုယ့္အတြက္ပါ ထိခိုက္ေစႏုိင္တာေၾကာင့္ သူငယ္ခ်င္းစစ္စစ္နဲ႔ အဆိပ္လိုသူငယ္ခ်င္းမ်ဳိးကို ခြဲျခားေျပာျပေပးခ်င္ပါတယ္။

သူငယ္ခ်င္းစစ္စစ္
- သူငယ္ခ်င္းစစ္စစ္ေတြက သူ႔ကိုယ္သူေရာ ကိုယ့္ကိုပါေလးစားတယ္။
- ေဆြးေႏြးတုိင္ပင္ရတာ သေဘာက်တယ္။ အျမင္မတူရင္ေတာင္ ညွိႏႈိင္းတုိင္ပင္လိုက္ရင္ အဆင္ေျပသြားတတ္ၾကတယ္။
-ကုိယ့္ကိုသူတုိ႔ဆက္သြယ္တဲ့ အေၾကာင္းရင္းက ကိုယ့္ကိုသတိရလို႔။
-ကိုယ့္ရဲ႕ ပုံစံကို အရွိအတုိင္းလက္ခံတယ္။
-ကိုယ့္ရဲ႕ ေအာင္ျမင္မႈအတြက္ ထပ္တူခံစားေပးႏုိင္သလို ဂုဏ္ျပဳေပးဖို႔လည္း စိတ္အားထက္သန္ၾကတယ္။
-ကိုယ့္မွာ သူတို႔အျပင္ေနာက္ထပ္ သူငယ္ခ်င္းအမ်ဳိးမ်ဳိးရွိေနတတ္တာကုိ နားလည္ေပးႏုိင္တယ္။
-ကိုယ့္မွာျဖစ္ေနတဲ့ အခက္အခဲေတြကို ကုိယ္ခ်င္းစာျပီး မွ်ေဝခံစားေပးႏုိင္တယ္။

အဆိပ္နဲ႔တူတဲ့သူငယ္ခ်င္း
-အလြယ္တကူစိတ္ဆုိးတတ္တဲ့သူ။ တစ္ဖက္သူဘာျဖစ္လည္းဆုိတာကို မေတြးေပးတတ္ဘဲ ကိုယ့္အတြက္ပဲ ဦးစားေပးစဥ္းစားတတ္သူ။
-သေဘာထားခ်င္းမတူရင္လည္း သူ႔သေဘာအတုိင္းပဲ အႏုိင္ပိုင္းလုပ္တတ္တဲ့သူျဖစ္ျပီး ေဆြးေႏြးတုိင္ပင္ဖုိ႔ စိတ္မဝင္စားတဲ့သူမ်ဳိး။
-သူတုိ႔ကိုယ္ကို ဆက္သြယ္တဲ့အခ်ိန္အမ်ားစုက ကိုယ့္ဆီက အကူအညီေတာင္းခ်င္တဲ့အခ်ိန္ေတြပဲ ျဖစ္တတ္ပါတယ္။
-သူတုိ႔က ကိုယ့္ကို ထိန္းခ်ဳပ္ခ်င္ျပီး ကုိယ့္ကိုေျပာင္းလဲခ်င္တဲ့သူေတြျဖစ္ပါတယ္။
-ကိုယ္ေအာင္ျမင္မႈရတဲ့အခ်ိန္ ခ်ီးက်ဴးဂုဏ္မျပဳႏုိင္ဘဲ မနာလိုစိတ္ေတြ ဖုံးဖိမရေအာင္ ေပၚလာတတ္တဲ့ သူေတြပဲ ျဖစ္ပါတယ္။
-တျခားသူေတြနဲ႔ ေပါင္းတာကို သေဘာမက်ဘဲ ကုိယ့္ရဲ႕ တျခားသူငယ္ခ်င္းေတြကို ေဝဖန္တတ္တဲ့သူျဖစ္ပါတယ္။
- သူတို႔အက်ဳိးနဲ႔ ပတ္သက္လာရင္ ကုိယ့္ကို ထိခုိက္နာက်င္ေအာင္လုပ္မိဖို႔ ဝန္မေလးတဲ့သူေတြျဖစ္ပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်လိုအပ်တဲ့အချိန်တိုင်း ကိုယ့်ဘေးမှာ အမြဲရှိတဲ့သူ။ သူတို့က ကိုယ့်ကိုအားပေးမယ်။ နိုင်တဲ့ဘက်က ကူညီမယ်။ သူတို့ဆန္ဒက ကိုယ့်ဘဝမှာရနိုင်သမျှ အကောင်းဆုံးတွေပဲ ဖြစ်စေလိုတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုမှ မိတ်ဆွေစစ်၊ သူငယ်ချင်းစစ်လို့ ခေါ်ထိုက်ပါတယ်။ တကယ်တော့ နောက်ထပ်သူငယ်ချင်းလို့ခေါ်တဲ့ အမျိုးအစားတစ်မျိုးရှိပြီး သူတို့ကတော့ သူငယ်ချင်းစစ်စစ် မဟုတ်ပါဘူး။ ကိုယ်ကျိုးအတွက်ပဲကြည့်တတ်တဲ့သူ၊ အတ္တကြီးတဲ့သူတွေက သူငယ်ချင်းကောင်းဖြစ်ခဲသလို သူတို့မှာလည်း မိတ်ဆွေကောင်း ရခဲပါတယ်။ ဒီလိုမိတ်ဆွေမျိုးတွေက ကိုယ့်အတွက်ကောင်းကျိုးမပေးတဲ့အပြင် ပြဿနာတွေပါဖြစ်စေနိုင်တာကြောင့် အဆိပ်နဲ့တူတဲ့ သူငယ်ချင်းလို့တောင် ခေါ်လို့ရပါတယ်။ ဒီလို မိတ်ဆွေအတုအယောင်တွေနဲ့ ပေါင်းသင်းမိရင် ကိုယ့်အတွက်ပါ ထိခိုက်စေနိုင်တာကြောင့် သူငယ်ချင်းစစ်စစ်နဲ့ အဆိပ်လိုသူငယ်ချင်းမျိုးကို ခွဲခြားပြောပြပေးချင်ပါတယ်။

သူငယ်ချင်းစစ်စစ်
- သူငယ်ချင်းစစ်စစ်တွေက သူ့ကိုယ်သူရော ကိုယ့်ကိုပါလေးစားတယ်။
- ဆွေးနွေးတိုင်ပင်ရတာ သဘောကျတယ်။ အမြင်မတူရင်တောင် ညှိနှိုင်းတိုင်ပင်လိုက်ရင် အဆင်ပြေသွားတတ်ကြတယ်။
-ကိုယ့်ကိုသူတို့ဆက်သွယ်တဲ့ အကြောင်းရင်းက ကိုယ့်ကိုသတိရလို့။
-ကိုယ့်ရဲ့ ပုံစံကို အရှိအတိုင်းလက်ခံတယ်။
-ကိုယ့်ရဲ့ အောင်မြင်မှုအတွက် ထပ်တူခံစားပေးနိုင်သလို ဂုဏ်ပြုပေးဖို့လည်း စိတ်အားထက်သန်ကြတယ်။
-ကိုယ့်မှာ သူတို့အပြင်နောက်ထပ် သူငယ်ချင်းအမျိုးမျိုးရှိနေတတ်တာကို နားလည်ပေးနိုင်တယ်။
-ကိုယ့်မှာဖြစ်နေတဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာပြီး မျှဝေခံစားပေးနိုင်တယ်။

အဆိပ်နဲ့တူတဲ့သူငယ်ချင်း
-အလွယ်တကူစိတ်ဆိုးတတ်တဲ့သူ။ တစ်ဖက်သူဘာဖြစ်လည်းဆိုတာကို မတွေးပေးတတ်ဘဲ ကိုယ့်အတွက်ပဲ ဦးစားပေးစဉ်းစားတတ်သူ။
-သဘောထားချင်းမတူရင်လည်း သူ့သဘောအတိုင်းပဲ အနိုင်ပိုင်းလုပ်တတ်တဲ့သူဖြစ်ပြီး ဆွေးနွေးတိုင်ပင်ဖို့ စိတ်မဝင်စားတဲ့သူမျိုး။
-သူတို့ကိုယ်ကို ဆက်သွယ်တဲ့အချိန်အများစုက ကိုယ့်ဆီက အကူအညီတောင်းချင်တဲ့အချိန်တွေပဲ ဖြစ်တတ်ပါတယ်။
-သူတို့က ကိုယ့်ကို ထိန်းချုပ်ချင်ပြီး ကိုယ့်ကိုပြောင်းလဲချင်တဲ့သူတွေဖြစ်ပါတယ်။
-ကိုယ်အောင်မြင်မှုရတဲ့အချိန် ချီးကျူးဂုဏ်မပြုနိုင်ဘဲ မနာလိုစိတ်တွေ ဖုံးဖိမရအောင် ပေါ်လာတတ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။
-တခြားသူတွေနဲ့ ပေါင်းတာကို သဘောမကျဘဲ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတွေကို ဝေဖန်တတ်တဲ့သူဖြစ်ပါတယ်။
- သူတို့အကျိုးနဲ့ ပတ်သက်လာရင် ကိုယ့်ကို ထိခိုက်နာကျင်အောင်လုပ်မိဖို့ ဝန်မလေးတဲ့သူတွေဖြစ်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top