iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြ အသည္းေရာ ကြဲတတ္ၾကရဲ႕လား။ သူတုိ႔ၾကည့္လိုက္ရင္ ဘာမွမျဖစ္သလိုပဲ။ ခ်စ္သူနဲ႔ျပတ္သြားတာေတာင္ သြားလာစားေသာက္ႏိုင္တုန္းလုိ႔ ထင္တတ္ၾကတယ္ဟုတ္။ တကယ္ေတာ့ အသည္းကြဲေရာဂါကို သူတုိ႔ကုစားေလ့ရွိတဲ့ အရာေတြက အမ်ိဳးသမီးေတြနဲ႔ သိပ္ေတာ့ မတူလွပါဘူး။ သူတုိ႔ကုစားေလ့ရွိတဲ့ ပံုစံေတြကို ေျပာျပရရင္ေတာ့

၁။သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းမယ္၊ ၿပီးေတာ့ ေသာက္မယ္။

ခံစားေနရတဲ့ ေ၀ဒနာ သက္သာသြားေအာင္ သူငယ္ခ်င္းေတြနဲ႔ အတူရွိတာ အေကာင္းဆံုးျဖစ္မယ္လို႔ သူတုိ႔ထင္ၾကတယ္။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕မွေတာ့ ေသာက္ျဖစ္ၿပီေပါ့။

၂။ခုျပတ္သြားတဲ့ တစ္ေယာက္နဲ႔ မဟုတ္ပဲ သူ႕ေရွ႕က ျပတ္ထားဖူးၿပီးသား ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္ျပန္လုပ္တတ္ၾကတယ္။

ဘယ္လိုမွ ျပန္ဆက္လုိ႔ မရမွန္းသိေပမယ့္ အဲ့ဒီလိုအခ်ိန္ဆို ျပတ္သြားတဲ့ တစ္ေယာက္ရဲ႕ ေရွ႕က ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္ ျပန္လုပ္တတ္ၾကတယ္။ အပ်င္းေျပဆုိၿပီးေတာ့လည္း ေျပာတတ္ၾကေသးတယ္။

၃။ကိုယ့္အခန္းကို သန္႔ရွင္းေရးမလုပ္ေတာ့ဘူး။ အိပ္ယာခင္းလဲတာမ်ိဳးေတြ မလုပ္ေတာ့ဘူး။

အရင္လုိ ကိုယ့္အိမ္ကို လာမယ့္သူ၊ ကိုယ့္အခန္းထဲထိ လာမယ့္ ခ်စ္သူ မရွိေတာ့ဘူးဆုိၿပီး အခန္းသန္႔ရွင္းေရးေတာင္ မလုပ္ခ်င္ေတာ့ဘူး။

၄။ေဖ့စ္ဘြတ္ခ္ ပိုသံုးလာမယ္။

အရင္က တစ္ရက္တစ္ခါေတာင္ မသံုးျဖစ္တဲ့ ေဖ့စ္ဘြတ္ခ္ကို ပို၀င္ျဖစ္လာတယ္။ ပိုသံုးျဖစ္လာၿပီး ျပတ္သြားတဲ့ ရည္းစားရဲ႕ အေျခအေနကို အကဲခတ္တယ္ၾကတယ္။

၅။ေတြ႕တဲ့ မိန္းကေလးေတြနဲ႔ ေရာလိုက္တယ္။

အရင္က ကိုယ့္မွာရည္းစားရွိတာမို႔လို႔ စည္းထားတတ္ေပမယ့္ ခုေတာ့ ေတြ႕သမွ်ေကာင္မေလးတုိင္းနဲ႔ ခင္ခင္မင္မင္ ေနလုိက္တယ္။ ေရာပစ္လိုက္တယ္။

၆။GYM ေဆာ့တတ္ၾကတယ္။

တစ္ခ်ိဳ႕အသည္းကြဲတဲ့လူေတြက်ေတာ့ အဲ့ဒီေ၀ဒနာကို မခံစားရေအာင္ဆုိၿပီး တစ္ျခားဘက္ကို ပိုအာရံုစိုက္၊ အခ်ိန္ေပးပစ္လိုက္ၾကတယ္။  GYM ေဆာ့ၿပီး အရင္ထက္ ပိုၾကည့္ေကာင္းေအာင္ ႀကိဳးစားၾကတယ္။

၇။ကုိယ့္ဖက္ရွင္ကို ေျပာင္းလဲပစ္ၾကတယ္။

အရင္က ၀တ္ေလ့မရွိတဲ့ ဒီဇိုင္းေတြ ေျပာင္း၀တ္လာၾကတယ္။ အေျပာင္းအလဲ အေနနဲ႔ေပါ့။ ဒီအခ်ိန္မွာ အရင္ကထက္ ပိုမိုက္ေနမွ ျဖစ္မယ္လုိ႔ ေတြးတတ္ၾကတယ္။

ကဲ သင္ေရာ အသည္းကြဲတဲ့အခါ ဘယ္လိုကုစားေလ့ရွိပါသလဲ။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

အမျိုးသားတွေ အသည်းရော ကွဲတတ်ကြရဲ့လား။ သူတို့ကြည့်လိုက်ရင် ဘာမှမဖြစ်သလိုပဲ။ ချစ်သူနဲ့ပြတ်သွားတာတောင် သွားလာစားသောက်နိုင်တုန်းလို့ ထင်တတ်ကြတယ်ဟုတ်။ တကယ်တော့ အသည်းကွဲရောဂါကို သူတို့ကုစားလေ့ရှိတဲ့ အရာတွေက အမျိုးသမီးတွေနဲ့ သိပ်တော့ မတူလှပါဘူး။ သူတို့ကုစားလေ့ရှိတဲ့ ပုံစံတွေကို ပြောပြရရင်တော့

၁။သူငယ်ချင်းတွေနဲ့ ချိန်းမယ်၊ ပြီးတော့ သောက်မယ်။

ခံစားနေရတဲ့ ဝေဒနာ သက်သာသွားအောင် သူငယ်ချင်းတွေနဲ့ အတူရှိတာ အကောင်းဆုံးဖြစ်မယ်လို့ သူတို့ထင်ကြတယ်။ သူငယ်ချင်းတွေနဲ့ တွေ့မှတော့ သောက်ဖြစ်ပြီပေါ့။

၂။ခုပြတ်သွားတဲ့ တစ်ယောက်နဲ့ မဟုတ်ပဲ သူ့ရှေ့က ပြတ်ထားဖူးပြီးသား ရည်းစားဟောင်းနဲ့ အဆက်အသွယ်ပြန်လုပ်တတ်ကြတယ်။

ဘယ်လိုမှ ပြန်ဆက်လို့ မရမှန်းသိပေမယ့် အဲ့ဒီလိုအချိန်ဆို ပြတ်သွားတဲ့ တစ်ယောက်ရဲ့ ရှေ့က ရည်းစားဟောင်းနဲ့ အဆက်အသွယ် ပြန်လုပ်တတ်ကြတယ်။ အပျင်းပြေဆိုပြီးတော့လည်း ပြောတတ်ကြသေးတယ်။

၃။ကိုယ့်အခန်းကို သန့်ရှင်းရေးမလုပ်တော့ဘူး။ အိပ်ယာခင်းလဲတာမျိုးတွေ မလုပ်တော့ဘူး။

အရင်လို ကိုယ့်အိမ်ကို လာမယ့်သူ၊ ကိုယ့်အခန်းထဲထိ လာမယ့် ချစ်သူ မရှိတော့ဘူးဆိုပြီး အခန်းသန့်ရှင်းရေးတောင် မလုပ်ချင်တော့ဘူး။

၄။ဖေ့စ်ဘွတ်ခ် ပိုသုံးလာမယ်။

အရင်က တစ်ရက်တစ်ခါတောင် မသုံးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို ပိုဝင်ဖြစ်လာတယ်။ ပိုသုံးဖြစ်လာပြီး ပြတ်သွားတဲ့ ရည်းစားရဲ့ အခြေအနေကို အကဲခတ်တယ်ကြတယ်။

၅။တွေ့တဲ့ မိန်းကလေးတွေနဲ့ ရောလိုက်တယ်။

အရင်က ကိုယ့်မှာရည်းစားရှိတာမို့လို့ စည်းထားတတ်ပေမယ့် ခုတော့ တွေ့သမျှကောင်မလေးတိုင်းနဲ့ ခင်ခင်မင်မင် နေလိုက်တယ်။ ရောပစ်လိုက်တယ်။

၆။GYM ဆော့တတ်ကြတယ်။

တစ်ချို့အသည်းကွဲတဲ့လူတွေကျတော့ အဲ့ဒီဝေဒနာကို မခံစားရအောင်ဆိုပြီး တစ်ခြားဘက်ကို ပိုအာရုံစိုက်၊ အချိန်ပေးပစ်လိုက်ကြတယ်။  GYM ဆော့ပြီး အရင်ထက် ပိုကြည့်ကောင်းအောင် ကြိုးစားကြတယ်။

၇။ကိုယ့်ဖက်ရှင်ကို ပြောင်းလဲပစ်ကြတယ်။

အရင်က ဝတ်လေ့မရှိတဲ့ ဒီဇိုင်းတွေ ပြောင်းဝတ်လာကြတယ်။ အပြောင်းအလဲ အနေနဲ့ပေါ့။ ဒီအချိန်မှာ အရင်ကထက် ပိုမိုက်နေမှ ဖြစ်မယ်လို့ တွေးတတ်ကြတယ်။

ကဲ သင်ရော အသည်းကွဲတဲ့အခါ ဘယ်လိုကုစားလေ့ရှိပါသလဲ။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top