iMyanmarHouse.com - Best Property Website for Myanmar
×

သင္ကအေကာင္းဆုံးဟင္းတစ္ခြက္ခ်က္ဖုိ႔ ဆုံးျဖတ္ျပီး ထည့္ရမယ့္ ဟင္းအမယ္အခ်ိဳးအစားေတြ၊ ဟင္းခ်က္နည္းလမ္းညႊန္ေတြအတိုင္း အတိအက်လုပ္ခဲ့ေပမယ့္ အရသာက မွန္းထားတဲ့ အရသာအတိုင္း မထြက္တာမ်ဳိးေတြၾကဳံရတတ္ပါတယ္။ သင့္အေနနဲ႔ ဘာေၾကာင့္ဒီလိုျဖစ္ရသလဲဆိုတာ သိခ်င္မွာပါ။ သင့္ရဲ႕ ဟင္းအရသာကို ပ်က္သြားေစတဲ့ဟင္းခ်က္နည္းအမွားေတြကို ေျပာျပေပးခ်င္ပါတယ္။

ဟင္းအုိးထဲမွာ ျပည့္ညပ္ေနျခင္း
အသား၊ ငါးေတြကို တင္းတင္းေလးနဲ႔ ၾကြပ္ၾကြပ္ေလးျဖစ္ေစခ်င္တယ္ဆိုရင္ ေနရာက်ယ္က်ယ္ေလးျဖစ္ေအာင္ ထားေပးသင့္ပါတယ္။ အသားငါးေတြျပည့္က်ပ္ေနရင္ အသားေတြျပဳတ္သလုိ ျဖစ္သြားေစျပီး ျပဲသြားေစတတ္ပါတယ္။

သံလြင္ဆီျဖင့္ ေၾကာ္ျခင္း
အရမ္းျမင့္လြန္းတဲ့ အပူခ်ိန္နဲ႔ေၾကာ္တဲ့အခါ သံလြင္ဆီရဲ႕ အာဟာရ တန္ဖိုးေတြဆုံးရႈံးေစႏုိင္ပါတယ္။ ေနာက္ျပီး အလြယ္တကူတူးသြားေစႏုိင္သလို ဟင္းအရသာကိုလည္း ပ်က္စီးေစတတ္ပါတယ္။ ဒါေၾကာင့္ ဘယ္အစားအစာကိုမွ သံလြင္ဆီနဲ႔ မေၾကာ္ပါနဲ႔။ အသုတ္သုတ္စားတဲ့အခါမွသာ အသုံးျပဳပါ။

မခ်က္ျပဳတ္ခင္မွာ အုိးကုိအပူေပးမထားပါနဲ႔
ဟင္းအုိးကုိ မခ်က္ခင္မွာ မီးဖုိေပၚတင္ထားလို႔ ေတာ္ေတာ္ေလးပူတဲ့ အထိမေစာင့္ပါနဲ႔။ အရမ္းပူေနတယ္ဆုိရင္ေတာ့ မီးပိတ္ျပီး ခဏထားျပီးမွ ဆက္ျပီးခ်က္ျပဳတ္သင့္ပါတယ္။

ေရခဲေသတာၱအေအးခန္းထဲက အသားကို ခ်က္ခ်င္းမခ်က္ပါနဲ႔
ေအးခဲထားတဲ့အသားကို မခ်က္ခင္ နာရီအနည္းငယ္ အျပင္ကိုၾကိဳထုတ္ထားျပီး အခန္းအပူခ်ိန္မွာထားရပါမယ္။ ခဲေနတဲ့အသားကို တစ္ခါတည္းမီးဖိုေပၚတင္ျပီးခ်က္လိုက္မယ္ဆုိရင္ အသားကအျပင္မွာ က်က္တယ္ထင္ရေပမယ့္ အထဲမွာ အစိမ္းအတုိင္းျဖစ္ေနတတ္လို႔ပါ။

အသားေတြကို မီးဖိုေပၚကခ်ခ်ျခင္း မစားပါနဲ႔
 မီးဖုိေပၚက ခ်ျပီး မိနစ္အနည္းငယ္ေလာက္ေနမွ အသားထဲကုိ အရသာကိုဝင္မွာ ျဖစ္ပါတယ္။

 ေရခဲေသတၱာထဲမွာ စားစရာအားလုံးကို မသိမ္းပါနဲ႔
တခ်ဳိ႔အစားအစာေတြက ေရခဲေသတၱာထဲမွာ သိမ္းဖို႔မလုိပါဘူး။ အာလူး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ သရက္သီးနဲ႔ ကီဝီသီးေတြက ေႏြးေထြးတဲ့ ေနရာမွာ သိမ္းတာ ပိုေကာင္းပါတယ္။

ဟင္းခ်က္တဲ့အခါ ခဏခဏမေမႊပါနဲ႔
ဟင္းခ်က္ေနတဲ့အခ်ိန္မွာ ခဏခဏအေပၚေအာက္ လွန္ေပးတာမ်ဳိး။ ေမႊတာမ်ဳိးေတြ လုပ္ဖုိ႔မလိုပါဘူး။အသားငါးေတြကို မၾကာခဏလွန္ေနတဲ့အတြက္ အတြင္းပိုင္းက အသားက်က္ဖုိ႔ကို အေႏွာင့္အယွက္ေပးသလိုျဖစ္တတ္ျပီး အက်က္မညီတာျဖစ္ေစတတ္ပါတယ္။

ဥေတြကို ျပဳတ္တဲ့အခါ အေကာင္းဆုံးျဖစ္ေစဖုိ႔အတြက္ ေရစျပီးဆူပြက္တာနဲ႔ မီးဖိုေပၚကခ်က္ခ်င္းခ်ျပီး အဖုံးေအာက္မွာ ၁၀ မိနစ္ေလာက္ထားေပးလိုက္ရင္ရပါျပီ။

Credit :trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ကအကောင်းဆုံးဟင်းတစ်ခွက်ချက်ဖို့ ဆုံးဖြတ်ပြီး ထည့်ရမယ့် ဟင်းအမယ်အချိုးအစားတွေ၊ ဟင်းချက်နည်းလမ်းညွှန်တွေအတိုင်း အတိအကျလုပ်ခဲ့ပေမယ့် အရသာက မှန်းထားတဲ့ အရသာအတိုင်း မထွက်တာမျိုးတွေကြုံရတတ်ပါတယ်။ သင့်အနေနဲ့ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ သိချင်မှာပါ။ သင့်ရဲ့ ဟင်းအရသာကို ပျက်သွားစေတဲ့ဟင်းချက်နည်းအမှားတွေကို ပြောပြပေးချင်ပါတယ်။

ဟင်းအိုးထဲမှာ ပြည့်ညပ်နေခြင်း
အသား၊ ငါးတွေကို တင်းတင်းလေးနဲ့ ကြွပ်ကြွပ်လေးဖြစ်စေချင်တယ်ဆိုရင် နေရာကျယ်ကျယ်လေးဖြစ်အောင် ထားပေးသင့်ပါတယ်။ အသားငါးတွေပြည့်ကျပ်နေရင် အသားတွေပြုတ်သလို ဖြစ်သွားစေပြီး ပြဲသွားစေတတ်ပါတယ်။

သံလွင်ဆီဖြင့် ကြော်ခြင်း
အရမ်းမြင့်လွန်းတဲ့ အပူချိန်နဲ့ကြော်တဲ့အခါ သံလွင်ဆီရဲ့ အာဟာရ တန်ဖိုးတွေဆုံးရှုံးစေနိုင်ပါတယ်။ နောက်ပြီး အလွယ်တကူတူးသွားစေနိုင်သလို ဟင်းအရသာကိုလည်း ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့် ဘယ်အစားအစာကိုမှ သံလွင်ဆီနဲ့ မကြော်ပါနဲ့။ အသုတ်သုတ်စားတဲ့အခါမှသာ အသုံးပြုပါ။

မချက်ပြုတ်ခင်မှာ အိုးကိုအပူပေးမထားပါနဲ့
ဟင်းအိုးကို မချက်ခင်မှာ မီးဖိုပေါ်တင်ထားလို့ တော်တော်လေးပူတဲ့ အထိမစောင့်ပါနဲ့။ အရမ်းပူနေတယ်ဆိုရင်တော့ မီးပိတ်ပြီး ခဏထားပြီးမှ ဆက်ပြီးချက်ပြုတ်သင့်ပါတယ်။

ရေခဲသေတ္တာအအေးခန်းထဲက အသားကို ချက်ချင်းမချက်ပါနဲ့
အေးခဲထားတဲ့အသားကို မချက်ခင် နာရီအနည်းငယ် အပြင်ကိုကြိုထုတ်ထားပြီး အခန်းအပူချိန်မှာထားရပါမယ်။ ခဲနေတဲ့အသားကို တစ်ခါတည်းမီးဖိုပေါ်တင်ပြီးချက်လိုက်မယ်ဆိုရင် အသားကအပြင်မှာ ကျက်တယ်ထင်ရပေမယ့် အထဲမှာ အစိမ်းအတိုင်းဖြစ်နေတတ်လို့ပါ။

အသားတွေကို မီးဖိုပေါ်ကချချခြင်း မစားပါနဲ့
 မီးဖိုပေါ်က ချပြီး မိနစ်အနည်းငယ်လောက်နေမှ အသားထဲကို အရသာကိုဝင်မှာ ဖြစ်ပါတယ်။

 ရေခဲသေတ္တာထဲမှာ စားစရာအားလုံးကို မသိမ်းပါနဲ့
တချို့အစားအစာတွေက ရေခဲသေတ္တာထဲမှာ သိမ်းဖို့မလိုပါဘူး။ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သရက်သီးနဲ့ ကီဝီသီးတွေက နွေးထွေးတဲ့ နေရာမှာ သိမ်းတာ ပိုကောင်းပါတယ်။

ဟင်းချက်တဲ့အခါ ခဏခဏမမွှေပါနဲ့
ဟင်းချက်နေတဲ့အချိန်မှာ ခဏခဏအပေါ်အောက် လှန်ပေးတာမျိုး။ မွှေတာမျိုးတွေ လုပ်ဖို့မလိုပါဘူး။အသားငါးတွေကို မကြာခဏလှန်နေတဲ့အတွက် အတွင်းပိုင်းက အသားကျက်ဖို့ကို အနှောင့်အယှက်ပေးသလိုဖြစ်တတ်ပြီး အကျက်မညီတာဖြစ်စေတတ်ပါတယ်။

ဥတွေကို ပြုတ်တဲ့အခါ အကောင်းဆုံးဖြစ်စေဖို့အတွက် ရေစပြီးဆူပွက်တာနဲ့ မီးဖိုပေါ်ကချက်ချင်းချပြီး အဖုံးအောက်မှာ ၁၀ မိနစ်လောက်ထားပေးလိုက်ရင်ရပါပြီ။

Credit :trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top