iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ္ ေရာဂါျဖစ္ေစေသာ ဘက္တီးရီးယားပိုး( Helicobacter pylori ) ဘယ္လိုကူးဆက္ျပန္႔ပြါးတယ္ဆိုတာကိုေတာ့ တိတိက်က်မသိေသး ပါဘူး။ ျဖစ္နိုင္ တာက ပိုးပါေသာေရနဲ႔ အစာေတြကတစ္ဆင့္ကူးဆက္တယ္လို႔ယူဆပါတယ္။ ေရာဂါပိုးရွိသူရဲ့ တံေတြးမွာ ပိုးမ်ားကိုေတြ႔ရတဲ့အတြက္ တိုက္ရိုက္နည္း ဥပမာ ပါးစပ္ျခင္း စုပ္နမ္းျခင္းမွလည္းကူးဆက္နိုင္တယ္လို႔ ယူဆ ၾကပါတယ္။ ကမၻာ့လူဦးေရရဲ့ ၅၀% မွာပိုးေတြရွိေန တာေတြ႔ပါတယ္။ အထူးသျဖင့္ ဖြံ႔ၿဖိဳးဆဲတိုင္းျပည္  ေတြမွာပိုမိုေတြ႔ရွိရပါတယ္။ ဒါေပမဲ့ ပိုးရွိတဲ့ သူတိုင္းမွာ အစာအိမ္ေရာဂါလကၡဏာမျပပါဘူး။ ၁၀-၂၀% မွာသာအစာအိမ္ေရာဂါလကၡဏာမ်ားေတြ႔ရၿပီး၊ ၁-၂% သာ ကင္ဆာအထိတိုးတက္ျဖစ္ပြါးတာ   ေတြ႔ရပါ  တယ္။ ဒါေၾကာင့္ ပိုးက ေရာဂါျဖစ္ကာစမွာသာ အေရးပါၿပီး အစာအိမ္ေရာဂါမွ ကင္ဆာျဖစ္ေအာင္ မလုပ္နိုင္ဘူး လို႔ ယူဆၾကပါတယ္။

ထိုပိုးဟာအစာအိမ္မွထုတ္ေသာ ကားရဲ့ ဘက္ထရီ နီးပါးျပင္းတဲ့ အက္စစ္ထဲမွာ ေနတိုင္တာဟာ အက္စစ္ကိုေျခဖ်က္နိုင္တဲ့အင္ဇိုင္းထုတ္လုပ္နိုင္တာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီ အင္ဇိုင္း ေၾကာင့္ အက္စစ္ကိုေျခဖ်က္နိုင္တဲ့အျပင္ အစာအိမ္မွာရွိတဲ့ဆဲလ္ ေတြကိုလည္း ေသေစနိုင္ပါတယ္။ ဒါေၾကာင့္ အစာအိမ္ေရာင္ျခင္းနဲ႔ ၾကာလာတဲ့အခါမွာ အစာအိမ္မွာအနာ ျဖစ္ေစပါတယ္။

          အစာအိမ္ထဲမွာျဖစ္တဲ့အနာကို အစာအိမ္နာ (stomach ulcer) လို႔ေခၚၿပီး၊ အစာအိမ္နဲ႔ဆက္တဲ့ ပထမဦးဆံုး အူသိမ္ပိုင္း (Duodenum) ဒူအိုဒီနန္ မွာအနာျဖစ္ရင္ အူသိမ္အနာ (Duodenal ucler) လို႔ေခၚ ပါတယ္။ ျမန္မာအမ်ားစုကေတာ့ အစာအိမ္ေရာဂါ လို႔သာေျပာၾကပါတယ္။

အစာအိမ္အနာ ဆိုတာ လက္မွာျဖစ္တဲ့အနာလိုပါပဲ ဒါေၾကာင့္ ”အနာေပၚဒုတ္က် ” ဆိုတာလို ေဆးလိပ္ေသာက္ျခင္း၊အရက္ေသာက္ျခင္း၊လက္လုပ္ခ်ဥ္၊ငရုပ္သီး၊ ငရုပ္ေကာင္း၊ အစာၾကမ္းမ်ား၊ အစာ မေၾကလြယ္ေသာေကာက္ညႇင္းစာမ်ား၊ ေက်ာ္ေလွာ္စာမ်ား စားတဲ့အခါ အစာအိမ္အနာေပၚ ဒုတ္က် သလို ျဖစ္တာမို႔ ဗိုလ္နာျခင္း၊ ဗိုလ္ေအာင့္ျခင္း စတဲ့ အစာအိမ္ ေရာဂါရဲ့လကၡဏာ ေတြပိုမို ခံစားရၿပီး၊ ပိုမိုဆိုး၀ါး တဲ့အခါမ်ိဳးမွာ အစာအိမ္အနာမွေသြးထြက္ျခင္း၊ အစာအိမ္အနာ ပိုမိုနက္ရႈိင္း သြားၿပီးအစာအိမ္နံရံေပါက္ သည္အထိျဖစ္နိုင္ပါတယ္။ (နာမည္ ေက်ာ္အဆိုေတာ္ စိုင္းထီးစိုင္း အစာအိမ္အနာမွ ေသြးထြက္ၿပီးေသဆံုး ခဲ့တယ္လို႔သိရပါတယ္။)

ထိုဘက္တီးရီးယားပိုး မ်ားအစာအိမ္ထဲမွာ မေပါက္ဖြါးေစတဲ့အစာေတြရွိပါတယ္။ အဲ့ဒါေတြက ကိုရီးယားအနီေရာင္ဂ်င္ဆင္း ၊ ေရေႏြးၾကမ္း၊ ၀ိုင္အနီ၊ ၾကက္သြန္ျဖဴ ႏွင့္ ပန္းေဂၚဖီစိမ္း  တို႔ျဖစ္ပါတယ္။

Helicobacter pylori က အစာအိမ္အနာ ၈၀% ကိုျဖစ္ေစၿပီး က်န္တဲ့ ၂၀ % က အကိုက္အခဲ ေသာက္ေဆးမ်ားျဖစ္တဲ့ asprin, butazolidine စသည္ တို႔ေသာက္ျခင္းနဲ႔ အစာအိမ္ကင္ဆာတို႔ ေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ စမ္းစစ္ဖို႔ လို အပ္ပါတယ္။
Helicobacter pylori ပိုးကိုေသြး၊ ရႈထုတ္ေသာေလနဲ႔၀မ္းမွာစမ္းသပ္နိုင္ပါတယ္။

 တိုင္းရင္းေဆးမ်ား။
အစာအိမ္ေရာဂါနွင့္ကိုယ္ေတြ႔ ဆိုတဲ့ပိုစ္မွာ ဗံဒါပင္မွအရြက္(မွည့္ရင့္ေနေသာ အနီရြက္)ကို သံုးခြက္တစ္ခြက္တင္ႀကိဳေသာက္ျခင္းေၾကာင့္ေပ်ာက္ကင္းေၾကာင္းေဖၚျပထားပါတယ္။
        
အ႐ွင္ပညာသီဟာဘိဝံသ(ပဥၥနိကာယ္) ရဲ့ ေဆးၿမီးတိုအစြမ္းဆိုတဲ့ပိုစ္မွာ ေတာ့ ေန႔တိုင္း ရဲယို႐ြက္ကို ေရေႏြးေဖ်ာၿပီး တစ္ေန႔ႏွစ္႐ြက္ ေန႔စဥ္ တို႔စားတာ အစာအိမ္ေရာဂါ ေပ်ာက္ေၾကာင္း။ အစာအိမ္ေရာဂါ႐ွိသူမ်ား ရဲယို႐ြက္ကို တို႔စားျခင္း၊ အေျခာက္လွမ္း အမႈန္႔ ျပဳလုပ္ၿပီး မွီဝဲျခင္းျဖင့္ အစာအိမ္ေရာဂါ လက္ေတြ႔ ေပ်ာက္ကင္းႏိုင္ ေၾကာင္း ေရးသား ထား ပါတယ္။

ျဖစ္နိုင္တာက ဗံဒါရြက္နဲ႔ ရဲယို႐ြက္တို႔ ဟာၾကက္သြန္ျဖဴစသည္တို႔လို ပိုး မပြါးေစနိုင္လို႔ လိုထင္ပါတယ္။

က်မကိုယ္ေတြ႔ေျပာရရင္ လြန္ခဲ့တဲ့ အႏွစ္ ၄၀ က က်မရဲ့အမ အစာအိမ္နာ Gastric ulcer ျဖစ္တဲ့အတြက္ အေမရိကန္ေဆးရံု (နား၊နေခါင္း၊ေဆးရံုေဟာင္း) မွာတစ္လတိတိတင္ထားၿပီး ၂နာရီတစ္ခါ ႏူးေအာင္ျပဳတ္ထားတဲ့ဆန္ျပဳတ္ပဲစားရပါတယ္။ ေဆးရံုကဆင္းလာေတာ့ အနာသက္သာတယ္ ဆိုေပမဲ့ ရွင္းရွင္းေတာ့ မေပ်ာက္ပါဘူး။ သူႀကိဳက္တဲ့ေကာက္ညႇင္းေပါင္းစား ရင္ျဖစ္ျဖစ္၊ လက္လုပ္အခ်ဥ္ စားရင္ ျဖစ္ျဖစ္ ရင္ေခါင္းကေအာင့္လာၿပီး အႏွိပ္သည္ဘုကိုရင္ေခါင္း မွာထားၿပီးေမွာက္အိပ္ထဲ့အထိခံရပါတယ္။ ေနာက္ပိုင္းဘာေဆးမွ မေသာက္ပဲေပ်ာက္သြား တယ္လို႔ေျပာပါတယ္။ အခု ေကာက္ညႇင္းေပါင္းစားလဲမနာ ေတာ့ဘူးတဲ့။ ဒါေပမဲ့သူက ေရလံုး၀ မေသာက္ဘူး။ ေရအစား ေရေႏြးၾကမ္းက်က်သာေသာက္ေလ့ ရွိ ပါ တယ္။ ေဆးေသာက္ရမွာ လည္းအလြန္ေၾကာက္တဲ့အတြက္ သူ႔ရဲ့လက္သံုးေတာ္ေဆးက ၾကက္သြန္ျဖဴပါ၊ ေခ်ာင္းဆိုးရင္ ျဖစ္ျဖစ္၊ ႏွာစီးရင္ျဖစ္ျဖစ္ ၾကက္သြန္ျဖဴတို႔စားေလ့ရွိပါတယ္။ အခုမွ သူ႔ရဲ့အစာအိမ္နာေပ်ာက္ ရ ျခင္းအေၾကာင္းကိုသိရပါတယ္။

 ေခတ္နဲ႔အတူ အစားအေသာက္ျပဳလုပ္ပံု၊ စားေသာက္ပုံမ်ား ေျပာင္းလဲလာျခင္းေၾကာင့္ အစာအိမ္နဲ႔ပတ္သက္တဲ့ ေရာဂါမ်ားလည္း ေျပာင္းလဲလာပါတယ္။

စားသံုးသီးႏွံမ်ားစိုက္ပ်ိဳးရာ၌ဓါတ္ေျမၾသဇာမ်ားႏွင့္ ပုိးသတ္ေဆးမ်ား သံုးစြဲၿခင္း၊ အစားအစာမ်ား တြင္ ဆုိးေဆးမ်ား အသုံးျပဳလာျခင္း၊ အလြယ္တကူ အသင့္စားသုံးႏုိင္ ေသာအစာ (Fast Food) မ်ား စားသံုးလာျခင္း မ်ားေၾကာင့္ အစာအိမ္ေရာဂါအျပင္ အျခား ေသာေခတ္ေပၚေရာဂါမ်ားျဖစ္ပြါးလာပါတယ္။

အစာအိမ္အတြင္း အျဖစ္မ်ားေသာ ေရာဂါမ်ားမွာ အစာအိမ္ေရာင္ျခင္း၊ အစာအိမ္အနာ ႏွင့္ အစာအိမ္ကင္ဆာတို႔ ျဖစ္ပါတယ္။ ရင္ညႊန္႔တြင္ ပူေလာင္ေသာ နာက်င္မႈကို ခံစားရၿပီး အစာစားခ်ိန္ လြန္လွ်င္ သိသာစြာ နာက်င္ကာ အစာကို စားလုိက္ပါက သက္သာသြားလွ်င္ ၄င္းလကၡဏာသည္ အစာအိမ္အနာႏွင့္ သက္ဆုိင္ေသာ လကၡဏာမ်ား ျဖစ္သည္။

 အစာအိမ္ေရာင္ျခင္းႏွင့္ အစာအိမ္အနာျဖစ္ေသာအေၾကာင္းအရင္းမ်ား
၁။         H. Pylori ေရာဂါပုိးရွိျခင္း။
၂။         အကုိက္အခဲေပ်ာက္ေဆးမ်ားကုိ အစာမပါပဲ ေသာက္ျခင္း။
၃။         ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း။
၄။         အပူအစပ္ အသုပ္ႏွင့္္ လက္လုပ္ခ်ဥ္မ်ား စားျခင္း။
၅။         အစာစားခ်ိန္ မမွန္ျခင္း။
၆။         ေကာ္ဖီ၊လက္ဖက္ရည္ ျပင္းျပင္းေသာက္ျခင္း။
၇။         စိတ္ဖိစီးမႈမ်ားျခင္း။
H. Pylori  ေရာဂါပိုး
အစာအိမ္ကုိ H. Pylori ပုိးကူးစက္ခံရျခင္းသည္ အစာအိမ္အနာျဖစ္ရေသာ အဓိကအေၾကာင္းအရင္း ျဖစ္ သည္။ အစာအိမ္အနာျဖစ္ေသာသူမ်ား၏ ၃၀% မွ ၆၀% တုိ႔တြင္ H. Pylori ပုိးေတြ႔ရွိရၿပီး အူသိမ္တြင္ အနာျဖစ္ေသာ သူမ်ား၏ ၇၀% ခန္႕တြင္ H. Pylori ပုိးေတြ႔ရွိရသည္။ အစာအိမ္ကင္ဆာ ျဖစ္ပြားေစမႈ တြင္ လည္း H. Pylori ပုိးသည္ ပါ၀င္ပတ္သက္မႈရွိေနေၾကာင္း ေတြ႕ရွိရသည္။

H. Pylori ပုိးကူးစက္မႈမ်ားေစေသာ အဓိက အခ်က္ႏွစ္ခ်က္မွာ လူမႈစီးပြားေရးနိမ့္က်မႈႏွင့္ ပညာေရးနည္းပါးမႈ တုိ႔ ပင္ျဖစ္သည္။  အျခားျဖစ္ႏုိင္ေသာ အခ်က္ မ်ားမွာ အိမ္တြင္လူဦးေရမ်ားျခင္း၊ မသန္႔ရွင္းေသာပတ္၀န္း က်င္တြင္ ေနထုိင္ရျခင္း၊ မသန္႔ရွင္းေသာေရႏွင့္ အစား အေသာက္၊ ေရာဂါပုိးရွိေသာလူမ်ား၏ အန္ဖက္မ်ားႏွင့္ ထိေတြ႔မိျခင္းတုိ႔ျဖစ္သည္။

အကိုက္အခဲေပ်ာက္ေဆးမ်ား
လူအမ်ား ေယဘုယ် အသုံးမ်ားဆုံးေဆးမ်ားမွာ အကုိက္အခဲေပ်ာက္ေဆးမ်ားပင္ျဖစ္သည္။ ေဆးဆုိင္ မ်ား တြင္လည္း အကုိက္အခဲေပ်ာက္ေဆးမ်ားမွာ အေရာင္းသြက္လွေပသည္။ အရပ္အေခၚ ကုိယ္ပူက်ေဆး၊ ဖ်ားနာေပ်ာက္ေဆးမ်ားသည္လည္း အကုိက္အခဲေပ်ာက္ေဆး အုပ္စုဝင္မ်ားသာျဖစ္သည္။ အကုိက္အခဲေပ်ာက္ ေဆးမ်ား၏ ျပင္းထန္ေသာ ေနာက္ဆက္တဲြဆုိးက်ဳိးမ်ားေၾကာင့္ ႏွစ္စဥ္လူေပါင္း
 ႏွစ္ေသာင္းခန္႔  ေသဆုံးလွ်က္ရွိ သည္။

အကုိက္ခဲေပ်ာက္ေဆး (NSAID) မ်ားသည္ Prostaglandins ထြက္ရွိမႈကုိ ပိတ္ထားျခင္းျဖင့္ နာက်င္မႈ ကုိ သက္သာေစသည္။ ၎ Prostanglandins မ်ားသည္ အစာအိမ္နံရံေပၚရွိ ခၽြဲေျမွးလႊာမ်ား ေကာင္းမြန္ခုိင္ မာေနေစရန္ ထိန္းသိမ္းေပးထားသည္။ အကုိက္ခဲေပ်ာက္ေဆးမ်ားေၾကာင့္ Prostanglandins မ်ား နည္းလာေသာအခါ အစာအိမ္နံရံေပၚရွိ ခၽြဲေျမွးလႊာမ်ား ပ်က္စီးလြယ္၍ အစာအိမ္အနာ ျဖစ္ေပၚ ေစ သည္။ ထုိ႔အ ျပင္ အကုိက္ခဲေပ်ာက္ေဆး မ်ားသည္ အက္ဆစ္အေပ်ာ့ စားေလးမ်ား ျဖစ္ ေသာေၾကာင့္ အစာအိမ္နံရံ ေပၚရွိ ခၽႊဲေျမွးလႊာမ်ားကုိ တုိက္ရုိက္နည္းအားျဖင့္လည္း ပ်က္စီးေစသည္။ Asprin ကဲ့သုိ႔ေသာ ေဆးမ်ားကုိ ေန႔စဥ္ ၇၅ မီလီဂရမ္ခန္႔ ေသာက္သုံးျခင္းသည္ပင္ ျပင္းထန္ေသာ ေနာက္ဆက္တဲြဆုိးက်ဳိးမ်ား ျဖစ္သည္ကုိ ေတြ႔ရွိရသည္။အသက္အရြယ္ႀကီးျခင္း၊ အစာအိမ္အနာျဖစ္ဖူးျခင္း၊ စတီးရြိဳက္ေဆး၊ ေသြးက်ဲေဆးမ်ားႏွင့္ တဲြေသာက္ ျခင္း၊ အကုိက္ခဲေပ်ာက္ေဆး ပမာဏမ်ားျခင္း၊ အကုိက္ခဲ ေပ်ာက္ေဆး ႏွစ္မ်ဳိးသုံးမ်ဳိးတို႔ကိုတဲြလ်က္ေသာက္ျခင္းတုိ႔သည္ အစာအိမ္အနာ ျဖစ္ေစႏုိင္ေသာ အေၾကာင္း မ်ားျဖစ္သည္။

အရက္ေသာက္ျခင္း၊ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းသည္လည္း အစာအိမ္ေရာဂါကုိ ျဖစ္ေစေသာ အေၾကာင္းတစ္ခုျဖစ္သည္။ ေဆးလိပ္ေသာက္သူမ်ားသည္ ေဆးလိပ္မေသာက္သူမ်ားထက္ အစာအိမ္အနာ ပုိမုိျဖစ္ပြားရုံသာမက အနာအက်က္ေႏွးျခင္း၊ ေနာက္ဆက္တဲြ ဆုိးက်ဳိးမ်ား ပုိမုိျဖစ္ပြားလြယ္ျခင္းတို႔ကုိပါ ေတြ႔ရွိရသည္။ ေဆးလိပ္မွ ထြက္ေသာ အႏ ၱရာယ္ရွိေသာ ျဒပ္ေပါင္းမ်ားသည္ အစာအိမ္ နံရံေပၚရွိ ခၽႊဲေျမွးလႊာမ်ား ပ်က္စီး လြယ္ေစသည္။
အရက္ေသာက္ျခင္းသည္ အစာေခ်ရည္ (Gastric Acid) ကုိ ပုိမုိထြက္ေစသည္။ အစာေခ်ရည္သည္ အစာအိမ္ နံရံေပၚရွိ ခၽႊဲေျမွးလႊာမ်ား ပ်က္စီးေစရာတြင္ အဓိကအခန္းမွ ပါ၀င္သည္။ အစာအိမ္ နံရံေပၚရွိ ခၽႊဲေျမွးလႊာမ်ားသည္ အစာအိမ္နံရံမ်ားကုိ အဓိက ကာကြယ္ေပးထားသူမ်ား ျဖစ္သည္။ ၎ အစာအိမ္ နံရံေပၚရွိ ခၽႊဲေျမွးလြာမ်ား ခုိင္ခံမႈ အားနည္းေစေသာ အေၾကာင္းမ်ား အားလုံးသည္ အစာအိမ္အနာကုိ ျဖစ္ေပၚေစႏုိင္သည္။

အစားအေသာက္မ်ားႏွင့္ အစာစားခ်ိန္
အစာအိမ္အနာျဖစ္ေစေသာ အေၾကာင္းမ်ားတြင္ အစားအေသာက္မ်ားသည္လည္း အေရးႀကီးေသာ အခန္းက႑မွပါ၀င္သည္။ အစာမေၾကလြယ္ေသာအစာမ်ား၊ အပူအစပ္မ်ား၊ လက္လုပ္ခ်ဥ္မ်ားသည္ အစာအိမ္ကုိ ဒုကၡေပးႏုိင္ေသာ အစားအစာမ်ားျဖစ္သည္။ ေကာ္ဖီသည္ အစာမ်ဳိႁပြန္ေအာက္ပုိင္းရွိ ႂကြက္သားမ်ားကုိ ေပ်ာ့ေပ်ာင္းေစသျဖင့္ ေလခ်ဥ္တက္ျခင္း ကုိပုိမုိျဖစ္ေစႏုိင္သည္။ အစာလြန္ျခင္း၊ အစာစားခ်ိန္မမွန္ျခင္းတုိ႔သည္ အစာေခ်ရည္မ်ားမွ အစာအိမ္နံရံ ခၽြဲေျမွးလႊာမ်ားကုိ ပ်က္စီးေစျခင္းျဖင့္ အစာအိမ္အနာ ျဖစ္ပြားေစႏုိင္သည္။ စိတ္ဖိစီးမႈမ်ားလြန္းျခင္းသည္လည္း အစာစားခ်င္စိတ္ မရွိျခင္း၊ အစာစားခ်ိန္မမွန္ျခင္း၊ ေဆးလိပ္ႏွင္႔ အရက္ ေသာက္ျဖစ္လြယ္ျခင္းတုိ႔ကုိ ျဖစ္ေစႏုိင္သျဖင္႔ အစာအိမ္အနာ ျဖစ္ပြားေစႏုိင္သည္။

အစာအိမ္ေရာင္ျခင္းႏွင့္ အစာအိမ္နာေရာဂါ လကၡဏာမ်ား
ဗုိက္နာဗုိက္ေအာင့္ျခင္း၊ ရင္ေခါင္းပူျခင္း၊ ပ်ဳိ႕ျခင္း၊ ေအာ့အန္ျခင္းႏွင့္ အစာစားခ်င္စိတ္မရွိျခင္းတုိ႔သည္ အစာအိမ္ေရာင္ျခင္းႏွင့္ အစာအိမ္အနာေရာဂါလကၡဏာမ်ားျဖစ္သည္။ ဗုိက္နာဗုိက္ေအာင့္ျခင္းသည္ ရင္ညႊန္႕ အနားတစ္၀ုိက္တြင္ျဖစ္ၿပီး ပူေလာင္ေသာ သုိ႔မဟုတ္ ကုိက္ျဖတ္ခံေနရေသာ နာက်င္မႈမ်ဳိးျဖစ္ သည္။ ေက်ာႏွင့္ ရင္ႏွင့္ ညွပ္ေအာင့္သည္ဟုလည္း လူနာမ်ားကေျပာျပတတ္သည္။ ၎နာက်င္မႈသည္ အစာစားလွ်င္ သက္သာ ျခင္း၊ ပုိဆုိးျခင္းရွိပါက အစာအိမ္ေရာဂါလကၡဏာျဖစ္သည္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
အစာအိမ္ ေသြးေၾကာေပါက္ျခင္းသည္ အျဖစ္အမ်ားဆုံးေသာ ေနာက္ဆက္တဲြဆုိးက်ဳိးျဖစ္သည္။ အသက္ႀကီးေသာသူမ်ား အထူးသျဖင့္ အသက္ ၆၅ ႏွစ္ထက္ႀကီးေသာ သူမ်ားတြင္ အစာအိမ္ေသြးေၾကာ ေပါက္ ျခင္း ပုိျဖစ္တတ္သည္။ ေကာ္ဖီေရာင္အန္ျခင္း၊ ကတၱရာေစးကဲ့သုိ႔ ၀မ္းမဲမဲသြားျခင္း တို႔သည္ အစာအိမ္ ေသြးေၾကာေပါက္ျခင္း၏ လကၡဏာမ်ားျဖစ္သည္။ အစာအိမ္ေရာဂါ လူနာမ်ား၏ ၂၀ % ေသာ လူနာမ်ားတြင္ အစာအိမ္ေရာဂါ လကၡဏာမျပဘဲ အစာအိမ္ေသြးေၾကာေပါက္ျခင္း ျဖစ္သြားသည္ကုိ ေတြ႔ရွိ ရသည္။
အစာအိမ္ေပါက္ျခင္းသည္ ဒုတိယအျဖစ္အမ်ားဆုံး ေနာက္ဆက္တဲြ ဆုိးက်ဳိးျဖစ္သည္။ အစာအိမ္ ေရာဂါ လူနာမ်ား၏ ၆ % မွ ၇% တြင္ အစာအိမ္ေပါက္ျခင္း ေနာက္ဆက္တဲြဆုိးက်ဳိး ေတြ႔ရွိရသည္။ ၀မ္းဗုိက္ ေဖာင္းလာျခင္း၊ ၀မ္းဗုိက္အထိမခံႏုိင္ေအာင္နာျခင္းတုိ႔သည္ အစာအိမ္ေပါက္ျခင္း၏ လကၡဏာမ်ား ျဖစ္သည္။ အစာအိမ္ ထြက္ေပါက္ပိတ္ျခင္းသည္ အေတြ႔ရနည္းေသာ ေနာက္ဆက္တဲြ ဆုိးက်ဳိးျဖစ္ၿပီး ၁% မွ ၂% ခန္႔ေသာ လူနာမ်ားတြင္သာ ေတြ႔ရသည္။ အစာစားၿပီးတုိင္းအန္ျခင္း၊ ဗုိက္ေဖာင္းလာျခင္း၊ ၀မ္း ခ်ဳပ္ျခင္းတုိ႔သည္ အစာအိမ္ ထြက္ေပါက္ပိတ္ေသာလကၡဏာမ်ားျဖစ္သည္။ အစာအိမ္ကင္ဆာသုိ႔ ေျပာင္း လဲျခင္းသည္ အစာအိမ္အတြင္း အနာျဖစ္ေသာေနရာ၊ H.Pylori ပုိးကူးစက္မႈ၊ အသက္အရြယ္ႀကီး ရင့္မႈတုိ႔ ေပၚတြင္ မႈတည္သည္။

ေ႐ွာင္ရန္
အစာအိမ္အနာ ျဖစ္ေပၚလွ်င္ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ အပူအစပ္စားျခင္း၊ လက္သုပ္ခ်ဥ္ ႏွင္႔အသုပ္မ်ားစားျခင္း၊ မာေသာအရာမ်ား (ထမင္းေၾကာ္၊အေၾကာ္)၊ အကုိက္အခဲေပ်ာက္ ေဆးမ်ား၊ ေကာ္ဖီ၊ လက္ဖက္ရည္ ျပင္းျပင္းေသာက္ျခင္းတုိ႔ကုိ ေရွာင္ၾကည္ရမည္။
ေဆာင္ရန္
အစာကုိ အခ်ိန္မွန္မွန္စားျခင္း၊ အစာကုိေၾကညက္စြာ၀ါးစားျခင္းတုိ႔သည္ သင္၏ အစာအိမ္က်န္းမာေရး ကုိ မ်ားစြာအေထာက္အကူျဖစ္သည္။ အနာျဖစ္ခ်ိန္တြင္ အစာေပ်ာ့ေပ်ာ့ အျဖဴထည္စားျခင္းႏွင့္ ႏြားႏုိ႔ေသာက္ ျခင္းတုိ႔သည္ အနာက်က္ျမန္ေစႏုိင္သည္။

ဘ၀ေနထိုင္မွုပံုစံ

အစာအိမ္ေရာဂါသာမက အျခားေသာေရာဂါမ်ား မခံစားရေစရန္ ေဆးလိပ္လံုးဝမေသာက္၊ အရက္ ကို လံုးဝမျဖတ္ႏိုင္သည့္တိုင္ အရက္ကိုခ်င့္ခ်ိန္ေသာက္၊ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းကို ေန႔စဥ္နာရီ ဝက္ခန္႔ မွန္မွန္လုပ္ျခင္း၊ က်န္းမာေရးႏွင့္ညီညြတ္ေသာ အစားအေသာက္မ်ားစားျခင္းဆိုေသာ ‘ဘဝေနထိုင္မႈပံုစံ’ (Life Style) ေျပာင္းလဲပစ္ဖို႔လိုသည္။ အထူးသျဖင့္ ေန႔စဥ္စားသံုးသည့္ အစား အေသာက္ မ်ားတြင္ သရက္သီးမွည့္၊ သေဘၤာသီးမွည့္စေသာ အဝါေရာင္သစ္သီးမ်ား၊ ဒန္႔သလြန္ရြက္၊ ကန္စြန္းရြက္စသည့္ အစိမ္းရင့္ေရာင္ ဟင္းရြက္မ်ား၊ ေရႊဝါကန္စြန္းဥ၊ မုန္လာဥနီ စေသာ အဝါေရာင္ႏွင့္ အနီေရာင္ သစ္ဥသစ္ဖုမ်ားကို ေရြးခ်ယ္ၿပီး ေဖာေဖာသီသီ စားသံုးသင့္သည္။ အဆီမ်ိဳးစံုကို တတ္ႏိုင္သမွ် ဆင္ျခင္၍စားရမည္။ ၾကက္ဥ၊ ေထာပတ္၊ အသည္း၊ ေက်ာက္ကပ္စသည့္ ျပည့္ဝဆီမ်ားသည့္ အစာမ်ားကို တတ္ႏိုင္သမွ်ေရွာင္သင့္သည္။ အငန္ကို ဆင္ျခင္ၿပီး အိုင္အိုဒင္းဆားမ်ားကိုသာစားရမည္။ အခ်ိဳရည္ကို လည္း တတ္ႏိုင္သမွ် ေရွာင္ရမည္။ သို႔မွသာ ကူး စက္ မဟုတ္ေသာ ေရာဂါမ်ားေၾကာင့္ျဖစ္ေပၚလာေသာ ေရာဂါျဖစ္ပြားမႈ၊ မသန္မစြမ္းျဖစ္မႈႏွင့္  အရြယ္မေရာက္မီ ေသဆံုးမႈမ်ား ေလ်ာ့နည္းလာမည္ ျဖစ္ပါ ေတာ့ သည္။

Credit: machunlay


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အစာအိမ်ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုး( Helicobacter pylori ) ဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။

ထိုပိုးဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

ထိုဘက်တီးရီးယားပိုး များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆင်း ၊ ရေနွေးကြမ်း၊ ဝိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ်ဖီစိမ်း  တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။
Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

 တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
       
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံး၀ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။

 ခေတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲလာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲလာပါတယ်။

စားသုံးသီးနှံများစိုက်ပျိုးရာ၌ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အစားအစာများ တွင် ဆိုးဆေးများ အသုံးပြုလာခြင်း၊ အလွယ်တကူ အသင့်စားသုံးနိုင် သောအစာ (Fast Food) များ စားသုံးလာခြင်း များကြောင့် အစာအိမ်ရောဂါအပြင် အခြား သောခေတ်ပေါ်ရောဂါများဖြစ်ပွါးလာပါတယ်။

အစာအိမ်အတွင်း အဖြစ်များသော ရောဂါများမှာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာ နှင့် အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။ ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၎င်းလက္ခဏာသည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။

 အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအရင်းများ
၁။         H. Pylori ရောဂါပိုးရှိခြင်း။
၂။         အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။         ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၄။         အပူအစပ် အသုပ်နှင့်် လက်လုပ်ချဉ်များ စားခြင်း။
၅။         အစာစားချိန် မမှန်ခြင်း။
၆။         ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။         စိတ်ဖိစီးမှုများခြင်း။
H. Pylori  ရောဂါပိုး
အစာအိမ်ကို H. Pylori ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာဖြစ်ရသော အဓိကအကြောင်းအရင်း ဖြစ် သည်။ အစာအိမ်အနာဖြစ်သောသူများ၏ ၃၀% မှ ၆၀% တို့တွင် H. Pylori ပိုးတွေ့ရှိရပြီး အူသိမ်တွင် အနာဖြစ်သော သူများ၏ ၇၀% ခန့်တွင် H. Pylori ပိုးတွေ့ရှိရသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားစေမှု တွင် လည်း H. Pylori ပိုးသည် ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိရသည်။

H. Pylori ပိုးကူးစက်မှုများစေသော အဓိက အချက်နှစ်ချက်မှာ လူမှုစီးပွားရေးနိမ့်ကျမှုနှင့် ပညာရေးနည်းပါးမှု တို့ ပင်ဖြစ်သည်။  အခြားဖြစ်နိုင်သော အချက် များမှာ အိမ်တွင်လူဦးရေများခြင်း၊ မသန့်ရှင်းသောပတ်ဝန်း ကျင်တွင် နေထိုင်ရခြင်း၊ မသန့်ရှင်းသောရေနှင့် အစား အသောက်၊ ရောဂါပိုးရှိသောလူများ၏ အန်ဖက်များနှင့် ထိတွေ့မိခြင်းတို့ဖြစ်သည်။

အကိုက်အခဲပျောက်ဆေးများ
လူအများ ယေဘုယျ အသုံးများဆုံးဆေးများမှာ အကိုက်အခဲပျောက်ဆေးများပင်ဖြစ်သည်။ ဆေးဆိုင် များ တွင်လည်း အကိုက်အခဲပျောက်ဆေးများမှာ အရောင်းသွက်လှပေသည်။ အရပ်အခေါ် ကိုယ်ပူကျဆေး၊ ဖျားနာပျောက်ဆေးများသည်လည်း အကိုက်အခဲပျောက်ဆေး အုပ်စုဝင်များသာဖြစ်သည်။ အကိုက်အခဲပျောက် ဆေးများ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကြောင့် နှစ်စဉ်လူပေါင်း
 နှစ်သောင်းခန့်  သေဆုံးလျှက်ရှိ သည်။

အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။ ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင် မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲပျောက်ဆေးများကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲပျောက်ဆေး များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း ပျက်စီးစေသည်။ Asprin ကဲ့သို့သော ဆေးများကို နေ့စဉ် ၇၅ မီလီဂရမ်ခန့် သောက်သုံးခြင်းသည်ပင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည်ကို တွေ့ရှိရသည်။အသက်အရွယ်ကြီးခြင်း၊ အစာအိမ်အနာဖြစ်ဖူးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကျဲဆေးများနှင့် တွဲသောက် ခြင်း၊ အကိုက်ခဲပျောက်ဆေး ပမာဏများခြင်း၊ အကိုက်ခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုးတို့ကိုတွဲလျက်သောက်ခြင်းတို့သည် အစာအိမ်အနာ ဖြစ်စေနိုင်သော အကြောင်း များဖြစ်သည်။

အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွားလွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန ္တရာယ်ရှိသော ဒြပ်ပေါင်းများသည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။
အရက်သောက်ခြင်းသည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။

အစားအသောက်များနှင့် အစာစားချိန်
အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေလွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ်များသည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီသည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို ပျော့ပျောင်းစေသဖြင့် လေချဉ်တက်ခြင်း ကိုပိုမိုဖြစ်စေနိုင်သည်။ အစာလွန်ခြင်း၊ အစာစားချိန်မမှန်ခြင်းတို့သည် အစာချေရည်များမှ အစာအိမ်နံရံ ချွဲမြှေးလွှာများကို ပျက်စီးစေခြင်းဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းခြင်းသည်လည်း အစာစားချင်စိတ် မရှိခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ဖြစ်လွယ်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။

အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ
ဗိုက်နာဗိုက်အောင့်ခြင်း၊ ရင်ခေါင်းပူခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို့သည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာရောဂါလက္ခဏာများဖြစ်သည်။ ဗိုက်နာဗိုက်အောင့်ခြင်းသည် ရင်ညွှန့် အနားတစ်ဝိုက်တွင်ဖြစ်ပြီး ပူလောင်သော သို့မဟုတ် ကိုက်ဖြတ်ခံနေရသော နာကျင်မှုမျိုးဖြစ် သည်။ ကျောနှင့် ရင်နှင့် ညှပ်အောင့်သည်ဟုလည်း လူနာများကပြောပြတတ်သည်။ ၎င်းနာကျင်မှုသည် အစာစားလျှင် သက်သာ ခြင်း၊ ပိုဆိုးခြင်းရှိပါက အစာအိမ်ရောဂါလက္ခဏာဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ
အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက် ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင်အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြောပေါက်ခြင်း၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ်သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။
အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲဆိုးကျိုး တွေ့ရှိရသည်။ ဝမ်းဗိုက် ဖောင်းလာခြင်း၊ ဝမ်းဗိုက်အထိမခံနိုင်အောင်နာခြင်းတို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အစာအိမ် ထွက်ပေါက်ပိတ်ခြင်းသည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီးတိုင်းအန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ဝမ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက်ပိတ်သောလက္ခဏာများဖြစ်သည်။ အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။

ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။
ဆောင်ရန်
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။

ဘဝနေထိုင်မှုပုံစံ

အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုသော ‘ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲပစ်ဖို့လိုသည်။ အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှရှောင်သင့်သည်။ အငန်ကို ဆင်ခြင်ပြီး အိုင်အိုဒင်းဆားများကိုသာစားရမည်။ အချိုရည်ကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ကူး စက် မဟုတ်သော ရောဂါများကြောင့်ဖြစ်ပေါ်လာသော ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှုနှင့်  အရွယ်မရောက်မီ သေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ပါ တော့ သည်။

Credit: machunlay




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top