iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးဘဲဥကို century egg,preserved egg,hundred year egg, thousand year egg, millennium egg ,ထံုးဘဲဥ , ဖီတန္ ( တကယ္ေတာ့ တရုပ္လို နာမည္ပါ pidan ) လို့လည္းေခၚျကပါတယ္။

ဟိုတေလာက maggi လို့ ေခၚတဲ့လူျကိုက္မ်ားတဲ့ေခါက္ဆြဲေျခာက္ ေတြထဲမွာ ခဲဓာတ္ေတြ (lead) ပါတာမ်ားတာကို အိနၵိယမွာ ရွာေဖြေတြ့ရွိခဲ့ လို့ မက္ဂီး ေခါက္ဆြဲတင္သြင္းထုတ္လုပ္မွုကိုရပ္ဆိုင္းျပစ္လိုက္ပါတယ္။တိုက္တိုက္ဆိုင္ဆိုင္ ေဆးဘဲဥကို သတိရမိလို့ ေဆးဘဲဥအေျကာင္းေလးမ်ွေဝျဖစ္တာပါ။

ေဆးဘဲဥကိုတရုတ္နိုင္ငံက ေနျပီး စတင္ေပၚေပါက္လာတာျဖစ္ျပီး ရိုးရာ အားျဖင့္ ဘဲဥ ၊ျကက္ဥ နဲ့ ငံုးဥေတြကို အသံုးျပုျကပါတယ္။ ပါဝင္တဲ့ပစၥည္းေတြကေတာ့ ရြ့ံေျမ ၊ ဆား၊ ထံုး၊ ထမင္း ေပ်ာ့ စတာေတြကိုလိုအပ္သလိုထည့္ျပီးအသံုးျပုၾကပါတယ္။ ျဖစ္စဥ္အားျဖင့္ ဘဲဥ အကာ ဟာ စိမ္းပုတ္ေရာင္မွသည္ မီးခိုးေရာင္ ၊မီးခိုးေရာင္မွသည္ အညိုနက္ေရာင္သို့ေျပာင္းလဲသြားျပီး ျပစ္ခဲမွဳ မွာလည္း အရည္အျဖစ္မွ ဂ်ယ္လီအျဖစ္သို့ေျပာင္းလဲသြားပါတယ္။ အနံ့ မွာလည္း ကန့္ sulphur နွင့္ အမိုးနီးယား (က်င္ငယ္ေရနံ ့ ) ဘက္သုိ့ ေျပာင္းလဲသြားပါတယ္။ PH level သည္လည္း ၉ -၁၀ ျကားေျပာင္းလဲျပီး ျပင္းအားမ်ားေသာ အယ္လ္ကာလိုင္း ျဖစ္သြားပါတယ္။

ယေန့ စားသံုးသူတို့ရဲ့ လိုအပ္ခ်က္ မ်ားလားျပီးဝယ္လိုအားတိုးလာေသာေျကာင့္ ထုတ္လုပ္သူတို့ က လအနည္းငယ္ျကာ ျပုလုပ္ရေသာ ေဆးဘဲဥျဖစ္စဥ္ကို ရက္ပိုင္းနွင့္ျပုလုပ္နိုင္ရန္ နည္းလမ္းမ်ား ရွာေဖြ့ လာျကပါတယ္။ calcium hydroxide နွင့္ sodium carbonate ေပ်ာ္ရည္တြင္ ဘဲဥကိုစိမ္ျခင္းက ဆယ္ရက္အတြင္း ပံုမွန္ရိုးရာနည္း ျဖင့္ျပုလုပ္ေသာ လအနည္းငယ္ျကာ ေဆးဘဲဥကို ပံုမွန္အရသာမပ်က္ ရရွိေစ တာမို့အခ်ိန္ကုန္ခံထုတ္လုပ္မွုကို ေက်ာ္ျဖတ္နိုင္ခဲ့ပါတယ္။

ဆိုးက်ိဴး အေနနဲ့ကေတာ့ lead (ခဲ) ဓာတ္ပါဝင္မွုေတြတိုးလာတာပါဘဲ။ ဘဲဥထဲသို့ ျမန္ျမန္ဆန္ဆန္ hydroxide and sodium ကို ဝင္ေရာက္ေစျခင္းက ခဲဓာတ္ကိုတိုးပြားလာေစတာျဖစ္ပါတယ္။

ခဲဓာတ္မ်ားခနၶာကိုယ္ထဲဝင္ေရာက္တာမ်ားလ်ွင္ အသက္ဆံုးရံွဳးသည္ထိျဖစ္နိုင္ပါတယ္။

Lead poisoning ခဲဆိပ္သင့္ျခင္းရဲ့ဆိုးက်ိဴးေတြကေတာ့
ေအာ့အန္ျခင္း
ဗိုက္နာျခင္း
ေမာပန္းျခင္း
ျကြက္သားမ်ားနာက်င္ျခင္း
ဝမ္းေလ်ာျခင္း
ဝမ္းခ်ဴပ္ျခင္း
သုတ္ေကာင္မ်ားနည္းသြားျခင္း
အာရံုစူးစိုက္မွု နည္းျခင္း
ဦးေနွာက္ေျမး ေရာင္ရမ္းျခင္း
သြားပိုးစားျခင္း
ေသြးေပါင္တက္ျခင္း မွသည္
အသက္ေသဆံုးသည္ထိျဖစ္နိုင္ပါတယ္။

ခဲဆိပ္သင့္ ေနသလားဆိုတာကိုသိခ်င္ရင္ေတာ့ ေသြးေဖာက္စစ္ေဆးရင္သိနိုင္ပါတယ္။ ေသြးထဲမွာ ခဲဓာတ္ ပါဝင္မွု ၁၀ မိုက္ခရိုဂရမ္ ပါ ဒက္ဆီလီတာ ထက္ေက်ာ္ေနဘီဆိုရင္ေတာ့ ခဲဓာတ္ အဆိပ္မသင့္ေသးသည့္တိုင္ေအာင္ ခဲဓာတ္မ်ားေနဘီလို့ သတ္မွတ္ပါတယ္။

ဗာဟုသုတ အေနနဲ့မ်ွေဝခ်င္တာေလးကေတာ့ ခဲဆိပ္သင့္ျခင္းဟာ အစားအေသာက္ခုတည္းကေန နိုင္တာမဟုတ္ပါဘူး။ ခဲနဲ့ ထိေတြ့ေသာ သူမ်ားအားလံုး ရနိုင္တာျဖစ္ျပီး ၊ ခုေရးသားေသာ အေျကာင္းအရာေလးကေတာ့ လူအမ်ားစု သတိမထား နိုင္ေသာ အေျကာင္းအရာေလးတခုကိုသာ ေဖာ္ျပျခင္းျဖစ္ပါတယ္။

အိမ္သုတ္ေဆး ကိုင္သူ
ဘထၳရီ အိုးျပင္သူ
ခဲဂေဟတို့သူ
ဓာတ္ေရာင္ျခည္ ကာကြယ္ေသာ ခဲအက်ီၤဝတ္သူ
မာက်ဴရီနွင့္ခဲဓာတ္ပါ ေသာ ဓာတ္ခဲထုတ္လုပ္ေသာ ေနရာတြင္အလုပ္လုပ္သူ
ခဲ က်ည္ဆန္ကိုင္သူ
စေသာခဲနွင္ ထိေတြ့သူေတြ မွာ ခဲဆိပ္သင့္ျခင္းျဖစ္နိုင္ပါတယ္။

အသိပညာ ဗာဟုသုတမ်ားျခင္းသည္မဂၤလာတပါး ။

Credit:သန့္ဇင္ရွိန္
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆေးဘဲဥကို century egg,preserved egg,hundred year egg, thousand year egg, millennium egg ,ထုံးဘဲဥ , ဖီတန် ( တကယ်တော့ တရုပ်လို နာမည်ပါ pidan ) လို့လည်းခေါ်ကြပါတယ်။

ဟိုတလောက maggi လို့ ခေါ်တဲ့လူကြိုက်များတဲ့ခေါက်ဆွဲခြောက် တွေထဲမှာ ခဲဓာတ်တွေ (lead) ပါတာများတာကို အိန္ဒိယမှာ ရှာဖွေတွေ့ရှိခဲ့ လို့ မက်ဂီး ခေါက်ဆွဲတင်သွင်းထုတ်လုပ်မှုကိုရပ်ဆိုင်းပြစ်လိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဆေးဘဲဥကို သတိရမိလို့ ဆေးဘဲဥအကြောင်းလေးမျှဝေဖြစ်တာပါ။

ဆေးဘဲဥကိုတရုတ်နိုင်ငံက နေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာ အားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီးအသုံးပြုကြပါတယ်။ ဖြစ်စဉ်အားဖြင့် ဘဲဥ အကာ ဟာ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။ အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ ) ဘက်သို့ ပြောင်းလဲသွားပါတယ်။ PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။

ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက် များလားပြီးဝယ်လိုအားတိုးလာသောကြောင့် ထုတ်လုပ်သူတို့ က လအနည်းငယ်ကြာ ပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို ရက်ပိုင်းနှင့်ပြုလုပ်နိုင်ရန် နည်းလမ်းများ ရှာဖွေ့ လာကြပါတယ်။ calcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆိုးကျိူး အနေနဲ့ကတော့ lead (ခဲ) ဓာတ်ပါဝင်မှုတွေတိုးလာတာပါဘဲ။ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် hydroxide and sodium ကို ဝင်ရောက်စေခြင်းက ခဲဓာတ်ကိုတိုးပွားလာစေတာဖြစ်ပါတယ်။

ခဲဓာတ်များခန္ဓာကိုယ်ထဲဝင်ရောက်တာများလျှင် အသက်ဆုံးရံှုးသည်ထိဖြစ်နိုင်ပါတယ်။

Lead poisoning ခဲဆိပ်သင့်ခြင်းရဲ့ဆိုးကျိူးတွေကတော့
အော့အန်ခြင်း
ဗိုက်နာခြင်း
မောပန်းခြင်း
ကြွက်သားများနာကျင်ခြင်း
ဝမ်းလျောခြင်း
ဝမ်းချူပ်ခြင်း
သုတ်ကောင်များနည်းသွားခြင်း
အာရုံစူးစိုက်မှု နည်းခြင်း
ဦးနှောက်မြေး ရောင်ရမ်းခြင်း
သွားပိုးစားခြင်း
သွေးပေါင်တက်ခြင်း မှသည်
အသက်သေဆုံးသည်ထိဖြစ်နိုင်ပါတယ်။

ခဲဆိပ်သင့် နေသလားဆိုတာကိုသိချင်ရင်တော့ သွေးဖောက်စစ်ဆေးရင်သိနိုင်ပါတယ်။ သွေးထဲမှာ ခဲဓာတ် ပါဝင်မှု ၁၀ မိုက်ခရိုဂရမ် ပါ ဒက်ဆီလီတာ ထက်ကျော်နေဘီဆိုရင်တော့ ခဲဓာတ် အဆိပ်မသင့်သေးသည့်တိုင်အောင် ခဲဓာတ်များနေဘီလို့ သတ်မှတ်ပါတယ်။

ဗာဟုသုတ အနေနဲ့မျှဝေချင်တာလေးကတော့ ခဲဆိပ်သင့်ခြင်းဟာ အစားအသောက်ခုတည်းကနေ နိုင်တာမဟုတ်ပါဘူး။ ခဲနဲ့ ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး ၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူအများစု သတိမထား နိုင်သော အကြောင်းအရာလေးတခုကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။

အိမ်သုတ်ဆေး ကိုင်သူ
ဘထ္ထရီ အိုးပြင်သူ
ခဲဂဟေတို့သူ
ဓာတ်ရောင်ခြည် ကာကွယ်သော ခဲအကျီၤဝတ်သူ
မာကျူရီနှင့်ခဲဓာတ်ပါ သော ဓာတ်ခဲထုတ်လုပ်သော နေရာတွင်အလုပ်လုပ်သူ
ခဲ ကျည်ဆန်ကိုင်သူ
စသောခဲနှင် ထိတွေ့သူတွေ မှာ ခဲဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။

အသိပညာ ဗာဟုသုတများခြင်းသည်မင်္ဂလာတပါး ။

Credit:သန့်ဇင်ရှိန်

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top