iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ ့လူေတြက ေခြးခ်စ္သူေတြျဖစ္ျပီး တစ္ခ်ဳိ ့ေတြက ေၾကာင္ခ်စ္သူေတြ ဘာလုိ ့ျဖစ္ေနလဲဆုိတဲ့အေပၚမွာ အံ့ၾသမိဖူးပါသလား။ အခုေတာ့ ေလ့လာမွဳတစ္ရပ္အရ အိမ္ေမြးတိရိစာၦန္တစ္မ်ိဳးတည္းကို ပိုခ်စ္တဲ့လူေတြမွာ မတူညီတဲ့ သီးျခားကိုယ္ရည္ကိုယ္ေသြးေတြ ရွိေၾကာင္း သိရွိရပါျပီ။

Carroll တကၠသိုလ္က သုေတသနျပဳလုပ္သူေတြဟာ ေကာလိပ္ေက်ာင္းသား ၆၀၀ ကို ေလ့လာမွဳတစ္ရပ္ ျပဳလုပ္ခဲ့ပါတယ္။ ေက်ာင္းသားေတြကို ကိုယ့္ဘာသာ ေခြးခ်စ္သူလုိ ့သတ္မွတ္လား ေၾကာင္ခ်စ္သူလုိ ့ သတ္မွတ္လားဆုိတဲ့အခ်က္နဲ ့အိမ္ေမြးတိရိစာၦန္တစ္ေကာင္မွာ ရွိတဲ့ အေကာင္းဆုံးအရည္အေသြးေတြက ဘာလုိ ့ထင္သလဲဆုိတဲ့အခ်က္ေတြကို စစ္တမ္းအရင္ေကာက္ခဲ့တာျဖစ္ပါတယ္။ ဒီေက်ာင္းသားေတြကို အဖြဲ ့ ႏွစ္ဖြဲ ့ခြဲျပီး ကိုယ္ရည္ကိုယ္ေသြးစစ္ေဆးမွဳတစ္ရပ္လည္း ျပဳလုပ္ခဲ့ရာမွာ အဖြဲ ့တစ္ဖြဲ ့ခ်င္းစီမွာ သီးျခားေယဘုယ် အရည္အေသြးေတြ ရွိေၾကာင္း ထြက္ေပၚခဲ့ပါတယ္။

စစ္တမ္းေကာက္ခဲ့တဲ့လူဦးေရ ၁၁ ရာခိုင္ႏွဳန္းသာ ရွိတဲ့ ေၾကာင္ခ်စ္သူေတြဟာ ေခြးခ်စ္သူေတြထက္ ဥာဏ္ရည္ဥာဏ္ေသြးနဲ ့စိတ္ခံစားမွဳအပုိင္းမွာ အမွတ္ပုိမုိရရွိခဲ့ပါတယ္။ ေၾကာင္ေတြကို ႏွစ္သက္တဲ့ လူေတြဟာ အျပင္ေလာကနဲ ့ေပ်ာ္ေပ်ာ္ေနတတ္မွဳ နည္းပါးမွဳ၊ လက္ေတြ ့က်မွဳ နည္းပါးမွဳ နဲ ့ေခြးခ်စ္သူေတြထက္ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ႏုိင္မွဳေလ်ာ့နည္းေၾကာင္း လည္း ေတြ ့ရွိခဲ့ရပါတယ္။ တဖက္မွာေတာ့ ဒီေလ့လာမွဳမွာ ၅၉ ရာခိုင္ႏွုန္း ပါ၀င္ခဲ့တဲ့ ေခြးခ်စ္သူေတြဟာ  ပိုမုိရင္းႏွီးေဖာ္ေရြမွဳ၊ အမိန္ ့နာခံတတ္မွဳ နဲ ့စိတ္ခံစားမွဳ ေလ်ာ့နည္းေၾကာင္း ေတြ ့ရွိခဲ့ရပါတယ္။

ဒါေပမယ့္လည္း ဒီလုိပုံေသကားခ်ပ္ေတာ့မဟုတ္ပါဘူး။ “ အေပါင္းအသင္းေကာင္းျပီး ေဖာ္ေရြတဲ့ ေၾကာင္ခ်စ္သူေတြနဲ ့ လူ ့ဂြစာ ေခြးခ်စ္သူေတြလည္း ရွိပါတယ္” လုိ ့ ေလ့လာမွဳကို လုပ္ေဆာင္ခဲ့တဲ့ Carroll တကၠသိုလ္က ပေရာ္ဖက္ဆာ Denise Gustello က ေျပာၾကားခဲ့ပါတယ္။ “ ကၽြန္ေတာ္ကိုယ္တုိင္က ဥပမာေပ့ါ” လုိ ့သူက ထပ္ေျပာသြားခဲ့ပါေသးတယ္။

ေၾကာင္ေတြဟာ ပုံမွန္အားျဖင့္ အိမ္တြင္းမွာပဲ ေအာင္းေနတတ္ျပီး တျခားလူနဲ ့တိရိစာၦန္ေတြကိုလည္း စိုးရိမ္ထိတ္လန္ ့တတ္ပါတယ္။ ဒါေၾကာင့္ သူတုိ ့ဟာ သူတို ့ရဲ့ အထီးက်န္အခ်ိန္ေတြကို တန္ဖိုးထားေပးတဲ့ လူေတြဆီပဲ ကပ္တတ္ၾကပါတယ္။ ေခြးေတြကေတာ့ အျပင္ေလာကကို ပုိသေဘာက်ျပီး ေယဘုယ်အားျဖင့္ ဆုိရွယ္က်တဲ့ အေကာင္ေတြျဖစ္တာကလည္း ေခြးခ်စ္သူနဲ ့ေၾကာင္ခ်စ္သူေတြ ကြာျခားတဲ့ အခ်က္ေတြလို ့ ယူဆရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်ချို့လူတွေက ခွေးချစ်သူတွေဖြစ်ပြီး တစ်ချို့တွေက ကြောင်ချစ်သူတွေ ဘာလို့ဖြစ်နေလဲဆိုတဲ့အပေါ်မှာ အံ့သြမိဖူးပါသလား။ အခုတော့ လေ့လာမှုတစ်ရပ်အရ အိမ်မွေးတိရိစ္ဆာန်တစ်မျိုးတည်းကို ပိုချစ်တဲ့လူတွေမှာ မတူညီတဲ့ သီးခြားကိုယ်ရည်ကိုယ်သွေးတွေ ရှိကြောင်း သိရှိရပါပြီ။

Carroll တက္ကသိုလ်က သုတေသနပြုလုပ်သူတွေဟာ ကောလိပ်ကျောင်းသား ၆၀၀ ကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကို ကိုယ့်ဘာသာ ခွေးချစ်သူလို့သတ်မှတ်လား ကြောင်ချစ်သူလို့ သတ်မှတ်လားဆိုတဲ့အချက်နဲ့အိမ်မွေးတိရိစ္ဆာန်တစ်ကောင်မှာ ရှိတဲ့ အကောင်းဆုံးအရည်အသွေးတွေက ဘာလို့ထင်သလဲဆိုတဲ့အချက်တွေကို စစ်တမ်းအရင်ကောက်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းသားတွေကို အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုတစ်ရပ်လည်း ပြုလုပ်ခဲ့ရာမှာ အဖွဲ့တစ်ဖွဲ့ချင်းစီမှာ သီးခြားယေဘုယျ အရည်အသွေးတွေ ရှိကြောင်း ထွက်ပေါ်ခဲ့ပါတယ်။

စစ်တမ်းကောက်ခဲ့တဲ့လူဦးရေ ၁၁ ရာခိုင်နှုန်းသာ ရှိတဲ့ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက် ဉာဏ်ရည်ဉာဏ်သွေးနဲ့စိတ်ခံစားမှုအပိုင်းမှာ အမှတ်ပိုမိုရရှိခဲ့ပါတယ်။ ကြောင်တွေကို နှစ်သက်တဲ့ လူတွေဟာ အပြင်လောကနဲ့ပျော်ပျော်နေတတ်မှု နည်းပါးမှု၊ လက်တွေ့ကျမှု နည်းပါးမှု နဲ့ခွေးချစ်သူတွေထက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုလျော့နည်းကြောင်း လည်း တွေ့ရှိခဲ့ရပါတယ်။ တဖက်မှာတော့ ဒီလေ့လာမှုမှာ ၅၉ ရာခိုင်နှုန်း ပါဝင်ခဲ့တဲ့ ခွေးချစ်သူတွေဟာ  ပိုမိုရင်းနှီးဖော်ရွေမှု၊ အမိန့်နာခံတတ်မှု နဲ့စိတ်ခံစားမှု လျော့နည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီလိုပုံသေကားချပ်တော့မဟုတ်ပါဘူး။ “ အပေါင်းအသင်းကောင်းပြီး ဖော်ရွေတဲ့ ကြောင်ချစ်သူတွေနဲ့ လူ့ဂွစာ ခွေးချစ်သူတွေလည်း ရှိပါတယ်” လို့ လေ့လာမှုကို လုပ်ဆောင်ခဲ့တဲ့ Carroll တက္ကသိုလ်က ပရော်ဖက်ဆာ Denise Gustello က ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်ကိုယ်တိုင်က ဥပမာပေ့ါ” လို့သူက ထပ်ပြောသွားခဲ့ပါသေးတယ်။

ကြောင်တွေဟာ ပုံမှန်အားဖြင့် အိမ်တွင်းမှာပဲ အောင်းနေတတ်ပြီး တခြားလူနဲ့တိရိစ္ဆာန်တွေကိုလည်း စိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ အထီးကျန်အချိန်တွေကို တန်ဖိုးထားပေးတဲ့ လူတွေဆီပဲ ကပ်တတ်ကြပါတယ်။ ခွေးတွေကတော့ အပြင်လောကကို ပိုသဘောကျပြီး ယေဘုယျအားဖြင့် ဆိုရှယ်ကျတဲ့ အကောင်တွေဖြစ်တာကလည်း ခွေးချစ်သူနဲ့ကြောင်ချစ်သူတွေ ကွာခြားတဲ့ အချက်တွေလို့ ယူဆရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top