iMyanmarHouse.com - Best Property Website for Myanmar
×

အသံုးမၿပဳတာၾကာၿပီၿဖစ္တဲ့ သင့္အိမ္ေရွ႔ေၿမကြက္လပ္ေလးဟာ ရႈပ္ေထြးေနတယ္လို႔ သင္ မထင္ဘူးလား။ ဒါမွမဟုတ္ လသာေဆာင္ေတြ ၊ သင့္တိုက္ခန္းဆီ ေရာက္ႏိုင္မယ့္ ေလွကားထစ္ေတြကတဆင့္ သင့္အိမ္နီးခ်င္းေတြ အပါအ၀င္ သင္ကိုယ္တိုင္ကိုပါ ေပ်ာ္ရႊင္မႈကို ခံစားေစရမယ့္ နည္းလမ္းတခ်ိဳ႔ကို ေဖာ္ၿပေပးလိုက္ပါတယ္။

၁။ သင္ၾကိဳက္ႏွစ္သက္တဲ့ ပစၥည္းတခ်ိဳ႔ကို ထားရွိလိုက္ၿခင္းၿဖင့္ သင့္ကိုယ္ပိုင္ ေၿမကြက္လပ္ကေလးကိုေၿပာင္းလဲလိုက္ပါ။
တခ်ိဳ႔လူေတြကေတာ့ အခမဲ့ စာၾကည့္တိုက္ေလးေတြကို ၿဖတ္သြားၿဖတ္လာေတြနဲ႔ အိမ္နီးနားခ်င္းေတြအတြက္ ရည္ရြယ္ထားရွိတတ္ၾကပါတယ္။ တခ်ိဳ႔ကေတာ့ ပန္းပင္ကေလးေတြနဲ႔ ေၿမကြက္လပ္ကေလးကို အလွဆင္တတ္ၾကပါေသးတယ္။

၂။ သင့္ကိုယ္ပိုင္ေၿမကြက္လပ္ကေလးမွာ ၀ိုင္းဖြဲ႔ စားေသာက္ပါ။
သုေတသနပညာရွင္ေတြကေတာ့ အထီးက်န္မႈကို ခံစားေနရတဲ့အတြက္ေၾကာင့္ ရုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးေတြဟာ ထိခိုက္ေနၾကရပါတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ၿဖစ္ႏိုင္မယ္ဆိုရင္ တစ္ကိုယ္တည္း စားေသာက္ေနမယ့္အစား အိမ္နီးနားခ်င္းေတြ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ၀ိုင္းဖြဲ႔စားေသာက္ၾကည့္လိုက္ပါ။

၃။ ကစားစရာပစၥည္းတခ်ိဳ႔ ထားရွိၿခင္းၿဖင့္ သင့္ေၿမကြက္လပ္ကေလးကို ၿဖည့္စြက္လိုက္ပါ။
ကစားနည္းေတြဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတဲ့အၿပင္ အရြယ္ေရာက္သူေတြကိုလည္း ေပ်ာ္ရႊင္ေစႏိုင္မွာၿဖစ္ပါတယ္။ ဒါ့အၿပင္ သူတို႔ကို ေကာင္းမြန္စြာ ၾကီးၿပင္းေစႏိုင္မွာၿဖစ္ပါတယ္။

၄။ သင့္အိမ္ေရွ႔ေၿမကြက္လပ္ကေလးကို ကင္းဗတ္စတစ္ခုလို သေဘာထားၿပီး သင့္စိတ္ၾကိဳက္ဖန္တီးလိုက္ပါ။
သင့္ရဲ႔ ဖန္တီးမႈေတြကေနတဆင့္ ရရွိလာမယ့္ အက်ိဳးဆက္ေတြကေတာ့ အာရံုစူးစိုက္မႈ ပိုမိုေကာင္းမြန္လာမွာၿဖစ္ပါတယ္။ ၿပီးေတာ့ ဒီအခ်က္ေလးေတြကို လက္ေတြ႔ ဖန္တီးလိုက္ၿခင္းအားၿဖင့္ ေပ်ာ္ရႊင္မႈကို သင္ကိုယ္တိုင္ ခံစားမိလာမွာၿဖစ္ပါေတာ့တယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသုံးမပြုတာကြာပြီဖြစ်တဲ့ သင့်အိမ်ရှေ့မြေကွက်လပ်လေးဟာ ရှုပ်ထွေးနေတယ်လို့ သင် မထင်ဘူးလား။ ဒါမှမဟုတ် လသာဆောင်တွေ ၊ သင့်တိုက်ခန်းဆီ ရောက်နိုင်မယ့် လှေကားထစ်တွေကတဆင့် သင့်အိမ်နီးချင်းတွေ အပါအဝင် သင်ကိုယ်တိုင်ကိုပါ ပျော်ရွှင်မှုကို ခံစားစေရမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတချို့ကို ထားရှိလိုက်ခြင်းဖြင့် သင့်ကိုယ်ပိုင် မြေကွက်လပ်ကလေးကိုပြောင်းလဲလိုက်ပါ။
တချို့လူတွေကတော့ အခမဲ့ စာကြည့်တိုက်လေးတွေကို ဖြတ်သွားဖြတ်လာတွေနဲ့ အိမ်နီးနားချင်းတွေအတွက် ရည်ရွယ်ထားရှိတတ်ကြပါတယ်။ တချို့ကတော့ ပန်းပင်ကလေးတွေနဲ့ မြေကွက်လပ်ကလေးကို အလှဆင်တတ်ကြပါသေးတယ်။

၂။ သင့်ကိုယ်ပိုင်မြေကွက်လပ်ကလေးမှာ ဝိုင်းဖွဲ့ စားသောက်ပါ။
သုတေသနပညာရှင်တွေကတော့ အထီးကျန်မှုကို ခံစားနေရတဲ့အတွက်ကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာ ထိခိုက်နေကြရပါတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တစ်ကိုယ်တည်း စားသောက်နေမယ့်အစား အိမ်နီးနားချင်းတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဝိုင်းဖွဲ့စားသောက်ကြည့်လိုက်ပါ။

၃။ ကစားစရာပစ္စည်းတချို့ ထားရှိခြင်းဖြင့် သင့်မြေကွက်လပ်ကလေးကို ဖြည့်စွက်လိုက်ပါ။
ကစားနည်းတွေဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် အရွယ်ရောက်သူတွေကိုလည်း ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်မှာဖြစ်ပါတယ်။

၄။ သင့်အိမ်ရှေ့မြေကွက်လပ်ကလေးကို ကင်းဗတ်စတစ်ခုလို သဘောထားပြီး သင့်စိတ်ကြိုက်ဖန်တီးလိုက်ပါ။
သင့်ရဲ့ ဖန်တီးမှုတွေကနေတဆင့် ရရှိလာမယ့် အကျိုးဆက်တွေကတော့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ပြီးတော့ ဒီအချက်လေးတွေကို လက်တွေ့ ဖန်တီးလိုက်ခြင်းအားဖြင့် ပျော်ရွှင်မှုကို သင်ကိုယ်တိုင် ခံစားမိလာမှာဖြစ်ပါတော့တယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top