iMyanmarHouse.com - Best Property Website for Myanmar
×

အထူးသျဖင့္ ခႏၶာကိုယ္တြင္း အပူဓာတ္မ်ားသူေတြနဲ ့ ၀မ္းခ်ဳပ္/၀မ္းပုပ္ရွိသူမ်ားအဖို ့ ယခုလို မိုးအကုန္ေဆာင္းဦးစ ရာသီဥတု အကူးအေျပာင္းမွာ အျပင္ကအပူအေအးနဲ႔ ခႏၶာကိုယ္တြင္းကအပူအေအးတို ့တိုက္ပြဲျဖစ္ေလ့ရွိပါတယ္။ ထို ့ေနာက္မွာေတာ့ ႏႈတ္ခမ္းအတြင္းသာ ေအာက္ေျခ၊ လွ်ာေအာက္ေျခ၊ နဲ ့ ႏႈတ္ခမ္းအေပၚတို ့မွာ ခံတြင္း(အပူကန္)နာေတြ ထြက္လာပါေတာ့တယ္။

ခံတြင္း(အပူကန္)နာေတြကို ေယဘုယ်အားျဖင့္အဆင့္ (၃)ဆင့္ခြဲျခားထားပါတယ္။ (၁) အေသးစားအပူကန္နာက ရာသီဥတုအ ေျပာင္းအလဲမွာ ျဖစ္ေလ့ရိွျပီး၊ ၁-ပတ္ (သုိ ့မဟုတ္) ၁၀-ရက္ေလာက္အၾကာမွာ သူ ့အလိုလိုေပ်ာက္သြားတတ္ပါတယ္။ (၂) အၾကီးစားအပူကန္နာက ရံဖန္ရံခါမွျဖစ္တတ္ျပီး၊ သူက အေသးစာအနာထက္ပိုၾကီးကာ ပိုလည္းနာက်င္ေလ့ရွိျပီး ေဆးသိပၸံနည္း အရ stomatis အနာလို ့ေခၚၾကပါတယ္။ (၃) herpetiform ulcers (ေခၚ)ေရယုန္နာတမ်ိဳးကေတာ့ ကူးစက္ေရာဂါပိုး ေၾကာင့္ျဖစ္လာကာ အလြန္နာက်င္ ယားယံေလ့ရွိပါတယ္။

ခံတြင္း(အပူကန္)နာရဲ ့ေရာဂါလကၡဏာမ်ားမွာ ခံတြင္းထဲယားယံျခင္း၊ နီရဲေရာင္ကိုင္းလာျခင္း၊ သြားတိုက္တဲ့အခါ (သို ့မဟုတ္) အစာ၀ါးတဲ့အခါ နာက်င္ျခင္း၊ အစားစားခ်င္စိတ္မရွိျခင္း တို ့ျဖစ္ပါတယ္။ ေရာဂါျဖစ္ရတဲ့အဓိက အေၾကာင္းရင္းကေတာ့ ရာသီ ဥတုရုတ္တရက္ေျပာင္းလဲလားျခင္းေၾကာင့္ ခႏၶာကိုယ္္တြင္း အပူအေအးဓာတ္ေဖာက္ျပန္လာျခင္းျဖစ္၍ ရာသီနာျဖစ္လို ့မစိုးရိမ္ ရဘဲ ေရ၀၀ေသာက္ ၀မ္းႏႈတ္ေဆးစားလိုက္ရံုနဲ ့ အနာေပ်ာက္ကင္းသြားပါတယ္။ အကယ္၍ ရာသီဥတုေျပာင္းလဲျခင္းေၾကာင့္ မဟုတ္ဘဲ သံဓာတ္-ဗီတာမင္စီ-ဗီတာမင္ဘီ၁၂ တို ့ ခ်ိဳ ့တဲ့ျခင္း၊ အစာဓာတ္ မတဲ့ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ဟိုမုန္းမွ်တမႈမရွိျခင္း၊ ခံတြင္းသန္ ့ရွင္းမႈအားနည္းျခင္း၊ မေတာ္တဆသြားနဲ ့ကိုက္မိျခင္း၊ ကူးစက္ ေရာဂါရျခင္း၊ သြားတိုက္စဥ္ ထိခိုက္မိျခင္း စသည္ တို ့ေၾကာင့္လဲ ခံတြင္းနာျဖစ္တတ္ပါတယ္။

(၁) အုန္းႏို ့ရည္က ခံတြင္းအပူကန္နာမ်ားနဲ ့ ခံတြင္းနာအမ်ိဳးမ်ိဳးတို ့အတြက္ လြန္စြာေဆးဖက္၀င္ပါတယ္။ အုန္းသီးကို ညွစ္၍ရ လာေသာ အုန္းႏို ့လတ္တ္ဆတ္ဆတ္ျဖင့္ တေန ့ကို ၅-ၾကိမ္ေလာက္ ပလုပ္(အာလုပ္) က်င္းေပးပါ။

(၂) တရုပ္နံနံပင္ လတ္လတ္ဆတ္ဆတ္ကိုျပဳတ္၍ ခပ္ေႏြးေႏြးအေနအထားမွာ တစ္ေန ့လွ်င္ ၅-ၾကိမ္ေလာက္ ပလုပ္(အာလုပ္) က်င္းေပးပါ။

(၂) တိုင္းရင္းေဆးသမားေတာ္ၾကီးေတြရဲ ့အဆိုအမိန္ ့အရ၊ ပင္စိမ္းရြက္က ခံတြင္းပူနာမ်ားအတြက္ အေကာင္းဆံုးေဆးျမီးတို ေလးပါ။ ပင္စိမ္းရြက္လတ္လတ္ဆတ္ဆတ္ ၆-ရြက္ခန္ ့ကို တေန ့ ၄-ၾကိမ္မွ်၀ါးစားျပီး ေရေသာက္ပါ (သို ့မ ဟုတ္) ပဲနံ ့သာပင္ အေစ ့နဲ ့ပင္စိမး္ရြက္တို ့ကို ေရာ၍၀ါးစားေပးပါ (သို ့မဟုတ္) ထို ၂-မ်ိဳးကို ျပဳတ္၍ ရလာေသာ ျပဳတ္ရည္ေႏြးေႏြးျဖင့္ တေန ့ ၄-ၾကိမ္ေလာက္ ပလုပ္(အာလုပ္) က်င္းေပးပါ။ (ပဲနံ ့သာပင္အေစ့ ကို အိႏိၵယ ပရေဆးဆိုင္ေတြမွာ ရရွိနိုင္ပါတယ္)

(၃) ခံတြင္းအပူနာမ်ားအတြက္ အနီေရာင္ခရမ္းခ်ဥ္သီး လတ္လတ္ဆတ္ဆတ္ကို အစိမ္းလိုက္၀ါးစားေပးပါ။ (သို ့မဟုတ္) ခရမ္း ခ်ဥ္သီး သတၱဳရည္ျဖင့္ အပူနာတို ့ကို လိမ္းေပးပါ။

(၄) နႏြင္းမႈန္ ့ ၂-ဆကို အလွဆီရည္ ၁-ဆ နဲ ့ခပ္ပ်စ္ပ်စ္ေရာနယ္ျပီး ခံတြင္းနာေပၚသို ့လိမ္းေပးပါ။ (သို ့မဟုတ္) နႏြင္းမႈန္ ့ လၻက္ရည္ဇြန္း ၁-ဇြန္းပမာဏကို ပ်ားရည္စစ္စစ္ ဇြန္း၀က္ခန္ ့မွ် ေရာနယ္ျပီးေတာ့ ခံတြင္းနာေပၚသို ့လိမ္းေပးပါ။ (အလွဆီရည္ကို အလွကုန္ဆိုင္ေတြမွာ အလြယ္တကူရရွိနိုင္ပါတယ္)

(၅) ဇီးျဖဴသီးကို အေစ့ဖယ္က်ိိတ္ေခ်၍ ရလာတဲ့ ဇီးျဖဴသီးသတၱဳရည္က အပူကန္ျခင္းေၾကာင့္ျဖစ္လာတဲ့
ခံတြင္းနာမ်ားကို အျမန္ဆံုး သက္သာေစတာေၾကာင့္ ၄င္းသတၱဳရည္ျဖင့္ တစ္ေန ့ ၂-ၾကိမ္က် လိမ္းေပးပါ။

(၆) ေရခပ္ေႏြးေႏြး ၁-ဖန္ခြက္ထဲကို ဆား စားပြဲတင္ဇြန္း ၁-ဇြန္း ေရာ၍၊ ၂၅ -စကၠန္ ့ေလာက္ ခံတြင္းထဲ ငံုထားပါ။ ျပီးမွ ေထြးထုတ္ေပးပါ။ ဒီနည္းက အနာေရာင္ကိုင္းျခင္းကို သက္သာေစတဲ့အျပင္ ပိုးမ၀င္ေအာင္လဲ အေထာက္အကူျဖစ္ေစပါတယ္။

(၇) လၻၻက္ရြက္အဆီ(tea tree oil) ကို အပူကန္နာေပၚသို ့ အသာအယာပြတ္လိမ္းေပးျခင္းျဖင့္ အနာနီရဲေရာင္ကိုင္းျခင္းကို ေလ်ာ့ပါးသြားေစပါတယ္။(tea tree oil ေတြကို City Mart ဆိုင္မ်ားမွာ ရရွိနိုင္ပါတယ္)

(၈) cranberry (ေခၚ) အနီေရာင္အခ်ဥ္သီးေဖ်ာ္ရည္ေလးက အပူကန္ခံတြင္းနာျခင္းေတြကို အခ်ိန္တိုအတြင္းမွာ ေပ်ာက္ကင္း သြားေစနိင္လို ့၊ cranberry သီးေဖ်ာ္ရည္ ငံုေပးပါ။ (အသင့္ေသာက္ cranberry သီးေဖ်ာ္ရည္ဗူူူးေလးေတြကို City Mart ဆိုင္မ်ား မွာ ရရွိနိုင္ပါတယ္)

(၉) ေရေအး နဲ ့ ေရခပ္ေႏြးေႏြးတို ့ကို တလွည့္စီ အာလုပ္(ပလုပ္)က်င္းပါ။ လတ္ဆတ္တဲ့ႏြားနို ့အစိမ္း(သို ့မဟုတ္)အုန္းစိမ္းရည္ တို ့ျဖင့္ တေန ့လွ်င္ ၄-ၾကိမ္ ေလာက္ အာလုပ္(ပလုပ္)က်င္းပါ။

(၁၀) အပူကန္နာအေပၚ ေရခဲတံုးေလး ကပ္ေပးျခင္းက နာက်င္မႈကို သက္သာေစတဲ့အျပင္၊ ေရာင္ကိုင္းျခင္းတို ့ကိုပါ ေျပေလ်ာ့ သြားေစပါတယ္။

(၁၁) အပူကန္နာမ်ားအတြက္ ရွားေစာင္းလက္ပပ္က လြန္စြာေကာင္းက်ိဳးျပဳပါတယ္။ ရွားေစာင္းလက္ပပ္အႏွစ္(ဂ်ယ္လီ) စားပြဲ တင္ဇြန္း ၂-ဇြန္းကို ခံတြင္းနာေပၚသို ့ အံုေပးလိုက္ရံုပါဘဲ။

(၁၂) အစိမ္းေရာင္ ဟင္းသီးဟင္းရြက္္မ်ား ဥပမာ…ဟင္းႏုနယ္/ကန္စြန္းရြက္/ပဲသီး(ေခၚ)ပဲေတာင့္ရွည္/ပဲေစာင္း၀ါးသီး.. စတာေတြကို ၾကက္သြန္နီမ်ားမ်ားထဲ့၍ သုပ္စားျခင္းက အပူကန္ျခင္းေၾကာင့္ျဖစ္တဲ့ ခံတြင္းနာေတြကို သက္သာေစပါတယ္။

(၁၃) ဗီတာမင္စီ ေပါၾကြယ္၀တဲ့ ဒိန္ခ်ဥ္က သြားဖံုးနဲ ့ခံတြင္းနာအမ်ိဳးမ်ိဳးတို ့အတြက္ အေကာင္းဆံုး ေဆးတစ္ခြက္ပါဘဲ။

(၁၄) ပင္စိမ္းရြက္အဆီကို အနာေပၚသို ့ ခပ္ဖြဖြစိမ္ ့၀င္ေအာင္ မၾကာမၾကာလိမ္းေပးျခင္းျဖင့္ ထိုအပူနာ ေရာင္ကိုင္း၍နာက်င္ ျခင္းတို ့ကို ေကာင္းစြာကုသေပးနိုင္ပါတယ္။

(၁၅) ႏြယ္ခ်ိဳ နဲ ့သလဲသီးတို ့ကလည္း အပူကန္ျခင္းကို ကုသေပးနိုင္ပါတယ္။ ၄င္း တမ်ိဳးစီကို စား၍ေသာ္လည္းေကာင္း၊ တမ်ိဳး စီကို ခံတြင္းနာေပၚသို ့အံုေပး၍ေသာ္လည္းေကာင္း (သို ့မဟုတ္) ၄င္း ႏွစ္မ်ိဳးစလံုးကို ခပ္ပ်စ္ပ်စ္ေရာနယ္၍ ခံတြင္းနာေပၚသို ့ အံုေပး၍ေသာ္လည္းေကာင္း စသည္ျဖင့္ အဆင္ေျပသလို ျပဳလုပ္ေပးပါ။

(၁၆) အပူရွပ္၍ ဖ်ားခ်င္ခ်င္ခံစားေနရသူမ်ားအတြက္ ၾကံရည္ကကိုယ္တြင္းအပူျငိမ္းေစျပီး၊ ပရိုတင္းအားျဖည့္ ဓာတ္စာအျဖစ္ အသံုး၀င္တဲ့အျပင္၊ ခံတြင္းထဲမွာ ၾကံရည္ငံုေပးျခင္း အပူနာေတြကို အခ်ိန္တိုအတြင္းမွာ ခ်ပ္ရပ္သြားေစနိုင္ပါတယ္။

အထက္ေဖာ္ျပပါ အိမ္တြင္းကုထံုးေလးေတြက ခံတြင္းအပူကန္နာျဖစ္ျခင္းကို ၈-ရက္ (သို ့မဟုတ္) ၁၀-ရက္ခန္ ့အၾကာမွာ ေပ်ာက္ကင္းသြားေစပါတယ္။ ကုထံုးေလးေတြသံုးေနတာေတာင္ ၁၀-ရက္ၾကာတဲ့အထိ မေပ်ာက္တဲ့ အျပင္ အေျခအေနပိုဆိုး လာပါက၊ ဆရာ၀န္နဲ ့ေဆးကုသမႈခံယူသင့္ပါတယ္။ “အပ္နဲ ့ထြင္းရမယ့္အနာကို ေပါက္ဆိန္နဲ ့ထြင္းမခံရေလေအာင္ ” က်မၼာေရးအျမင္ရွိဖို ့လိုပါေၾကာင္း။

Credit:က်န္းမာေရးဆိုင္ရာ ဗဟုသုတမ်ား

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့ ဝမ်းချုပ်/ဝမ်းပုပ်ရှိသူများအဖို့ ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းကအပူအအေးတို့တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့ နှုတ်ခမ်းအပေါ်တို့မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။

ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။ (၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ (၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ခေါ်ကြပါတယ်။ (၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့မစိုးရိမ် ရဘဲ ရေ၀၀သောက် ဝမ်းနှုတ်ဆေးစားလိုက်ရုံနဲ့ အနာပျောက်ကင်းသွားပါတယ်။ အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့ ချို့တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

(၁) အုန်းနို့ရည်က ခံတွင်းအပူကန်နာများနဲ့ ခံတွင်းနာအမျိုးမျိုးတို့အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။ အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂) တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂) တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့အဆိုအမိန့်အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။ ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့်ကို တနေ့ ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့မ ဟုတ်) ပဲနံ့သာပင် အစေ့နဲ့ပင်စိမ်းရွက်တို့ကို ရော၍ဝါးစားပေးပါ (သို့မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့ ၄-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။ (ပဲနံ့သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)

(၃) ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။ (သို့မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ကို လိမ်းပေးပါ။

(၄) နနွင်းမှုန့် ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့လိမ်းပေးပါ။ (သို့မဟုတ်) နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့်မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့လိမ်းပေးပါ။ (အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်)

(၅) ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့
ခံတွင်းနာများကို အမြန်ဆုံး သက်သာစေတာကြောင့် ၎င်းသတ္တုရည်ဖြင့် တစ်နေ့ ၂-ကြိမ်ကျ လိမ်းပေးပါ။

(၆) ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့်လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။ ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမဝင်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။

(၇) လ္ဘ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့ အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါးသွားစေပါတယ်။(tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)

(၈) cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွားစေနိင်လို့၊ cranberry သီးဖျော်ရည် ငုံပေးပါ။ (အသင့်သောက် cranberry သီးဖျော်ရည်ဗူူူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်)

(၉) ရေအေး နဲ့ ရေခပ်နွေးနွေးတို့ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။ လတ်ဆတ်တဲ့နွားနို့အစိမ်း(သို့မဟုတ်)အုန်းစိမ်းရည် တို့ဖြင့် တနေ့လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။

(၁၀) အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ကိုပါ ပြေလျော့ သွားစေပါတယ်။

(၁၁) အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့ အုံပေးလိုက်ရုံပါဘဲ။

(၁၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ကန်စွန်းရွက်/ပဲသီး(ခေါ်)ပဲတောင့်ရှည်/ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီများများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။

(၁၃) ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ခံတွင်းနာအမျိုးမျိုးတို့အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။

(၁၄) ပင်စိမ်းရွက်အဆီကို အနာပေါ်သို့ ခပ်ဖွဖွစိမ့်ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင် ခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။

(၁၅) နွယ်ချို နဲ့သလဲသီးတို့ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။ ၎င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့အုံပေး၍သော်လည်းကောင်း (သို့မဟုတ်) ၎င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။

(၁၆) အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။

အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့မဟုတ်) ၁၀-ရက်ခန့်အကြာမှာ ပျောက်ကင်းသွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန်နဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိဖို့လိုပါကြောင်း။

Credit:ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top