iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူကို ဆိတ္ကြယ္ရာအရပ္၌ ဘဝတစ္ခုလံုး ပံုအပ္လုိက္သူ မိန္းကေလးအခ်ိဳ႕ တိုးတက္လာ သည့္ နည္းပညာေခတ္တြင္ ဂုဏ္ သိကၡာအရ အသံုးခ်ခံခဲ့ရေသာ ျဖစ္စဥ္မ်ား ခပ္စိပ္စိပ္ျဖစ္လာပါ သည္။

မိန္းကေလးငယ္အခ်ိဳ႕ ခ်စ္သူအမ်ိဳးသားအေပၚ ယံုၾကည္ မႈလြန္ကဲမိျခင္းႏွင့္ နည္းပညာကို တလြဲအသံုးခ်ေသာ အမ်ိဳးသား အခ်ိဳ႕၏ လုပ္ရပ္ေၾကာင့္ သက္ ဆုိင္သူႏွစ္ဦးသာ သိထားသည့္ လွ်ိဳ႕ဝွက္အပ္ေသာ ေနထုိင္မႈပံုစံ မ်ားသည္ Online စာမ်က္ႏွာမ်ား ေပၚသို႔ ဓာတ္ပံုမ်ား၊ ႐ုပ္သံဖုိင္ မ်ားအျဖစ္ ေရာက္လာသည့္ ျဖစ္ စဥ္မ်ားရွိလာသည္။

ထိုျဖစ္စဥ္မ်ား၏ေနာက္တြင္ ပတ္ဝန္းက်င္ အသိုင္းအဝုိင္း၏ အထင္ေသး႐ႈတ္ခ်မႈကို ရင္ဆုိင္ ရၿပီး သက္ဆုိင္သူမိန္းကေလး ငယ္အခ်ိဳ႕ ဘဝတစ္ေလွ်ာက္လံုး ဦးတည္ခ်က္ေပ်ာက္သြားသည့္ အျပင္ မိသားစုေဆြမ်ိဳး အသိုင္း အဝုိင္းအတြင္း တစ္သက္တာ ေခါင္းမေဖာ္ဝံ့ေအာင္ လက္ ေျမႇာက္ အ႐ံႈးေပးလုိက္ရသူမ်ား လည္း ရွိပါသည္။

ရန္ကုန္တုိင္းေဒသႀကီးအ တြင္းရွိ ၿမိဳ႕နယ္တစ္ခုတြင္ ေနထုိင္ေသာ အသက္(၂၁)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးသည္ ၿပီးခဲ့သည့္ ၂၀၁၃ ႏွစ္ကုန္ပုိင္းက မိဘမ်ား သေဘာတူ လက္ထပ္ေပးခဲ့သည့္ အမ်ိဳးသားႏွင့္ အိမ္ ေထာင္တစ္ခုထူေထာင္ခဲ့ပါသည္။ အိမ္ေထာင္က်ၿပီး သံုးလခန္႔အၾကာတြင္ေတာ့ ၎ႏွင့္ အျခားအမ်ိဳးသားတစ္ဦး လိင္ဆက္ဆံေနသည့္ ဗီဒီယိုဖုိင္တစ္ခု အင္တာနက္စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႔လာခဲ့သည္။ အဆုိပါဖုိင္တြင္ ၎၏ နာမည္ႏွင့္ လက္ရွိသံုးေနသည့္ ဖုန္းနံပါတ္ပါ ေဖာ္ျပထားၿပီး ျပည့္တန္ဆာအလုပ္ လုပ္ကုိင္ေနသူျဖစ္ကာ လုိအပ္ပါက ေခၚဆုိႏုိင္ေၾကာင္း ေရးသားထားသည္။

ေနာက္ဆက္တြဲ ရလဒ္က ေတာ့ ေၾကကြဲစရာ ေကာင္းပါ သည္။ အိမ္ေထာင္သည္အမ်ိဳး သားႏွင့္ ကြာရွင္းျပတ္စဲခဲ့ရသလို ငယ္ငယ္ရြယ္ရြယ္ႏွင့္ပင္ တစ္ခု လပ္ဘဝ ေရာက္ခဲ့ရသည္။ ဗီဒီယို ဖုိင္မွာ ၎ အသက္(၁၈)ႏွစ္အ ရြယ္ လြန္ခဲ့သည့္ေလးႏွစ္ခန္႔က လက္တြဲခဲ့သည့္ ခ်စ္သူအမ်ိဳးသား က တည္းခုိခန္းတစ္ခုတြင္ အတူ ေနၾကစဥ္ အမွတ္တရအျဖစ္ သိမ္းဆည္းထားခ်င္သည္ဆုိေသာ ေၾကာင့္ ဖုန္းကင္မရာျဖင့္ ႐ုိက္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ၎အိမ္ေထာင္ က်ၿပီးေနာက္ အင္တာနက္ေပၚသို႔ အတင္ခံလုိက္ရျခင္းျဖစ္ေၾကာင္း ကာယကံရွင္ အမ်ိဳးသမီးကုိယ္ တုိင္ ရဲစခန္းသုိ႔ တုိင္ၾကားခဲ့သည္။

ခ်စ္သူကို ယံုၾကည္မႈလြန္ကဲ မိရာက မွားယြင္းခဲ့သည့္ လြန္ခဲ့ ေသာ ေလးႏွစ္ခန္႔က ျဖစ္စဥ္တစ္ ခုေၾကာင့္ ကာယကံရွင္အမ်ိဳးသမီးမွာ ဂုဏ္သိကၡာပုိင္းအရ ေနထုိင္ ရာ ပတ္ဝန္းက်င္တြင္ ရပ္တည္၍ မရေတာ့ေအာင္ ရင္ဆုိင္ခဲ့ရေသာ္လည္း က်ဴးလြန္သူအမ်ိဳးသားကိုမူ ရဲတပ္ဖြဲ႕က ဖမ္းဆီး၍မရခဲ့ပါ။ အဆိုပါအမႈမွာ တည္ဆဲဥပေဒမ်ားအရ ရဲအေရးမပုိင္သည့္ အမႈျဖစ္ေနျခင္းေၾကာင့္ တရား႐ံုးသို႔ သာ ဦးတုိက္ေလွ်ာက္ထားခဲ့ရ သည္။ ၎အား ညစ္ညမ္းေသာပံုမ်ား ျဖန္႔ေဝသည့္ ဥပေဒပုဒ္မ ၂၉၂(က)ႏွင့္ အသေရဖ်က္မႈ ဥပေဒပုဒ္မ ၅၀၀ ျဖင့္သာ တရားစြဲဆုိခဲ့သည္။ အမ်ိဳးသမီးငယ္တစ္ဦး ဂုဏ္သိကၡာႏွင့္ ဘဝကစဥ့္ကလ်ားျဖစ္ေစသည္အထိ က်ဴးလြန္ခဲ့သူ၏ ျပစ္ဒဏ္မွာ ဤမွ်ေလာက္ႏွင့္ ထုိက္တန္မႈမရွိေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးျမင့္ေအးက ေျပာသည္။

‘‘ဒီလုိအမႈေတြက လက္ရွိ ေရာက္ေနတဲ့ ေခတ္အေျခအေန နဲ႔ ဆုိင္တယ္။ အဂၤလိပ္အစိုးရ လက္ထက္ကဆြဲခဲ့တဲ့ တခ်ိဳ႕ဥပေဒေတြက ဒီဘက္ေခတ္မွာ သိပ္အံမဝင္တာေတြရွိတယ္။ တခ်ိဳ႕ေနရာေတြမွာ ျပစ္မႈက်ဴးလြန္သူကို အကာအကြယ္ေပးထားသလို ျဖစ္ေနတယ္’’ဟု ဦးျမင့္ေအးက လက္ရွိ တည္ဆဲဥပေဒအခ်ိဳ႕အေပၚ ေထာက္ျပေဝဖန္သည္။

အဆိုပါမႈခင္းမ်ိဳးကို ဆိုက္ ဘာျပစ္မႈ (Cyber Crime)အျဖစ္ ရဲတပ္ဖြဲ႕က သတ္မွတ္ၿပီး လက္ရွိ ျပည္တြင္း၌ အဆိုပါမႈခင္းမ်ိဳး အ မ်ားအျပား ျဖစ္ပြားေနသည္ကို သိရွိေသာ္လည္း အေၾကာင္းအမ်ိဳး မ်ိဳးျဖင့္ ရဲတပ္ဖြဲ႕သို႔ လာေရာက္ တိုင္ၾကားမႈ အလြန္နည္းေန ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဌာန ခ်ဳပ္ ရဲမွဴးခ်ဳပ္ဝင္းေခါင္က ရန္ ကုန္ၿမိဳ႕ရွိ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအ သင္းခ်ဳပ္ (UMFCCI)တြင္ ျပဳလုပ္ သည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာခဲ့သည္။

လူတိုင္းသိခဲ့ၿပီး သတင္းစာ စာမ်က္ႏွာမ်ားေပၚအထိ ေရာက္ ခဲ့သည့္ အႏုပညာရွင္အခ်ိဳ႕ႏွင့္ တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္း သားအခ်ိဳ႕၏ ဗီဒီယိုဖုိင္မ်ားတြင္လည္း ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ အေရးယူႏုိင္ျခင္း မရွိခဲ့ေသာ ေၾကာင့္ လက္ရဲဇက္ရဲရွိၿပီး နည္း ပညာကို တလြဲအသံုးခ်မည့္သူ မ်ားအား တြန္းအားေပးသလုိျဖစ္ခဲ့ သည္။ ကာယကံရွင္မိသားစုမ်ား မွာ ေနရပ္ကို စြန္႔ခြာတိမ္းေရွာင္ သြားရသည္အထိ သက္ေရာက္မႈ ႀကီးမားခဲ့ေသာ္လည္း အခ်ိဳ႕စီးပြား ေရးသမားမ်ားမွာ အင္တာနက္ေပၚ ပ်ံ႕ႏွံ႔ခဲ့သည့္ ႐ုပ္/သံဖုိင္မ်ားကို ကူးယူ၍ ဗီဒီယိုေခြအျဖစ္ ေရာင္းဝယ္ျဖန္႔ကားၿပီး စီးပြားျဖစ္ခဲ့ၾကပါသည္။

‘‘အဓိကကေတာ့ ကုိယ့္ခ်စ္ သူျဖစ္ေစ၊ ကုိယ့္အမ်ိဳးသားပဲျဖစ္ ေစ အဲဒီလိုကိစၥေတြမွာ ယံုၾကည္မႈ မလြန္ကဲဖုိ႔လိုတယ္။ ခ်စ္သူကုိ ခ်စ္တုိင္း အလိုမလိုက္သင့္ဘူး။ တစ္ေန႔မွာ ကုိယ့္႐ွဴးကိုယ္ပတ္ၿပီး ဒုကၡေရာက္ႏုိင္တယ္’’ဟု အမ်ိဳး သမီးအေရး ေဆာင္ရြက္သူ ရန္ကုန္ ႏုိင္ငံေရးသင္တန္းေက်ာင္းမွ ေဒၚဇင္မာေအာင္က ေျပာပါသည္။

ထုိ႔အျပင္ ႏွစ္ဦးတည္းသာ သိသင့္သည့္ လွ်ိဳ႕ဝွက္အပ္ေသာ အတြင္းေရးကိစၥကို အမ်ားျပည္သူထံ ဖြင့္ခ်ျပသူကုိ ထိထိေရာက္ ေရာက္ အေရးယူသင့္ၿပီး လက္ရွိ အေနအထားမ်ားအရလည္း အ မ်ိဳးသမီးမ်ား၏ အခြင့္အေရးအ တြက္ အကာအကြယ္ေပးသည့္ ဥပေဒမွာ အားနည္းခ်က္မ်ားရွိေန ေၾကာင္း ၎ကသံုးသပ္သည္။

‘‘ျမန္မာ့ဆုိ႐ိုးစကားလည္းရွိ ေနပါတယ္။ ကိုယ္ကက်ဴးရင္ ကိုယ့္ဒူးေတာင္ မယံုရဘူးဆိုတာ မ်ိဳးေလ။ ဒါေၾကာင့္ မိန္းကေလး ေတြအေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း ေနတတ္ဖုိ႔လုိတယ္။ မဟုတ္ရင္ ေတာ့ တစ္ဘဝစာ ေနာင္တရ သြားရလိမ့္မယ္’’ဟု ရန္ကုန္တုိင္း ေဒသႀကီးလႊတ္ေတာ္ ကုိယ္စား လွယ္ ေဒါက္တာေဒၚညိဳညိဳသင္း က သတိေပးပါသည္။

အင္တာနက္စာမ်က္ႏွာမ်ား တြင္ ပ်ံ႕ႏွံ႔ေနသည့္ ဗီဒီယုိဖုိင္ႏွင့္ ဓာတ္ပံုအမ်ားစုမွာ ဖုန္းကင္မရာ ျဖင့္ အမ်ားဆံုး႐ိုက္ကူးထားၿပီး ဖုန္းအသံုးျပဳသူ သန္းႏွင့္ခ်ီ၍ ရွိ ေနခ်ိန္တြင္ ရဲတပ္ဖြဲ႕သို႔ တုိင္သည့္ Cyber မႈခင္းမွာ ေျခာက္မႈသာရွိ ေၾကာင္း ျပည္ထဲေရးဌာနမွ သ တင္းထုတ္ျပန္ခဲ့သည္။ ထိုသုိ႔ ျဖစ္ ျခင္းမွာ ကာယကံရွင္အမ်ားစု သည္ ရာဇဝတ္မႈေျမာက္ေၾကာင္း နားမလည္ေသာေၾကာင့္ အမႈမ ဖြင့္ျခင္းျဖစ္ေၾကာင္း ရဲမွဴးခ်ဳပ္ဝင္း ေခါင္က ေျပာသည္။

ထို႔အျပင္ ဥပေဒအရ အသိ ပညာအားနည္းျခင္းအျပင္ ဆုိက္ ဘာမႈခင္းမ်ားႏွင့္ ပတ္သက္၍ ရဲ တပ္ဖြဲ႕သို႔ တုိင္ၾကားပါက ေျဖရွင္းရန္ ခက္ခဲႏုိင္ၿပီး နည္းပညာသေဘာတရား နားမလည္ျခင္းမ်ားက ရဲတပ္ဖြဲ႕သို႔ မတုိင္ၾကားျခင္း၏ အေျခခံအခ်က္မ်ား ျဖစ္ေၾကာင္း ၎က သံုးသပ္ေျပာ ၾကားခဲ့သည္။

လူ႔အဖြဲ႕အစည္းအတြင္း ထုိ ကဲ့သို႔ ျဖစ္စဥ္မ်ားေပၚေပါက္လာ ပါက ယဥ္ေက်းမႈစံႏႈန္းမ်ားအရ လူသိမခံခ်င္ၾကေသာေၾကာင့္ ကာယကံရွင္မ်ားက ရဲတပ္ဖြဲ႕သို႔ မ တုိင္ၾကားျခင္းမွာ လူမိုက္အားေပး သလုိျဖစ္ေနေၾကာင္း အထက္ တန္းေရွ႕ေန ဦးခင္ေဇာ္ (မရမ္း ကုန္း)က ေျပာသည္။ ထုိ႔အျပင္ အဆုိပါအမႈမ်ိဳးအား ဥပေဒပညာ ကြၽမ္းက်င္သူမ်ားႏွင့္ တုိင္ပင္ကာ ထိထိမိမိတိုင္ၾကားသင့္ေၾကာင္း ၎က အႀကံေပးသည္။

‘‘ျမန္မာႏုိင္ငံမွာ Cyber Crime Law မထြက္ေသးေပမယ့္ အဲဒီလိုမႈခင္းေတြမွာ ထိထိေရာက္ ေရာက္ တုိင္လို႔ရတဲ့ အေျခအေန ေတြရွိပါတယ္။ ျပည္ထဲေရးက အရာရွိေတြ ပါဝင္ဖြဲ႕စည္းထားတဲ့ အီလက္ထရြန္နစ္ ဆက္သြယ္ ေဆာင္ရြက္ေရး ႀကီးၾကပ္မႈအဖြဲ႕ ဆီမွာ တရားစြဲဆုိခြင့္ေတာင္းၿပီး အမႈဖြင့္လုိ႔ရတယ္။ ဒါကုိ နားလည္ဖုိ႔လုိတယ္’’ဟု ဦးခင္ေဇာ္(မရမ္း ကုန္း)က ေျပာသည္။

အီလက္ထရြန္နစ္ ဆက္ သြယ္ေဆာင္ရြက္ေရး ႀကီးၾကပ္မႈ အဖြဲ႕သည္ ဆက္သြယ္ေရး၊ စာ တုိက္ႏွင့္ ေၾကးနန္းဝန္ႀကီးဌာနမွ ဝန္ႀကီးက ဥကၠ႒အျဖစ္ တာဝန္ ယူထားကာ ျပည္ထဲေရးဝန္ႀကီး ဌာန အရာရွိမ်ားအပါအဝင္ နည္းပညာကြၽမ္းက်င္သည့္ ပညာရပ္ဆုိင္ရာ ကြၽမ္းက်င္သူမ်ားျဖင့္ ဖြဲ႕စည္းထားၿပီး ၂၀၀၄ ခုႏွစ္က ျပ႒ာန္းခဲ့သည့္ အီ္လက္ထရြန္နစ္ ဆက္သြယ္ေဆာင္ရြက္ေရး ဥပ ေဒျဖင့္ အမႈဖြင့္စစ္ေဆးေပးေန ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဌာန ခ်ဳပ္ မႈခင္းရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ဝင္းစိန္က ေျပာသည္။

သို႔ေသာ္ အီလက္ထရြန္နစ္ ဆက္သြယ္ေဆာင္ရြက္ေရး ႀကီး ၾကပ္မႈအဖြဲ႕မွ တရားစြဲဆုိခြင့္ျပဳရန္ စိစစ္ရာတြင္ ခြင့္ျပဳခ်က္ရရန္ အ ခ်ိန္ေပးရျခင္းႏွင့္ ယခုကဲ့သုိ႔ တုိင္ ၾကား၍ ရသည္ကုိ လူအမ်ားစု မသိၾကျခင္းသည္ ရဲတပ္ဖြဲ႕သို႔ Cy-ber မႈခင္းမ်ား မတုိင္ၾကားၾကျခင္း ၏ အဓိကအေၾကာင္းရင္း ျဖစ္ေန ပါသည္။ ဥပမာဆုိရလွ်င္ ရဲတပ္ ဖြဲ႕သုိ႔ တုိင္ခဲ့သည့္ Cyber မႈခင္း အခ်ိဳ႕အနက္ ၂၀၁၂ ခုႏွစ္က ရန္ကင္းၿမိဳ႕တြင္ ျဖစ္ခဲ့သည့္အမႈမွာ အီလက္ထရြန္နစ္ ဆက္သြယ္ ေဆာင္ရြက္ေရး ႀကီးၾကပ္မႈအဖြဲ႕သို႔ တရားစြဲဆုိခြင့္ တင္ျပထားေသာ္လည္း ယခုအခ်ိန္ထိ ခြင့္ျပဳခ်က္မက်ေသးေၾကာင္း ယင္းအမႈႏွင့္ နီးစပ္သည့္ ရဲအရာရွိႀကီးတစ္ဦးက ေျပာျပသည္။

မည္သုိ႔ပင္ျဖစ္ေစ နည္း ပညာကုိ တလြဲအသံုးခ်သူတုိ႔၏ သားေကာင္မ်ားျဖစ္ခဲ့ရသည့္ မိန္း မသားအမ်ားစုကေတာ့ ဥပေဒ၏ အကာအကြယ္ကိုမရရွိဟု ယံု ၾကည္ေနၾကပါသည္။ အင္တာ နက္စာမ်က္ႏွာမ်ားေပၚတြင္ လက္ရွိ ရွိေနသည့္ ညစ္ညမ္းဝက္ဘ္ ဆုိက္မ်ားတြင္လည္း မသမာသူ တို႔က နည္းအမ်ိဳးမ်ိဳးျဖင့္ ႐ိုက္ကူး ထားသည့္ ျမန္မာအမ်ိဳးသမီးအ ခ်ိဳ႕၏ ဗီဒီယိုဖုိင္မ်ား၊ ဓာတ္ပံုမ်ား အလြယ္တကူရွာေဖြၾကည့္႐ႈႏုိင္ ေနသည္။ နာမည္မ်ိဳးစံုျဖင့္ အသံုး ျပဳေနသည့္ ညစ္ညမ္းဝက္ဘ္ ဆုိက္မ်ားစြာ ရွိေနသည္။ ညစ္ ညမ္းဝက္ဘ္ဆုိက္အခ်ိဳ႕ဆုိလွ်င္ အစိုးရႏွင့္ ပုဂၢလိကဝန္ထမ္း ဝတ္ စံုဝတ္ထားသည့္ အမ်ိဳးသမီးဓာတ္ ပံုမ်ား တင္ထားၿပီး လုပ္ေဖာ္ကုိင္ ဖက္အခ်င္းခ်င္း ဖုန္းကင္မရာျဖင့္ မသိေအာင္႐ုိက္၍ အင္တာနက္ ေပၚ တင္ေနျခင္းျဖစ္ေၾကာင္း လမ္းမေတာ္ၿမိဳ႕နယ္တြင္ အင္တာနက္ ဆုိင္ဖြင့္ထားသူ ကိုလူေမာ္က ေျပာသည္။

အဆုိပါ ညစ္ညမ္းဝက္ဘ္ ဆုိက္မ်ားတြင္ အတင္ခံထားရ သည့္ မိန္းကေလးအခ်ိဳ႕ဆိုလွ်င္ ဂုဏ္သိကၡာရွိေသာ အသုိင္းအ ဝုိင္းမွ ပါဝင္ေနၿပီး ၎တို႔၏ ဖုန္း နံပါတ္မ်ားကိုပါ မသမာသူတုိ႔က တင္ထားသည့္အတြက္ ၎၏ ဖုန္းနံပါတ္ကိုေခၚ၍ ၎တို႔ႏွင့္ ေပ်ာ္ပါးရန္ အမ်ိဳးသားအခ်ိဳ႕က ေခၚျခင္းကုိ ရင္ဆုိင္ခဲ့ဖူးေၾကာင္း ေျမာက္ဒဂံုၿမိဳ႕နယ္မွ အသက္(၃၃)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

‘‘ကြၽန္မမွာ အမ်ိဳးသားလည္း ရွိတယ္။ ကေလးႏွစ္ေယာက္ လည္းရွိတယ္။ ဆရာဝန္အသုိင္း အဝုိင္း မိသားစုဝင္တစ္ေယာက္ ပါ။ ကြၽန္မဖုန္းကို မၾကာခဏေခၚ ၿပီး မၾကားဝ့ံမနာသာေတြ ေျပာ ေတာ့ ဖုန္းကို ပိတ္ထားရတယ္။ ေနာက္ပုိင္းေတာ့ ေျပာေနက် မိတ္ေဆြေတြကလြဲလို႔ ဖုန္းနံပါတ္အ သစ္ဆုိရင္ ကုိင္ကုိမကုိင္ေတာ့ တာ။ ဒီလုိျဖစ္စဥ္က်ေတာ့ ရဲကုိ ဘယ္လိုတုိင္လို႔ သူတို႔က ဘယ္လို အေရးယူေပးမွာလဲ’’ဟု ၎က သူ၏အေတြ႕အႀကံဳကို ေျပာသည္။

မ်ားမၾကာမီအခ်ိန္တြင္ အ မ်ိဳးသားႏွင့္ အမ်ိဳးသမီးလူငယ္ထု အၾကား စိတ္ရွိတုိင္းေပ်ာ္ၾကမည့္ သႀကၤန္ပြဲေတာ္ လာပါေတာ့မည္။ ျမန္မာ့႐ိုးရာေရသႀကၤန္ပြဲေတာ္ဟု ၫႊန္းဆိုရန္ မရႏုိင္ေတာ့ေအာင္ ဝတ္စားဆင္ယင္မႈ ပံုရိပ္မ်ား ၾကမ္းတမ္းေနသည့္ ယင္းပြဲေတာ္တြင္ နည္းပညာကုိ အသံုးခ်ကာ ညစ္ ညမ္း႐ုပ္ပံုမ်ား အင္တာနက္စာ မ်က္ႏွာေပၚ တင္မည့္သူမ်ား သား ေကာင္ကို ရွာေဖြေနမည္မွာ ေသ ခ်ာေနပါသည္။ လာမည့္ႏွစ္သစ္ ၏ အင္တာနက္စာမ်က္ႏွာေပၚ တြင္ အမ်ိဳးေကာင္းသမီးတစ္ဦး ညစ္ညမ္းဝက္ဘ္ဆုိက္မ်ား၏ သားေကာင္မျဖစ္ေစရန္ ကာယ ကံရွင္ႏွင့္ လူ႔အဖြဲ႕အစည္းကပါ ထိန္းေက်ာင္းေပးရန္ တာဝန္ရွိေန ပါသည္။ ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7Day Daily

#Unicode Version
ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။

မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။

ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင် ရပြီး သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် မိသားစုဆွေမျိုး အသိုင်း အဝိုင်းအတွင်း တစ်သက်တာ ခေါင်းမဖော်ဝံ့အောင် လက် မြှောက် အရှုံးပေးလိုက်ရသူများ လည်း ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းက မိဘများ သဘောတူ လက်ထပ်ပေးခဲ့သည့် အမျိုးသားနှင့် အိမ် ထောင်တစ်ခုထူထောင်ခဲ့ပါသည်။ အိမ်ထောင်ကျပြီး သုံးလခန့်အကြာတွင်တော့ ၎င်းနှင့် အခြားအမျိုးသားတစ်ဦး လိင်ဆက်ဆံနေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါဖိုင်တွင် ၎င်း၏ နာမည်နှင့် လက်ရှိသုံးနေသည့် ဖုန်းနံပါတ်ပါ ဖော်ပြထားပြီး ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူဖြစ်ကာ လိုအပ်ပါက ခေါ်ဆိုနိုင်ကြောင်း ရေးသားထားသည်။

နောက်ဆက်တွဲ ရလဒ်က တော့ ကြေကွဲစရာ ကောင်းပါ သည်။ အိမ်ထောင်သည်အမျိုး သားနှင့် ကွာရှင်းပြတ်စဲခဲ့ရသလို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တစ်ခု လပ်ဘဝ ရောက်ခဲ့ရသည်။ ဗီဒီယို ဖိုင်မှာ ၎င်း အသက်(၁၈)နှစ်အ ရွယ် လွန်ခဲ့သည့်လေးနှစ်ခန့်က လက်တွဲခဲ့သည့် ချစ်သူအမျိုးသား က တည်းခိုခန်းတစ်ခုတွင် အတူ နေကြစဉ် အမှတ်တရအဖြစ် သိမ်းဆည်းထားချင်သည်ဆိုသော ကြောင့် ဖုန်းကင်မရာဖြင့် ရိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအိမ်ထောင် ကျပြီးနောက် အင်တာနက်ပေါ်သို့ အတင်ခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးကိုယ် တိုင် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ချစ်သူကို ယုံကြည်မှုလွန်ကဲ မိရာက မှားယွင်းခဲ့သည့် လွန်ခဲ့ သော လေးနှစ်ခန့်က ဖြစ်စဉ်တစ် ခုကြောင့် ကာယကံရှင်အမျိုးသမီးမှာ ဂုဏ်သိက္ခာပိုင်းအရ နေထိုင် ရာ ပတ်ဝန်းကျင်တွင် ရပ်တည်၍ မရတော့အောင် ရင်ဆိုင်ခဲ့ရသော်လည်း ကျူးလွန်သူအမျိုးသားကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီး၍မရခဲ့ပါ။ အဆိုပါအမှုမှာ တည်ဆဲဥပဒေများအရ ရဲအရေးမပိုင်သည့် အမှုဖြစ်နေခြင်းကြောင့် တရားရုံးသို့ သာ ဦးတိုက်လျှောက်ထားခဲ့ရ သည်။ ၎င်းအား ညစ်ညမ်းသောပုံများ ဖြန့်ဝေသည့် ဥပဒေပုဒ်မ ၂၉၂(က)နှင့် အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ဖြင့်သာ တရားစွဲဆိုခဲ့သည်။ အမျိုးသမီးငယ်တစ်ဦး ဂုဏ်သိက္ခာနှင့် ဘဝကစဥ့်ကလျားဖြစ်စေသည်အထိ ကျူးလွန်ခဲ့သူ၏ ပြစ်ဒဏ်မှာ ဤမျှလောက်နှင့် ထိုက်တန်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

‘‘ဒီလိုအမှုတွေက လက်ရှိ ရောက်နေတဲ့ ခေတ်အခြေအနေ နဲ့ ဆိုင်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကဆွဲခဲ့တဲ့ တချို့ဥပဒေတွေက ဒီဘက်ခေတ်မှာ သိပ်အံမဝင်တာတွေရှိတယ်။ တချို့နေရာတွေမှာ ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးထားသလို ဖြစ်နေတယ်’’ဟု ဦးမြင့်အေးက လက်ရှိ တည်ဆဲဥပဒေအချို့အပေါ် ထောက်ပြဝေဖန်သည်။

အဆိုပါမှုခင်းမျိုးကို ဆိုက် ဘာပြစ်မှု (Cyber Crime)အဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး လက်ရှိ ပြည်တွင်း၌ အဆိုပါမှုခင်းမျိုး အ များအပြား ဖြစ်ပွားနေသည်ကို သိရှိသော်လည်း အကြောင်းအမျိုး မျိုးဖြင့် ရဲတပ်ဖွဲ့သို့ လာရောက် တိုင်ကြားမှု အလွန်နည်းနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် ရဲမှူးချုပ်ဝင်းခေါင်က ရန် ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် (UMFCCI)တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လူတိုင်းသိခဲ့ပြီး သတင်းစာ စာမျက်နှာများပေါ်အထိ ရောက် ခဲ့သည့် အနုပညာရှင်အချို့နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားအချို့၏ ဗီဒီယိုဖိုင်များတွင်လည်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့သော ကြောင့် လက်ရဲဇက်ရဲရှိပြီး နည်း ပညာကို တလွဲအသုံးချမည့်သူ များအား တွန်းအားပေးသလိုဖြစ်ခဲ့ သည်။ ကာယကံရှင်မိသားစုများ မှာ နေရပ်ကို စွန့်ခွာတိမ်းရှောင် သွားရသည်အထိ သက်ရောက်မှု ကြီးမားခဲ့သော်လည်း အချို့စီးပွား ရေးသမားများမှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ရုပ်/သံဖိုင်များကို ကူးယူ၍ ဗီဒီယိုခွေအဖြစ် ရောင်းဝယ်ဖြန့်ကားပြီး စီးပွားဖြစ်ခဲ့ကြပါသည်။

‘‘အဓိကကတော့ ကိုယ့်ချစ် သူဖြစ်စေ၊ ကိုယ့်အမျိုးသားပဲဖြစ် စေ အဲဒီလိုကိစ္စတွေမှာ ယုံကြည်မှု မလွန်ကဲဖို့လိုတယ်။ ချစ်သူကို ချစ်တိုင်း အလိုမလိုက်သင့်ဘူး။ တစ်နေ့မှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဒုက္ခရောက်နိုင်တယ်’’ဟု အမျိုး သမီးအရေး ဆောင်ရွက်သူ ရန်ကုန် နိုင်ငံရေးသင်တန်းကျောင်းမှ ဒေါ်ဇင်မာအောင်က ပြောပါသည်။

ထို့အပြင် နှစ်ဦးတည်းသာ သိသင့်သည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စကို အများပြည်သူထံ ဖွင့်ချပြသူကို ထိထိရောက် ရောက် အရေးယူသင့်ပြီး လက်ရှိ အနေအထားများအရလည်း အ မျိုးသမီးများ၏ အခွင့်အရေးအ တွက် အကာအကွယ်ပေးသည့် ဥပဒေမှာ အားနည်းချက်များရှိနေ ကြောင်း ၎င်းကသုံးသပ်သည်။

‘‘မြန်မာ့ဆိုရိုးစကားလည်းရှိ နေပါတယ်။ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ မျိုးလေ။ ဒါကြောင့် မိန်းကလေး တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ဖို့လိုတယ်။ မဟုတ်ရင် တော့ တစ်ဘဝစာ နောင်တရ သွားရလိမ့်မယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က သတိပေးပါသည်။

အင်တာနက်စာမျက်နှာများ တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံအများစုမှာ ဖုန်းကင်မရာ ဖြင့် အများဆုံးရိုက်ကူးထားပြီး ဖုန်းအသုံးပြုသူ သန်းနှင့်ချီ၍ ရှိ နေချိန်တွင် ရဲတပ်ဖွဲ့သို့ တိုင်သည့် Cyber မှုခင်းမှာ ခြောက်မှုသာရှိ ကြောင်း ပြည်ထဲရေးဌာနမှ သ တင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖြစ် ခြင်းမှာ ကာယကံရှင်အများစု သည် ရာဇဝတ်မှုမြောက်ကြောင်း နားမလည်သောကြောင့် အမှုမ ဖွင့်ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဝင်း ခေါင်က ပြောသည်။

ထို့အပြင် ဥပဒေအရ အသိ ပညာအားနည်းခြင်းအပြင် ဆိုက် ဘာမှုခင်းများနှင့် ပတ်သက်၍ ရဲ တပ်ဖွဲ့သို့ တိုင်ကြားပါက ဖြေရှင်းရန် ခက်ခဲနိုင်ပြီး နည်းပညာသဘောတရား နားမလည်ခြင်းများက ရဲတပ်ဖွဲ့သို့ မတိုင်ကြားခြင်း၏ အခြေခံအချက်များ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။

လူ့အဖွဲ့အစည်းအတွင်း ထို ကဲ့သို့ ဖြစ်စဉ်များပေါ်ပေါက်လာ ပါက ယဉ်ကျေးမှုစံနှုန်းများအရ လူသိမခံချင်ကြသောကြောင့် ကာယကံရှင်များက ရဲတပ်ဖွဲ့သို့ မ တိုင်ကြားခြင်းမှာ လူမိုက်အားပေး သလိုဖြစ်နေကြောင်း အထက် တန်းရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း)က ပြောသည်။ ထို့အပြင် အဆိုပါအမှုမျိုးအား ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ထိထိမိမိတိုင်ကြားသင့်ကြောင်း ၎င်းက အကြံပေးသည်။

‘‘မြန်မာနိုင်ငံမှာ Cyber Crime Law မထွက်သေးပေမယ့် အဲဒီလိုမှုခင်းတွေမှာ ထိထိရောက် ရောက် တိုင်လို့ရတဲ့ အခြေအနေ တွေရှိပါတယ်။ ပြည်ထဲရေးက အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဆီမှာ တရားစွဲဆိုခွင့်တောင်းပြီး အမှုဖွင့်လို့ရတယ်။ ဒါကို နားလည်ဖို့လိုတယ်’’ဟု ဦးခင်ဇော်(မရမ်း ကုန်း)က ပြောသည်။

အီလက်ထရွန်နစ် ဆက် သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့သည် ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားကာ ပြည်ထဲရေးဝန်ကြီး ဌာန အရာရှိများအပါအဝင် နည်းပညာကျွမ်းကျင်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပြီး ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အီ်လက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပ ဒေဖြင့် အမှုဖွင့်စစ်ဆေးပေးနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းစိန်က ပြောသည်။

သို့သော် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီး ကြပ်မှုအဖွဲ့မှ တရားစွဲဆိုခွင့်ပြုရန် စိစစ်ရာတွင် ခွင့်ပြုချက်ရရန် အ ချိန်ပေးရခြင်းနှင့် ယခုကဲ့သို့ တိုင် ကြား၍ ရသည်ကို လူအများစု မသိကြခြင်းသည် ရဲတပ်ဖွဲ့သို့ Cy-ber မှုခင်းများ မတိုင်ကြားကြခြင်း ၏ အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။ ဥပမာဆိုရလျှင် ရဲတပ် ဖွဲ့သို့ တိုင်ခဲ့သည့် Cyber မှုခင်း အချို့အနက် ၂၀၁၂ ခုနှစ်က ရန်ကင်းမြို့တွင် ဖြစ်ခဲ့သည့်အမှုမှာ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သို့ တရားစွဲဆိုခွင့် တင်ပြထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မကျသေးကြောင်း ယင်းအမှုနှင့် နီးစပ်သည့် ရဲအရာရှိကြီးတစ်ဦးက ပြောပြသည်။

မည်သို့ပင်ဖြစ်စေ နည်း ပညာကို တလွဲအသုံးချသူတို့၏ သားကောင်များဖြစ်ခဲ့ရသည့် မိန်း မသားအများစုကတော့ ဥပဒေ၏ အကာအကွယ်ကိုမရရှိဟု ယုံ ကြည်နေကြပါသည်။ အင်တာ နက်စာမျက်နှာများပေါ်တွင် လက်ရှိ ရှိနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များတွင်လည်း မသမာသူ တို့က နည်းအမျိုးမျိုးဖြင့် ရိုက်ကူး ထားသည့် မြန်မာအမျိုးသမီးအ ချို့၏ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အလွယ်တကူရှာဖွေကြည့်ရှုနိုင် နေသည်။ နာမည်မျိုးစုံဖြင့် အသုံး ပြုနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များစွာ ရှိနေသည်။ ညစ် ညမ်းဝက်ဘ်ဆိုက်အချို့ဆိုလျှင် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်း ဝတ် စုံဝတ်ထားသည့် အမျိုးသမီးဓာတ် ပုံများ တင်ထားပြီး လုပ်ဖော်ကိုင် ဖက်အချင်းချင်း ဖုန်းကင်မရာဖြင့် မသိအောင်ရိုက်၍ အင်တာနက် ပေါ် တင်နေခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင် အင်တာနက် ဆိုင်ဖွင့်ထားသူ ကိုလူမော်က ပြောသည်။

အဆိုပါ ညစ်ညမ်းဝက်ဘ် ဆိုက်များတွင် အတင်ခံထားရ သည့် မိန်းကလေးအချို့ဆိုလျှင် ဂုဏ်သိက္ခာရှိသော အသိုင်းအ ဝိုင်းမှ ပါဝင်နေပြီး ၎င်းတို့၏ ဖုန်း နံပါတ်များကိုပါ မသမာသူတို့က တင်ထားသည့်အတွက် ၎င်း၏ ဖုန်းနံပါတ်ကိုခေါ်၍ ၎င်းတို့နှင့် ပျော်ပါးရန် အမျိုးသားအချို့က ခေါ်ခြင်းကို ရင်ဆိုင်ခဲ့ဖူးကြောင်း မြောက်ဒဂုံမြို့နယ်မှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

‘‘ကျွန်မမှာ အမျိုးသားလည်း ရှိတယ်။ ကလေးနှစ်ယောက် လည်းရှိတယ်။ ဆရာဝန်အသိုင်း အဝိုင်း မိသားစုဝင်တစ်ယောက် ပါ။ ကျွန်မဖုန်းကို မကြာခဏခေါ် ပြီး မကြားဝံ့မနာသာတွေ ပြော တော့ ဖုန်းကို ပိတ်ထားရတယ်။ နောက်ပိုင်းတော့ ပြောနေကျ မိတ်ဆွေတွေကလွဲလို့ ဖုန်းနံပါတ်အ သစ်ဆိုရင် ကိုင်ကိုမကိုင်တော့ တာ။ ဒီလိုဖြစ်စဉ်ကျတော့ ရဲကို ဘယ်လိုတိုင်လို့ သူတို့က ဘယ်လို အရေးယူပေးမှာလဲ’’ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။

များမကြာမီအချိန်တွင် အ မျိုးသားနှင့် အမျိုးသမီးလူငယ်ထု အကြား စိတ်ရှိတိုင်းပျော်ကြမည့် သင်္ကြန်ပွဲတော် လာပါတော့မည်။ မြန်မာ့ရိုးရာရေသင်္ကြန်ပွဲတော်ဟု ညွှန်းဆိုရန် မရနိုင်တော့အောင် ဝတ်စားဆင်ယင်မှု ပုံရိပ်များ ကြမ်းတမ်းနေသည့် ယင်းပွဲတော်တွင် နည်းပညာကို အသုံးချကာ ညစ် ညမ်းရုပ်ပုံများ အင်တာနက်စာ မျက်နှာပေါ် တင်မည့်သူများ သား ကောင်ကို ရှာဖွေနေမည်မှာ သေ ချာနေပါသည်။ လာမည့်နှစ်သစ် ၏ အင်တာနက်စာမျက်နှာပေါ် တွင် အမျိုးကောင်းသမီးတစ်ဦး ညစ်ညမ်းဝက်ဘ်ဆိုက်များ၏ သားကောင်မဖြစ်စေရန် ကာယ ကံရှင်နှင့် လူ့အဖွဲ့အစည်းကပါ ထိန်းကျောင်းပေးရန် တာဝန်ရှိနေ ပါသည်။ ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top