iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ေကာင္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ၿပီး ၿပီဆုိရင္လည္းမိမိကုိယ္ကုိ ဖြံ႕ၿဖဳိး တုိးတက္ေအာင္ စဥ္ဆက္မျပတ္ႀကိဳးစားအားထုတ္ၿပီး ပုိမုိေကာင္းမြန္သည့္ အလုပ္အကုိင္၊ ရာထူးအဆင့္အတန္းမ်ားကုိတက္လွမ္းႏုိင္ေအာင္ ႀကိဳးစား အားထုတ္ၾကရမွာ ျဖစ္ပါတယ္။

ကမၻာေက်ာ္ ‘Nike’ ကုမၸဏီႀကီးရဲ႕ေဆာင္ပုဒ္ တစ္ခုရွိပါတယ္။

“There is no finish line” တဲ့။ ဟုတ္ပါတယ္။ လူတုိင္းလူတုိင္းမွာ အကန္႔အသတ္မဲ့ခ်ဲ႕ထြင္ျဖစ္တည္ႏုိင္ခြင့္၊ ဖြံ႕ၿဖဳိးတုိးတက္ႏုိင္ခြင့္ရွိပါတယ္။ အဲ့ဒီထဲမွာ သင္လည္း တစ္ေယာက္ အပါအ၀င္ျဖစ္ပါတယ္။ စာေရးသူရဲ႕ အေတြ႕ အႀကဳံအရ ကုမၸဏီေတြမွာ သင္တန္းေတြပုိ႔ခ် ေပးတဲ့အခါ ေတြ႕ရတာ က စာေရးသူတုိ႔ ျမန္မာ ၀န္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ျပႆနာ ေၾကာက္ ၾကတဲ့ ေရာဂါပဲ။

မိမိကုိယ္ကုိ ခ်ဲ႕ထြင္ၿပီး ဖြ႕ံၿဖဳိးတုိးတက္လုိ သူတစ္ေယာက္အတြက္ေတာ့ အခက္အခဲ ျပႆနာဆုိတာ ရန္သူမဟုတ္ပါဘူး။ အလုပ္ေသးေသးလုပ္ ရင္ ျပႆနာေသးေသးေတြ႕မယ္။ အလုပ္ႀကီးႀကီးလုပ္ရင္ ျပႆနာႀကီးႀကီးေတြ႕ မယ္။ ျပႆနာလုံး၀ မေတြ႕ခ်င္ရင္ေတာ့ လုပ္စရာနည္းလမ္းတစ္ခုပဲ ရွိပါတယ္။ အဲဒါကေတာ့ ဘာမွမလုပ္ဘဲနဲ႔ အိမ္ထဲမွအိပ္ေနမွပဲရပါတယ္။ အဓိကျပႆနာေတြကုိ ရင္ဆုိင္မေတြ႕ေအာင္ ေရွာင္လြဲဖုိ႔၊ ဆုေတာင္းဖုိ႔ မဟုတ္ပါ ဘူး။ ႀကဳံေတြ႕ လာရတဲ့ ျပႆနာေတြကုိ ရင္ဆုိင္ေျဖရွင္းႏုိင္တဲ့ အရည္အေသြး၊ အရည္အခ်င္းေတြ ရွိလာဖုိ႔ မိမိကုိယ္ကုိခ်ဲ႕ထြင္ႀကိဳးစားအားထုတ္ၾကဖုိ႔ ျဖစ္ပါ တယ္။

မိမိကုိယ္ကုိ ခ်ဲ႕ထြင္ေဆာင္ရြက္ႏုိင္ဖုိ႔ ပထမဦးစြာ မိမိရဲ႕ေတြးေခၚႏုိင္ မႈစြမ္းရည္ (Thinking Capacity) ကုိခ်ဲ႕ထြင္ႏုိင္ဖုိ႔ လုိအပ္ပါတယ္။ သင့္ရဲ႕ ေတြးေခၚႏုိင္မႈစြမ္းရည္ကုိ ခ်ဲ႕ထြင္ၿပီး မိမိကုိယ္ကုိယ္ခ်ဲ႕ထြင္ႏုိင္ဖုိ႔ အႀကံျပဳခ်က္အခ်ဳိ႕ကုိ တင္ျပေပးလုိက္ပါတယ္။

၁။ အလုပ္ပုိမ်ားမ်ားလုပ္ဖုိ့အတြက္ ဘာေတြ လုပ္ေနတာလဲ ဆုိတာကုိ အာ႐ုံစုိက္ပါ။

လူေတာ္ေတာ္မ်ားမ်ားက တစ္ေန႔ေန႔ သူတုိ႔ဘာေတြပုိလုပ္ႏုိင္မလဲ ဆုိတာကုိသာ စဥ္းစားေနၿပီး သူတုိ႔ဘာေတြလုပ္ေနလဲ ဆုိတာကုိေတာ့ ဆန္းစစ္ေတြးေခၚစဥ္းစားဖုိ႔ ေမ့ေလ်ာ့ေနၾကပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက စာေရးသူရဲ႕ ေဟာေျပာပြဲေတြမွာ၊ သင္တန္း (Training) ေတြမွာ ခုလုိေမးၾက ပါတယ္ …

“ကၽြန္ေတာ္/ကၽြန္မတုိ႔ရဲ႕ လုပ္ငန္းခြင္ေတြ မွာ လက္ရွိအေျခအေန ထက္ပုိၿပီး တုိးတက္ေအာင္ျမင္လာေအာင္ ဘယ္လုိလုပ္ရမလဲ” တဲ့။
အဲ့ဒီအခါ စာေရးသူရဲ႕အေျဖက ႐ုိး႐ုိးရွင္းရွင္းေလးပါ …
“ဟုတ္ကဲ့၊ အလုပ္ကုိႀကိဳးစားၿပီး လုပ္ပါ”
ဒါေပမဲ့ စာေရးသူရဲ႕ အဲ့ဒီအေျဖဟာ အခ်ဳိ႕ေသာ အေျခအေနေတြမွာ မွားယြင္းေနတာကုိ အံ့အားသင့္ဖြယ္ေတြ႕ရပါတယ္။ ဒါဘာျဖစ္လုိ႔ပါလဲ။ တခ်ဳိ႕ အေျခအေနေတြမွာ အထူးသျဖင့္ ဖြံ႕ၿဖဳိးမႈနိမ့္က်တဲ့ ႏုိင္ငံေတြမွာရွိတဲ့ ၀န္ထမ္းေတာ္ေတာ္မ်ားမ်ားဟာ အလုပ္ကုိ ေတာ္ေတာ္ေလး ႀကိဳးစားလုပ္ ၾကေပမဲ့သူတုိ႔လုပ္သေလာက္ အက်ဳိးခံစားခြင့္ မရၾကတာကုိ ၀မ္းနည္း ဖြယ္ေတြ႕ရပါတယ္။

အဓိကက ကုိယ္ဘာေတြလုပ္ေနလဲဆုိတာကုိ အာ႐ုံစုိက္ၿပီး ျပန္လည္ ဆန္းစစ္ၾကည့္ၾကဖုိ႔ လုိအပ္ပါတယ္။ မိမိကုိယ္ကုိ ျပန္ေမးရမယ့္ ေမးခြန္း ၃ ခုပဲ ရွိပါတယ္ …
(၁) ငါဘာေတြလုပ္ဖုိ႔ လုိအပ္လဲ။
(၂) ဘယ္အလုပ္ေတြက ငါ့အတြက္ အႀကီးမားဆုံးရလဒ္ေတြရမွာလဲ။
(၃) ဘယ္အလုပ္ေတြက ငါ့အတြက္ ႀကီးက်ယ္တဲ့ ဆုလာဘ္ေတြ ေပးမွာလဲ။
စတာေတြပဲ ျဖစ္ပါတယ္။ ေမးပါ။ စဥ္းစားပါ။ ၿပီးရင္လုပ္ပါ။

၂။ ငါလုပ္မွ လုပ္ႏုိင္ပါ႕မလားဆုိတဲ့ ေမးခြန္းေမးေနတာကုိရပ္ၿပီး ငါဘယ္လုိလုပ္ရမလဲဆုိတာကုိ စဥ္းစားပါ။

“ငါလုပ္မွ လုပ္ႏုိင္ပါ့မလား” ဆုိတဲ့ေမးခြန္းက စာေရးသူတုိ႔ကုိ သံသယေတြမ်ားစြာနဲ႔ ေႏွာင့္ေႏွး ၾကန္႔ၾကာေစပါတယ္။ အဲ့ဒီေမးခြန္းအစား …
“ငါဘယ္လုိလုပ္ရမလဲ” ဆုိတဲ့ ေမးခြန္းနဲ႔ အစားထုိးလုိက္ပါ။ ၿပီးရင္ အျဖစ္ႏုိင္ဆုံးနည္းလမ္းေတြကုိရွာၿပီး အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္ရြက္ပါ။ ေအာင္ျမင္မႈေတြက သင့္ကုိေစာင့္ႀကိဳေနပါလိမ့္မယ္။

၃။ တံခါးတစ္ေပါက္တည္းအေပၚ စဥ္းစားေန တာကုိ ရပ္လုိက္ပါ။ တံခါးေပါက္ေတြအမ်ား ႀကီးကုိ ဖြင့္လွစ္လုိက္ပါ။
ျပႆနာတုိင္းမွာ အေျဖတစ္ခုတည္းရွိတာမဟုတ္ပါဘူး။ အေျဖမွန္က တစ္ခုထက္ပုိၿပီး ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အေျဖမွန္ရ႐ုံနဲ႔ ရပ္မေန ပါနဲ႔။ ေနာက္ထပ္အေျဖမွန္ေတြလည္း ရွိေနႏုိင္တာမုိ႔ ႀကိဳးစားအားထုတ္ ရွာေဖြပါ။ မေမွ်ာ္လင့္ဘဲ အံ့ၾသဖြယ္အခြင့္အလမ္းေတြကုိ ေတြ႕ရွိႏုိင္ပါတယ္။

၄။ လူေတြက သင့္ကုိ ေမွ်ာ္လင့္တာထက္ ပုိလုပ္ပါ။
သင့္ရဲ႕သူငယ္ခ်င္း၊ သင့္ရဲ႕အလုပ္ရွင္၊ သင့္ရဲ႕ ၀ယ္သူ Customer ေတြက သင့္အေပၚ ေမွ်ာ္လင့္ထားတာထက္ ပုိလုပ္ႏုိင္ေအာင္ ႀကိဳးစားေဆာင္ရြက္ပါ။ ဘယ္ေတာ့မွ သာမန္နဲ႔ ေက်နပ္မေနပါနဲ႔။ အေကာင္း ဆုံးျဖစ္ေအာင္ အားထုတ္ပါ။ေဖာ္ျပပါပုံအတုိင္း ေအာင္ျမင္မႈရဲ႕ အထြတ္ အထိပ္မွာ အေကာင္းဆုံးေတြအတြက္ပဲ ေနရာရွိပါတယ္။

၅။ အေရးႀကီးကိစၥရပ္ေတြကုိ အေရးႀကီးလာမွ ေဆာင္ရြက္တာထက္ အေရးႀကီးကိစၥရပ္ေတြ ကုိ ေန့စဥ္နည္းနည္းေဆာင္ရြက္သြားပါ။
ေအာင္ျမင္မႈမွာ ျဖတ္လမ္းမရွိပါဘူး။ အေရးႀကီးလာမွ အေရးတႀကီး ျပဴးျပဴးျပာျပာေဆာင္ ရြက္တာထက္ အေရးႀကီးတဲ့ကိစၥရပ္ေတြ ကုိ ေန႔စဥ္နည္းနည္းနည္းနည္းနဲ႔ ပုံမွန္ေဆာင္ရြက္သြားပါ။ ေအာင္ျမင္မႈက

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:လင္းသုိက္ၫြန္႔ (ျမန္မာ့ေျမ)

#Unicode Version
အလုပ်ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ပြီး ပြီဆိုရင်လည်းမိမိကိုယ်ကို ဖွံ့ဖြိုး တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်၊ ရာထူးအဆင့်အတန်းများကိုတက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုရှိပါတယ်။

“There is no finish line” တဲ့။ ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အကန့်အသတ်မဲ့ချဲ့ထွင်ဖြစ်တည်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ သင်လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ စာရေးသူရဲ့ အတွေ့ အကြုံအရ ကုမ္ပဏီတွေမှာ သင်တန်းတွေပို့ချ ပေးတဲ့အခါ တွေ့ရတာ က စာရေးသူတို့ မြန်မာ ဝန်ထမ်းတွေ တော်တော်များများရဲ့ ပြဿနာ ကြောက် ကြတဲ့ ရောဂါပဲ။

မိမိကိုယ်ကို ချဲ့ထွင်ပြီး ဖွံ့ဖြိုးတိုးတက်လို သူတစ်ယောက်အတွက်တော့ အခက်အခဲ ပြဿနာဆိုတာ ရန်သူမဟုတ်ပါဘူး။ အလုပ်သေးသေးလုပ် ရင် ပြဿနာသေးသေးတွေ့မယ်။ အလုပ်ကြီးကြီးလုပ်ရင် ပြဿနာကြီးကြီးတွေ့ မယ်။ ပြဿနာလုံး၀ မတွေ့ချင်ရင်တော့ လုပ်စရာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဘာမှမလုပ်ဘဲနဲ့ အိမ်ထဲမှအိပ်နေမှပဲရပါတယ်။ အဓိကပြဿနာတွေကို ရင်ဆိုင်မတွေ့အောင် ရှောင်လွဲဖို့၊ ဆုတောင်းဖို့ မဟုတ်ပါ ဘူး။ ကြုံတွေ့ လာရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အသွေး၊ အရည်အချင်းတွေ ရှိလာဖို့ မိမိကိုယ်ကိုချဲ့ထွင်ကြိုးစားအားထုတ်ကြဖို့ ဖြစ်ပါ တယ်။

မိမိကိုယ်ကို ချဲ့ထွင်ဆောင်ရွက်နိုင်ဖို့ ပထမဦးစွာ မိမိရဲ့တွေးခေါ်နိုင် မှုစွမ်းရည် (Thinking Capacity) ကိုချဲ့ထွင်နိုင်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ကို ချဲ့ထွင်ပြီး မိမိကိုယ်ကိုယ်ချဲ့ထွင်နိုင်ဖို့ အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ပိုများများလုပ်ဖို့အတွက် ဘာတွေ လုပ်နေတာလဲ ဆိုတာကို အာရုံစိုက်ပါ။

လူတော်တော်များများက တစ်နေ့နေ့ သူတို့ဘာတွေပိုလုပ်နိုင်မလဲ ဆိုတာကိုသာ စဉ်းစားနေပြီး သူတို့ဘာတွေလုပ်နေလဲ ဆိုတာကိုတော့ ဆန်းစစ်တွေးခေါ်စဉ်းစားဖို့ မေ့လျော့နေကြပါတယ်။ လူတော်တော်များများက စာရေးသူရဲ့ ဟောပြောပွဲတွေမှာ၊ သင်တန်း (Training) တွေမှာ ခုလိုမေးကြ ပါတယ် …

“ကျွန်တော်/ကျွန်မတို့ရဲ့ လုပ်ငန်းခွင်တွေ မှာ လက်ရှိအခြေအနေ ထက်ပိုပြီး တိုးတက်အောင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲ” တဲ့။
အဲ့ဒီအခါ စာရေးသူရဲ့အဖြေက ရိုးရိုးရှင်းရှင်းလေးပါ …
“ဟုတ်ကဲ့၊ အလုပ်ကိုကြိုးစားပြီး လုပ်ပါ”
ဒါပေမဲ့ စာရေးသူရဲ့ အဲ့ဒီအဖြေဟာ အချို့သော အခြေအနေတွေမှာ မှားယွင်းနေတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။ ဒါဘာဖြစ်လို့ပါလဲ။ တချို့ အခြေအနေတွေမှာ အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာရှိတဲ့ ဝန်ထမ်းတော်တော်များများဟာ အလုပ်ကို တော်တော်လေး ကြိုးစားလုပ် ကြပေမဲ့သူတို့လုပ်သလောက် အကျိုးခံစားခွင့် မရကြတာကို ဝမ်းနည်း ဖွယ်တွေ့ရပါတယ်။

အဓိကက ကိုယ်ဘာတွေလုပ်နေလဲဆိုတာကို အာရုံစိုက်ပြီး ပြန်လည် ဆန်းစစ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို ပြန်မေးရမယ့် မေးခွန်း ၃ ခုပဲ ရှိပါတယ် …
(၁) ငါဘာတွေလုပ်ဖို့ လိုအပ်လဲ။
(၂) ဘယ်အလုပ်တွေက ငါ့အတွက် အကြီးမားဆုံးရလဒ်တွေရမှာလဲ။
(၃) ဘယ်အလုပ်တွေက ငါ့အတွက် ကြီးကျယ်တဲ့ ဆုလာဘ်တွေ ပေးမှာလဲ။
စတာတွေပဲ ဖြစ်ပါတယ်။ မေးပါ။ စဉ်းစားပါ။ ပြီးရင်လုပ်ပါ။

၂။ ငါလုပ်မှ လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းမေးနေတာကိုရပ်ပြီး ငါဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားပါ။

“ငါလုပ်မှ လုပ်နိုင်ပါ့မလား” ဆိုတဲ့မေးခွန်းက စာရေးသူတို့ကို သံသယတွေများစွာနဲ့ နှောင့်နှေး ကြန့်ကြာစေပါတယ်။ အဲ့ဒီမေးခွန်းအစား …
“ငါဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစားထိုးလိုက်ပါ။ ပြီးရင် အဖြစ်နိုင်ဆုံးနည်းလမ်းတွေကိုရှာပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပါ။ အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါလိမ့်မယ်။

၃။ တံခါးတစ်ပေါက်တည်းအပေါ် စဉ်းစားနေ တာကို ရပ်လိုက်ပါ။ တံခါးပေါက်တွေအများ ကြီးကို ဖွင့်လှစ်လိုက်ပါ။
ပြဿနာတိုင်းမှာ အဖြေတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ အဖြေမှန်က တစ်ခုထက်ပိုပြီး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဖြေမှန်ရရုံနဲ့ ရပ်မနေ ပါနဲ့။ နောက်ထပ်အဖြေမှန်တွေလည်း ရှိနေနိုင်တာမို့ ကြိုးစားအားထုတ် ရှာဖွေပါ။ မမျှော်လင့်ဘဲ အံ့သြဖွယ်အခွင့်အလမ်းတွေကို တွေ့ရှိနိုင်ပါတယ်။

၄။ လူတွေက သင့်ကို မျှော်လင့်တာထက် ပိုလုပ်ပါ။
သင့်ရဲ့သူငယ်ချင်း၊ သင့်ရဲ့အလုပ်ရှင်၊ သင့်ရဲ့ ဝယ်သူ Customer တွေက သင့်အပေါ် မျှော်လင့်ထားတာထက် ပိုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပါ။ ဘယ်တော့မှ သာမန်နဲ့ ကျေနပ်မနေပါနဲ့။ အကောင်း ဆုံးဖြစ်အောင် အားထုတ်ပါ။ဖော်ပြပါပုံအတိုင်း အောင်မြင်မှုရဲ့ အထွတ် အထိပ်မှာ အကောင်းဆုံးတွေအတွက်ပဲ နေရာရှိပါတယ်။

၅။ အရေးကြီးကိစ္စရပ်တွေကို အရေးကြီးလာမှ ဆောင်ရွက်တာထက် အရေးကြီးကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းဆောင်ရွက်သွားပါ။
အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး။ အရေးကြီးလာမှ အရေးတကြီး ပြူးပြူးပြာပြာဆောင် ရွက်တာထက် အရေးကြီးတဲ့ကိစ္စရပ်တွေ ကို နေ့စဉ်နည်းနည်းနည်းနည်းနဲ့ ပုံမှန်ဆောင်ရွက်သွားပါ။ အောင်မြင်မှုက


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit:လင်းသိုက်ညွန့် (မြန်မာ့မြေ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top