iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုး အႀကိမ္လိင္ဆက္ဆံတဲ့ အခါ နာက်င္မႈကို အၿမဲတမ္းခံစားရေလ့ ရွိတာ မဟုတ္ေပမယ့္ တခ်ိဳ႕ အမ်ိဳးသား အမ်ိဳး သမီးေတြကေတာ့ သက္ေတာင့္သက္သာ ခံစားရတတ္ပါတယ္။ ပံုမွန္အားျဖင့္ နာက်င္မႈက အရမ္းမျပင္းထန္ေပမယ့္ ဆီးလမ္းေၾကာင္းပိုး၀င္တာ ဒါမွမဟုတ္ မ်ိဳးဥအိမ္မွာ အက်ိတ္ျဖစ္တာ (ovarian cyst) လိုမ်ိဳး ေဆး၀ါးကုသမႈ ခံယူရမယ့္ အ ေျခအေန မ်ိဳးအထိလည္း ေရာက္သြားႏိုင္ပါတယ္။ စိတ္ခံစားမႈေၾကာင့္လည္း လိင္ဆက္ဆံရာမွာ နာက်င္မႈျဖစ္ေစပါတယ္။ စိတ္ ဖိစီးမႈ၊ အျပစ္ရွိတယ္လို႔ ခံစားရျခင္းနဲ႔ လိင္အၾကမ္းဖက္မႈေတြေၾကာင့္လည္း နာက်င္မႈခံစားရႏိုင္ပါတယ္။

ပထမဆံုးအႀကိမ္ လိင္ဆက္ဆံျခင္းမွာ ေအာက္ပါ အေၾကာင္းအရာေတြေၾကာင့္ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။

ပထမဆံုး အႀကိမ္လိင္ဆက္ဆံတဲ့ အခါ အမ်ိဳးသမီးတေယာက္အေနနဲ႔ သူ႔ရဲ႕ အပ်ိဳေျမွး က နဂိုအတိုင္းရွိေနေသးရင္ ဒါမွမဟုတ္ အမ်ိဳးသမီး အဂၤါမွာ လံုေလာက္တဲ့ စိုစြတ္မႈမရွိရင္ နာက်င္မႈနဲ႔ ႀကံဳေတြ႔ရႏိူင္ပါတယ္။ အခ်ိဳ႕သူေတြမွာ ျမင္းစီး၊ စက္ဘီးစီးတာလိုမ်ိဳး လုပ္ခဲ့မယ္ဆိုရင္ အမ်ိဳးသမီးအဂၤါ၀မွာ ရွိတဲ့ အပ်ိဳေျမွး ကေပါက္ၿပဲၿပီး ျဖစ္ေနႏိုင္ေပမယ့္ တခ်ိဳ႕ေတြမွာေတာ့ မပ်က္မစီးက်န္ေနၿပီးေတာ့ ပထမဆံုးအႀကိမ္ လိင္ဆက္ဆံတဲ့အခါ အေႏွာက္အယွက္ေပးတတ္ပါ တယ္။ အမ်ိဳးသမီး အဂၤါအတြင္းမွာ ေျခာက္ေသြ႔ေနျခင္းေၾကာင့္လည္း နာက်င္မႈျဖစ္ေစပါတယ္။ ပထမဆံုး အႀကိမ္လိင္ ဆက္ဆံတဲ့ ေနရာမွာ ေၾကာက္ရြံ႔ထိတ္လန္႔ေနျခင္းက အမ်ိဳးသမီး အဂၤါအတြင္းမွာ ေခ်ာဆီျဖစ္မလာေအာင္ တားဆီး ထား တတ္ပါတယ္။

တကယ္လို႔ လိင္ဆက္ဆံစဥ္အတြင္းမွာ ၀မ္းဗိုက္ပိုင္း နာက်င္မႈကို ခံစားရမယ္ ဆိုရင္ေတာ့ အဲဒီအမ်ိဳးသမီးရဲ႕ သားအိမ္ နဲ႔ မ်ိဳးဥ အိမ္မွာ ေရာဂါေ၀ဒနာ တခုခု ရွိေနတဲ့ လကၡဏာျဖစ္ပါတယ္။ အေမရိကန္ သားဖြားမီးယပ္ေကာလိပ္ (ACOG) ရဲ႕ အဆိုအရ ပထမဆံုးအႀကိမ္ လိင္ဆက္ဆံစဥ္မွာ ၀မ္းဗိုက္နာက်င္ျခင္းက သားအိမ္ေစာင္းျခင္း၊ မ်ိဳးဥအိမ္ အက်ိတ္၊ ဆီးအိမ္ ေရာဂါ၊ သားအိမ္ေရာဂါ ဒါမွမဟုတ္ တင္ပါးဆံု အတြင္း အဂၤါမ်ား ေရာင္ရမ္းတဲ့ေရာဂါေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ပထမဆံုးအႀကိမ္ လိင္ဆက္ဆံျခင္းေၾကာင့္ အမ်ိဳးသားေတြလည္း နာက်င္မႈခံစားရႏိုင္ပါတယ္။ အမ်ိဳးသားေတြ နာက်င္ ရတာဟာ က်ား အဂၤါ ေကာက္ေကြးေနျခင္းေၾကာင့္ အမ်ားဆံုးျဖစ္တယ္လို႔ Health.com ကဆိုပါတယ္။ အမ်ိဳး သားလိင္တံ ထိပ္ဖ်ားကို ဖံုးထားတဲ့အေရျပား အ၀က က်ဥ္းလြန္းရင္လည္း လိင္ဆက္ဆံစဥ္မွာ နာက်င္ေစႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္းပိုး၀င္ျခင္းနဲ႔ အဖုအပိန္႔ထြက္ေစတဲ့ အေရျပားေရာဂါ ေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ခံစားမႈေၾကာင့္လည္း ပထမဆံုး အႀကိမ္အျဖစ္ လိင္ဆက္ဆံရာမွာ နာက်င္ေစပါတယ္။ အေမရိကန္ သားဖြားမီးယပ္ေကာလိပ္ (ACOG) က လိင္ဆက္ဆံျခင္းကို အျပစ္တခုလို ခံစားရျခင္းနဲ႔ ေၾကာက္ရြံ႔စိုးရိမ္မႈေတြက အမ်ိဳးသမီးေတြကို လိင္ဆက္ဆံစဥ္မွာ စိတ္ အေႏွာက္အယွက္ျဖစ္ေစပါတယ္။ တကယ္လို႔ အမ်ိဳးသမီးက သူ႔စိတ္ကို မေလွ်ာ့ခ်ႏိုင္ဘူးဆိုရင္ သူ႔ရဲ႕ လိင္အဂၤါက တင္းက်ပ္ေနၿပီးေတာ့ ေခ်ာဆီအရည္ကိုလည္း ထုတ္ေပးေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း လိင္ဆက္ဆံတဲ့ အခါမွာ နာက်င္မႈျဖစ္ေစပါတယ္။

ဒါေပမယ့္ အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕နာက်င္မႈေတြ ေလ်ာ့ပါးဖို႔ အတြက္ လုပ္ႏိုင္တာေတြ ရွိပါတယ္။ အေမရိကန္ႏိုင္ငံ Illinoisျပည္နယ္ Northwestern တကၠသိုလ္ကသားဖြားမီးယပ္နဲ႔ စိတ္ပညာ ပါေမာကၡ Laura Bermanက အမ်ိဳးသမီးမ်ား အေနျဖင့္ နာက်င္မႈသက္သာေစရန္အတြက္ ေရကိုအေျခခံသည့္ ေခ်ာဆီ တမ်ိဳးမ်ိဳးကို သံုးစြဲသင့္တယ္လို႔ အႀကံျပဳထားပါတယ္။ စိတ္ခံစားခ်က္ေၾကာင့္ နာက်င္ျခင္းအတြက္ကေတာ့ ႏွစ္သိမ့္ ေဆြးေႏြးေပးမယ့္သူ သို႔မဟုတ္ စိတ္ပညာ ရွင္ တဦးဦးနဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။ အမ်ိဳးသားေတြကေတာ့ သက္ဆိုင္ရာ ေဆးပညာရွင္မ်ားနဲ႔ ျပသၿပီး သင့္ေတာ္တဲ့ ကုသမႈခံယူႏိုင္ပါတယ္။

Credit:Messenger

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပထမဆုံး အကြိမ်လိင်ဆက်ဆံတဲ့ အခါ နာကျင်မှုကို အမြဲတမ်းခံစားရလေ့ ရှိတာ မဟုတ်ပေမယ့် တချို့ အမျိုးသား အမျိုး သမီးတွေကတော့ သက်တောင့်သက်သာ ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့် နာကျင်မှုက အရမ်းမပြင်းထန်ပေမယ့် ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် မျိုးဥအိမ်မှာ အကျိတ်ဖြစ်တာ (ovarian cyst) လိုမျိုး ဆေးဝါးကုသမှု ခံယူရမယ့် အ ခြေအနေ မျိုးအထိလည်း ရောက်သွားနိုင်ပါတယ်။ စိတ်ခံစားမှုကြောင့်လည်း လိင်ဆက်ဆံရာမှာ နာကျင်မှုဖြစ်စေပါတယ်။ စိတ် ဖိစီးမှု၊ အပြစ်ရှိတယ်လို့ ခံစားရခြင်းနဲ့ လိင်အကြမ်းဖက်မှုတွေကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါတယ်။

ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းမှာ အောက်ပါ အကြောင်းအရာတွေကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။

ပထမဆုံး အကြိမ်လိင်ဆက်ဆံတဲ့ အခါ အမျိုးသမီးတယောက်အနေနဲ့ သူ့ရဲ့ အပျိုမြှေး က နဂိုအတိုင်းရှိနေသေးရင် ဒါမှမဟုတ် အမျိုးသမီး အင်္ဂါမှာ လုံလောက်တဲ့ စိုစွတ်မှုမရှိရင် နာကျင်မှုနဲ့ ကြုံတွေ့ရနိူင်ပါတယ်။ အချို့သူတွေမှာ မြင်းစီး၊ စက်ဘီးစီးတာလိုမျိုး လုပ်ခဲ့မယ်ဆိုရင် အမျိုးသမီးအင်္ဂါဝမှာ ရှိတဲ့ အပျိုမြှေး ကပေါက်ပြဲပြီး ဖြစ်နေနိုင်ပေမယ့် တချို့တွေမှာတော့ မပျက်မစီးကျန်နေပြီးတော့ ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ အနှောက်အယှက်ပေးတတ်ပါ တယ်။ အမျိုးသမီး အင်္ဂါအတွင်းမှာ ခြောက်သွေ့နေခြင်းကြောင့်လည်း နာကျင်မှုဖြစ်စေပါတယ်။ ပထမဆုံး အကြိမ်လိင် ဆက်ဆံတဲ့ နေရာမှာ ကြောက်ရွံ့ထိတ်လန့်နေခြင်းက အမျိုးသမီး အင်္ဂါအတွင်းမှာ ချောဆီဖြစ်မလာအောင် တားဆီး ထား တတ်ပါတယ်။

တကယ်လို့ လိင်ဆက်ဆံစဉ်အတွင်းမှာ ဝမ်းဗိုက်ပိုင်း နာကျင်မှုကို ခံစားရမယ် ဆိုရင်တော့ အဲဒီအမျိုးသမီးရဲ့ သားအိမ် နဲ့ မျိုးဥ အိမ်မှာ ရောဂါဝေဒနာ တခုခု ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) ရဲ့ အဆိုအရ ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာ ဝမ်းဗိုက်နာကျင်ခြင်းက သားအိမ်စောင်းခြင်း၊ မျိုးဥအိမ် အကျိတ်၊ ဆီးအိမ် ရောဂါ၊ သားအိမ်ရောဂါ ဒါမှမဟုတ် တင်ပါးဆုံ အတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းကြောင့် အမျိုးသားတွေလည်း နာကျင်မှုခံစားရနိုင်ပါတယ်။ အမျိုးသားတွေ နာကျင် ရတာဟာ ကျား အင်္ဂါ ကောက်ကွေးနေခြင်းကြောင့် အများဆုံးဖြစ်တယ်လို့ Health.com ကဆိုပါတယ်။ အမျိုး သားလိင်တံ ထိပ်ဖျားကို ဖုံးထားတဲ့အရေပြား အဝက ကျဉ်းလွန်းရင်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အဖုအပိန့်ထွက်စေတဲ့ အရေပြားရောဂါ တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြောင့်လည်း ပထမဆုံး အကြိမ်အဖြစ် လိင်ဆက်ဆံရာမှာ နာကျင်စေပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) က လိင်ဆက်ဆံခြင်းကို အပြစ်တခုလို ခံစားရခြင်းနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေက အမျိုးသမီးတွေကို လိင်ဆက်ဆံစဉ်မှာ စိတ် အနှောက်အယှက်ဖြစ်စေပါတယ်။ တကယ်လို့ အမျိုးသမီးက သူ့စိတ်ကို မလျှော့ချနိုင်ဘူးဆိုရင် သူ့ရဲ့ လိင်အင်္ဂါက တင်းကျပ်နေပြီးတော့ ချောဆီအရည်ကိုလည်း ထုတ်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်မှုဖြစ်စေပါတယ်။

ဒါပေမယ့် အမျိုးသား၊ အမျိုးသမီးတွေဟာ သူတို့ရဲ့နာကျင်မှုတွေ လျော့ပါးဖို့ အတွက် လုပ်နိုင်တာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံ Illinoisပြည်နယ် Northwestern တက္ကသိုလ်ကသားဖွားမီးယပ်နဲ့ စိတ်ပညာ ပါမောက္ခ Laura Bermanက အမျိုးသမီးများ အနေဖြင့် နာကျင်မှုသက်သာစေရန်အတွက် ရေကိုအခြေခံသည့် ချောဆီ တမျိုးမျိုးကို သုံးစွဲသင့်တယ်လို့ အကြံပြုထားပါတယ်။ စိတ်ခံစားချက်ကြောင့် နာကျင်ခြင်းအတွက်ကတော့ နှစ်သိမ့် ဆွေးနွေးပေးမယ့်သူ သို့မဟုတ် စိတ်ပညာ ရှင် တဦးဦးနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေကတော့ သက်ဆိုင်ရာ ဆေးပညာရှင်များနဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ပါတယ်။

Credit:Messenger

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top