iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြေတာ္ေတာ္မ်ားမ်ားကေတာ့ တစ္ခုခုဆုိ စိုးရိမ္စိတ္နဲ႕ စတင္တတ္ၾကတာပါပဲ။ ကိုယ့္ခ်စ္သူေကာင္ေလးကိုယ့္ကိုလိမ္ေနမလား၊ကိုယ့္အမ်ိဳးသားကိုယ့္မျမင္ကြယ္ရာမွာ ေျခရႈပ္ေနမလားေပါ့။ The Normal Bar ကေန စုစည္းထားတဲ့ ေဒတာအခ်က္အလက္ေတြအရ အမ်ိဳးသားဦးေရရဲ႕ ၃၃ရာခုိင္ႏႈန္းကလည္း သစၥာမရွိဘူးလို႕ ေဖာ္ျပထားတာမုိ႕ အမ်ိဳးသမီးေတြအေနနဲ႕ ပိုလို႕ေတာင္ စိုးရိမ္စရာအေနအထား ျဖစ္လာရပါျပီ။

ကဲ ဒါဆိုရင္ ကုိယ့္ခ်စ္သူ၊ ဇနီးမယားကို သစၥာရွိရွိေနတဲ့သူေရာ မရွိဘူးလားလို႕ ေမးစရာရွိပါတယ္။ အဲ့ဒီလို သစၥာရွိျပီး မေဖာက္ျပန္တဲ့ အမ်ိဳးသားေတြကိုေရာ သူတုိ႕အမ်ိဳးသမီးေတြက ဘယ္လိုမ်ိဳးထိန္းသိမ္းထားသလဲေပါ့။ ဒီေမးခြန္းကို ေျဖဖုိ႕အတြက္ အေျဖက (၃) ခုရွိေနပါတယ္။


၁။သူတုိ႕ဟာ ကိုယ့္ခ်စ္သူ အမ်ိဳးသားေတြကို ေန႕တုိင္း ေပြ႔ဖက္ၾကတယ္။

ႏွစ္ဦးသားဆက္ဆံေရးမွာ အထိအေတြ႕ကလည္း အထူးအေရးပါပါတယ္။ လက္ကေလးကိုင္တာ၊ တစ္ေယာက္မ်က္လံုး တစ္ေယာက္စိုက္ၾကည့္ရင္း ခ်စ္စကားေျပာတာ၊ နမ္းတာ၊ ဂရုစိုက္ေပးတာ၊ ေနာက္ဆံုး အတူေနတဲ့အထိပါ ပါ၀င္ပါတယ္။ တစ္ခ်ိဳ႕စံုတြဲေတြက အေပၚယံေလး လုပ္ေဆာင္ေနၾကပါတယ္။ စိတ္တကယ္ မပါပဲ လက္ကေလးတြဲေလ်ွာက္ေနရင္ တစ္ဖက္ကလည္း ငါ့ကိုသူ စိတ္ပါလက္ပါ ရွိရဲ႕လား သိသာမွာပါပဲ။ ဒီ့ထက္ဆုိးတာကေတာ့ အလုုပ္ေတြမ်ား၊ ကိစၥေပါင္းမ်ားစြာေၾကာင့္ ခ်စ္သူကို ပစ္ထားလိုက္တာမ်ိဳးေပါ့။ တစ္ပတ္တစ္ခါေတာင္ မနည္းအခ်ိန္ေလးလုေတြ႔၊ ဘာမွေျပာမဆုိရေသးခင္ အိမ္ျပန္ရ ဒီလိုအေျခအေနမ်ိဳးေတြကေတာ့ အခ်စ္ေရးေတာင္ ျမန္ျမန္ အဆံုးသတ္သြားႏိုင္ပါတယ္။ ဒီေတာ့ အေရးအၾကီးဆံုးက ကိုယ့္ခ်စ္သူကို ေထြးဖက္တဲ့အခါ တကယ့္ကို စိတ္ပါလက္ပါနဲ႕ ေပြ႔ဖက္ပါ၊ နမ္းပါ။ တစ္ခါတစ္ေလ သူမထင္မွတ္ထားတဲ့ ေနရာမ်ိဳးမွာ အနမ္းေလတစ္ခ်က္ေျခြလိုက္တာ ကလည္း သူ႕အတြက္ တကယ့္ကိုထူးျခားသြားေစပါတယ္။ ခုလို ႏွစ္ဦးႏွစ္ဖက္ ထိေတြ႔ဆက္ဆံတာဟာ အခ်စ္ေရးအတြက္တင္ မကပဲ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။

၂။သူတုိ႕ဟာ ႏွစ္ေယာက္သား စကားေျပာဆုိဖုိ႕ အခ်ိန္ေသေသခ်ာခ်ာေလး ေပးၾကတယ္။

စိတ္ခ်င္းနီးတယ္၊စိတ္ခ်င္းဆက္တယ္ဆုိတာမ်ိဳးက အတြဲေတြကို ေရရွည္ဆက္လက္ျပီး လက္တြဲသြားေစတဲ့အခ်က္ပါ။ မၾကာခဏ တစ္ဦးနဲ႕တစ္ဦး ဆက္သြယ္ေနျခင္းကေတာ့ တကယ့္ကို အဆင္ေျပလြန္းတဲ့ အတြဲေတြၾကားက ျဖစ္တည္မႈေပါ့။ တကယ္လုိ႕ သင္ဟာ သင့္ခ်စ္သူကို အခ်ိန္မွန္ ဆက္သြယ္တာမ်ိဳး မရွိဘူးဆုိရင္ တစ္ဖက္လူစိတ္ထဲ ဘာျဖစ္ေနသလဲဆုိတာ သင္သိဖုိ႕ မေမ်ွာ္လင့္ပါနဲ႕ေတာ့။ သင့္စိတ္ထဲ ဘာျဖစ္ေနသလဲဆုိတာ လည္း သူတုိ႕ မသိႏိုင္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ဦးသားေတြ႕ဆံုျပီဆုိတာနဲ႕ တစ္ဦးနဲ႕တစ္ဦး ေသခ်ာေလး စကားေျပာဖုိ႕ အနည္းဆံုး ၁၅မိနစ္ေပးသင့္ပါတယ္။ ဒါ့အျပင္ သင့္ခ်စ္သူကို သင္ဘာ့ေၾကာင့္ ခ်စ္တယ္ဆိုတဲ့အေၾကာင္းနဲ႕ ခ်စ္တဲ့အေၾကာင္းေတြကိုလည္း မၾကာမၾကာေျပာျပေပးဖုိ႕ လိုပါတယ္။ ဒါ့အျပင္ သင့္အတြက္ အေရးၾကီးတယ္လုိ႕ ခံစားရတဲ့အရာေတြကိုလည္း သူ႔ကိုေပးသိရင္း သူဟာသင့္ဘ၀အတြက္ အေရးပါသူတစ္ေယာက္ဆုိတာ သူခံစားသြားရပါေစ။

၃။သူတုိ႕ဟာ ခ်စ္သူအတြက္ အျမဲရွိေပးရမယ္ဆုိတာကိုလည္း နားလည္ၾကတယ္။

ႏွစ္ေယာက္သား အခန္းတစ္ခန္းထဲ အတူထုိင္ေနတာေၾကာင့္ ဒါအတူရွိတာပဲလုိ႕ မထင္လိုက္ပါနဲ႕။ သင့္ခ်စ္သူ ဘာခံစားေနရတယ္၊ ဘာေတြစိတ္ပင္ပန္းေနရတယ္ဆုိတာကို နားလည္ျပီး တစ္သားတည္း ခံစားႏိုင္မွသာ သူနဲ႕အတူ ရွိေပးတာလုိ႕ ဆုိႏိုင္တာပါ။ တစ္ခါတစ္ေလ လူေတြဟာ ကိုယ့္အတြက္သာ ကိုယ္ၾကည့္တတ္ၾကျပီး တစ္ဖက္လူ ဘာတြျဖစ္ေနတယ္ဆုိတာကို နည္းနည္းမွ ထည့္မစဥ္းစားတတ္ၾကပါဘူး။ တစ္ဖက္လူ ၀မ္းနည္းေနလား၊ စိတ္ဓာတ္က်ေနသလားဆုိတာကိုလည္း မရိပ္မိၾကပါဘူး။ သင္ဟာ သင့္ခ်စ္သူအတြက္ ဒီလိုလူမ်ိဳး မျဖစ္ေအာင္ ၾကိဳးစားပါ။ သင့္ခ်စ္သူ ၀မ္းနည္းေနခ်ိန္ သင္သူ႔ေဘးမွာ ရွိေပးျပီး ဘယ္လိုအခ်ိန္မ်ိဳးေတြမွာမဆို သူနဲ႕အတူရွိေပးမွာ ျဖစ္ေၾကာင္း ေျပာျပေပးပါ။ ေဖးမကူညီပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar

#Unicode Version
အမျိုးသမီးတွေတော်တော်များများကတော့ တစ်ခုခုဆို စိုးရိမ်စိတ်နဲ့ စတင်တတ်ကြတာပါပဲ။ ကိုယ့်ချစ်သူကောင်လေးကိုယ့်ကိုလိမ်နေမလား၊ကိုယ့်အမျိုးသားကိုယ့်မမြင်ကွယ်ရာမှာ ခြေရှုပ်နေမလားပေါ့။ The Normal Bar ကနေ စုစည်းထားတဲ့ ဒေတာအချက်အလက်တွေအရ အမျိုးသားဦးရေရဲ့ ၃၃ရာခိုင်နှုန်းကလည်း သစ္စာမရှိဘူးလို့ ဖော်ပြထားတာမို့ အမျိုးသမီးတွေအနေနဲ့ ပိုလို့တောင် စိုးရိမ်စရာအနေအထား ဖြစ်လာရပါပြီ။

ကဲ ဒါဆိုရင် ကိုယ့်ချစ်သူ၊ ဇနီးမယားကို သစ္စာရှိရှိနေတဲ့သူရော မရှိဘူးလားလို့ မေးစရာရှိပါတယ်။ အဲ့ဒီလို သစ္စာရှိပြီး မဖောက်ပြန်တဲ့ အမျိုးသားတွေကိုရော သူတို့အမျိုးသမီးတွေက ဘယ်လိုမျိုးထိန်းသိမ်းထားသလဲပေါ့။ ဒီမေးခွန်းကို ဖြေဖို့အတွက် အဖြေက (၃) ခုရှိနေပါတယ်။


၁။သူတို့ဟာ ကိုယ့်ချစ်သူ အမျိုးသားတွေကို နေ့တိုင်း ပွေ့ဖက်ကြတယ်။

နှစ်ဦးသားဆက်ဆံရေးမှာ အထိအတွေ့ကလည်း အထူးအရေးပါပါတယ်။ လက်ကလေးကိုင်တာ၊ တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်ရင်း ချစ်စကားပြောတာ၊ နမ်းတာ၊ ဂရုစိုက်ပေးတာ၊ နောက်ဆုံး အတူနေတဲ့အထိပါ ပါဝင်ပါတယ်။ တစ်ချို့စုံတွဲတွေက အပေါ်ယံလေး လုပ်ဆောင်နေကြပါတယ်။ စိတ်တကယ် မပါပဲ လက်ကလေးတွဲလျှောက်နေရင် တစ်ဖက်ကလည်း ငါ့ကိုသူ စိတ်ပါလက်ပါ ရှိရဲ့လား သိသာမှာပါပဲ။ ဒီ့ထက်ဆိုးတာကတော့ အလုုပ်တွေများ၊ ကိစ္စပေါင်းများစွာကြောင့် ချစ်သူကို ပစ်ထားလိုက်တာမျိုးပေါ့။ တစ်ပတ်တစ်ခါတောင် မနည်းအချိန်လေးလုတွေ့၊ ဘာမှပြောမဆိုရသေးခင် အိမ်ပြန်ရ ဒီလိုအခြေအနေမျိုးတွေကတော့ အချစ်ရေးတောင် မြန်မြန် အဆုံးသတ်သွားနိုင်ပါတယ်။ ဒီတော့ အရေးအကြီးဆုံးက ကိုယ့်ချစ်သူကို ထွေးဖက်တဲ့အခါ တကယ့်ကို စိတ်ပါလက်ပါနဲ့ ပွေ့ဖက်ပါ၊ နမ်းပါ။ တစ်ခါတစ်လေ သူမထင်မှတ်ထားတဲ့ နေရာမျိုးမှာ အနမ်းလေတစ်ချက်ခြွေလိုက်တာ ကလည်း သူ့အတွက် တကယ့်ကိုထူးခြားသွားစေပါတယ်။ ခုလို နှစ်ဦးနှစ်ဖက် ထိတွေ့ဆက်ဆံတာဟာ အချစ်ရေးအတွက်တင် မကပဲ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

၂။သူတို့ဟာ နှစ်ယောက်သား စကားပြောဆိုဖို့ အချိန်သေသေချာချာလေး ပေးကြတယ်။

စိတ်ချင်းနီးတယ်၊စိတ်ချင်းဆက်တယ်ဆိုတာမျိုးက အတွဲတွေကို ရေရှည်ဆက်လက်ပြီး လက်တွဲသွားစေတဲ့အချက်ပါ။ မကြာခဏ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နေခြင်းကတော့ တကယ့်ကို အဆင်ပြေလွန်းတဲ့ အတွဲတွေကြားက ဖြစ်တည်မှုပေါ့။ တကယ်လို့ သင်ဟာ သင့်ချစ်သူကို အချိန်မှန် ဆက်သွယ်တာမျိုး မရှိဘူးဆိုရင် တစ်ဖက်လူစိတ်ထဲ ဘာဖြစ်နေသလဲဆိုတာ သင်သိဖို့ မမျှော်လင့်ပါနဲ့တော့။ သင့်စိတ်ထဲ ဘာဖြစ်နေသလဲဆိုတာ လည်း သူတို့ မသိနိုင်တော့ပါဘူး။ ဒါ့ကြောင့် နှစ်ဦးသားတွေ့ဆုံပြီဆိုတာနဲ့ တစ်ဦးနဲ့တစ်ဦး သေချာလေး စကားပြောဖို့ အနည်းဆုံး ၁၅မိနစ်ပေးသင့်ပါတယ်။ ဒါ့အပြင် သင့်ချစ်သူကို သင်ဘာ့ကြောင့် ချစ်တယ်ဆိုတဲ့အကြောင်းနဲ့ ချစ်တဲ့အကြောင်းတွေကိုလည်း မကြာမကြာပြောပြပေးဖို့ လိုပါတယ်။ ဒါ့အပြင် သင့်အတွက် အရေးကြီးတယ်လို့ ခံစားရတဲ့အရာတွေကိုလည်း သူ့ကိုပေးသိရင်း သူဟာသင့်ဘဝအတွက် အရေးပါသူတစ်ယောက်ဆိုတာ သူခံစားသွားရပါစေ။

၃။သူတို့ဟာ ချစ်သူအတွက် အမြဲရှိပေးရမယ်ဆိုတာကိုလည်း နားလည်ကြတယ်။

နှစ်ယောက်သား အခန်းတစ်ခန်းထဲ အတူထိုင်နေတာကြောင့် ဒါအတူရှိတာပဲလို့ မထင်လိုက်ပါနဲ့။ သင့်ချစ်သူ ဘာခံစားနေရတယ်၊ ဘာတွေစိတ်ပင်ပန်းနေရတယ်ဆိုတာကို နားလည်ပြီး တစ်သားတည်း ခံစားနိုင်မှသာ သူနဲ့အတူ ရှိပေးတာလို့ ဆိုနိုင်တာပါ။ တစ်ခါတစ်လေ လူတွေဟာ ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်ကြပြီး တစ်ဖက်လူ ဘာတွဖြစ်နေတယ်ဆိုတာကို နည်းနည်းမှ ထည့်မစဉ်းစားတတ်ကြပါဘူး။ တစ်ဖက်လူ ဝမ်းနည်းနေလား၊ စိတ်ဓာတ်ကျနေသလားဆိုတာကိုလည်း မရိပ်မိကြပါဘူး။ သင်ဟာ သင့်ချစ်သူအတွက် ဒီလိုလူမျိုး မဖြစ်အောင် ကြိုးစားပါ။ သင့်ချစ်သူ ဝမ်းနည်းနေချိန် သင်သူ့ဘေးမှာ ရှိပေးပြီး ဘယ်လိုအချိန်မျိုးတွေမှာမဆို သူနဲ့အတူရှိပေးမှာ ဖြစ်ကြောင်း ပြောပြပေးပါ။ ဖေးမကူညီပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top