iMyanmarHouse.com - Best Property Website for Myanmar
×

သူနဲ႕ ရည္စားျဖစ္တာ အခ်ိန္မၾကာေသးတာမုိ႕ သူ႕အက်င့္ေတြကို ေသခ်ာမသိေသးတဲ့အခ်ိန္မွာပဲ ေတြ႕သမ်ွ ခပ္မိုက္မိုက္ ေကာင္မေလးေတြတုိင္းကို ကိုယ့္ေရွ႕ထားျပီး လိုက္ေငးတတ္တာ သိရခ်ိန္မွာေတာ့ သင္နည္းနည္းေရွာ့ခ္ရသြားပါ လိမ့္မယ္။ သူက သင့္ကိုသစၥာရွိတယ္၊ ေတာ္ေတာ္ေလးလည္း ခ်စ္တယ္ ဆုိေပမယ့္ အျခားေကာင္မေလးေတြ ျမင္ရင္ လိုက္ေငး၊လိုက္ငမ္းတတ္တဲ့ အက်င့္ကိုေတာ့ လံုး၀ကို မေဖ်ာက္ႏိုင္ဘူး။ ဒါဟာ သင့္အတြက္ အရွက္ရေစသလို စိတ္ပ်က္စရာေကာင္းတဲ့ အခ်က္လည္း ျဖစ္လာျပီေပါ့။ အထူးသျဖင့္ အျခားသူေတြကပါ ကိုယ့္ကိုေရွ႕ထားျပီး သူဒီလုိလုပ္ေနတာကို သတိထားမိရင္ သိကၡာေတြ အဖတ္မဆယ္ႏိုင္ေတာ့ဘူးေလ။ ကဲ ဒီေတာ့ သင့္အေနနဲ႕ ဘာေတြလုပ္ေဆာင္ သင့္သလဲ စဥ္းစားရျပီေပါ့။

၆။ ျပသနာကိုရွင္းပါ၊ ဒရာမာေတြ မခင္းပါနဲ႕။

သင့္ေကာင္ေလးက တျခားေကာင္မေလးေတြ ေငးတာဟာ ေကာင္းတဲ့အက်င့္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒါကိုအေျခခံျပီး ဒရာမာေတြလုပ္ေနရင္ေတာ့ ျပသနာက ပိုလို႕ေတာင္ ဆုိးသြားပါလိမ့္မယ္။ ဒီအက်င့္ကို ျပင္ႏိုင္ရင္ ျပင္ပါ။ ဒရာမာေတြ လုပ္လိုက္ရင္ေတာ့ သူ႕ကိုဆံုးရႈံးသြားပါလိမ့္မယ္။ တစ္ခ်ိဳ႕လူေတြက ေငးတတ္တဲ့အက်င့္ ရွိပါတယ္။ ဒါဟာ သင့္ကို သစၥာမရွိဘူး၊ မခ်စ္ဘူးလို႕ ဆုိလိုတာေတာ့ မဟုတ္ျပန္ပါဘူး။ ဒီျပသနာကို ေျဖးေျဖးခ်င္း ေအးေဆးရွင္းဖုိ႕လို ပါတယ္။ ဒီေတာ့ အခ်စ္ေရးကို အတင္းဆြဲသြင္းမယ့္အစား ဒါကို ဘယ္လိုရွင္းမလဲဆုိတာ စဥ္းစားပါ။

၅။ သူ႕ကို အာရံုလႊဲေပးပါ။

သင့္ေကာင္ေလးက တျခားေကာင္မေလးေတြကို ေငးျပီဆုိတာနဲ႕ သင္က စကားတစ္ခုခုေျပာျပီး အာရံုလႊဲေပးလိုက္ပါ။ ဒါဆုိ သူအေနနဲ႕ သင္ေျပာတဲ့စကားကို ျပန္တံု႕ျပန္ျပီးေတာ့ပဲျဖစ္ျဖစ္၊ သင္ေျပာတဲ့အရာကို ေတြးၾကည့္ရင္းနဲ႕ျဖစ္ျဖစ္ အာရံုေျပာင္းသြားပါလိမ့္မယ္။ ဥပမာ သင္က သင္ဒီေန႕ မိတ္ကပ္လိမ္းလာတာ အဆင္ေျပရဲ႕လား ဆုိတာမ်ိဳး၊ ဒါမွမဟုတ္ သင့္ဆံပင္ အဆင္ေျပရဲ႕လားဆုိတာမ်ိဳးလည္း ေကာက္ေမးလုိက္ႏိုင္ပါတယ္။ ဒါျပီးရင္ေတာ့ သင့္အေနနဲ႕ သူ႕ကို စကားစျပတ္မသြားေအာင္ တစ္ခုခု ထပ္ေျပာျပီး အာရံုကို ဖမ္းယူထားလိုက္ပါ။

၄။ သင္သတိထားမိတယ္ဆုိတာကို သူ႕ကိုသိေအာင္ လုပ္လိုက္ပါ။

ပြင့္ပြင့္လင္းလင္းၾကီး ေျပာခ်လိုက္တာမ်ိဳး မဟုတ္ေပမယ့္ သင့္ခ်စ္သူ တျခားေကာင္မေလးေတြကို ေငးေနတာကိုသင္သိတယ္ ဆုိတာမ်ိဳး တစ္နည္းနည္းနဲ႕ သူသိေအာင္ လုပ္လိုက္ပါ။ သူၾကည့္ေနတဲ့ေကာင္မေလးေတြရဲ႕ အေျပာအဆုိ၊ ဒါမွမဟုတ္ ဖက္ရွင္ပိုင္းနဲ႕ ပတ္သက္ျပီး သင္က မွတ္ခ်က္တစ္ခုခု ေပးလိုက္တာမ်ိဳးေပါ့။ ဒီလိုဆုိရင္ သူကလည္း သူ ေကာင္မေလးေတြကို ၾကည့္ေနတယ္ဆုိတာ သင္သိသြားပါလားဆုိျပီး နည္းနည္း ဆင္ျခင္္သြားပါလိမ့္မယ္။

၃။ သူ႕သူငယ္ခ်င္းေတြကို အကူအညီေတာင္းၾကည့္လိုက္ပါ။

သင့္ခ်စ္သူေကာင္ေလးက တျခားေကာင္မေလးေတြကို လိုက္ေငးတာေၾကာင့္ သင့္ကိုစိတ္ပ်က္ေစတယ္ဆုိရင္ သူ႕သူငယ္ခ်င္းေတြကို ဒီ့အတြက္ အကူအညီေတာင္းၾကည့္လိုက္ပါ။ သူ႕ သူငယ္ခ်င္းေတြကို သူ႕မွာ ဒီအက်င့္ရွိတယ္ဆုိတာ သိေအာင္ေျပာျပီး ဒီ့အတြက္ သင္စိတ္ပ်က္ရတဲ့အေၾကာင္းပါ ေျပာျပလိုက္ပါ။ ျပီးရင္ အကူအညီေတာင္းၾကည့္လိုက္ပါ။ ဒါဆုိရင္ သူတုိ႕က သင့္ခ်စ္သူကို ျပန္ေျပာျပီး သူ႕ကိုဆင္ျခင္သြားေအာင္ လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ သတိထားရမယ့္ အခ်က္တစ္ခ်က္က သူက ဆတ္ဆတ္ထိမခံျဖစ္တတ္သူဆုိရင္ေတာ့ သူ႕အားနည္းခ်က္ကို သူ႕သူငယ္ခ်င္းေတြ ျပန္ေျပာျပီး အရွက္ခြဲရေကာင္းလားလို႕ သင့္ကို အျပစ္တင္ရန္ရွာတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။

၂။ သင္လည္း သူ႕လို လုပ္ေဆာင္ၾကည့္ပါ။

သူက သင့္ေရွ႕တျခားေကာင္မေလးေတြ လိုက္ေငးေနခ်ိန္ သင့္ကလည္း အျခားေကာင္ေလးေတြကို လိုက္ၾကည့္ေပးလိုက္ပါ။ သင္ လိုက္ေငးေနတာကို သူေတာ့ သိပါေစ။ ဒီလိုဆုိ၇င္ သင္ဘယ္လိုခံစားရသလဲ သူအေသအခ်ာ သိသြားပါလိမ့္မယ္။ ဒီလိုဆုိရင္သူလည္း ဆင္ျခင္ရေကာင္းမွန္း သိသြားေလာက္ျပီေလ။

၁။ သင့္ခ်စ္သူကို ရင္ဆုိင္ေျပာဆိုလိုက္ပါေတာ့။

သင့္မွာ နည္းေပါင္းစံု ၾကိဳးစားျပီးသည့္တုိင္ေအာင္ သင့္ခ်စ္သူက အက်င့္ကို မျပင္ႏိုင္ပဲ လိုက္ေငးျမဲဆုိရငေတာ့ သင့္အတြက္ တစ္ခုတည္းေသာနည္းကို အသံုးျပဳလုိက္ပါေတာ့။ အဲ့ဒါကေတာ့ သူ႕ကိုမ်က္ႏွာခ်င္းဆုိင္ ဒီအေၾကာင္းပြင့္ပြင့္လင္းလင္း ေျပာျပီး သင့္အေနနဲ႕ အဲ့ဒီအက်င့္ကို ဘယ္ေလာက္မုန္းေၾကာင္း ဖြင့္ဟလိုက္ပါ။ သင္ဘယ္ေလာက္ရွက္ေၾကာင္းပါ ေျပာခ်လိုက္ပါ။ သင့္အေနနဲ႕ ဒါကို ေလးေလးနက္နက္ ဖြင့္ဟလာျပီဆုိရင္ေတာ့ သူလည္း ဆင္ျခင္သြားပါလိမ့္မယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူနဲ့ ရည်စားဖြစ်တာ အချိန်မကြာသေးတာမို့ သူ့အကျင့်တွေကို သေချာမသိသေးတဲ့အချိန်မှာပဲ တွေ့သမျှ ခပ်မိုက်မိုက် ကောင်မလေးတွေတိုင်းကို ကိုယ့်ရှေ့ထားပြီး လိုက်ငေးတတ်တာ သိရချိန်မှာတော့ သင်နည်းနည်းရှော့ခ်ရသွားပါ လိမ့်မယ်။ သူက သင့်ကိုသစ္စာရှိတယ်၊ တော်တော်လေးလည်း ချစ်တယ် ဆိုပေမယ့် အခြားကောင်မလေးတွေ မြင်ရင် လိုက်ငေး၊လိုက်ငမ်းတတ်တဲ့ အကျင့်ကိုတော့ လုံးဝကို မဖျောက်နိုင်ဘူး။ ဒါဟာ သင့်အတွက် အရှက်ရစေသလို စိတ်ပျက်စရာကောင်းတဲ့ အချက်လည်း ဖြစ်လာပြီပေါ့။ အထူးသဖြင့် အခြားသူတွေကပါ ကိုယ့်ကိုရှေ့ထားပြီး သူဒီလိုလုပ်နေတာကို သတိထားမိရင် သိက္ခာတွေ အဖတ်မဆယ်နိုင်တော့ဘူးလေ။ ကဲ ဒီတော့ သင့်အနေနဲ့ ဘာတွေလုပ်ဆောင် သင့်သလဲ စဉ်းစားရပြီပေါ့။

၆။ ပြသနာကိုရှင်းပါ၊ ဒရာမာတွေ မခင်းပါနဲ့။

သင့်ကောင်လေးက တခြားကောင်မလေးတွေ ငေးတာဟာ ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုအခြေခံပြီး ဒရာမာတွေလုပ်နေရင်တော့ ပြသနာက ပိုလို့တောင် ဆိုးသွားပါလိမ့်မယ်။ ဒီအကျင့်ကို ပြင်နိုင်ရင် ပြင်ပါ။ ဒရာမာတွေ လုပ်လိုက်ရင်တော့ သူ့ကိုဆုံးရှုံးသွားပါလိမ့်မယ်။ တစ်ချို့လူတွေက ငေးတတ်တဲ့အကျင့် ရှိပါတယ်။ ဒါဟာ သင့်ကို သစ္စာမရှိဘူး၊ မချစ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပြန်ပါဘူး။ ဒီပြသနာကို ဖြေးဖြေးချင်း အေးဆေးရှင်းဖို့လို ပါတယ်။ ဒီတော့ အချစ်ရေးကို အတင်းဆွဲသွင်းမယ့်အစား ဒါကို ဘယ်လိုရှင်းမလဲဆိုတာ စဉ်းစားပါ။

၅။ သူ့ကို အာရုံလွှဲပေးပါ။

သင့်ကောင်လေးက တခြားကောင်မလေးတွေကို ငေးပြီဆိုတာနဲ့ သင်က စကားတစ်ခုခုပြောပြီး အာရုံလွှဲပေးလိုက်ပါ။ ဒါဆို သူအနေနဲ့ သင်ပြောတဲ့စကားကို ပြန်တုံ့ပြန်ပြီးတော့ပဲဖြစ်ဖြစ်၊ သင်ပြောတဲ့အရာကို တွေးကြည့်ရင်းနဲ့ဖြစ်ဖြစ် အာရုံပြောင်းသွားပါလိမ့်မယ်။ ဥပမာ သင်က သင်ဒီနေ့ မိတ်ကပ်လိမ်းလာတာ အဆင်ပြေရဲ့လား ဆိုတာမျိုး၊ ဒါမှမဟုတ် သင့်ဆံပင် အဆင်ပြေရဲ့လားဆိုတာမျိုးလည်း ကောက်မေးလိုက်နိုင်ပါတယ်။ ဒါပြီးရင်တော့ သင့်အနေနဲ့ သူ့ကို စကားစပြတ်မသွားအောင် တစ်ခုခု ထပ်ပြောပြီး အာရုံကို ဖမ်းယူထားလိုက်ပါ။

၄။ သင်သတိထားမိတယ်ဆိုတာကို သူ့ကိုသိအောင် လုပ်လိုက်ပါ။

ပွင့်ပွင့်လင်းလင်းကြီး ပြောချလိုက်တာမျိုး မဟုတ်ပေမယ့် သင့်ချစ်သူ တခြားကောင်မလေးတွေကို ငေးနေတာကိုသင်သိတယ် ဆိုတာမျိုး တစ်နည်းနည်းနဲ့ သူသိအောင် လုပ်လိုက်ပါ။ သူကြည့်နေတဲ့ကောင်မလေးတွေရဲ့ အပြောအဆို၊ ဒါမှမဟုတ် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး သင်က မှတ်ချက်တစ်ခုခု ပေးလိုက်တာမျိုးပေါ့။ ဒီလိုဆိုရင် သူကလည်း သူ ကောင်မလေးတွေကို ကြည့်နေတယ်ဆိုတာ သင်သိသွားပါလားဆိုပြီး နည်းနည်း ဆင်ခြင်သွားပါလိမ့်မယ်။

၃။ သူ့သူငယ်ချင်းတွေကို အကူအညီတောင်းကြည့်လိုက်ပါ။

သင့်ချစ်သူကောင်လေးက တခြားကောင်မလေးတွေကို လိုက်ငေးတာကြောင့် သင့်ကိုစိတ်ပျက်စေတယ်ဆိုရင် သူ့သူငယ်ချင်းတွေကို ဒီ့အတွက် အကူအညီတောင်းကြည့်လိုက်ပါ။ သူ့ သူငယ်ချင်းတွေကို သူ့မှာ ဒီအကျင့်ရှိတယ်ဆိုတာ သိအောင်ပြောပြီး ဒီ့အတွက် သင်စိတ်ပျက်ရတဲ့အကြောင်းပါ ပြောပြလိုက်ပါ။ ပြီးရင် အကူအညီတောင်းကြည့်လိုက်ပါ။ ဒါဆိုရင် သူတို့က သင့်ချစ်သူကို ပြန်ပြောပြီး သူ့ကိုဆင်ခြင်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့် အချက်တစ်ချက်က သူက ဆတ်ဆတ်ထိမခံဖြစ်တတ်သူဆိုရင်တော့ သူ့အားနည်းချက်ကို သူ့သူငယ်ချင်းတွေ ပြန်ပြောပြီး အရှက်ခွဲရကောင်းလားလို့ သင့်ကို အပြစ်တင်ရန်ရှာတာမျိုး ဖြစ်သွားတတ်ပါတယ်။

၂။ သင်လည်း သူ့လို လုပ်ဆောင်ကြည့်ပါ။

သူက သင့်ရှေ့တခြားကောင်မလေးတွေ လိုက်ငေးနေချိန် သင့်ကလည်း အခြားကောင်လေးတွေကို လိုက်ကြည့်ပေးလိုက်ပါ။ သင် လိုက်ငေးနေတာကို သူတော့ သိပါစေ။ ဒီလိုဆို၇င် သင်ဘယ်လိုခံစားရသလဲ သူအသေအချာ သိသွားပါလိမ့်မယ်။ ဒီလိုဆိုရင်သူလည်း ဆင်ခြင်ရကောင်းမှန်း သိသွားလောက်ပြီလေ။

၁။ သင့်ချစ်သူကို ရင်ဆိုင်ပြောဆိုလိုက်ပါတော့။

သင့်မှာ နည်းပေါင်းစုံ ကြိုးစားပြီးသည့်တိုင်အောင် သင့်ချစ်သူက အကျင့်ကို မပြင်နိုင်ပဲ လိုက်ငေးမြဲဆိုရငတော့ သင့်အတွက် တစ်ခုတည်းသောနည်းကို အသုံးပြုလိုက်ပါတော့။ အဲ့ဒါကတော့ သူ့ကိုမျက်နှာချင်းဆိုင် ဒီအကြောင်းပွင့်ပွင့်လင်းလင်း ပြောပြီး သင့်အနေနဲ့ အဲ့ဒီအကျင့်ကို ဘယ်လောက်မုန်းကြောင်း ဖွင့်ဟလိုက်ပါ။ သင်ဘယ်လောက်ရှက်ကြောင်းပါ ပြောချလိုက်ပါ။ သင့်အနေနဲ့ ဒါကို လေးလေးနက်နက် ဖွင့်ဟလာပြီဆိုရင်တော့ သူလည်း ဆင်ခြင်သွားပါလိမ့်မယ်။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top