iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၅ ခုႏွစ္မွာ နယူးေယာ့ခ္သို႕သြားၿပီး အႏုပညာနဲ႕ပတ္သက္တဲ့ ေက်ာင္းကိုသြားတက္ကာ ၂၀၁၆ ခုႏွစ္ဇြန္လမွာ ျမန္မာႏုိင္ငံသို႕ျပန္လည္ေရာက္ရွိလာသူကေတာ့ ဟန္သီပါ။ သူမဟာ ျမန္မာႏုိင္ငံကိုျပန္လည္ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာ ေၾကာ္ျငာရုိက္ကူးမႈမ်ား၊ ရိႈးမ်ားအျပင္ ပထမဆံုးရုပ္ရွင္ကားၾကီးအေနနဲ႕ လြမ္းဒ႑ာရီဆိုတဲ့ ဇာတ္ကားမွာလဲ ပါ၀င္သရုပ္ေဆာင္ထားပါေသးတယ္။ ဒါ့အျပင္ ေရွ႕ရက္ေတြက ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာ တင္ခဲ့တဲ့ Live ဗီဒီယိုေလးနဲ႕ပတ္သက္ၿပီး အားေပးတဲ့ ပရိသတ္ေတြရွိသလုိ ေ၀ဖန္ခဲ့တဲ့ ပရိသတ္ေတြလဲရွိတာေၾကာင့္ အဆုိပါဗီဒီယိုနဲ႕ပတ္သက္ၿပီး ကာယကံရွင္ျဖစ္တဲ့ ဟန္သီဆီသို႕သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အေရွ႕ရက္ေတြတုန္းက ေဖ့စ္ဘြတ္ေပၚမွာ ဟန္သီရဲ႕ ဗီဒီယို live လႊင့္တာေလးတက္လာတယ္ေပါ့။ အဲ့ဒါေလးနဲ႕ပတ္သက္ၿပီးေျပာျပေပးပါဦး။

အမွန္က ဟန္သီဗီဒီယို အျမဲတမ္းတင္ေနၾကပါ။ အေခါက္ေပါင္း မနည္းေတာ့ပါဘူး။ ေတာက္ေလွ်ာက္ပရိသတ္ေတြနဲ႕ထိေတြ႕ျဖစ္ေအာင္ အျမဲတမ္းတင္ျဖစ္တယ္။ ဒီတစ္ေခါက္က ပရိသတ္ေတြ အသိမ်ားသြားတာေပါ့။ ပရိသတ္ေတြနည္းနည္းအာရံုထားမိသြားတယ္ ထင္ပါတယ္။ ဒါေပမဲ့အရင္ကတည္းက live ေတြတင္ေနၾကပါ။ အျမဲတမ္းလဲ စကားေျပာျဖစ္ပါတယ္။ အခုမွရုတ္တရက္ထေပါက္သြားတာပါ။

-အဲ့ဒီဗီဒီယိုတင္ၿပီးေနာက္ပိုင္းမွာ ဟန္သီ Fan ေတြလဲအမ်ားၾကီးထြက္လာတယ္ဆိုေတာ့ ဒီဟာနဲ႕ပတ္သက္တဲ့စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ဟန္သီကေတာ့ ဘယ္လိုေျပာရမလဲ။ ၀မ္းသာမလို၊ ၀မ္းနည္းရမလုိေပါ့။ တခ်ိဳ႕ဟာေတြက်ေတာ့ ေကာင္းတဲ့ဟာေတြရွိသလို မေကာင္းတဲ့ဟာေတြလဲရွိတယ္ေပါ့။ ဒါေပမဲ့ဟန္သီကေတာ့ အားလံုးကုိ ေမတၱာထားၿပီး ဆက္ဆံပါတယ္။ ဟန္သီကေတာင္ေက်းဇူးတင္ရဦးမွာပါ။ ကုိယ့္ဗီဒီယိုကို တကူးတကနဲ႕ေသေသခ်ာခ်ာအခ်ိန္ေပးၿပီးၾကည့္ေပးၾကတဲ့အတြက္ အကုန္လံုးကိုေက်းဇူးတင္တယ္။ ေနာက္သူတို႕ရဲ႕ Wall မွာျပန္ share ေပးတာကိုက ေက်းဇူးတင္ရမယ္။ အကုန္လံုးေပါ့။ ဟန္သီဗီဒီယိုကိုၾကည့္ေပးတဲ့ ပရိသတ္ေတြေရာ ၊ ဟန္သီနဲ႕တူေအာင္လုိက္လုပ္ၾကတဲ့ ပရိသတ္ေတြလဲရွိေတာ့ အဲ့ဒီပရိသတ္ေတြကုိလဲေက်းဇူးတင္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ဟန္သီဗီဒီယိုကိုအေခါက္ေပါင္းမ်ားစြာၾကည့္ၿပီးမွျပန္လုပ္ျပတာဆိုေတာ့ သူတို႕ကိုေက်းဇူးတင္ပါတယ္။

-ဟန္သီအတုိင္းလုိက္လုပ္ၿပီး ဗီဒီယိုတင္တဲ့သူေတြကိုလဲ ဟန္သီ fan ေတြကစိတ္ဆိုးေနၾကတယ္ဆိုေတာ့ အဲ့ဒီအေပၚဟန္သီရဲ႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ဟန္သီမွာ We Love Han Thi Group ရွိတယ္။ သူတို႕နဲ႕လဲ အျမဲဆံုျဖစ္တယ္။ သူတို႕ကက်ေတာ့ ဟန္သီဖက္ကမခံပဲနဲ႕အျမဲျပန္ေျပာေပးၾကတယ္။ ဒါေပမဲ့ဟန္သီကေတာ့ သူတို႕ကိုလဲအျမဲရွင္းျပတယ္။ ေျပာခ်င္တာေျပာၾကပါေစ။ အဓိကက ကိုယ့္ဟာကိုယ္ေမတၱာထားၿပီးအားလံုးကို ဆက္ဆံသင့္တယ္။ လုိက္မတိုက္ခုိက္ၾကပါနဲ႕လို႕လဲေျပာထားတယ္။ ဒါေပမဲ့သူတို႕ဖက္ကလဲတတ္ႏုိင္သေလာက္ျပန္ေရးေပးၾကတယ္။ ဒါေပမဲ့ အဲ့ဒီလုိေတြေတြ႕ရေတာ့လဲ၀မ္းသာတာေပ့ါ။ ကိုယ့္ဖက္ကနာေပးၾကတဲ့ ပရိသတ္ေတြရွိေတာ့ေလ။ ၿပီးေတာ့ We Love Han Thi Group မွာလဲ လူေတြအမ်ားၾကီးတိုးလာတဲ့အတြက္ေက်းဇူးတင္ပါတယ္။

-တခ်ိဳ႕လူေတြက်ေတာ့လဲ အိုဗာျဖစ္တယ္ ဘာညာဆိုတဲ့ Caption ေတြေရးၾကတာမ်ိဳးရွိေတာ့ ေ၀ဖန္တဲ့ပရိသတ္ေတြအေပၚမွာေရာ ဘယ္လုိသေဘာထားလဲ။

စိတ္အေႏွာင့္အယွက္မျဖစ္မိေအာင္ေတာ့ ကိုယ့္ကိုယ္ကုိ အမ်ားၾကီးစိတ္ကုိျပင္ဆင္ထားတယ္။ ဒီအႏုပညာအလုပ္လုပ္မယ္ဆိုရင္ ေ၀ဖန္မႈနဲ႕ကမကင္းဘူး။ ကိုယ့္ကိုခ်စ္တဲ့သူရွိသလုိ မုန္းတဲ့သူလဲရွိတယ္။ အကုန္လံုးကေတာ့ မွ်မွ်တတပဲ။ ဘာလို႕လဲဆိုေတာ့ ကိုယ့္ဗီဒီယိုကုိ ဒီလိုၾကီးတကူးတကၾကည့္ၿပီး Share ေပးၾကတာဆိုေတာ့ ကိုယ့္ကိုအာရံုထားတယ္လို႕ပဲျမင္ပါတယ္။ ဒါလြယ္တဲ့အလုပ္ မဟုတ္ဘူးေလ။ ဟန္သီကုိခ်စ္တဲ့သူေတြေရာ၊ မုန္းတဲ့သူေတြေရာကိုေမတၱာထားၿပီးပဲဆက္ဆံပါတယ္။

-အရင္ကတင္ခဲ့တဲ့ live နဲ႕ အခုတစ္ေခါက္တင္တဲ့ live ကဘယ္လုိကြာျခားမႈရွိလဲ။

ဘာမွမကြာပါဘူး။ ဒါေပမဲ့တစ္ခုပဲ အခ်ိန္ေတာ့ကြာတယ္။ အရင္ကဆုိ ဟန္သီေန႕ပိုင္းပဲ live chat တယ္။ အဲ့ဒါဆိုလူ ငါးရာတစ္ေထာင္ေလာက္ပဲရွိတယ္။ အခုကည၈နာရီေလာက္ဆိုေတာ့ လူေတြအားလံုးလိုင္းသံုးတာမ်ားတဲ့အခ်ိန္ဆိုေတာ့ ၾကည့္တဲ့သူမ်ားၿပီး ျပန္႕သြားတာေပါ့။

-ေနာက္ဟန္သီကို ယြန္း၀တီနဲ႕ယွဥ္ယွဥ္ၿပီး Caption ေလးေတြလဲေရးၾကေတာ့ အဲ့ဒီအေပၚမွာေရာ ဘယ္လုိစိတ္ခံစားခ်က္မ်ိဳးရွိလဲ။

ေခးေခးနဲ႕က ဟန္သီကုိ ငယ္ငယ္ေလးကတည္းက ရုပ္ဆင္တယ္ဆိုၿပီးေျပာၾကတယ္။ ေခးေခးနဲ႕ဟန္သီနဲ႕ကသူငယ္ခ်င္းေတြပါ။ ဟန္သီတို႕ေတြလဲ ခင္ၾကတယ္။ သူလဲသူ႕အလုပ္နဲ႕သူ၊ ဟန္သီလဲဟန္သီ႕အလုပ္နဲ႕ဟန္သီ။ အားလံုးကကိုယ့္လိုင္းနဲ႕ကိုယ္သြားေနၾကတာဆိုေတာ့ေလ။ ဘာမွေတာ့မရွိပါဘူး။ သူ႕ကိုလဲဟန္သီက တကယ္ခ်စ္ပါတယ္။ သူနဲ႕ကေအးေအးေဆးေဆးပါပဲ။ ေခးေခးနဲ႕ယွဥ္ၿပီး Caption ေရးေပးၾကတဲ့ပရိသတ္ေတြကုိေျပာခ်င္တာကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္က အျမင္မတူတဲ့အတြက္ ျမင္ခ်င္သလိုျမင္ေနၾကတာပဲေပါ့။ အဲ့ဒီအေပၚဘာမွေတာ့ေျပာစရာမရွိပါဘူး။ ခ်စ္တဲ့သူေတြမုန္းတဲ့သူေတြရွိတဲ့အတြက္ မ်ိဳးစံုေျပာၾကမွာပဲ။ အဲ့ဒီဒဏ္ကိုလဲအႏုပညာရွင္ေတြကခံၾကရမွာပဲဆိုေတာ့ ဘာမွေတာ့မရွိပါဘူး။ ရိုးေနပါၿပီ။

-ေနာက္ထပ္ေရာ ဗီဒီယိုေတြထပ္တင္ျဖစ္ဦးမလား။

တင္ဖို႕အစီအစဥ္ရွိပါတယ္။ ေနာက္ထပ္ဒီၾကားထဲမွာ Live တစ္ခုထပ္တင္မယ္။ အလုပ္ကိစၥေတြနဲ႕ပတ္သက္ၿပီးေတာ့လဲ Live ေတြတက္ဖို႕ရွိပါတယ္။

-ပရိသတ္စိတ္၀င္စားေနတဲ့အခ်စ္ေရးကိုလဲသိခ်င္ပါတယ္။

ဟန္သီ အခ်စ္ေရးက ေအးေဆးပါပဲ။ ဘာမွေတာ့မရွိပါဘူး။ အခုကေတာ့ ကိုယ့္အလုပ္နဲ႕ေက်ာင္းနဲ႕ပါပဲ။

-ဟန္သီႏုိင္ငံျခားမွာတုန္းက ကားေပၚက ဟန္သီခ်စ္သူနဲ႕ပံုဆိုၿပီးတက္လာတာလဲေတြ႕လိုက္ရတယ္။

အဲ့ဒါက လူေတြကထင္ခ်င္တာ ထင္ေနၾကတာပါ။ အဲ့ဒီပံုေတြက ဟန္သီရဲ႕ ကုိယ္ပုိင္ Snap Chat ေပၚကေနယူလိုက္ၾကတာဆုိေတာ့ ဘာမွေတာ့ေထြေထြထူးထူးေျပာစရာ မရွိေသးပါဘူး။ တစ္ခ်ိန္က်ရင္ေတာ့ အဲ့ဒါဟာဟန္သီခ်စ္သူဟုတ္မဟုတ္ဆိုတာေျပာျပသြားမွာပါ။ အခုဟန္သီ အခ်စ္ေရးက ဟိုမေရာက္ဒီမေရာက္ျဖစ္ေနပါတယ္။

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

ဟန္သီ လြန္ခဲ့တဲ့ ၃ရက္ေလာက္က လြမ္းဒ႑ာရီဆိုတဲ့ ကားၾကီးတစ္ကားရိုက္ထားတယ္။ အဲ့ဒီကားၾကီးက ဟန္သီရဲ႕ ပထမဆံုးရုပ္ရွင္ကားၾကီးပါ။ မင္းသားက အားသစ္၊ ေနာက္မအိေခ်ာပိုပါတယ္။ ဟန္သီကအဲ့ဒီထဲမွာ ေအးေအးေလးနဲ႕မင္းသားကုိ တစ္ဖက္သတ္လိုက္ၾကိဳက္ရတဲ့ ကာရုိက္တာေလးေပါ့။ ၿပီးေတာ့ၾကားထဲမွာေၾကာျ္ငာေလးေတြရုိက္ျဖစ္ေနတယ္။ ပြဲေတြလဲလက္ခံထားတယ္။

-ကားၾကီးရုိက္ရတဲ့အေတြ႕အၾကံဳေလးေတြကိုလဲ ေျပာျပေပးပါဦး။

ကားၾကီးရိုက္အေတြ႕အၾကံဳကေတာ့ အမ်ားၾကီးပါပဲ။ ၀ါရင့္အႏုပညာရွင္ေတြအမ်ားၾကီးနဲ႕လဲေတြ႕ဆံုခြင့္ရတယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံရဲ႕ရုပ္ရွင္ေလာကကိုလဲသိခြင့္ရလိုက္တယ္။ ၀ါရင့္သရုပ္ေဆာင္ေတြဒါရုိက္တာေတြကလဲ ဟန္သီကိုအမ်ားၾကီးသင္ေပးတယ္။ အၾကံဥာဏ္ေတြေပးၾကပါတယ္။

-လက္ရွိရုိက္ကူးထားတဲ့ ေၾကာ္ျငာေလးေတြကိုလဲ ေျပာျပေပးပါဦး။

လက္ရွိကေတာ့ ဟန္သီေၾကာ္ျငာေတြအမ်ားၾကီးရိုက္ထားတယ္။ B Win ရဲ႕ Gold Facial Form ေၾကာ္ျငာ၊ ေနာက္ေရႊနန္းေတာ္ေၾကာ္ျငာရယ္ရုိက္ထားတယ္။ ေနာက္ကမ္းလွမ္းထားတာေတြလဲရွိေသးပါေသးတယ္။ ေနာက္အက်ၤီေၾကာ္ျငာေလးေတြလဲ ရုိက္ဖို႕ရွိပါတယ္။

-နယူးေယာက္မွာ ေက်ာင္းသြားတက္တာေရာ ဘယ္ေလာက္ၾကာခဲ့လဲ။

တစ္ႏွစ္ေလာက္ပါပဲ။ ၂၀၁၅ စက္တင္ဘာသြားၿပီး ၂၀၁၆ ဇြန္လေလာက္မွာ ျပန္လာတာပါ။ New York Film Academy မွာ အႏုပညာေက်ာင္းမွာ သရုပ္ေဆာင္နဲ႕ပတ္သက္တာကုိပဲ သြားတက္ခဲ့တာပါ။ အဲ့ဒီမွာဘြဲ႕ယူၿပီးျပန္လာခဲ့ပါတယ္။

-ပညာေရးနဲ႕အႏုပညာပိုင္းကို ဘယ္လိုမွ်ေျချဖစ္ေအာင္လုပ္သြားမလဲ။

ဟန္သီကငယ္ငယ္ေလးကတည္းက အဂၤလိပ္ေက်ာင္းတက္တာလဲပါတယ္။ ဟန္သီအေနနဲ႕ႏုိင္ငံျခားကဘြဲ႕ပဲယူလို႕ရတာေၾကာင့္လဲပါတယ္။ အဲ့ဒီေတာ့ ကိုယ္လဲ၀ါသနာပါတဲ့ အလုပ္လဲလုပ္ခြင့္ရမယ္။ ကိုယ့္အေနနဲ႕လဲသရုပ္ေဆာင္ပုိင္းကိုပိုၿပီးေတာ့ နားလည္မယ္။ အဲ့ဒါေၾကာင့္ ကိုယ့္၀ါသနာပါတဲ့လိုင္းကိုယူၿပီးဟိုမွာပဲေက်ာင္းတက္ျဖစ္ခဲ့တာပါ။ အဲ့ဒီေက်ာင္းက အရမ္းလဲနာမည္ၾကီးတယ္။ အႏုပညာရွင္အမ်ားၾကီးထြက္ထားတဲ့ေက်ာင္းလဲျဖစ္တယ္။ အဲ့ဒါေၾကာင့္ ကုိယ့္အေနနဲ႕ဘြဲ႕ေလးလဲလိုခ်င္တာနဲ႕သြားတက္ျဖစ္ခဲ့တာပါ။

-အခု MIC မွာတက္ေနတယ္လို႕လဲသိရတယ္။

ဟုတ္ပါတယ္။ အခုက MIC မွာ Business Management တက္ေနတယ္။ အဲဒါကေနာက္ပိုင္း ဟန္သီအႏုပညာနဲ႕ပတ္သက္တဲ့စီးပြားေရးေတြပဲ လုပ္ခ်င္တယ္။ စီးပြားေရးက အနုပညာအလုပ္ထက္ပိုၿပီး ခုိင္မာတယ္။ အဲ့ဒါေၾကာင့္ စီးပြားေရးလုိင္းဖက္ကိုလဲ ကိုယ့္အေနနဲ႕ပိုင္ပုိင္ႏုိင္ႏုိင္ရထားေအာင္ စီးပြားေရးေက်ာင္းတက္ေနတာပါ။ အဲ့ဒီမွာတက္ေနတာ ၆လေလာက္ပဲရွိပါေသးတယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၂၀၁၅ ခုနှစ်မှာ နယူးယော့ခ်သို့သွားပြီး အနုပညာနဲ့ပတ်သက်တဲ့ ကျောင်းကိုသွားတက်ကာ ၂၀၁၆ ခုနှစ်ဇွန်လမှာ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသူကတော့ ဟန်သီပါ။ သူမဟာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းမှာ ကြော်ငြာရိုက်ကူးမှုများ၊ ရှိုးများအပြင် ပထမဆုံးရုပ်ရှင်ကားကြီးအနေနဲ့ လွမ်းဒဏ္ဍာရီဆိုတဲ့ ဇာတ်ကားမှာလဲ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် ရှေ့ရက်တွေက ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တဲ့ Live ဗီဒီယိုလေးနဲ့ပတ်သက်ပြီး အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ခဲ့တဲ့ ပရိသတ်တွေလဲရှိတာကြောင့် အဆိုပါဗီဒီယိုနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဟန်သီဆီသို့သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အရှေ့ရက်တွေတုန်းက ဖေ့စ်ဘွတ်ပေါ်မှာ ဟန်သီရဲ့ ဗီဒီယို live လွှင့်တာလေးတက်လာတယ်ပေါ့။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောပြပေးပါဦး။

အမှန်က ဟန်သီဗီဒီယို အမြဲတမ်းတင်နေကြပါ။ အခေါက်ပေါင်း မနည်းတော့ပါဘူး။ တောက်လျှောက်ပရိသတ်တွေနဲ့ထိတွေ့ဖြစ်အောင် အမြဲတမ်းတင်ဖြစ်တယ်။ ဒီတစ်ခေါက်က ပရိသတ်တွေ အသိများသွားတာပေါ့။ ပရိသတ်တွေနည်းနည်းအာရုံထားမိသွားတယ် ထင်ပါတယ်။ ဒါပေမဲ့အရင်ကတည်းက live တွေတင်နေကြပါ။ အမြဲတမ်းလဲ စကားပြောဖြစ်ပါတယ်။ အခုမှရုတ်တရက်ထပေါက်သွားတာပါ။

-အဲ့ဒီဗီဒီယိုတင်ပြီးနောက်ပိုင်းမှာ ဟန်သီ Fan တွေလဲအများကြီးထွက်လာတယ်ဆိုတော့ ဒီဟာနဲ့ပတ်သက်တဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဟန်သီကတော့ ဘယ်လိုပြောရမလဲ။ ဝမ်းသာမလို၊ ဝမ်းနည်းရမလိုပေါ့။ တချို့ဟာတွေကျတော့ ကောင်းတဲ့ဟာတွေရှိသလို မကောင်းတဲ့ဟာတွေလဲရှိတယ်ပေါ့။ ဒါပေမဲ့ဟန်သီကတော့ အားလုံးကို မေတ္တာထားပြီး ဆက်ဆံပါတယ်။ ဟန်သီကတောင်ကျေးဇူးတင်ရဦးမှာပါ။ ကိုယ့်ဗီဒီယိုကို တကူးတကနဲ့သေသေချာချာအချိန်ပေးပြီးကြည့်ပေးကြတဲ့အတွက် အကုန်လုံးကိုကျေးဇူးတင်တယ်။ နောက်သူတို့ရဲ့ Wall မှာပြန် share ပေးတာကိုက ကျေးဇူးတင်ရမယ်။ အကုန်လုံးပေါ့။ ဟန်သီဗီဒီယိုကိုကြည့်ပေးတဲ့ ပရိသတ်တွေရော ၊ ဟန်သီနဲ့တူအောင်လိုက်လုပ်ကြတဲ့ ပရိသတ်တွေလဲရှိတော့ အဲ့ဒီပရိသတ်တွေကိုလဲကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ဟန်သီဗီဒီယိုကိုအခေါက်ပေါင်းများစွာကြည့်ပြီးမှပြန်လုပ်ပြတာဆိုတော့ သူတို့ကိုကျေးဇူးတင်ပါတယ်။

-ဟန်သီအတိုင်းလိုက်လုပ်ပြီး ဗီဒီယိုတင်တဲ့သူတွေကိုလဲ ဟန်သီ fan တွေကစိတ်ဆိုးနေကြတယ်ဆိုတော့ အဲ့ဒီအပေါ်ဟန်သီရဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဟန်သီမှာ We Love Han Thi Group ရှိတယ်။ သူတို့နဲ့လဲ အမြဲဆုံဖြစ်တယ်။ သူတို့ကကျတော့ ဟန်သီဖက်ကမခံပဲနဲ့အမြဲပြန်ပြောပေးကြတယ်။ ဒါပေမဲ့ဟန်သီကတော့ သူတို့ကိုလဲအမြဲရှင်းပြတယ်။ ပြောချင်တာပြောကြပါစေ။ အဓိကက ကိုယ့်ဟာကိုယ်မေတ္တာထားပြီးအားလုံးကို ဆက်ဆံသင့်တယ်။ လိုက်မတိုက်ခိုက်ကြပါနဲ့လို့လဲပြောထားတယ်။ ဒါပေမဲ့သူတို့ဖက်ကလဲတတ်နိုင်သလောက်ပြန်ရေးပေးကြတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေတွေ့ရတော့လဲဝမ်းသာတာပေ့ါ။ ကိုယ့်ဖက်ကနာပေးကြတဲ့ ပရိသတ်တွေရှိတော့လေ။ ပြီးတော့ We Love Han Thi Group မှာလဲ လူတွေအများကြီးတိုးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်။

-တချို့လူတွေကျတော့လဲ အိုဗာဖြစ်တယ် ဘာညာဆိုတဲ့ Caption တွေရေးကြတာမျိုးရှိတော့ ဝေဖန်တဲ့ပရိသတ်တွေအပေါ်မှာရော ဘယ်လိုသဘောထားလဲ။

စိတ်အနှောင့်အယှက်မဖြစ်မိအောင်တော့ ကိုယ့်ကိုယ်ကို အများကြီးစိတ်ကိုပြင်ဆင်ထားတယ်။ ဒီအနုပညာအလုပ်လုပ်မယ်ဆိုရင် ဝေဖန်မှုနဲ့ကမကင်းဘူး။ ကိုယ့်ကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိတယ်။ အကုန်လုံးကတော့ မျှမျှတတပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ဗီဒီယိုကို ဒီလိုကြီးတကူးတကကြည့်ပြီး Share ပေးကြတာဆိုတော့ ကိုယ့်ကိုအာရုံထားတယ်လို့ပဲမြင်ပါတယ်။ ဒါလွယ်တဲ့အလုပ် မဟုတ်ဘူးလေ။ ဟန်သီကိုချစ်တဲ့သူတွေရော၊ မုန်းတဲ့သူတွေရောကိုမေတ္တာထားပြီးပဲဆက်ဆံပါတယ်။

-အရင်ကတင်ခဲ့တဲ့ live နဲ့ အခုတစ်ခေါက်တင်တဲ့ live ကဘယ်လိုကွာခြားမှုရှိလဲ။

ဘာမှမကွာပါဘူး။ ဒါပေမဲ့တစ်ခုပဲ အချိန်တော့ကွာတယ်။ အရင်ကဆို ဟန်သီနေ့ပိုင်းပဲ live chat တယ်။ အဲ့ဒါဆိုလူ ငါးရာတစ်ထောင်လောက်ပဲရှိတယ်။ အခုကည၈နာရီလောက်ဆိုတော့ လူတွေအားလုံးလိုင်းသုံးတာများတဲ့အချိန်ဆိုတော့ ကြည့်တဲ့သူများပြီး ပြန့်သွားတာပေါ့။

-နောက်ဟန်သီကို ယွန်းဝတီနဲ့ယှဉ်ယှဉ်ပြီး Caption လေးတွေလဲရေးကြတော့ အဲ့ဒီအပေါ်မှာရော ဘယ်လိုစိတ်ခံစားချက်မျိုးရှိလဲ။

ခေးခေးနဲ့က ဟန်သီကို ငယ်ငယ်လေးကတည်းက ရုပ်ဆင်တယ်ဆိုပြီးပြောကြတယ်။ ခေးခေးနဲ့ဟန်သီနဲ့ကသူငယ်ချင်းတွေပါ။ ဟန်သီတို့တွေလဲ ခင်ကြတယ်။ သူလဲသူ့အလုပ်နဲ့သူ၊ ဟန်သီလဲဟန်သီ့အလုပ်နဲ့ဟန်သီ။ အားလုံးကကိုယ့်လိုင်းနဲ့ကိုယ်သွားနေကြတာဆိုတော့လေ။ ဘာမှတော့မရှိပါဘူး။ သူ့ကိုလဲဟန်သီက တကယ်ချစ်ပါတယ်။ သူနဲ့ကအေးအေးဆေးဆေးပါပဲ။ ခေးခေးနဲ့ယှဉ်ပြီး Caption ရေးပေးကြတဲ့ပရိသတ်တွေကိုပြောချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက်က အမြင်မတူတဲ့အတွက် မြင်ချင်သလိုမြင်နေကြတာပဲပေါ့။ အဲ့ဒီအပေါ်ဘာမှတော့ပြောစရာမရှိပါဘူး။ ချစ်တဲ့သူတွေမုန်းတဲ့သူတွေရှိတဲ့အတွက် မျိုးစုံပြောကြမှာပဲ။ အဲ့ဒီဒဏ်ကိုလဲအနုပညာရှင်တွေကခံကြရမှာပဲဆိုတော့ ဘာမှတော့မရှိပါဘူး။ ရိုးနေပါပြီ။

-နောက်ထပ်ရော ဗီဒီယိုတွေထပ်တင်ဖြစ်ဦးမလား။

တင်ဖို့အစီအစဉ်ရှိပါတယ်။ နောက်ထပ်ဒီကြားထဲမှာ Live တစ်ခုထပ်တင်မယ်။ အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲ Live တွေတက်ဖို့ရှိပါတယ်။

-ပရိသတ်စိတ်ဝင်စားနေတဲ့အချစ်ရေးကိုလဲသိချင်ပါတယ်။

ဟန်သီ အချစ်ရေးက အေးဆေးပါပဲ။ ဘာမှတော့မရှိပါဘူး။ အခုကတော့ ကိုယ့်အလုပ်နဲ့ကျောင်းနဲ့ပါပဲ။

-ဟန်သီနိုင်ငံခြားမှာတုန်းက ကားပေါ်က ဟန်သီချစ်သူနဲ့ပုံဆိုပြီးတက်လာတာလဲတွေ့လိုက်ရတယ်။

အဲ့ဒါက လူတွေကထင်ချင်တာ ထင်နေကြတာပါ။ အဲ့ဒီပုံတွေက ဟန်သီရဲ့ ကိုယ်ပိုင် Snap Chat ပေါ်ကနေယူလိုက်ကြတာဆိုတော့ ဘာမှတော့ထွေထွေထူးထူးပြောစရာ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ အဲ့ဒါဟာဟန်သီချစ်သူဟုတ်မဟုတ်ဆိုတာပြောပြသွားမှာပါ။ အခုဟန်သီ အချစ်ရေးက ဟိုမရောက်ဒီမရောက်ဖြစ်နေပါတယ်။

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ဟန်သီ လွန်ခဲ့တဲ့ ၃ရက်လောက်က လွမ်းဒဏ္ဍာရီဆိုတဲ့ ကားကြီးတစ်ကားရိုက်ထားတယ်။ အဲ့ဒီကားကြီးက ဟန်သီရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးပါ။ မင်းသားက အားသစ်၊ နောက်မအိချောပိုပါတယ်။ ဟန်သီကအဲ့ဒီထဲမှာ အေးအေးလေးနဲ့မင်းသားကို တစ်ဖက်သတ်လိုက်ကြိုက်ရတဲ့ ကာရိုက်တာလေးပေါ့။ ပြီးတော့ကြားထဲမှာကြောြ်ငာလေးတွေရိုက်ဖြစ်နေတယ်။ ပွဲတွေလဲလက်ခံထားတယ်။

-ကားကြီးရိုက်ရတဲ့အတွေ့အကြုံလေးတွေကိုလဲ ပြောပြပေးပါဦး။

ကားကြီးရိုက်အတွေ့အကြုံကတော့ အများကြီးပါပဲ။ ဝါရင့်အနုပညာရှင်တွေအများကြီးနဲ့လဲတွေ့ဆုံခွင့်ရတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကကိုလဲသိခွင့်ရလိုက်တယ်။ ဝါရင့်သရုပ်ဆောင်တွေဒါရိုက်တာတွေကလဲ ဟန်သီကိုအများကြီးသင်ပေးတယ်။ အကြံဉာဏ်တွေပေးကြပါတယ်။

-လက်ရှိရိုက်ကူးထားတဲ့ ကြော်ငြာလေးတွေကိုလဲ ပြောပြပေးပါဦး။

လက်ရှိကတော့ ဟန်သီကြော်ငြာတွေအများကြီးရိုက်ထားတယ်။ B Win ရဲ့ Gold Facial Form ကြော်ငြာ၊ နောက်ရွှေနန်းတော်ကြော်ငြာရယ်ရိုက်ထားတယ်။ နောက်ကမ်းလှမ်းထားတာတွေလဲရှိသေးပါသေးတယ်။ နောက်အကျၤီကြော်ငြာလေးတွေလဲ ရိုက်ဖို့ရှိပါတယ်။

-နယူးယောက်မှာ ကျောင်းသွားတက်တာရော ဘယ်လောက်ကြာခဲ့လဲ။

တစ်နှစ်လောက်ပါပဲ။ ၂၀၁၅ စက်တင်ဘာသွားပြီး ၂၀၁၆ ဇွန်လလောက်မှာ ပြန်လာတာပါ။ New York Film Academy မှာ အနုပညာကျောင်းမှာ သရုပ်ဆောင်နဲ့ပတ်သက်တာကိုပဲ သွားတက်ခဲ့တာပါ။ အဲ့ဒီမှာဘွဲ့ယူပြီးပြန်လာခဲ့ပါတယ်။

-ပညာရေးနဲ့အနုပညာပိုင်းကို ဘယ်လိုမျှခြေဖြစ်အောင်လုပ်သွားမလဲ။

ဟန်သီကငယ်ငယ်လေးကတည်းက အင်္ဂလိပ်ကျောင်းတက်တာလဲပါတယ်။ ဟန်သီအနေနဲ့နိုင်ငံခြားကဘွဲ့ပဲယူလို့ရတာကြောင့်လဲပါတယ်။ အဲ့ဒီတော့ ကိုယ်လဲဝါသနာပါတဲ့ အလုပ်လဲလုပ်ခွင့်ရမယ်။ ကိုယ့်အနေနဲ့လဲသရုပ်ဆောင်ပိုင်းကိုပိုပြီးတော့ နားလည်မယ်။ အဲ့ဒါကြောင့် ကိုယ့်ဝါသနာပါတဲ့လိုင်းကိုယူပြီးဟိုမှာပဲကျောင်းတက်ဖြစ်ခဲ့တာပါ။ အဲ့ဒီကျောင်းက အရမ်းလဲနာမည်ကြီးတယ်။ အနုပညာရှင်အများကြီးထွက်ထားတဲ့ကျောင်းလဲဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ့်အနေနဲ့ဘွဲ့လေးလဲလိုချင်တာနဲ့သွားတက်ဖြစ်ခဲ့တာပါ။

-အခု MIC မှာတက်နေတယ်လို့လဲသိရတယ်။

ဟုတ်ပါတယ်။ အခုက MIC မှာ Business Management တက်နေတယ်။ အဲဒါကနောက်ပိုင်း ဟန်သီအနုပညာနဲ့ပတ်သက်တဲ့စီးပွားရေးတွေပဲ လုပ်ချင်တယ်။ စီးပွားရေးက အနုပညာအလုပ်ထက်ပိုပြီး ခိုင်မာတယ်။ အဲ့ဒါကြောင့် စီးပွားရေးလိုင်းဖက်ကိုလဲ ကိုယ့်အနေနဲ့ပိုင်ပိုင်နိုင်နိုင်ရထားအောင် စီးပွားရေးကျောင်းတက်နေတာပါ။ အဲ့ဒီမှာတက်နေတာ ၆လလောက်ပဲရှိပါသေးတယ်။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top