iMyanmarHouse.com - Best Property Website for Myanmar
×

ေခတ္ၾကီးက ေရြးခ်ယ္စရာေတြ မ်ားတဲ့ေခတ္ၾကီးဗ်။ခင္ဗ်ားSingleအျဖစ္ပဲေနမလား သမီးရည္းစားစံုတြဲအျဖစ္နဲ႕ပဲ ေနမလား Living Togetherေနက်မလား လက္ထပ္ျပီး တစ္အိုးတစ္အိမ္ထူေထာင္က်မလား။အမ်ားၾကီးဗ်ာ။ျမန္မာနိုင္ငံအေနနဲ႔ေတာ့ Living Togetherကို အားေပးတဲ့သူ မရွိသေလာက္ေပမယ့္ က်န္တဲ့Relationshipတိုင္းကို အားေပးက်တဲ့သူေတြကေတာ့ မ်ားတယ္ေလ။Relationshipတစ္ခုတည္ေဆာက္ျပီးျပီဆိုရင္လည္း မပ်က္စီးေအာင္ ဘယ္လိုထိန္းရမလဲဆိုတာက အခ်က္တစ္ခ်က္ကလည္း အေရးၾကီးတယ္ဗ်။အဲ့လိုမပ်က္စီးေအာင္ ထိန္းဖို႕ဆိုရင္ ဒီအခ်က္(၇)ခ်က္ကို သတိထားသင့္တယ္ဗ်။

၁။လိင္ဆက္ဆံျခင္း

ရိုးရိုးသားသားေျပာၾကရေအာင္ဗ်ာ။ေယာက္က်ားတစ္ေယာက္အတြက္ေတာ့ Relationshipတစ္ခုမွာ Sexဆိုတာကေတာ့ ပါတတ္ၾကတာပဲဗ်။တက္ၾကြသည္ျဖစ္ေစ မတက္ၾကြသည္ျဖစ္ေစ ခင္ဗ်ားနဲ႕ပတ္သတ္တဲ့သူက Sexကိစၥမွာ ခင္ဗ်ားလိုပဲ ျဖစ္ေနရင္ေတာ့ ခင္ဗ်ားကကံေကာင္းတဲ့သူေပါ့ဗ်ာ။မဟုတ္ရင္ေတာ့ အေတာ္ေလး ျပသာနာတက္မယ့္ကိစၥဗ်။ကေလးေတြေၾကာင့္ေသာ္လည္းေကာင္းSexကိစၥမရွိလည္း ေနလို႕ျဖစ္ပါတယ္ဆိုတာေၾကာင့္ေသာ္လည္းေကာင္း ျပည့္တန္ဆာတစ္ေယာက္နဲ႕ ဆက္ဆံေနရင္ေသာ္လည္းေကာင္း တျခားအမ်ိဳးသမီးတစ္ေယာက္ကိုခင္ဗ်ားက စိတ္ဝင္စားေနရင္ေသာ္လည္းေကာင္း စိတ္ေျပာင္းလဲေနတယ္ဆိုပါစို႕ဗ်ာ။ဘယ္လိုပဲ ေျပာင္းလဲေျပာင္းလဲေနာ္ Sexကိစၥ ခင္ဗ်ားနဲ႕ ခင္ဗ်ားရဲ႕ အေဖာ္ၾကားမွာ နည္းသြားေလေလ ခင္ဗ်ားတို႕ရဲ႕Relationshipက ေဝးကြာသြားေလေလျဖစ္တယ္ေနာ္ကိုယ့္ဆရာ။ဒီအခကိအခဲကို ေျဖရွင္းဖို႕ အဆင္အေျပဆံုးနည္းလမ္းက စိတ္ရွည္ပါ တစ္ေယာက္နဲ႕တစ္ေယာက္ ပံုမွန္ေလးေျပာဆိုဆက္ဆံပါ အလိုက္သိပါ ျပီးေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ျမတ္နိုးက်ပါလို႕ အၾကံျပဳပါရေစဗ်ာ။

၂။ေငြေၾကး

ေငြေၾကးအခက္အခဲဆိုတာက စံုတြဲအမ်ားစုအတြကိ ျပသာနာတစ္ရပ္ဗ်။ေငြေၾကးအဆင္မေျပရင္ Relationshipတစ္ခုရဲ႕ စိတ္ပ်က္စိတ္ညစ္စရာေကာင္းတာေတြက အဲ့ဒီကိစၥမွာ အကုန္သြားဆံုျပီး ေပါက္ကြဲကုန္ေတာ့တာပဲ။တစ္ေယာက္နဲ႕တစ္ေယာက္ အဆက္အဆံစိမ္းလာရင္ လ်ွိဳ႕ဝွက္ခ်က္ေတြထားလာရင္ ရွက္ရြံစိုးရိမ္မႈေတြမ်ားလာရင္ ေငြေရးေၾကးေရးျပသာနာေတြ တက္လာေတာ့တာပါပဲဗ်ာ။ပိုက္ဆံေၾကာင့္တက္တဲ့ျပသာနာေတြကို ေသေသခ်ာခ်ာမေျဖရွင္းနိုင္ရင္ စိတ္ဖိအားေတြမ်ားလာမယ္။ေဒါသေတြ ပိုျဖစ္လြယ္လာၾကမယ္။ခ်စ္ျခင္းေမတၱာတရားပါ ေပ်ာက္ဆံုးကုန္ၾကမယ္ေနာ္။သတိထားၾကပါဦးကိုယ့္လူတို႕ေရ။

၃။ကေလးမ်ား

ကေလးခ်စ္တတ္က်ေတာ့ ကေလးယူက်ပါတယ္။ကိုယ့္သားသမီးဆိုေတာ့ ေက်ြးေမြးေစာင့္ေရွာက္ရမယ့္ တာဝန္ကလည္း ရွိလာျပန္ေရာ။အဲ့ဒီမွာ ျပသာနာက စတက္တာပဲဗ်ာ။ကေလးထိန္းရတယ္ဆိုတာက ခဏေလးနဲ႕ပဲ ျပီးျပတ္သြားတဲ့ကိစၥမွမဟုတ္တာဗ်။ကေလးေတြအတြက္ပဲ အခ်ိန္ေပးျပီး ကိုယ့္အိမ္ေထာင္ဖက္ကို ကိုယ္အခ်ိန္မေပးေတာ့ ျပသာနာေတြ တက္က်ျပန္ေရာဗ်ာ။အဲ့ေတာ့ ကေလးေတြကို ေစာင့္ေရွာက္ေနတာနဲ႕ပဲ ခင္ဗ်ားတို႕ရဲ႕ ျငိမ္းခ်မ္းသာယာတဲ့ အိမ္ေထာင္ေရးဘဝေလးကို အထိခိုက္မခံပါနဲ႕ဗ်ာ။

၄။ျငီးေငြ႕ျခင္း

အင္းး ဒီအခ်က္ကေတာ့ ကိုယ္ကိုယ္တိုင္အေပၚပဲမူတည္ပါတယ္ဗ်ာ။ကိုယ္Relationshipကို တည္ျငိမ္ေအးခ်မ္းေအာင္ ပ်င္းစရာမျဖစ္ေအာင္ ထိန္းသိမ္းခ်င္တယ္ဆိုတဲ့စိတ္ (၂)ေယာက္စလံုးမွာမရွိရင္ တစ္နည္းနည္းနဲ႕ေတာ့ ခင္ဗ်ားတို႕ စံုတြဲ တစ္ေယာက္နဲ႕တစ္ေယာက္ စိတ္ပ်က္ျငီးေငြ႕လာက်မွာအေသအခ်ာပဲ။ျဖစ္တတ္တဲ့ကိစၥၾကီးပါ။အဲ့ဒီေတာ့ ခင္ဗ်ားရဲ႕ ခ်စ္သူနဲ႕တိုင္ပင္ျပီး တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ခင္ၾကင္နာစြာနဲ႕ ေနထိုင္နိုင္ေအာင္ ညွိႏႈိင္းၾကသင့္ပါတယ္ဗ်ာ။

သူမရဲ႕ အတိတ္အေၾကာင္း ဘာလို႔ သိဖို႔လိုတာလဲ

၅။ျငင္းခံုရန္ျဖစ္ျခင္း

ျငင္းခံုရန္ျဖစ္တယ္ဆိုတာက အေတာ္ေလးဆိုးရြားျပီး စိတ္ပ်က္စရာေကာင္းတဲ့ကိစၥမွန္း က်ြန္ေတာ္တို႕ေတြသိက်တာပဲေလ။ျပီးေတာ့ ဒီလိုျဖစ္တိုင္း က်ြန္ေတာ္တို႕ေတြ အနိုင္လိုခ်င္တာပဲဗ်။ရွံဳးခဲ့ရင္ေတာင္ ရွံဳးပါတယ္ဆိုတာ ဝန္မခံခ်င္က်ဘူးေလ။လူငယ္စံုတြဲေတြမွာ ဒီလိုအေလ်ာ့မေပးခ်င္တာေတြက ပိုမ်ားမယ္ဗ်။


၆။လ်ွိဳ႕ဝွက္ခ်က္မ်ားထားျခင္း

သမီးရည္းစားစ ျဖစ္ကာစက အေျခအေနကို ျပန္စဥ္းစားၾကည့္ဗ်ာ။တစ္ေယာက္အေၾကာင္းတစ္ေယာက္သိက်ေအာင္ အခ်ိန္အၾကာၾကီးေတြ စကားေျပာက်တယ္။ျဖစ္ခ်င္တဲ့အိပ္မက္ေတြ လ်ွိဳ႕ဝွက္ခ်က္ေတြအထိ ေျပာျပက်တယ္။စိတ္ခ်မ္းသာစရာေကာင္းခဲ့တယ္ေပါ့ဗ်ာ။အခ်ိန္ၾကာလာတာနဲ႕အမ်ွ လုပ္စရာအလုပ္ေတြမ်ားလာတဲ့နဲ႕အမ်ွ ခင္ဗ်ားတို႕စကားေျပာတာေတြ နည္းလာတယ္။တျဖည္းျဖည္းနဲ႕ ခင္ဗ်ားမွာ သူမသိတဲ့ အေၾကာင္းေတြမ်ားလာသလို သူ႕မွာလည္း ခင္ဗ်ားမသိတဲ့အေၾကာင္းေတြမ်ားလာတယ္။အဲ့ဒီမွာ ျပသာနာေတြ တက္က်ေတာ့တာပါပဲဗ်ာ။

၇။ကတိေပးျခင္း

ခင္ဗ်ားခ်စ္ျမတ္နိုးရတဲ့သူကို ကတိတစ္ခုေပးျပီး ေမ့သြားမိတဲ့အခါမွာ သူကခင္ဗ်ားကို တေလးတစားဆက္ဆံထားတာေတြကို အေရးတယူမလုပ္တဲ့အခါ သူ႕အတြက္ေတာ့ အရမ္းနာက်င္ခံစားရတယ္ဗ်။ျပသာနာမွန္သမ်ွထဲမွာ ဒီတစ္ခုက ေျဖရွင္းဖို႕အလြယ္ဆံုးပဲဗ်။အခ်ိန္ေပးျပီး ဂရုစိုက္ေပးလိုက္ပါဗ်ာ။အဆင္ေျပသြားမွာပါ။

Credit:Gentleman

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခေတ်ကြီးက ရွေးချယ်စရာတွေ များတဲ့ခေတ်ကြီးဗျ။ခင်ဗျားSingleအဖြစ်ပဲနေမလား သမီးရည်းစားစုံတွဲအဖြစ်နဲ့ပဲ နေမလား Living Togetherနေကျမလား လက်ထပ်ပြီး တစ်အိုးတစ်အိမ်ထူထောင်ကျမလား။အများကြီးဗျာ။မြန်မာနိုင်ငံအနေနဲ့တော့ Living Togetherကို အားပေးတဲ့သူ မရှိသလောက်ပေမယ့် ကျန်တဲ့Relationshipတိုင်းကို အားပေးကျတဲ့သူတွေကတော့ များတယ်လေ။Relationshipတစ်ခုတည်ဆောက်ပြီးပြီဆိုရင်လည်း မပျက်စီးအောင် ဘယ်လိုထိန်းရမလဲဆိုတာက အချက်တစ်ချက်ကလည်း အရေးကြီးတယ်ဗျ။အဲ့လိုမပျက်စီးအောင် ထိန်းဖို့ဆိုရင် ဒီအချက်(၇)ချက်ကို သတိထားသင့်တယ်ဗျ။


၁။လိင်ဆက်ဆံခြင်း

ရိုးရိုးသားသားပြောကြရအောင်ဗျာ။ယောက်ကျားတစ်ယောက်အတွက်တော့ Relationshipတစ်ခုမှာ Sexဆိုတာကတော့ ပါတတ်ကြတာပဲဗျ။တက်ကြွသည်ဖြစ်စေ မတက်ကြွသည်ဖြစ်စေ ခင်ဗျားနဲ့ပတ်သတ်တဲ့သူက Sexကိစ္စမှာ ခင်ဗျားလိုပဲ ဖြစ်နေရင်တော့ ခင်ဗျားကကံကောင်းတဲ့သူပေါ့ဗျာ။မဟုတ်ရင်တော့ အတော်လေး ပြသာနာတက်မယ့်ကိစ္စဗျ။ကလေးတွေကြောင့်သော်လည်းကောင်းSexကိစ္စမရှိလည်း နေလို့ဖြစ်ပါတယ်ဆိုတာကြောင့်သော်လည်းကောင်း ပြည့်တန်ဆာတစ်ယောက်နဲ့ ဆက်ဆံနေရင်သော်လည်းကောင်း တခြားအမျိုးသမီးတစ်ယောက်ကိုခင်ဗျားက စိတ်ဝင်စားနေရင်သော်လည်းကောင်း စိတ်ပြောင်းလဲနေတယ်ဆိုပါစို့ဗျာ။ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲနော် Sexကိစ္စ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဖော်ကြားမှာ နည်းသွားလေလေ ခင်ဗျားတို့ရဲ့Relationshipက ဝေးကွာသွားလေလေဖြစ်တယ်နော်ကိုယ့်ဆရာ။ဒီအခကိအခဲကို ဖြေရှင်းဖို့ အဆင်အပြေဆုံးနည်းလမ်းက စိတ်ရှည်ပါ တစ်ယောက်နဲ့တစ်ယောက် ပုံမှန်လေးပြောဆိုဆက်ဆံပါ အလိုက်သိပါ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးကျပါလို့ အကြံပြုပါရစေဗျာ။

၂။ငွေကြေး

ငွေကြေးအခက်အခဲဆိုတာက စုံတွဲအများစုအတွကိ ပြသာနာတစ်ရပ်ဗျ။ငွေကြေးအဆင်မပြေရင် Relationshipတစ်ခုရဲ့ စိတ်ပျက်စိတ်ညစ်စရာကောင်းတာတွေက အဲ့ဒီကိစ္စမှာ အကုန်သွားဆုံပြီး ပေါက်ကွဲကုန်တော့တာပဲ။တစ်ယောက်နဲ့တစ်ယောက် အဆက်အဆံစိမ်းလာရင် လျှို့ဝှက်ချက်တွေထားလာရင် ရှက်ရွံစိုးရိမ်မှုတွေများလာရင် ငွေရေးကြေးရေးပြသာနာတွေ တက်လာတော့တာပါပဲဗျာ။ပိုက်ဆံကြောင့်တက်တဲ့ပြသာနာတွေကို သေသေချာချာမဖြေရှင်းနိုင်ရင် စိတ်ဖိအားတွေများလာမယ်။ဒေါသတွေ ပိုဖြစ်လွယ်လာကြမယ်။ချစ်ခြင်းမေတ္တာတရားပါ ပျောက်ဆုံးကုန်ကြမယ်နော်။သတိထားကြပါဦးကိုယ့်လူတို့ရေ။

၃။ကလေးများ

ကလေးချစ်တတ်ကျတော့ ကလေးယူကျပါတယ်။ကိုယ့်သားသမီးဆိုတော့ ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိလာပြန်ရော။အဲ့ဒီမှာ ပြသာနာက စတက်တာပဲဗျာ။ကလေးထိန်းရတယ်ဆိုတာက ခဏလေးနဲ့ပဲ ပြီးပြတ်သွားတဲ့ကိစ္စမှမဟုတ်တာဗျ။ကလေးတွေအတွက်ပဲ အချိန်ပေးပြီး ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ်အချိန်မပေးတော့ ပြသာနာတွေ တက်ကျပြန်ရောဗျာ။အဲ့တော့ ကလေးတွေကို စောင့်ရှောက်နေတာနဲ့ပဲ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို အထိခိုက်မခံပါနဲ့ဗျာ။

၄။ငြီးငွေ့ခြင်း

အင်းး ဒီအချက်ကတော့ ကိုယ်ကိုယ်တိုင်အပေါ်ပဲမူတည်ပါတယ်ဗျာ။ကိုယ်Relationshipကို တည်ငြိမ်အေးချမ်းအောင် ပျင်းစရာမဖြစ်အောင် ထိန်းသိမ်းချင်တယ်ဆိုတဲ့စိတ် (၂)ယောက်စလုံးမှာမရှိရင် တစ်နည်းနည်းနဲ့တော့ ခင်ဗျားတို့ စုံတွဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ငြီးငွေ့လာကျမှာအသေအချာပဲ။ဖြစ်တတ်တဲ့ကိစ္စကြီးပါ။အဲ့ဒီတော့ ခင်ဗျားရဲ့ ချစ်သူနဲ့တိုင်ပင်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ နေထိုင်နိုင်အောင် ညှိနှိုင်းကြသင့်ပါတယ်ဗျာ။

သူမရဲ့ အတိတ်အကြောင်း ဘာလို့ သိဖို့လိုတာလဲ

၅။ငြင်းခုံရန်ဖြစ်ခြင်း

ငြင်းခုံရန်ဖြစ်တယ်ဆိုတာက အတော်လေးဆိုးရွားပြီး စိတ်ပျက်စရာကောင်းတဲ့ကိစ္စမှန်း ကျွန်တော်တို့တွေသိကျတာပဲလေ။ပြီးတော့ ဒီလိုဖြစ်တိုင်း ကျွန်တော်တို့တွေ အနိုင်လိုချင်တာပဲဗျ။ရှုံးခဲ့ရင်တောင် ရှုံးပါတယ်ဆိုတာ ဝန်မခံချင်ကျဘူးလေ။လူငယ်စုံတွဲတွေမှာ ဒီလိုအလျော့မပေးချင်တာတွေက ပိုများမယ်ဗျ။


၆။လျှို့ဝှက်ချက်များထားခြင်း

သမီးရည်းစားစ ဖြစ်ကာစက အခြေအနေကို ပြန်စဉ်းစားကြည့်ဗျာ။တစ်ယောက်အကြောင်းတစ်ယောက်သိကျအောင် အချိန်အကြာကြီးတွေ စကားပြောကျတယ်။ဖြစ်ချင်တဲ့အိပ်မက်တွေ လျှို့ဝှက်ချက်တွေအထိ ပြောပြကျတယ်။စိတ်ချမ်းသာစရာကောင်းခဲ့တယ်ပေါ့ဗျာ။အချိန်ကြာလာတာနဲ့အမျှ လုပ်စရာအလုပ်တွေများလာတဲ့နဲ့အမျှ ခင်ဗျားတို့စကားပြောတာတွေ နည်းလာတယ်။တဖြည်းဖြည်းနဲ့ ခင်ဗျားမှာ သူမသိတဲ့ အကြောင်းတွေများလာသလို သူ့မှာလည်း ခင်ဗျားမသိတဲ့အကြောင်းတွေများလာတယ်။အဲ့ဒီမှာ ပြသာနာတွေ တက်ကျတော့တာပါပဲဗျာ။

၇။ကတိပေးခြင်း

ခင်ဗျားချစ်မြတ်နိုးရတဲ့သူကို ကတိတစ်ခုပေးပြီး မေ့သွားမိတဲ့အခါမှာ သူကခင်ဗျားကို တလေးတစားဆက်ဆံထားတာတွေကို အရေးတယူမလုပ်တဲ့အခါ သူ့အတွက်တော့ အရမ်းနာကျင်ခံစားရတယ်ဗျ။ပြသာနာမှန်သမျှထဲမှာ ဒီတစ်ခုက ဖြေရှင်းဖို့အလွယ်ဆုံးပဲဗျ။အချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါဗျာ။အဆင်ပြေသွားမှာပါ။

Credit:Gentleman

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top