iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူက မယံုၾကည္ရတဲ့သူတစ္ေယာက္လို႕ သင္ခံစားရတဲ့အခါ ဒီအခ်စ္ေရးက ဘယ္လိုမွ အဆင္မေျပႏိုင္ေတာ့ပါဘူး။ ခိုင္ျမဲတဲ့အခ်စ္ေရးအတြက္ ယံုၾကည္မႈဟာ အေရးအၾကီးဆံုး အခန္းက႑ကေန ပါ၀င္ေနျပီး အဲ့ဒီယံုၾကည္မႈ ခ်ိဳးဖ်က္ခံရတဲ့အခါ အေျခအေနေတြဟာ အရင္ကလို ျပန္မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒီေတာ့ ျခံဳငံုသံုးသပ္ေျပာရရင္ သင္ဟာ သင့္ခ်စ္သူကို သံသယ၀င္သင့္၊ မ၀င္သင့္ဆုိတာကိုေတာ့ အရင္ဆံုးရွင္းရွင္းလင္းလင္းသိေနရပါမယ္။ သင့္ခံစားခ်က္ေတြ ရႈပ္ေထြးျပီး သူ႕ကို အရင္ကလို မယံုၾကည္ဘူးဆုိရင္ေတာ့ ဒီအခ်က္ကေလးေတြက အျဖဴ၊ အမည္း ကြဲျပားသြားေအာင္ ကူညီေပးႏိုင္ပါတယ္။

၁။ အရင္က သူဒါမ်ိဳး လုပ္ခဲ့ဖူးတယ္။

လူတစ္ေယာက္ဟာတစ္ခါ လိမ္ဖူးရင္ ေနာက္တစ္ခါလိမ္ဖို႕အေျခအေနပိုမ်ားတယ္လုိ႕ ေျပာတာၾကာဖူးပါလိမ့္မယ္။ သင့္ခ်စ္သူက သင့္ကုိအရင္က ဒါမ်ိဳးလုပ္ဖူးတယ္၊ ဒါမွမဟုတ္ သင့္ေရွ႕က သူ႕ရည္းစားေဟာင္းကို ဒါမ်ိဳးလုပ္ဖူးတယ္ဆုိရင္ သင့္အေပၚ ခုေနာက္ထပ္တစ္ခါ ဒါမ်ိဳးလုပ္ဖုိ႕ အခြင့္အေရးပိုမ်ားပါတယ္။ အရင္တုန္းကအေျခအေနေတြကို ျပန္စဥ္းစားၾကည့္ျပီး အခုအေျခအေနနဲ႕ ဘာေတြတူညီေနသလဲဆုိတာ ျပန္သုုံးသပ္ၾကည့္ပါ။

၂။ သူ႕ေနပံုထုိင္ပံုေတြက ပိုစိမ္းသြားတယ္။

သင့္ခ်စ္သူဟာ သင့္အေပၚဆက္ဆံတာေတြက ပိုစိမ္းကားေနတယ္၊ ေအးစက္ေနတယ္လုိ႕ သင္ခံစားေနမိတယ္ဆုိရင္ သင့္မသိစိတ္ကိုေမးၾကည့္လိုက္ပါ။ သူကိုယ့္အေပၚ အရင္လို ေႏြးေထြးမႈမရွိေတာ့တာ၊ ခပ္ခြာခြာေနတာက သူ႕ဆီမွာ ဖုံးကြယ္ထားတာ တစ္ခုခုရွိေနလုိ႕ဆုိတာ ေသခ်ာပါတယ္။

၃။ စကားေျပာဆုိတဲ့အခါ ခပ္ျပတ္ျပတ္ျဖစ္လာတယ္။

သင့္ခ်စ္သူဟာ ဘယ္သြားမယ္၊ ဘာလုပ္မယ္ဆုိတာကိုေတာင္ သင့္ကိုဖြင့္ဟဖုိ႕ ခက္ခဲလာတယ္။ ဘယ္သူနဲ႕အတူရွိတယ္ဆုိတာကိုလညး္ သင္မေမးရင္ မေျပသလို၊ ေမးရငေ္တာင္ စကားတစ္ခြန္းထက္ ပိုမေျပာေတာ့ဘူး။ ဒါ့အျပင္ တစ္ခုခုဆုိ ေဒါသထြက္လြယ္မယ္၊ ေအာ္ခ်င္ေငါက္ခ်င္ေနမယ္ဆုိရင္လည္း သူ႕စိတ္သူမလံုတာ ျပေနတာပါပဲ။

၄။ၾကင္နာယုယမႈေတြ သိပ္မရွိေတာ့ဘူး။

သင္တုိ႕ႏွစ္ဦးဟာ အရင္ကဆုိ တစ္ေယာက္နဲ႕တစ္ေယာက္ ႏႈတ္ဆက္အနမ္းေလးေတြ ေပးေနက်၊ မနက္ႏိုးႏိုးခ်င္းဖုန္းေျပာေနက်၊ ညအိပ္ခါနီးတုိင္း ဖုန္းေျပာေနက်၊ ရံုးဆင္းခ်ိန္ လာၾကိဳေနက် စတဲ့ လုပ္ေဆာင္ေနက်အရာေတြ ပ်က္ကြက္လာသလို သင့္အေပၚ ဂရုစိုက္ၾကင္နာတာေတြ သိပ္မရွိေတာ့ဘူးလို႕ သင္ခံစားလာရမယ္ဆုိရင္လည္း ဒီအခ်က္က သူကိုယ့္အေပၚ လိမ္ညာေနျပီလားဆုိတာထည့္စဥ္းစားသင့္တဲ့အခ်က္ပါ။

၅။ မသိစိတ္ထဲကေန သိေနတယ္။

လူတုိင္းမွာ မသိစိတ္ဆုိတာရွိေနျပီးသားပါ။ တစ္ခါတစ္ေလ ကိုယ့္စိတ္ထဲ တစ္မ်ိဳးၾကီးျဖစ္ေနတာတုိ႕၊ စိတ္ေလးတယ္လုိ႕ ခံစားေနရတာတုိ႕ ရွိေနတတ္ပါတယ္။  တစ္ခုခု ျဖစ္ပ်က္သြားျပီးေတာ့မွ ဒါ့ေၾကာင့္ ငါ့စိတ္ထဲတစ္မ်ိဳးၾကီးျဖစ္ ေနတာတာပါလားလုိ႕ သိသြားတာမ်ိဳးေပါ့။ ခုလည္း ဒီအတုိင္းပါပဲ။ သင့္ခ်စ္သူနဲ႕အတူရွိတဲ့အခ်ိန္မွာ သင့္မသိစိတ္က မယံုၾကည္သလို ခံစားရတာ၊ သူကိုယ့္ေဘးနားမရွိတဲ့အခ်ိန္ သူက ဘယ္ေနရာမွာ ဘယ္သူနဲ႕လို႕ေျပာထားေပမယ့္ ကိုယ့္စိတ္ထဲ သူေျပာတဲ့ေနရာမွာ သူမရွိဘူးလို႕ ထင္ေနမိတာေတြက သင့္မသိစိတ္က သင့္ကိုေျပာျပေနတဲ့အရာေတြပါ။ အေပၚက အခ်က္ေတြနဲ႕သင့္မသိစိတ္ကုိ ေသခ်ာေပါင္းစပ္ခံစားၾကည့္လိုက္ရင္ သူ႕မွာေနာက္တစ္ေယာက္ရွိေနသလားဆုိတာ သင္သိရွိႏိုင္ပါတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ချစ်သူက မယုံကြည်ရတဲ့သူတစ်ယောက်လို့ သင်ခံစားရတဲ့အခါ ဒီအချစ်ရေးက ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ ခိုင်မြဲတဲ့အချစ်ရေးအတွက် ယုံကြည်မှုဟာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပြီး အဲ့ဒီယုံကြည်မှု ချိုးဖျက်ခံရတဲ့အခါ အခြေအနေတွေဟာ အရင်ကလို ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ခြုံငုံသုံးသပ်ပြောရရင် သင်ဟာ သင့်ချစ်သူကို သံသယဝင်သင့်၊ မဝင်သင့်ဆိုတာကိုတော့ အရင်ဆုံးရှင်းရှင်းလင်းလင်းသိနေရပါမယ်။ သင့်ခံစားချက်တွေ ရှုပ်ထွေးပြီး သူ့ကို အရင်ကလို မယုံကြည်ဘူးဆိုရင်တော့ ဒီအချက်ကလေးတွေက အဖြူ၊ အမည်း ကွဲပြားသွားအောင် ကူညီပေးနိုင်ပါတယ်။

၁။ အရင်က သူဒါမျိုး လုပ်ခဲ့ဖူးတယ်။

လူတစ်ယောက်ဟာတစ်ခါ လိမ်ဖူးရင် နောက်တစ်ခါလိမ်ဖို့အခြေအနေပိုများတယ်လို့ ပြောတာကြာဖူးပါလိမ့်မယ်။ သင့်ချစ်သူက သင့်ကိုအရင်က ဒါမျိုးလုပ်ဖူးတယ်၊ ဒါမှမဟုတ် သင့်ရှေ့က သူ့ရည်းစားဟောင်းကို ဒါမျိုးလုပ်ဖူးတယ်ဆိုရင် သင့်အပေါ် ခုနောက်ထပ်တစ်ခါ ဒါမျိုးလုပ်ဖို့ အခွင့်အရေးပိုများပါတယ်။ အရင်တုန်းကအခြေအနေတွေကို ပြန်စဉ်းစားကြည့်ပြီး အခုအခြေအနေနဲ့ ဘာတွေတူညီနေသလဲဆိုတာ ပြန်သုုံးသပ်ကြည့်ပါ။

၂။ သူ့နေပုံထိုင်ပုံတွေက ပိုစိမ်းသွားတယ်။

သင့်ချစ်သူဟာ သင့်အပေါ်ဆက်ဆံတာတွေက ပိုစိမ်းကားနေတယ်၊ အေးစက်နေတယ်လို့ သင်ခံစားနေမိတယ်ဆိုရင် သင့်မသိစိတ်ကိုမေးကြည့်လိုက်ပါ။ သူကိုယ့်အပေါ် အရင်လို နွေးထွေးမှုမရှိတော့တာ၊ ခပ်ခွာခွာနေတာက သူ့ဆီမှာ ဖုံးကွယ်ထားတာ တစ်ခုခုရှိနေလို့ဆိုတာ သေချာပါတယ်။

၃။ စကားပြောဆိုတဲ့အခါ ခပ်ပြတ်ပြတ်ဖြစ်လာတယ်။

သင့်ချစ်သူဟာ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကိုတောင် သင့်ကိုဖွင့်ဟဖို့ ခက်ခဲလာတယ်။ ဘယ်သူနဲ့အတူရှိတယ်ဆိုတာကိုလည်း သင်မမေးရင် မပြေသလို၊ မေးရငေ်တာင် စကားတစ်ခွန်းထက် ပိုမပြောတော့ဘူး။ ဒါ့အပြင် တစ်ခုခုဆို ဒေါသထွက်လွယ်မယ်၊ အော်ချင်ငေါက်ချင်နေမယ်ဆိုရင်လည်း သူ့စိတ်သူမလုံတာ ပြနေတာပါပဲ။

၄။ကြင်နာယုယမှုတွေ သိပ်မရှိတော့ဘူး။

သင်တို့နှစ်ဦးဟာ အရင်ကဆို တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်အနမ်းလေးတွေ ပေးနေကျ၊ မနက်နိုးနိုးချင်းဖုန်းပြောနေကျ၊ ညအိပ်ခါနီးတိုင်း ဖုန်းပြောနေကျ၊ ရုံးဆင်းချိန် လာကြိုနေကျ စတဲ့ လုပ်ဆောင်နေကျအရာတွေ ပျက်ကွက်လာသလို သင့်အပေါ် ဂရုစိုက်ကြင်နာတာတွေ သိပ်မရှိတော့ဘူးလို့ သင်ခံစားလာရမယ်ဆိုရင်လည်း ဒီအချက်က သူကိုယ့်အပေါ် လိမ်ညာနေပြီလားဆိုတာထည့်စဉ်းစားသင့်တဲ့အချက်ပါ။

၅။ မသိစိတ်ထဲကနေ သိနေတယ်။

လူတိုင်းမှာ မသိစိတ်ဆိုတာရှိနေပြီးသားပါ။ တစ်ခါတစ်လေ ကိုယ့်စိတ်ထဲ တစ်မျိုးကြီးဖြစ်နေတာတို့၊ စိတ်လေးတယ်လို့ ခံစားနေရတာတို့ ရှိနေတတ်ပါတယ်။  တစ်ခုခု ဖြစ်ပျက်သွားပြီးတော့မှ ဒါ့ကြောင့် ငါ့စိတ်ထဲတစ်မျိုးကြီးဖြစ် နေတာတာပါလားလို့ သိသွားတာမျိုးပေါ့။ ခုလည်း ဒီအတိုင်းပါပဲ။ သင့်ချစ်သူနဲ့အတူရှိတဲ့အချိန်မှာ သင့်မသိစိတ်က မယုံကြည်သလို ခံစားရတာ၊ သူကိုယ့်ဘေးနားမရှိတဲ့အချိန် သူက ဘယ်နေရာမှာ ဘယ်သူနဲ့လို့ပြောထားပေမယ့် ကိုယ့်စိတ်ထဲ သူပြောတဲ့နေရာမှာ သူမရှိဘူးလို့ ထင်နေမိတာတွေက သင့်မသိစိတ်က သင့်ကိုပြောပြနေတဲ့အရာတွေပါ။ အပေါ်က အချက်တွေနဲ့သင့်မသိစိတ်ကို သေချာပေါင်းစပ်ခံစားကြည့်လိုက်ရင် သူ့မှာနောက်တစ်ယောက်ရှိနေသလားဆိုတာ သင်သိရှိနိုင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top