iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္းမြန္ျမင့္မားတဲ့ အိပ္စက္ျခင္းဟာ ကၽြန္ေတာ္တုိ႔ ဘဝတစ္ေလွ်ာက္လံုးအတြက္ အရမ္းအေရးႀကီးတယ္ဆုိတာကုိ ကၽြန္ေတာ္တုိ႔အားလံုး သိၾကပါတယ္။ အိပ္စက္တာမမွန္ရင္၊ ပင္ပန္ႏြမ္းနယ္မႈ၊ စုိးရိမ္ပူပန္မႈ၊ စိတ္က်ေဝဒနာေတြ အျပင္ ေန႔ဘက္အလုပ္လုပ္ခ်ိန္မွာေတာင္ ရုပ္ပုိင္းနဲ႔ စိတ္ပုိင္းဆုိင္ရာ စြမ္းေဆာင္ရည္ေတြကုိ က်ဆင္းေစပါတယ္။ ေဆးေတြက ကူညီႏုိင္ေပမယ့္ သူတုိ႔မွာလည္း အႏႈတ္လကၡဏာေဆာင္တဲ့ သက္ေရာက္မႈေတြကုိ ျဖစ္ေပၚေစပါတယ္။

ဒါေပမယ့္ကံေကာင္းတာက ရိုးရွင္းတဲ့ ေတးသံေတြကုိ အိပ္တဲ့အခ်ိန္မွာ နားဆင္တာဟာ အိပ္မေပ်ာ္တဲ့ေဝဒနာကုိ လူေတာ္ေတာ္မ်ားမ်ားအတြက္ သက္သာေစတယ္လုိ႔ စိတ္ပညာရွင္ေတြကဆုိပါတယ္။ ျမဴးၾကြတဲ့ ေတးသံေတြဟာ ကၽြန္ေတာ္တုိ႔ခႏၶာကုိယ္စနစ္ထဲမွာရွိတဲ့ စိတ္ဖိစီးမႈ မ်ားေစတဲ့ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ noradrenaline ေဟာ္မုန္းကုိ ေလွ်ာ့ခ်ေပးႏုိင္တာပါ။ ဒီလုိမ်ိဳး စိတ္ဖိစီးမႈကုိ ေလွ်ာ့ခ်လုိက္ႏုိင္ရင္ အိပ္စက္ဖုိ႔အတြက္ ပိုမိုေကာင္းမြန္ေစႏုိင္ပါတယ္။

စိတ္ပုိင္းဆုိင္ရာပညာရွင္ Laszlo Harmat ဟာ အိပ္စက္ျခင္းဆုိင္ရာ ျပသနာရွိေနတဲ့ ေက်ာင္းသား ၉၄ေယာက္ကုိ အုပ္စုသံုးစုခဲြၿပီးစမ္းသပ္ရာမွာ သံုးပတ္ၾကာတဲ့အခါ သီခ်င္းေတြနားဆင္ၿပီးအိပ္စက္တဲ့ ေက်ာင္းသား ၃၀ကေန ၃၅ေယာက္ဟာ အိပ္စက္မႈေကာင္းမြန္တဲ့သူေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

သီခ်င္းသံေတြဟာ လူေတြကုိ ပုိမုိအိပ္စက္မႈေကာင္းမြန္ေအာင္ျပဳလုပ္ႏုိင္ပါတယ္။ သီခ်င္းေတြအေနနဲ႔ မ်ားစြာရွိႏုိင္ေပမယ့္ ဆြတ္ပ်႔ံၾကည္ႏူးဖုိ႔ေကာင္းတဲ့ သီခ်င္းျမဴးျမဴးေတြ၊ Orchestra သီခ်င္းေတြက သင့္အတြက္အိပ္စက္မႈကုိပုိမုိေကာင္းမြန္ေစမွာပါ။ သီခ်င္းသံကလည္း အေရးႀကီးပါတယ္။ အသံအရမ္းက်ယ္ေနရင္ သင့္အေနနဲ႔ အိပ္စက္လုိ႔ ရႏုိင္မွာမဟုတ္လုိ႔ အသံခပ္နိမ့္နိမ့္နဲ႔ ဖြင့္ထားၿပီး နားဆင္ခံစားမယ္ဆုိရင္ သင့္တစ္ညတာအတြက္အေကာင္းမြန္ဆံုး အိပ္စက္မႈေတြဆီ ေရာက္ရွိေစႏုိင္မွာပါ။

Credit : thithtoo lwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကောင်းမွန်မြင့်မားတဲ့ အိပ်စက်ခြင်းဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးအတွက် အရမ်းအရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ အိပ်စက်တာမမှန်ရင်၊ ပင်ပန်နွမ်းနယ်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျဝေဒနာတွေ အပြင် နေ့ဘက်အလုပ်လုပ်ချိန်မှာတောင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကျဆင်းစေပါတယ်။ ဆေးတွေက ကူညီနိုင်ပေမယ့် သူတို့မှာလည်း အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဒါပေမယ့်ကံကောင်းတာက ရိုးရှင်းတဲ့ တေးသံတွေကို အိပ်တဲ့အချိန်မှာ နားဆင်တာဟာ အိပ်မပျော်တဲ့ဝေဒနာကို လူတော်တော်များများအတွက် သက်သာစေတယ်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ မြူးကြွတဲ့ တေးသံတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်စနစ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှု များစေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ noradrenaline ဟော်မုန်းကို လျှော့ချပေးနိုင်တာပါ။ ဒီလိုမျိုး စိတ်ဖိစီးမှုကို လျှော့ချလိုက်နိုင်ရင် အိပ်စက်ဖို့အတွက် ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာပညာရှင် Laszlo Harmat ဟာ အိပ်စက်ခြင်းဆိုင်ရာ ပြသနာရှိနေတဲ့ ကျောင်းသား ၉၄ယောက်ကို အုပ်စုသုံးစုခွဲပြီးစမ်းသပ်ရာမှာ သုံးပတ်ကြာတဲ့အခါ သီချင်းတွေနားဆင်ပြီးအိပ်စက်တဲ့ ကျောင်းသား ၃၀ကနေ ၃၅ယောက်ဟာ အိပ်စက်မှုကောင်းမွန်တဲ့သူတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

သီချင်းသံတွေဟာ လူတွေကို ပိုမိုအိပ်စက်မှုကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။ သီချင်းတွေအနေနဲ့ များစွာရှိနိုင်ပေမယ့် ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ သီချင်းမြူးမြူးတွေ၊ Orchestra သီချင်းတွေက သင့်အတွက်အိပ်စက်မှုကိုပိုမိုကောင်းမွန်စေမှာပါ။ သီချင်းသံကလည်း အရေးကြီးပါတယ်။ အသံအရမ်းကျယ်နေရင် သင့်အနေနဲ့ အိပ်စက်လို့ ရနိုင်မှာမဟုတ်လို့ အသံခပ်နိမ့်နိမ့်နဲ့ ဖွင့်ထားပြီး နားဆင်ခံစားမယ်ဆိုရင် သင့်တစ်ညတာအတွက်အကောင်းမွန်ဆုံး အိပ်စက်မှုတွေဆီ ရောက်ရှိစေနိုင်မှာပါ။

Credit : thithtoo lwin



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top