iMyanmarHouse.com - Best Property Website for Myanmar
×



Credit  :Duwun


Unicode Version

သံပုရာသီးကို အသားအရေပိုင်းဆိုင်ရာ ထိန်းသိမ်းတဲ့ ပစ္စည်းတော်တော်များများမှာ  သုံးကြပါတယ်။  တံတောင်ဆစ်တွေ ကြည့်ရဆိုးအောင် မည်းနေတယ်ဆိုရင်တော့ သံပုရာသီးနဲ့ လုပ်ရတဲ့ ဒီနည်းလေး သုံးကြည့်သင့်ပါတယ်။ နည်းလေးက လုပ်ရတာလည်း လွယ်ပါတယ်။

 သံပုရာသီးကို နှစ်ခြမ်းခွဲပါ။ ရလာတဲ့ သံပုရာသီးစိပ်နဲ့  တံတောင်ဆစ်ကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီးရင်တော့ သုံးနာရီလောက်ထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။ ဆေးတဲ့အခါမှာ ရေနွေးနွေးနဲ့ ဆေးပေးတာ ပိုကောင်းပါတယ်။ ဆေးပြီးတဲ့အခါ သံပုရာသီးက အသားအရေခြောက်တာကြောင့် moisturize ပါတဲ့ လိုရှင်း တစ်ခုလိမ်းပေးထားသင့်ပါတယ်။ သိသိသာသာ ပျောက်ချင်ရင်တော့ ဒီနည်းလေးကို နေ့စဉ်လိမ်းပေးသင့်ပါတယ်။


Credit  :Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top