iMyanmarHouse.com - Best Property Website for Myanmar
×

က်ေနာ္ ဒီဆိုင္မွာ ဘဲဥလာဝယ္တဲ႔အခါတိုင္း သူမကိုအျမဲလိုလိုပဲေတြ႕ေနရတယ္

သူမကလည္း သူမ ဘဲဥ လာဝယ္တဲ႔အခါတိုင္း ကိုယ့္ကိုအျမဲေတြ႕ေနရတယ္လို႔ ကိုယ့္လိုပဲေတြးေနမွာပါပဲေလ

ဲအခါအားေလ်ာ္စြာ ေတြ႕ပါ ၾကံဳပါ ဆံုပါမ်ားလာေတာ႔လည္း တစ္ခြန္းစ နွစ္ခြန္းစ စကားေျပာမိရင္းက အနည္းငယ္ေတာ႔ ရင္းနွီးလာခဲ႔ၾကတယ္

အဲဒီေတာ႔မွ ဘဲဥ ဆိုင္မွာဆံုျဖစ္ပံုေလးကိုေျပာမိၾကရင္း သူကလည္း ဘဲဥ ကိုအရမ္းၾကိဳက္မိ၍ အျမဲလိုလို လာဝယ္ေၾကာင္း ကိုယ္ကလည္း သူမနည္းတူ ပင္ျဖစ္ေၾကာင္း ျပန္ေျပာမိရင္းက အၾကိဳက္ျခင္းတူၾကသည္ဆို၍ နွစ္ေယာက္သားေပါ့ေပါ့ပါးပါးေလးပဲျပိဳင္တူ ရယ္မိခဲ႔ၾကပါေသးတယ္

ဒီလိုတိုက္ဆိုင္စြာ ဆံုေတြ႕မိၾကရင္းနဲ႔ကပဲ အခ်ိန္ေတြၾကာလာေတာ႔လည္း ထိုထက္ကို တစ္ဆင့္ပိုျပီး ခ်စ္သူေတြအျဖစ္ကိုေရာက္ရွိသြားခဲ႔ၾကပါတယ္ !

ခ်စ္သူသက္တမ္းအနည္းငယ ္ၾကာလာတဲ႔အခါ တစ္ေန႔မွာေတာ့

ေမာင္" က်မတို႔ ခိုးေျပးၾကစို႔ေနာ္

ဟင္" ဘယ္လိုျဖစ္တာတုန္းသဲရဲ႕ ရုတ္တရတ္ၾကီး ကိုယ့္မွာဘာမွ မျပင္ဆင္ထားရေသးဘူးေလ ကိုယ့္ဘက္က အားလံုးအဆင္သင့္ျဖစ္တဲ႔အခါ သဲရဲ႕ မိဘေတြဆီမွာ လာေတာင္းရမ္းပါ့မယ္လို႔ ေျပာထားတယ္ေလကြာ သဲေမ႔ေနတာလား

သဲ" မေမ႔ပါဘူးေမာင္ရဲ႕ ခုဟာက သဲကို အိမ္ကေယာက်ာ္းေပးစားေတာ့မွာ အာ႔ေၾကာင့္ခိုးေျပးခိုင္းေနတာပါ

ဘာ" ေယာက်ာ္းေပးစားမယ္ ဟုတ္လား
က်ေနာ္ သူမ မ်က္နွာေလးကိုၾကည့္လိုက္ေတာ႔ မ်က္နွာတည္ေလးနဲ႔ တကယ္ေျပာေနတဲ႔ပံုစံ ဟုတ္ေတာ႔ဟုတ္နိုင္ပါတယ္ သူမရဲ႕ မိဘေတြကလည္း ကိုယ့္ကို မၾကည္ျဖဴခဲ႔သည္ပဲေလ"ဟူး" က်ေနာ ္ရင္ေမာရပါျပီ

ကိုယ့္ဘက္ကလည္း စုေဆာင္းထားတာဘာမွမရွိေသး ဒီအေျခေနနဲ႔ခိုးေျပးလို႔ကေတာ႔ မလြယ္ေၾကာ သူမ ဒီဒုကၡဒဏ္ကို ခံနိုင္ရည္ရွိပါ့မလား ၊ ကိုယ့္ဘက္ကလည္း သူမနဲ႔မေဝးခ်င္ ၊ ဒီလို ဒိြဟစိတ္ေတြနဲ႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိေတာ႔

ဒါေပမယ့္လည္း ကိစၥေတာ႔မရွိေလာက္ပါဘူး သူမကလည္း ဘဲဥၾကိဳက္ ကိုယ္ကလည္းဘဲဥၾကိဳက္ ဘဝအစ ဘယ္ေလာက္ၾကမ္းနိုင္မလည္း အနည္းဆံုးေတာ႔ ဘဲဥနဲ႔ နွစ္ပါးသြားလို႔ရဦးမွာပါဆိုတဲ႔ အေတြးနဲ႔ပဲ က်ေနာ္သူကို ခိုးေျပးသြားပါေတာ႔တယ္

"မဂၤလာကိစၥကိုေတာ့" ကိုယ့္အေျခေနလည္း သူမသိျပီးသားမို႔ နွစ္ဘက္ အသိုင္းဝိုင္းေတြကို အသိေပးနိုင္ရံုေလာက္သာ က်င္းပနိုင္ခဲ႔ၾကပါတယ္

"အိမ္ေထာင္"ဆိုတာကို ဒီလိုနဲ႔ပဲ ထူေထာင္ျဖစ္ခဲ႔တယ္ဆိုပါေတာ႔
ကာလရွည္ၾကာေအာင္ ေပ်ာ္ရႊင္စြာျဖတ္သန္းလာတဲ႔ အိမ္ေထာင္ေရးမွာ ကိစၥတစ္ခုက က်ေနာ္ကို နည္းနည္း အစိုင္ခဲျဖစ္လာေစခဲ႔ပါတယ္

အဲဒါကေတာ႔ ဘဲဥပါ နွစ္ကိုယ္ဘဝအစမွာကတည္းကစားလာရတဲ႔ဘဲဥကို က်ေနာ္ ျငီးေငြ႕လာပါျပီ။ ကိုယ္ကဘဲဥေစာ္ နံလာသလို ိုလူကလည္း ဘဲဥ ရုပ္လည္းေပါက္လာပါျပီ တခါတေလဆိုလည္း ဒီ ဘဲဥ ကိစၥနဲ႔ပဲ ဘာရယ္မဟုတ္ ထမင္းဝိုင္းမွာေတာင္ အလိုလိုေနရင္း စိတ္ေတြတိုတတ္လာပါျပီ။ က်ေနာ္ ဘဲဥကို ဘယ္လိုမွ သည္းခံျပီးမစားနိုင္ေတာ႔ပါ

ဒါေၾကာင့္ ရုပ္ေျပာင္းရုပ္လႊဲေလးျဖစ္လိုျဖစ္ျငား ေစ်းကလည္းသက္သာမလားဆိုျပီး အလုပ္ကအျပန္မွာ ကိုယ္တိုင္ပဲ ၾကက္ဥဆိုင္ထဲ ဝင္လာလိုက္တယ္။ ေျပာင္းစားၾကည့္မယ့္စိတ္ကူးနဲ႔ေပါ့

ထင္တဲ႔အတိုင္းပါပဲ ဘဲဥထက္ေတာင္မွ ေစ်းကေတာ္ေနပါေသးတယ္ အဲဒါနဲ႔ပဲ ၾကီးရာရာ အလံုးေလးေတြေရြးယူေနရင္းက အေတြးတစ္ခုေခါင္းထဲဖ်တ္ခနဲဝင္လာခ်ိန္မွာ ကိုင္ထားတဲ႔ၾကက္ဥကိုေတာင္ျပစ္ခ်လိုက္မိတယ္ "ဟုတ္တယ္" ဒါဘဲဥပဲ ေၾကာ္ရင္ျဖစ္ျဖစ္ ခ်က္ရင္ျဖစ္ျဖစ္ က်က္သြားရင္တူတူပဲ ၊ စိတ္ထဲပ်ိဳ႕ခ်င္သလိုပါျဖစ္လာနဲ႔ မဝယ္ေတာ႔ပဲ လွည့္ထြက္ခဲ႔လာလိုက္ေတာ႔တယ္ ၾကက္ဥသည္ၾကီးကေတာ႔ ပြစီပြစီနဲ႔ ဘာေတြေျပာေနလည္းမသိေတာ႔ပါ

ေျပာင္းစားမလားစိတ္ကူးပါတယ္ အေျခေနကပိုဆိုးလာေတာ႔ ေဒါသေတြကလည္း ဘယ္ကဘယ္လိုထြက္လာမွန္းမသိေတာ႔ ၊ ဒီၾကားထဲ အိမ္နားေရာက္ခါနီးေလးမွာ ဘဲဥသည္အေဒၚၾကီးက လွမ္းႏႈတ္ဆက္ေနေသး ၊ သူလည္းႏႈတ္ဆက္ခ်င္ရွာမွာေပါ့ ကိုယ္ေတြက သူ႔စီးပြားေရးရဲ႕အဓိကမ႑ိဳင္ၾကီးေလ ၊ ကိုယ္ကျပန္ႏႈတ္ဆက္ဖို႔ေနေနသာသာ လွည့္ပင္မၾကည့္ေတာ႔

အိမ္ျပန္ေရာက္တဲ႔ထိ ေဒါသကမေျပ မ်က္နွာကမႈန္ကုပ္ကုပ္ ဒါကို ဇနီးသည္ကမေနသာ ပင္ပန္းလာသည္ဟုထင္ကာ အလိုက္သိစြာပင္ ေရေအးတစ္ခြက္ကို ခပ္လာေပးပါေသးတယ္

သူမက အဲ႔လိုဇနီးေကာင္းပီသတာ ဘဲဥ တမ်ိဳးပဲ ခ်က္တတ္တာကလြဲရင္ က်န္တဲ႔အိမ္မႈကိစၥက ဘာမွေျပာစရာမလို ကိုယ့္ေယာက်ာ္းအေပၚလည္းအရမ္းအလိုက္သိ အဲ့လိုေလးေတြေၾကာင့္ပဲ ခုနက ေဒါသေတြ ဘယ္ကိုထြက္သြားကုန္လည္းမသိေတာ႔

ေမာင္" ပင္ပန္းလာတယ္ဆိုေတာ႔ ခဏ နားျပီးမွေရခ်ိဳးေနာ္

အဲ႔လို အဲ႔လို သိတတ္တာ အဲဒါေလးေတြေၾကာင့္ပဲ အခ်စ္ေတြပိုေနရတာေပါ့

ေမာင္"ေရခ်ိဳးျပီးတာနဲ႔ အရံသင့္စားရေအာင္ "သဲ"ထမင္းပြဲျပင္ထားလိုက္ေတာ႔မယ္ေနာ္

ဘာ"ထမင္းဆိုေသာ စကားေၾကာင့္ ကြ်နု္ပ္မွာၾကက္သီးမ်ားပင္ထကာ ထုခုန္မိမတက္ျဖစ္သြားရပါေတာ႔တယ္ ခုနက ေပ်ာ္ေနတာေလးေတြ ဘယ္ေရာက္မွန္းမသိေတာ႔ အဲ့ေလာက္ထိ ထမင္းစားဖို႔ကိုေၾကာက္ေနပါျပီ ဘဲဥနဲ႔ဆိုတာကိုသိျပီးသားမို႔ေလ

ကိုယ့္မွာလန္႔ျပီး ဘယ္လိုအသံပင္ထြက္သြားသည္မသိ သူမမွာ မ်က္လံုးပင္ျပဴးသြားတဲ႔ပံု ၊ ဘာျဖစ္တာတုန္း "ေမာင္"ရဲ႕ လန္႔လိုက္တာတဲ႔ " ကိုယ္လည္းဘာမွျပန္မေျပာေတာ႔တာမို႔ သူမလည္းဆက္မေမးပဲ မီးဖိုခန္းထဲဝင္သြားလိုက္ပါတယ္

ကိုယ္လည္းေရခ်ိဳးျပီး ထမင္းစားခန္းထဲဝင္လာေတာ႔ အားလံုးဟာအရံသင့္ အဲဒါနဲ႔ပဲ မစားခ်င္စားခ်င္နဲ႔ ထမင္းဝိုင္းမွာဝင္ထိုင္ျပီး ထမင္းကိုသာငံု႕ျပီးနယ္ေနလိုက္တယ္

ေမာင္"ဘာျဖစ္လည္း ထမင္းမစာဖူးလား စားခ်င္စိတ္မရွိလို႔လား
"အင္း" အင္းတစ္လံုးကိုေတာင္ ေခါင္းမေမာ႔ပဲ ေျဖလိုက္မိတယ္
ဒါကိုသူမက မစားလို႔ေတာ႔မရဘူး ေမာင္ရဲ႕ အစာမရွိရင္ေလခံသြာလိမ့္မယ္ဟုဆိုကာ ကိုယ့္ပန္းကန္ထဲကို ဘဲဥ တစ္လံုးခတ္ထည့္ေပးလိုက္တယ္ ကိုယ္ကလည္း ေခါင္းငံု႕ျပီးထမင္းကိုနယ္ေနတာမို႔ မေတြ႕လိုက္ ေတြ႕မွေတြ႕ေတာ႔ ဘဲဥက ပန္းကန္ထဲကိုေရာက္ေနျပီ ေဒါသက ေထာင္းခနဲထြက္လာျပီး ျပႆနာက အဲ႔မွာစေတာ႔တာ

မင္း ဘယ္လိုျဖစ္ေနတာလည္းကြ ငါ့မွာလက္ပါတယ္ စားခ်င္ရင္ငါ့ဟာငါထည့္စားမွာေပါ့ ငါ့ကိုေလာကြတ္ လာမလုပ္နဲ႔လို႔ေျပာရင္း ဘဲဥကို ဟင္းပန္ကန္ထဲျပန္ျပစ္လိုက္တယ္

သူမ မ်က္နွာမေကာင္းေတာ႔ပါ "သဲ"က"ေမာင့္"ကိုစားေစခ်င္လို႔ပါ ေလာကြတ္လုပ္တာမဟုတ္ပါဘူး အဲလိုေတာ႔မေျပာပါနဲ႔"ေမာင္"

ေအး အဲ႔ဒါက မင္းကိစၥ" ဒီမွာ အိမ္ေထာင္စက်တဲ႔အခ်ိန္ထဲက ငါစားလာလိုက္ရတဲ႔ ဘဲဥ ခုထိစားေနရတုန္း မင္း ဘဲဥ တမ်ိဳးပဲခ်တ္တတ္တာလား မင္းဟာ အေတာ္အသံုးမက်တဲ႔မိန္မပဲကြ က်ေနာ္လည္းေဒါသထြက္ေနခ်ိန္မို႔ စကားေတြကို ဘယ္အတိုင္းတာထိေျပာမိလည္းမသိေတာ႕ပါ

သူမလည္း ေဒါသထြက္သြားပံုရကာ က်ေနာ္ကို ရန္ျပန္ေတြ႕ပါေတာ႔တယ္ ၊

ေမာင္"ေျပာသလိုပဲ ဟုတ္တယ္ က်မက ဘဲဥ တစ္မ်ိဳးပဲခ်က္တတ္ပါတယ္ ၊ ေမာင့္"လိုပဲ ဘဲဥကို အျမဲတမ္းမစားနိုင္တဲ႔သူပါ

ဒါေပမယ့္ အသံုမက်ဘူးလို႔ေတာ႔ မေျပာပါနဲ႔ေမာင္
ေမာင္ကေရာ ဘာထူးလို႔လည္း "ေမာင့္" ဝင္ေငြကေရာ ဘဲဥ ဖိုးထက္ကို ပိုခဲ႔လို႔လား

ဒီမွာေမာင္ က်မက ကိုယ္ကြ်မ္းက်င္တဲ႔အလုပ္နဲ႔
ကိုယ္ျဖတ္သန္းရမဲ႔အိမ္ေထာင္ေရးကို ေသခ်ာစိစစ္ေတြးေတာျပီးမွ "ေမာင့္"ကိုလက္ထပ္ခဲ႔တာပါ ၊ ေနာင္လည္းဒီလိုပဲစားရဦးမွာပဲ မစားခ်င္လည္းေန ဟုဆိုကာ ဆူဆူေဆာင္ေဆာက္နဲ႔ထထြက္သြားပါတယ္

ဘာလည္းဟ သူေျပာပံုကပဲ သူက ဘဲဥပဲခ်က္တတ္လို႔ ဘဲဥ ဖိုးေလာက္သာဝင္ေငြရွိတဲ႔ကိုယ့္ကို ေရြးျပီးလက္ထပ္ခဲ႔သလို "ေတေရာပဲ"

ဟုတ္ေတာ႔လည္းဟုတ္ခဲ႔သည္ပါပဲ
သူနဲ႔စေတြ႕တာကလည္း ဘဲဥဆိုင္မွာေလ အဲ႔တုန္းက ဘဲဥကို ၾကိဳက္ၾကပါသည္လို႔ေျပာခဲ႔ၾကေပမယ့္ တကယ္တမ္းၾကေတာ႔ နွစ္ေယာက္လံုးမၾကိဳက္ပါ

ဒီလိုဆိုေတာ႔လည္း သူမေျပာသလိုပါပဲ ေနာင္လည္းစားရဦးမဲ႔တူတူ မစားရင္လည္းငက္မွာမို႕ ခုနက မစားဘူးဆိုျပီး ေဒါသတၾကီး ဟင္ပန္ကန္ထဲထည့္လိုက္တဲ႔ ဘဲဥကို ညင္ညင္သာသာေလးပဲ ျပန္ခတ္ယူလိုက္ရပါေတာ႔တယ္

အဲ႔လိုပါ........
လက္ထပ္ၾကတဲ႔အခါမွာ ခ်စ္ျခင္းျဖင့္လက္ထပ္တာက အိမ္ေထာင္ေရးကို ပိုျပီးသာယာေစသလို ပိုျပီးလည္းခိုင္ျမဲေစပါတယ္ ၊ ဒါေပမယ့္လည္း အိမ္ေထာင္သည္ဘဝကိုျဖတ္သန္းၾကတဲ႔အခါမွာေတာ႔ အခ်စ္တစ္ခုထဲနဲ႔ မျပီးျပည့္စံုေတာ႔ပါဘူး ၊ အရာရာတိုင္းက မျပည့္စံုနိုင္ဘူးဆိုရင္ေတာင္ သူ႕ေနရာနဲ႔သူ ေနသားတက်ေလးျဖစ္ေအာင္ စီစဥ္ထားနိုင္မွ ၊ လုပ္ေဆာင္ထားနိုင္မွျဖစ္သလို ၊ တစ္ေယာက္သေဘာထားကိုလည္း တစ္ေယာက္ကအေလးထားတတ္ဖို႔လိုပါတယ္

ေနာက္ျပီး မိန္းခေလးအတြက္က "အိမ္မႈကိစၥကို" ကြ်မ္းက်င္ပိုင္နိုင္ရမွာျဖစ္သလို
ေယာက်ာ္းေလးအေနနဲ႔ကလည္း ဘဲဥ ဖိုးထက္ေတာ႔ "ဝင္ေငြ"ပိုေနဖို႔ လိုတယ္ေနာ ။ ။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ေနေသြးညိဳ...


Unicode Version

 ကျနော် ဒီဆိုင်မှာ ဘဲဥလာဝယ်တဲ့အခါတိုင်း သူမကိုအမြဲလိုလိုပဲတွေ့နေရတယ်

သူမကလည်း သူမ ဘဲဥ လာဝယ်တဲ့အခါတိုင်း ကိုယ့်ကိုအမြဲတွေ့နေရတယ်လို့ ကိုယ့်လိုပဲတွေးနေမှာပါပဲလေ

ဲအခါအားလျော်စွာ တွေ့ပါ ကြုံပါ ဆုံပါများလာတော့လည်း တစ်ခွန်းစ နှစ်ခွန်းစ စကားပြောမိရင်းက အနည်းငယ်တော့ ရင်းနှီးလာခဲ့ကြတယ်

အဲဒီတော့မှ ဘဲဥ ဆိုင်မှာဆုံဖြစ်ပုံလေးကိုပြောမိကြရင်း သူကလည်း ဘဲဥ ကိုအရမ်းကြိုက်မိ၍ အမြဲလိုလို လာဝယ်ကြောင်း ကိုယ်ကလည်း သူမနည်းတူ ပင်ဖြစ်ကြောင်း ပြန်ပြောမိရင်းက အကြိုက်ခြင်းတူကြသည်ဆို၍ နှစ်ယောက်သားပေါ့ပေါ့ပါးပါးလေးပဲပြိုင်တူ ရယ်မိခဲ့ကြပါသေးတယ်

ဒီလိုတိုက်ဆိုင်စွာ ဆုံတွေ့မိကြရင်းနဲ့ကပဲ အချိန်တွေကြာလာတော့လည်း ထိုထက်ကို တစ်ဆင့်ပိုပြီး ချစ်သူတွေအဖြစ်ကိုရောက်ရှိသွားခဲ့ကြပါတယ် !

ချစ်သူသက်တမ်းအနည်းငယ ်ကြာလာတဲ့အခါ တစ်နေ့မှာတော့

မောင်" ကျမတို့ ခိုးပြေးကြစို့နော်

ဟင်" ဘယ်လိုဖြစ်တာတုန်းသဲရဲ့ ရုတ်တရတ်ကြီး ကိုယ့်မှာဘာမှ မပြင်ဆင်ထားရသေးဘူးလေ ကိုယ့်ဘက်က အားလုံးအဆင်သင့်ဖြစ်တဲ့အခါ သဲရဲ့ မိဘတွေဆီမှာ လာတောင်းရမ်းပါ့မယ်လို့ ပြောထားတယ်လေကွာ သဲမေ့နေတာလား

သဲ" မမေ့ပါဘူးမောင်ရဲ့ ခုဟာက သဲကို အိမ်ကယောကျာ်းပေးစားတော့မှာ အာ့ကြောင့်ခိုးပြေးခိုင်းနေတာပါ

ဘာ" ယောကျာ်းပေးစားမယ် ဟုတ်လား
ကျနော် သူမ မျက်နှာလေးကိုကြည့်လိုက်တော့ မျက်နှာတည်လေးနဲ့ တကယ်ပြောနေတဲ့ပုံစံ ဟုတ်တော့ဟုတ်နိုင်ပါတယ် သူမရဲ့ မိဘတွေကလည်း ကိုယ့်ကို မကြည်ဖြူခဲ့သည်ပဲလေ"ဟူး" ကျနော ်ရင်မောရပါပြီ

ကိုယ့်ဘက်ကလည်း စုဆောင်းထားတာဘာမှမရှိသေး ဒီအခြေနေနဲ့ခိုးပြေးလို့ကတော့ မလွယ်ကြော သူမ ဒီဒုက္ခဒဏ်ကို ခံနိုင်ရည်ရှိပါ့မလား ၊ ကိုယ့်ဘက်ကလည်း သူမနဲ့မဝေးချင် ၊ ဒီလို ဒွိဟစိတ်တွေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့

ဒါပေမယ့်လည်း ကိစ္စတော့မရှိလောက်ပါဘူး သူမကလည်း ဘဲဥကြိုက် ကိုယ်ကလည်းဘဲဥကြိုက် ဘဝအစ ဘယ်လောက်ကြမ်းနိုင်မလည်း အနည်းဆုံးတော့ ဘဲဥနဲ့ နှစ်ပါးသွားလို့ရဦးမှာပါဆိုတဲ့ အတွေးနဲ့ပဲ ကျနော်သူကို ခိုးပြေးသွားပါတော့တယ်

"မင်္ဂလာကိစ္စကိုတော့" ကိုယ့်အခြေနေလည်း သူမသိပြီးသားမို့ နှစ်ဘက် အသိုင်းဝိုင်းတွေကို အသိပေးနိုင်ရုံလောက်သာ ကျင်းပနိုင်ခဲ့ကြပါတယ်

"အိမ်ထောင်"ဆိုတာကို ဒီလိုနဲ့ပဲ ထူထောင်ဖြစ်ခဲ့တယ်ဆိုပါတော့
ကာလရှည်ကြာအောင် ပျော်ရွှင်စွာဖြတ်သန်းလာတဲ့ အိမ်ထောင်ရေးမှာ ကိစ္စတစ်ခုက ကျနော်ကို နည်းနည်း အစိုင်ခဲဖြစ်လာစေခဲ့ပါတယ်

အဲဒါကတော့ ဘဲဥပါ နှစ်ကိုယ်ဘဝအစမှာကတည်းကစားလာရတဲ့ဘဲဥကို ကျနော် ငြီးငွေ့လာပါပြီ။ ကိုယ်ကဘဲဥစော် နံလာသလို ိုလူကလည်း ဘဲဥ ရုပ်လည်းပေါက်လာပါပြီ တခါတလေဆိုလည်း ဒီ ဘဲဥ ကိစ္စနဲ့ပဲ ဘာရယ်မဟုတ် ထမင်းဝိုင်းမှာတောင် အလိုလိုနေရင်း စိတ်တွေတိုတတ်လာပါပြီ။ ကျနော် ဘဲဥကို ဘယ်လိုမှ သည်းခံပြီးမစားနိုင်တော့ပါ

ဒါကြောင့် ရုပ်ပြောင်းရုပ်လွှဲလေးဖြစ်လိုဖြစ်ငြား ဈေးကလည်းသက်သာမလားဆိုပြီး အလုပ်ကအပြန်မှာ ကိုယ်တိုင်ပဲ ကြက်ဥဆိုင်ထဲ ဝင်လာလိုက်တယ်။ ပြောင်းစားကြည့်မယ့်စိတ်ကူးနဲ့ပေါ့

ထင်တဲ့အတိုင်းပါပဲ ဘဲဥထက်တောင်မှ ဈေးကတော်နေပါသေးတယ် အဲဒါနဲ့ပဲ ကြီးရာရာ အလုံးလေးတွေရွေးယူနေရင်းက အတွေးတစ်ခုခေါင်းထဲဖျတ်ခနဲဝင်လာချိန်မှာ ကိုင်ထားတဲ့ကြက်ဥကိုတောင်ပြစ်ချလိုက်မိတယ် "ဟုတ်တယ်" ဒါဘဲဥပဲ ကြော်ရင်ဖြစ်ဖြစ် ချက်ရင်ဖြစ်ဖြစ် ကျက်သွားရင်တူတူပဲ ၊ စိတ်ထဲပျို့ချင်သလိုပါဖြစ်လာနဲ့ မဝယ်တော့ပဲ လှည့်ထွက်ခဲ့လာလိုက်တော့တယ် ကြက်ဥသည်ကြီးကတော့ ပွစီပွစီနဲ့ ဘာတွေပြောနေလည်းမသိတော့ပါ

ပြောင်းစားမလားစိတ်ကူးပါတယ် အခြေနေကပိုဆိုးလာတော့ ဒေါသတွေကလည်း ဘယ်ကဘယ်လိုထွက်လာမှန်းမသိတော့ ၊ ဒီကြားထဲ အိမ်နားရောက်ခါနီးလေးမှာ ဘဲဥသည်အဒေါ်ကြီးက လှမ်းနှုတ်ဆက်နေသေး ၊ သူလည်းနှုတ်ဆက်ချင်ရှာမှာပေါ့ ကိုယ်တွေက သူ့စီးပွားရေးရဲ့အဓိကမဏ္ဍိုင်ကြီးလေ ၊ ကိုယ်ကပြန်နှုတ်ဆက်ဖို့နေနေသာသာ လှည့်ပင်မကြည့်တော့

အိမ်ပြန်ရောက်တဲ့ထိ ဒေါသကမပြေ မျက်နှာကမှုန်ကုပ်ကုပ် ဒါကို ဇနီးသည်ကမနေသာ ပင်ပန်းလာသည်ဟုထင်ကာ အလိုက်သိစွာပင် ရေအေးတစ်ခွက်ကို ခပ်လာပေးပါသေးတယ်

သူမက အဲ့လိုဇနီးကောင်းပီသတာ ဘဲဥ တမျိုးပဲ ချက်တတ်တာကလွဲရင် ကျန်တဲ့အိမ်မှုကိစ္စက ဘာမှပြောစရာမလို ကိုယ့်ယောကျာ်းအပေါ်လည်းအရမ်းအလိုက်သိ အဲ့လိုလေးတွေကြောင့်ပဲ ခုနက ဒေါသတွေ ဘယ်ကိုထွက်သွားကုန်လည်းမသိတော့

မောင်" ပင်ပန်းလာတယ်ဆိုတော့ ခဏ နားပြီးမှရေချိုးနော်

အဲ့လို အဲ့လို သိတတ်တာ အဲဒါလေးတွေကြောင့်ပဲ အချစ်တွေပိုနေရတာပေါ့

မောင်"ရေချိုးပြီးတာနဲ့ အရံသင့်စားရအောင် "သဲ"ထမင်းပွဲပြင်ထားလိုက်တော့မယ်နော်

ဘာ"ထမင်းဆိုသော စကားကြောင့် ကျွနု်ပ်မှာကြက်သီးများပင်ထကာ ထုခုန်မိမတက်ဖြစ်သွားရပါတော့တယ် ခုနက ပျော်နေတာလေးတွေ ဘယ်ရောက်မှန်းမသိတော့ အဲ့လောက်ထိ ထမင်းစားဖို့ကိုကြောက်နေပါပြီ ဘဲဥနဲ့ဆိုတာကိုသိပြီးသားမို့လေ

ကိုယ့်မှာလန့်ပြီး ဘယ်လိုအသံပင်ထွက်သွားသည်မသိ သူမမှာ မျက်လုံးပင်ပြူးသွားတဲ့ပုံ ၊ ဘာဖြစ်တာတုန်း "မောင်"ရဲ့ လန့်လိုက်တာတဲ့ " ကိုယ်လည်းဘာမှပြန်မပြောတော့တာမို့ သူမလည်းဆက်မမေးပဲ မီးဖိုခန်းထဲဝင်သွားလိုက်ပါတယ်

ကိုယ်လည်းရေချိုးပြီး ထမင်းစားခန်းထဲဝင်လာတော့ အားလုံးဟာအရံသင့် အဲဒါနဲ့ပဲ မစားချင်စားချင်နဲ့ ထမင်းဝိုင်းမှာဝင်ထိုင်ပြီး ထမင်းကိုသာငုံ့ပြီးနယ်နေလိုက်တယ်

မောင်"ဘာဖြစ်လည်း ထမင်းမစာဖူးလား စားချင်စိတ်မရှိလို့လား
"အင်း" အင်းတစ်လုံးကိုတောင် ခေါင်းမမော့ပဲ ဖြေလိုက်မိတယ်
ဒါကိုသူမက မစားလို့တော့မရဘူး မောင်ရဲ့ အစာမရှိရင်လေခံသွာလိမ့်မယ်ဟုဆိုကာ ကိုယ့်ပန်းကန်ထဲကို ဘဲဥ တစ်လုံးခတ်ထည့်ပေးလိုက်တယ် ကိုယ်ကလည်း ခေါင်းငုံ့ပြီးထမင်းကိုနယ်နေတာမို့ မတွေ့လိုက် တွေ့မှတွေ့တော့ ဘဲဥက ပန်းကန်ထဲကိုရောက်နေပြီ ဒေါသက ထောင်းခနဲထွက်လာပြီး ပြဿနာက အဲ့မှာစတော့တာ

မင်း ဘယ်လိုဖြစ်နေတာလည်းကွ ငါ့မှာလက်ပါတယ် စားချင်ရင်ငါ့ဟာငါထည့်စားမှာပေါ့ ငါ့ကိုလောကွတ် လာမလုပ်နဲ့လို့ပြောရင်း ဘဲဥကို ဟင်းပန်ကန်ထဲပြန်ပြစ်လိုက်တယ်

သူမ မျက်နှာမကောင်းတော့ပါ "သဲ"က"မောင့်"ကိုစားစေချင်လို့ပါ လောကွတ်လုပ်တာမဟုတ်ပါဘူး အဲလိုတော့မပြောပါနဲ့"မောင်"

အေး အဲ့ဒါက မင်းကိစ္စ" ဒီမှာ အိမ်ထောင်စကျတဲ့အချိန်ထဲက ငါစားလာလိုက်ရတဲ့ ဘဲဥ ခုထိစားနေရတုန်း မင်း ဘဲဥ တမျိုးပဲချတ်တတ်တာလား မင်းဟာ အတော်အသုံးမကျတဲ့မိန်မပဲကွ ကျနော်လည်းဒေါသထွက်နေချိန်မို့ စကားတွေကို ဘယ်အတိုင်းတာထိပြောမိလည်းမသိတော့ပါ

သူမလည်း ဒေါသထွက်သွားပုံရကာ ကျနော်ကို ရန်ပြန်တွေ့ပါတော့တယ် ၊

မောင်"ပြောသလိုပဲ ဟုတ်တယ် ကျမက ဘဲဥ တစ်မျိုးပဲချက်တတ်ပါတယ် ၊ မောင့်"လိုပဲ ဘဲဥကို အမြဲတမ်းမစားနိုင်တဲ့သူပါ

ဒါပေမယ့် အသုံမကျဘူးလို့တော့ မပြောပါနဲ့မောင်
မောင်ကရော ဘာထူးလို့လည်း "မောင့်" ဝင်ငွေကရော ဘဲဥ ဖိုးထက်ကို ပိုခဲ့လို့လား

ဒီမှာမောင် ကျမက ကိုယ်ကျွမ်းကျင်တဲ့အလုပ်နဲ့
ကိုယ်ဖြတ်သန်းရမဲ့အိမ်ထောင်ရေးကို သေချာစိစစ်တွေးတောပြီးမှ "မောင့်"ကိုလက်ထပ်ခဲ့တာပါ ၊ နောင်လည်းဒီလိုပဲစားရဦးမှာပဲ မစားချင်လည်းနေ ဟုဆိုကာ ဆူဆူဆောင်ဆောက်နဲ့ထထွက်သွားပါတယ်

ဘာလည်းဟ သူပြောပုံကပဲ သူက ဘဲဥပဲချက်တတ်လို့ ဘဲဥ ဖိုးလောက်သာဝင်ငွေရှိတဲ့ကိုယ့်ကို ရွေးပြီးလက်ထပ်ခဲ့သလို "တေရောပဲ"

ဟုတ်တော့လည်းဟုတ်ခဲ့သည်ပါပဲ
သူနဲ့စတွေ့တာကလည်း ဘဲဥဆိုင်မှာလေ အဲ့တုန်းက ဘဲဥကို ကြိုက်ကြပါသည်လို့ပြောခဲ့ကြပေမယ့် တကယ်တမ်းကြတော့ နှစ်ယောက်လုံးမကြိုက်ပါ

ဒီလိုဆိုတော့လည်း သူမပြောသလိုပါပဲ နောင်လည်းစားရဦးမဲ့တူတူ မစားရင်လည်းငက်မှာမို့ ခုနက မစားဘူးဆိုပြီး ဒေါသတကြီး ဟင်ပန်ကန်ထဲထည့်လိုက်တဲ့ ဘဲဥကို ညင်ညင်သာသာလေးပဲ ပြန်ခတ်ယူလိုက်ရပါတော့တယ်

အဲ့လိုပါ........
လက်ထပ်ကြတဲ့အခါမှာ ချစ်ခြင်းဖြင့်လက်ထပ်တာက အိမ်ထောင်ရေးကို ပိုပြီးသာယာစေသလို ပိုပြီးလည်းခိုင်မြဲစေပါတယ် ၊ ဒါပေမယ့်လည်း အိမ်ထောင်သည်ဘဝကိုဖြတ်သန်းကြတဲ့အခါမှာတော့ အချစ်တစ်ခုထဲနဲ့ မပြီးပြည့်စုံတော့ပါဘူး ၊ အရာရာတိုင်းက မပြည့်စုံနိုင်ဘူးဆိုရင်တောင် သူ့နေရာနဲ့သူ နေသားတကျလေးဖြစ်အောင် စီစဉ်ထားနိုင်မှ ၊ လုပ်ဆောင်ထားနိုင်မှဖြစ်သလို ၊ တစ်ယောက်သဘောထားကိုလည်း တစ်ယောက်ကအလေးထားတတ်ဖို့လိုပါတယ်

နောက်ပြီး မိန်းခလေးအတွက်က "အိမ်မှုကိစ္စကို" ကျွမ်းကျင်ပိုင်နိုင်ရမှာဖြစ်သလို
ယောကျာ်းလေးအနေနဲ့ကလည်း ဘဲဥ ဖိုးထက်တော့ "ဝင်ငွေ"ပိုနေဖို့ လိုတယ်နော ။ ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:နေသွေးညို...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top