iMyanmarHouse.com - Best Property Website for Myanmar
×


စမတ္ဖုန္း ေရထဲျပဳတ္က်သြားတဲ့အခါ ဒါမွမဟုတ္ မေတာ္တဆ တစ္စိတ္တစ္ပုိင္း ေရစုိသြားတဲ့အခါ ဆန္အုိးထဲမွာ တစ္ညတာ ထည့္ျမွဳပ္ထားလုိက္ရင္ ဆန္က ေရအစုုိဓာတ္ကုိ စုပ္ယူေပးတာေၾကာင့္ စမတ္ဖုန္း ျပန္ေကာင္းလာႏုိင္တဲ့ နည္းလမ္းကုိ သိၾကမွာပါ။

အခုအခါမွာေတာ့ ကၽြမ္းက်င္သူေတြက ဖုန္းေရစုိရင္ ဆန္အိုးထဲထည့္တာထက္ အမ်ားႀကီး ပုိထိေရာက္တဲ့ နည္လမ္းသစ္ကုိ စမ္းသပ္ေတြ႕႐ွိခဲ့ၾကပါတယ္။ ခက္ခဲတဲ့ နည္လမ္းတစ္ခုေတာ့ မဟုတ္ပါဘူး။ ေရစုိသြားတဲ့ သင့္ရဲ႕ဖုန္းကုိ ေၾကာင္ေခ်းခံအျဖစ္ သုံးရတဲ့ ပစၥည္းေတြထဲ ထည့္ထားလုိက္႐ုံပါပဲ။


စမ္းသပ္သူေတြက ႐ႊံ႕ေစးေျမေစနဲ႕ ျပဳလုပ္ထားတဲ့ ေၾကာင္ေခ်းခံထက္ ခရစၥတယ္ (crystal) ပုံစံ ေၾကာင္ေခ်းခံကုိသုံးဖုိ႕ ပိုၿပီးအႀကံျပဳထားပါတယ္။ Gazelle ဝက္ဘ္ဆုိက္မွ စမ္းသပ္သူေတြက ဒီနည္းလမ္းကုိ ေတြ႕႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။ ေၾကာင္ေခ်းခံပစၥည္းက ဆန္ထက္ပုိၿပီးေတာ့ ေရအစုိဓာတ္ကုိ စုပ္ယူႏုိင္စြမ္း႐ွိၿပီး ဖုန္းေရစုိမႈကုိ အျမန္ဆုံးေျခာက္ေသြ႕ေစႏုိင္ပါတယ္။

ေရစုိသြားတဲ့ စမတ္ဖုန္းကုိ ဘက္ထရီနဲ႕ ဆင္းမ္ကတ္ ထုတ္ယူၿပီး တတ္ႏုိင္သေလာက္ ေရေတြထြက္သြားေအာင္ လႈပ္ခါေပးပါ။ ၿပီးရင္ ဖုန္းကုိ ေလျဖင့္ေျခာက္ေသြ႕ေအာင္ ခဏထားၿပီး ေၾကာင္ေခ်းခံပစၥည္းအထုပ္ထဲမွာ တတ္ႏုိင္သေလာက္ အခ်ိန္ၾကာၾကာ ထည့္ထားလုိက္႐ုံပဲ ျဖစ္ပါတယ္။

Gazelle မွာ စမ္းသပ္သူေတြရဲ႕ အဆုိအရ သံုးရက္ၾကာအခ်ိန္က အသင့္ေတာ္ဆုံးပဲလုိ႕ ဆုိပါတယ္။ ေၾကာင္ေခ်းခံ ပစၥည္းအထုပ္ကုိ အိမ္ေမြးတိရစာၦန္ အေရာင္းဆုိင္ေတြနဲက စူပါမတ္ကက္ႀကီးေတြမွာ ဝယ္ယူရ႐ွိႏုိင္ပါတယ္။

Credit: Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 စမတ်ဖုန်း ရေထဲပြုတ်ကျသွားတဲ့အခါ ဒါမှမဟုတ် မတော်တဆ တစ်စိတ်တစ်ပိုင်း ရေစိုသွားတဲ့အခါ ဆန်အိုးထဲမှာ တစ်ညတာ ထည့်မြှုပ်ထားလိုက်ရင် ဆန်က ရေအစိုုဓာတ်ကို စုပ်ယူပေးတာကြောင့် စမတ်ဖုန်း ပြန်ကောင်းလာနိုင်တဲ့ နည်းလမ်းကို သိကြမှာပါ။

အခုအခါမှာတော့ ကျွမ်းကျင်သူတွေက ဖုန်းရေစိုရင် ဆန်အိုးထဲထည့်တာထက် အများကြီး ပိုထိရောက်တဲ့ နည်လမ်းသစ်ကို စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ ခက်ခဲတဲ့ နည်လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ရေစိုသွားတဲ့ သင့်ရဲ့ဖုန်းကို ကြောင်ချေးခံအဖြစ် သုံးရတဲ့ ပစ္စည်းတွေထဲ ထည့်ထားလိုက်ရုံပါပဲ။


စမ်းသပ်သူတွေက ရွှံ့စေးမြေစေနဲ့ ပြုလုပ်ထားတဲ့ ကြောင်ချေးခံထက် ခရစ္စတယ် (crystal) ပုံစံ ကြောင်ချေးခံကိုသုံးဖို့ ပိုပြီးအကြံပြုထားပါတယ်။ Gazelle ဝက်ဘ်ဆိုက်မှ စမ်းသပ်သူတွေက ဒီနည်းလမ်းကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ကြောင်ချေးခံပစ္စည်းက ဆန်ထက်ပိုပြီးတော့ ရေအစိုဓာတ်ကို စုပ်ယူနိုင်စွမ်းရှိပြီး ဖုန်းရေစိုမှုကို အမြန်ဆုံးခြောက်သွေ့စေနိုင်ပါတယ်။

ရေစိုသွားတဲ့ စမတ်ဖုန်းကို ဘက်ထရီနဲ့ ဆင်းမ်ကတ် ထုတ်ယူပြီး တတ်နိုင်သလောက် ရေတွေထွက်သွားအောင် လှုပ်ခါပေးပါ။ ပြီးရင် ဖုန်းကို လေဖြင့်ခြောက်သွေ့အောင် ခဏထားပြီး ကြောင်ချေးခံပစ္စည်းအထုပ်ထဲမှာ တတ်နိုင်သလောက် အချိန်ကြာကြာ ထည့်ထားလိုက်ရုံပဲ ဖြစ်ပါတယ်။

Gazelle မှာ စမ်းသပ်သူတွေရဲ့ အဆိုအရ သုံးရက်ကြာအချိန်က အသင့်တော်ဆုံးပဲလို့ ဆိုပါတယ်။ ကြောင်ချေးခံ ပစ္စည်းအထုပ်ကို အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တွေနဲက စူပါမတ်ကက်ကြီးတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Credit: Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top