iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ ခ်မ္းသာၾကြယ္၀ပါတယ္ဆိုရင္ေတာင္ ပိုက္ဆံျဖဳန္းတာကေတာ့ ေတာ္ေတာ္ေလးအျပစ္ႀကီးပါတယ္။ သင္ကိုယ္တိုင္သတိမထားမိဘဲ သင့္ရဲ႕ ၀င္ေငြေတြကို ျဖဳန္းတီးေနမိတာလည္း ရွိတတ္ပါတယ္။ မေသခ်ာမေရရာတဲ့ ေနာင္လာမယ့္ မနက္ျဖန္အတြက္ ဒီေငြထြက္ေပါက္ (၄) ေပါက္ကို သတိထား ေရွာင္ၾကဥ္ပါ။

(၁) အသစ္အဆန္းျဖစ္တာနဲ႔ပဲ မ၀ယ္မိပါေစနဲ႔။ မနက္ ၂ နာရီမွာ အိုင္ဖုန္း အသစ္ထြက္လို႔ သြားတန္းစီတဲ့လူေတြထဲ သင္ပါခ်င္ပါေနႏိုင္ပါတယ္။ ဒါေပမဲ့ အိုင္ဖုန္းက အသစ္ေတြ ေနာက္ထပ္လည္း ထြက္ေနဦးမယ္ဆိုတာကို သတိျပဳပါ။ ပစၥည္းအသစ္ေတြကို ဘယ္သူမွမ၀ယ္ရင္ ကုမၸဏီရပ္သြားႏိုင္တယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ စင္ေပၚေရာက္တာနဲ႔ ကမန္းကတန္းသြား၀ယ္စရာေတာ့ မလိုလွပါဘူး။

(၂) တကယ္မလိုအပ္ဘဲ ေစ်းခ်တဲ့အေၾကာင္းတစ္ခုတည္းနဲ႔ မ၀ယ္ပါနဲ႔။ ေစ်းေလွ်ာ့ထားတာေတြ ၀ယ္လိုက္မိတဲ့အတြက္ ပံုမွန္ေစ်းနဲ႔ ၀ယ္တာထက္ ေခၽြတာႏိုင္တာပဲလို႔ သင္ေတြးခ်င္ေတြးေနမွာပါ။ ဒါေပမဲ့ စတိုးဆိုင္ေတြ ေစ်းဆိုင္ေတြဟာ တစ္ပတ္တစ္ခါေလာက္ ေစ်းေလွ်ာ့ေနတာေၾကာင့္ ေလွ်ာ့တိုင္းသာမလိုအပ္ဘဲ ၀ယ္မယ္ဆိုရင္ ပစၥည္းအမ်ားစုက အပိုေတြျဖစ္သြားမွာပါပဲ။

(၃) ကိုယ္တကယ္မသံုးတဲ့ ခရက္ဒစ္ကတ္ေတြ အတြက္ လစဥ္ေၾကးေတြ ႏွစ္စဥ္ေၾကးေတြ သြင္းေနရပါတယ္။ တစ္ခါတစ္ေလ အတိုးနဲ႔ေခ်းႏိုင္ဖို႔အတြက္ေတာ့ အျမဲတမ္းပိုက္ဆံသြင္းရမယ့္ ခရက္ဒစ္ကတ္ေတြ မလုပ္ထားပါနဲ႔။

(၄) အျပင္မွာ ခဏခဏထြက္စားတာ ဆိုင္ေတြကလွမ္းမွာစားတာ
ဟာလည္း တြက္ၾကည့္မယ္ဆိုရင္ ေတာ္ေတာ္အကုန္အက်မ်ားပါတယ္။ တကယ္လို႔ သင္ဟာခ်က္ျပဳတ္စားေသာက္သူ မဟုတ္ဘူးဆိုရင္ေတာင္ အိမ္ကိုဝယ္လာၿပီးစားတာက အကုန္အက်ပိုသက္သာပါတယ္။ သင့္ဘာသာသြားဝယ္တဲ့အခါ ဆိုင္မွာသြားစားလို႔ေပးရမယ့္ ၀န္ေဆာင္ခေတြ နဲ႔ ဆိုင္ကလာပို႔လို႔ ေပးရတဲ့ ပို႔ေဆာင္ခေတြကိုေခြ်တာႏိုင္မွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: the Vocie

#Unicode Version

သင့်အနေနဲ့ ချမ်းသာကြွယ်ဝပါတယ်ဆိုရင်တောင် ပိုက်ဆံဖြုန်းတာကတော့ တော်တော်လေးအပြစ်ကြီးပါတယ်။ သင်ကိုယ်တိုင်သတိမထားမိဘဲ သင့်ရဲ့ ဝင်ငွေတွေကို ဖြုန်းတီးနေမိတာလည်း ရှိတတ်ပါတယ်။ မသေချာမရေရာတဲ့ နောင်လာမယ့် မနက်ဖြန်အတွက် ဒီငွေထွက်ပေါက် (၄) ပေါက်ကို သတိထား ရှောင်ကြဉ်ပါ။

(၁) အသစ်အဆန်းဖြစ်တာနဲ့ပဲ မဝယ်မိပါစေနဲ့။ မနက် ၂ နာရီမှာ အိုင်ဖုန်း အသစ်ထွက်လို့ သွားတန်းစီတဲ့လူတွေထဲ သင်ပါချင်ပါနေနိုင်ပါတယ်။ ဒါပေမဲ့ အိုင်ဖုန်းက အသစ်တွေ နောက်ထပ်လည်း ထွက်နေဦးမယ်ဆိုတာကို သတိပြုပါ။ ပစ္စည်းအသစ်တွေကို ဘယ်သူမှမဝယ်ရင် ကုမ္ပဏီရပ်သွားနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စင်ပေါ်ရောက်တာနဲ့ ကမန်းကတန်းသွားဝယ်စရာတော့ မလိုလှပါဘူး။

(၂) တကယ်မလိုအပ်ဘဲ ဈေးချတဲ့အကြောင်းတစ်ခုတည်းနဲ့ မဝယ်ပါနဲ့။ ဈေးလျှော့ထားတာတွေ ဝယ်လိုက်မိတဲ့အတွက် ပုံမှန်ဈေးနဲ့ ဝယ်တာထက် ချွေတာနိုင်တာပဲလို့ သင်တွေးချင်တွေးနေမှာပါ။ ဒါပေမဲ့ စတိုးဆိုင်တွေ ဈေးဆိုင်တွေဟာ တစ်ပတ်တစ်ခါလောက် ဈေးလျှော့နေတာကြောင့် လျှော့တိုင်းသာမလိုအပ်ဘဲ ဝယ်မယ်ဆိုရင် ပစ္စည်းအများစုက အပိုတွေဖြစ်သွားမှာပါပဲ။

(၃) ကိုယ်တကယ်မသုံးတဲ့ ခရက်ဒစ်ကတ်တွေ အတွက် လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေ သွင်းနေရပါတယ်။ တစ်ခါတစ်လေ အတိုးနဲ့ချေးနိုင်ဖို့အတွက်တော့ အမြဲတမ်းပိုက်ဆံသွင်းရမယ့် ခရက်ဒစ်ကတ်တွေ မလုပ်ထားပါနဲ့။

(၄) အပြင်မှာ ခဏခဏထွက်စားတာ ဆိုင်တွေကလှမ်းမှာစားတာ
ဟာလည်း တွက်ကြည့်မယ်ဆိုရင် တော်တော်အကုန်အကျများပါတယ်။ တကယ်လို့ သင်ဟာချက်ပြုတ်စားသောက်သူ မဟုတ်ဘူးဆိုရင်တောင် အိမ်ကိုဝယ်လာပြီးစားတာက အကုန်အကျပိုသက်သာပါတယ်။ သင့်ဘာသာသွားဝယ်တဲ့အခါ ဆိုင်မှာသွားစားလို့ပေးရမယ့် ဝန်ဆောင်ခတွေ နဲ့ ဆိုင်ကလာပို့လို့ ပေးရတဲ့ ပို့ဆောင်ခတွေကိုချွေတာနိုင်မှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: the Vocie


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top