iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်္ားေတြနဲ႕ သူတုိ႕ရဲ႕ စိတ္ရႈပ္စရာ၊ စိတ္ပ်က္စရာ အမူအက်င့္ေတြကို ေတာ္ေတာ္ေလး ေရးသားခဲ့ဖူးၾကေပမယ့္ ဒီတစ္ခါေတာ့ သူတုိ႕ဘက္ကလည္း တစ္ခါျပန္ၿပီး အမ်ိဳးသမီးေတြရဲ႕ ဘယ္လုိအမူအက်င့္မ်ိဳးကို စိတ္ပ်က္တယ္ ၊ မေက်နပ္ဘူးလုိ႕ ခံစားရလည္းဆုိတာကို ေလ့လာၾကည့္ရ ေအာင္ပါ။ ဒါေတြကေတာ့ အမ်ိဳးသမီးေတြရဲ႕ စိတ္တုိခ်င္စရာေကာင္းတဲ့ စရိုက္လကၡဏာအခ်ိဳ႕ပါပဲ။

(၁) ေအးစက္စက္အမူအရာနဲ႕ ဆက္ဆံျခင္း
အမ်ိဳးသမီးေတြက ထူးဆန္းၾကတယ္တဲ့။ သူမတုိ႕ေတြ လံုး၀ ေပါက္ကြဲခ်င္ေနရင္ေတာင္ စိတ္ထဲမွာ မ်ိဳသိပ္ၿပီး တည္ၿငိမ္ေနသလို ဟန္ေဆာင္ထားတတ္တယ္။ ဒါေပမယ့္လည္း ဒါက အပိုအလုပ္ပါ။ သူမသရုပ္ေဆာင္တာက မပီျပင္ပဲ ေအးစက္တဲ့ အသြင္ေပါက္ေနတတ္တယ္။ ျဖစ္ေနတဲ့ ျပႆနာကို အတူအေျဖညွိၾကရေအာင္ ေျပာျပစမ္းပါဆုိလည္း တုတ္တုတ္မွ မလႈပ္တတ္ပါဘူး။ ဒီေတာ့ တကယ္လုိ႕ မင္းအေနနဲ႕ ျပႆနာရဲ႕ အေၾကာင္းရင္းကို မေျပာျပဘူးဆုိရင္ ပိုႀကီးထြားလာၿပီး အေျဖရွာဖုိ႕ရာ ပိုခက္ခဲလာတာပဲ အဖတ္တင္ပါလိမ့္မယ္။

(၂) ခႏၶာကိုယ္အေလးခ်ိန္ကိုသာ စိတ္ထဲစြဲေနျခင္း
 ေတြ႕ရာအမ်ိဳးသားတစ္ဦးကို အမ်ိဳးသမီးတစ္ဦးနဲ႔ ပတ္သက္ၿပီး မင္းနားမလည္ႏုိင္တဲ့ အခ်က္က ဘာလဲလုိ႕ေမးၾကည့္စမ္းပါ။ အေတာ္မ်ားမ်ားက အေလးခ်ိန္နဲ႔ပတ္သက္တဲ့ ကိစၥပဲလုိ႕ျပန္ေျဖၾကပါ လိမ့္မယ္။ သူမတို႕ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္အေၾကာင္းကို ညည္းညဴရင္ အမ်ိဳးသားေတြ အာရံုေနာက္တတ္ၾကပါတယ္။ သူမတုိ႕ ခႏၶာကုိယ္ရဲ႕ တစ္လက္မခ်င္းစီကို အျပစ္မရွိေအာင္ ေစ့ေစ့စပ္စပ္ႀကိဳးစားဖုိ႕ပဲ ေခါင္းထဲမွာရွိေနတာကို မျဖစ္သင့္ဘူးလုိ႕ ထင္ၾကပါတယ္။ ဟုတ္ပါတယ္။ ဒါေၾကာင့္ သူမတုိ႕အေနနဲ႕ အေလးခ်ိန္အေၾကာင္းကို အေရးတယူလုပ္ ေျပာဆုိေနျခင္းေတြ ရပ္သင့္ပါၿပီ။ အလားတူပဲ အသားအေရပ်က္စီးေၾကာင္းေတြ ညည္းညဴေနတာလည္း ေလ်ာ့သင့္ေနပါၿပီ။

(၃) ကစားပြဲတစ္ခု အလယ္မွာ ပစ္ထားခဲ့ျခင္း
အေျပးၿပိဳင္ပြဲ ၊ စစ္တုရင္ၿပိဳင္ပြဲ ၊ ေဘာလံုးၿပိဳင္ပြဲ တစ္ခုခုေပါ့။ အားေပးတဲ့အသင္းခ်င္း မတူညီခဲ့ဘူးဆုိရင္ စကားလံုးေတြနဲ႕ စစ္ခင္းရာမွာ သတိထားဖုိ႕လုိပါတယ္။ တကယ္လုိ႕မ်ား မင္းရဲ႕ အႀကိဳက္ဆံုးအသင္းက ရံႈးနိမ့္သြားခဲ့မယ္ဆုိရင္ေတာင္ “ဒါဟာ ကစားပဲြတစ္ခုပဲေလ”လုိ႕ ေျပာၿပီး အဆံုးသတ္ႏုိင္ဖို႕ လုိပါလိမ့္မယ္။

(၄) အဆင္မေျပတဲ့အခ်ိန္မွာ အဆင္ေျပပါတယ္လို႕ ေျပာျခင္း
“အဆင္ေျပပါတယ္” ဆုိတဲ့ စကားလံုးဟာ ဘာေဆြးေႏြးမႈမွ မလုပ္ခ်င္လုိ႕ ခဏတာငွားရမ္း သံုးစြဲလုိက္တာပါပဲ။ ဒါဟာ ပုရိသမ်ားကို စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ သူက ဒီကိစၥကို တည္ၿငိမ္ရင့္က်က္သူ တစ္ေယာက္လုိမ်ိဳး ေဆြးေႏြးဖို႔ေမွ်ာ္လင့္ထားေပမယ့္ တကယ္တမ္းမွာေတာ့ ဒီစကားတစ္ခြန္းသာ ၾကားလုိက္ရတဲ့အတြက္ အေတာ္ေလး ကသိကေအာက္ျဖစ္သြားႏုိင္ပါတယ္။ ဒီေတာ့ ျပႆနာကိုေျဖရွင္းၿပီး သာမန္လူေတြလိုပဲ ျပဳမူပါ။

(၅)  အခ်စ္ေတာ္ေလးေတြရဲ႕ နာမည္နဲ႕ ရႈပ္ယွက္ခတ္ေနျခင္း

တစ္သက္လံုးမွတ္ထားလုိက္ေတာ့ေနာ္။ အိမ္ေမြးတိရစ ၦာန္ေတြကို cutie pie၊ sweet cheek ၊ honey စသျဖင့္ ေပးထားၿပီး တေၾကာ္ေၾကာ္ေအာ္ေခၚေနရင္ေတာ့ သင့္လူက သူ႕ကိုေရာ ဘယ္လိုနာမ္စားမ်ိဳးနဲ႕ တင္စားေခၚေ၀ၚမွာလဲ။ ဒါမွမဟုတ္ တစ္ေယာက္နဲ႕ တစ္ေကာင္ honey ခ်င္းတူေနတာမ်ိဳးကေတာ့ သူ႕အေနနဲ႕ လက္မခံခ်င္စရာပါပဲ။ ဒီေတာ့ ဆုိခဲ့သလို အျပဳအမူမ်ိဳး လုပ္တတ္တယ္ဆုိရင္ေတာင္ လူၾကားသူၾကားထဲေတာ့ မလုပ္ျဖစ္ေအာင္ ေရွာင္ရွားသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :trend myanmar

#Unicode Version

ယောကျ်ားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေကို တော်တော်လေး ရေးသားခဲ့ဖူးကြပေမယ့် ဒီတစ်ခါတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက်တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာကို လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

(၁) အေးစက်စက်အမူအရာနဲ့ ဆက်ဆံခြင်း
အမျိုးသမီးတွေက ထူးဆန်းကြတယ်တဲ့။ သူမတို့တွေ လုံး၀ ပေါက်ကွဲချင်နေရင်တောင် စိတ်ထဲမှာ မျိုသိပ်ပြီး တည်ငြိမ်နေသလို ဟန်ဆောင်ထားတတ်တယ်။ ဒါပေမယ့်လည်း ဒါက အပိုအလုပ်ပါ။ သူမသရုပ်ဆောင်တာက မပီပြင်ပဲ အေးစက်တဲ့ အသွင်ပေါက်နေတတ်တယ်။ ဖြစ်နေတဲ့ ပြဿနာကို အတူအဖြေညှိကြရအောင် ပြောပြစမ်းပါဆိုလည်း တုတ်တုတ်မှ မလှုပ်တတ်ပါဘူး။ ဒီတော့ တကယ်လို့ မင်းအနေနဲ့ ပြဿနာရဲ့ အကြောင်းရင်းကို မပြောပြဘူးဆိုရင် ပိုကြီးထွားလာပြီး အဖြေရှာဖို့ရာ ပိုခက်ခဲလာတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၂) ခန္ဓာကိုယ်အလေးချိန်ကိုသာ စိတ်ထဲစွဲနေခြင်း
 တွေ့ရာအမျိုးသားတစ်ဦးကို အမျိုးသမီးတစ်ဦးနဲ့ ပတ်သက်ပြီး မင်းနားမလည်နိုင်တဲ့ အချက်က ဘာလဲလို့မေးကြည့်စမ်းပါ။ အတော်များများက အလေးချိန်နဲ့ပတ်သက်တဲ့ ကိစ္စပဲလို့ပြန်ဖြေကြပါ လိမ့်မယ်။ သူမတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်အကြောင်းကို ညည်းညူရင် အမျိုးသားတွေ အာရုံနောက်တတ်ကြပါတယ်။ သူမတို့ ခန္ဓာကိုယ်ရဲ့ တစ်လက်မချင်းစီကို အပြစ်မရှိအောင် စေ့စေ့စပ်စပ်ကြိုးစားဖို့ပဲ ခေါင်းထဲမှာရှိနေတာကို မဖြစ်သင့်ဘူးလို့ ထင်ကြပါတယ်။ ဟုတ်ပါတယ်။ ဒါကြောင့် သူမတို့အနေနဲ့ အလေးချိန်အကြောင်းကို အရေးတယူလုပ် ပြောဆိုနေခြင်းတွေ ရပ်သင့်ပါပြီ။ အလားတူပဲ အသားအရေပျက်စီးကြောင်းတွေ ညည်းညူနေတာလည်း လျော့သင့်နေပါပြီ။

(၃) ကစားပွဲတစ်ခု အလယ်မှာ ပစ်ထားခဲ့ခြင်း
အပြေးပြိုင်ပွဲ ၊ စစ်တုရင်ပြိုင်ပွဲ ၊ ဘောလုံးပြိုင်ပွဲ တစ်ခုခုပေါ့။ အားပေးတဲ့အသင်းချင်း မတူညီခဲ့ဘူးဆိုရင် စကားလုံးတွေနဲ့ စစ်ခင်းရာမှာ သတိထားဖို့လိုပါတယ်။ တကယ်လို့များ မင်းရဲ့ အကြိုက်ဆုံးအသင်းက ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင် “ဒါဟာ ကစားပွဲတစ်ခုပဲလေ”လို့ ပြောပြီး အဆုံးသတ်နိုင်ဖို့ လိုပါလိမ့်မယ်။

(၄) အဆင်မပြေတဲ့အချိန်မှာ အဆင်ပြေပါတယ်လို့ ပြောခြင်း
“အဆင်ပြေပါတယ်” ဆိုတဲ့ စကားလုံးဟာ ဘာဆွေးနွေးမှုမှ မလုပ်ချင်လို့ ခဏတာငှားရမ်း သုံးစွဲလိုက်တာပါပဲ။ ဒါဟာ ပုရိသများကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူက ဒီကိစ္စကို တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်လိုမျိုး ဆွေးနွေးဖို့မျှော်လင့်ထားပေမယ့် တကယ်တမ်းမှာတော့ ဒီစကားတစ်ခွန်းသာ ကြားလိုက်ရတဲ့အတွက် အတော်လေး ကသိကအောက်ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ပြဿနာကိုဖြေရှင်းပြီး သာမန်လူတွေလိုပဲ ပြုမူပါ။

(၅)  အချစ်တော်လေးတွေရဲ့ နာမည်နဲ့ ရှုပ်ယှက်ခတ်နေခြင်း

တစ်သက်လုံးမှတ်ထားလိုက်တော့နော်။ အိမ်မွေးတိရစ ္ဆာန်တွေကို cutie pie၊ sweet cheek ၊ honey စသဖြင့် ပေးထားပြီး တကြော်ကြော်အော်ခေါ်နေရင်တော့ သင့်လူက သူ့ကိုရော ဘယ်လိုနာမ်စားမျိုးနဲ့ တင်စားခေါ်ဝေါ်မှာလဲ။ ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ကောင် honey ချင်းတူနေတာမျိုးကတော့ သူ့အနေနဲ့ လက်မခံချင်စရာပါပဲ။ ဒီတော့ ဆိုခဲ့သလို အပြုအမူမျိုး လုပ်တတ်တယ်ဆိုရင်တောင် လူကြားသူကြားထဲတော့ မလုပ်ဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top