iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးဘ၀တြင္ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ ႐ွဴ႐ိႈက္မိျခင္းေၾကာင့္ ေရရွည္အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ားႏွင့္ က်န္းမာေရးျပႆနာမ်ား ႀကံဳေတြ႕ႏိုင္ၿပီး အသက္တိုႏိုင္ေၾကာင္း အေမရိကန္ႏွလံုးေရာဂါကုသေရးအဖြဲ႕၏ သိပၸံပညာဆိုင္ရာ ေၾကညာခ်က္ အသစ္တစ္ခုအရ သိရသည္။

ပန္းနာရင္က်ပ္ေရာဂါႏွင့္အဆုတ္ေရာဂါတို႔အပါအ၀င္ ကေလး မ်ား ေဆးလိပ္ေငြ႕ႏွင့္ထိေတြ႕ျခင္း၏ အႏၲရာယ္မ်ားကို လူအမ်ား သိရွိထားၾကၿပီးျဖစ္ေသာ္လည္း ကေလးငယ္အမ်ားအျပားသည္ ေန အိမ္ (သို႔မဟုတ္) အမ်ားျပည္သူသြားလာရာေနရာမ်ား (သို႔မဟုတ္) ကားမ်ား၊ ဘတ္စ္ကားမ်ားစီးေနစဥ္တြင္ ေဆးလိပ္ေငြ႕မ်ား ႐ွဴ႐ႈိက္မိေနၾကဆဲျဖစ္ေၾကာင္း သုေတသီ ေဒါက္တာဂီသာရက္ဟူဗာက ေျပာၾကားသည္။

ဆင္းရဲေသာအသိုင္းအ၀ိုင္းမွ ကေလးမ်ား ေဆးလိပ္ေငြ႕ႏွင့္ ထိေတြ႕မႈပိုမ်ားေၾကာင္း ရက္ဟူဗာကေျပာသည္။

အေမရိကန္ႏိုင္ငံတြင္ ေဆးလိပ္မေသာက္ေသာ ကေလးႏွင့္ လူငယ္ ၂၄ သန္းခန္႔သည္ ၎တို႔၏ မိဘမ်ားေဆးလိပ္ေသာက္ေသာ ေၾကာင့္ ေဆးလိပ္ေငြ႕ကို တစ္ဆင့္႐ွဴ႐ႈိက္မိေနၾကေၾကာင္း သုေတ သီမ်ားကေျပာသည္။

အေမရိကန္ႏိုင္ငံတြင္ ၂၀၁၂ ၌ အသက္ (၃)ႏွစ္မွ (၁၁)ႏွစ္အရြယ္ ကေလးငယ္ ၄၁ ရာခိုင္ႏႈန္းႏွင့္ အသက္ (၁၂)ႏွစ္မွ (၁၉) ႏွစ္အရြယ္ ကေလး ၃၄ ရာခိုင္ႏႈန္း၏ ေသြးနမူနာမ်ားတြင္ နီကိုတင္း ၏ ေဘးထြက္ပစၥည္းမ်ားေသာ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္သည့္ Co-tinine ဓာတ္မ်ား စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ မ်ားမၾကာမီႏွစ္မ်ားက အေမရိကန္တြင္ ေဆးလိပ္ေသာက္သူမ်ား ႏွင့္ အတူေနေသာ ကေလးအေရအတြက္၊ လူႀကီးေဆးလိပ္ေသာက္ သူအေရအတြက္ ေလ်ာ့က်သြားေၾကာင္း သိရသည္။

မိဘမ်ား ေဆးလိပ္ေသာက္သံုးမႈေၾကာင့္ ကေလးငယ္မ်ား ေဆးလိပ္ေငြ႕တစ္ဆင့္ခံ႐ွဴ႐ိႈက္မိေသာ ျပႆနာမ်ားကို နားလည္မႈ မရွိျခင္းမွာ ၎တို႔၏ ပညာအဆင့္အတန္း၊ က်န္းမာေရးေစာင့္ ေရွာက္မႈ ခံယူႏိုင္ခြင့္ႏွင့္ အသိုင္းအ၀ိုင္းအတြင္း စံျပေနထိုင္မႈမ်ားႏွင့္ ဆက္စပ္ေနေၾကာင္း သုေတသီမ်ားကေျပာသည္။

မိဘမ်ား ေဆးလိပ္ေသာက္ပါက ကေလးမ်ားလည္း ေဆး လိပ္ေသာက္သူမ်ား ျဖစ္လာႏိုင္ေျခ ပိုမ်ားသည္ဟု သုေတသီမ်ားက ေျပာသည္။

ႏွလံုးေသြးေၾကာကို ထိခိုက္ပ်က္စီးေစၿပီး ႏွလံုးလုပ္ေဆာင္ခ်က္ကို ထိခိုက္ေစသည့္အျပင္ ေဆးလိပ္ေငြ႕တစ္ဆင့္ ႐ွဴ႐ႈိက္မိျခင္း ေၾကာင့္ အ၀လြန္ျခင္း၊ ကိုလက္စထေရာျမင့္မားျခင္း၊ ခႏၶာကိုယ္က အင္ဆူလင္ကို ေကာင္းစြာအသံံုးမခ်ႏိုင္ျခင္းတို႔ အပါအ၀င္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ျဖစ္ပြားလာႏိုင္သည္။

Credit : 7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးဘဝတွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းကြောင့် ရေရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်ပြီး အသက်တိုနိုင်ကြောင်း အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့၏ သိပ္ပံပညာဆိုင်ရာ ကြေညာချက် အသစ်တစ်ခုအရ သိရသည်။

ပန်းနာရင်ကျပ်ရောဂါနှင့်အဆုတ်ရောဂါတို့အပါအဝင် ကလေး များ ဆေးလိပ်ငွေ့နှင့်ထိတွေ့ခြင်း၏ အန္တရာယ်များကို လူအများ သိရှိထားကြပြီးဖြစ်သော်လည်း ကလေးငယ်အများအပြားသည် နေ အိမ် (သို့မဟုတ်) အများပြည်သူသွားလာရာနေရာများ (သို့မဟုတ်) ကားများ၊ ဘတ်စ်ကားများစီးနေစဉ်တွင် ဆေးလိပ်ငွေ့များ ရှူရှိုက်မိနေကြဆဲဖြစ်ကြောင်း သုတေသီ ဒေါက်တာဂီသာရက်ဟူဗာက ပြောကြားသည်။

ဆင်းရဲသောအသိုင်းအဝိုင်းမှ ကလေးများ ဆေးလိပ်ငွေ့နှင့် ထိတွေ့မှုပိုများကြောင်း ရက်ဟူဗာကပြောသည်။

အမေရိကန်နိုင်ငံတွင် ဆေးလိပ်မသောက်သော ကလေးနှင့် လူငယ် ၂၄ သန်းခန့်သည် ၎င်းတို့၏ မိဘများဆေးလိပ်သောက်သော ကြောင့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူရှိုက်မိနေကြကြောင်း သုတေ သီများကပြောသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၂ ၌ အသက် (၃)နှစ်မှ (၁၁)နှစ်အရွယ် ကလေးငယ် ၄၁ ရာခိုင်နှုန်းနှင့် အသက် (၁၂)နှစ်မှ (၁၉) နှစ်အရွယ် ကလေး ၃၄ ရာခိုင်နှုန်း၏ သွေးနမူနာများတွင် နီကိုတင်း ၏ ဘေးထွက်ပစ္စည်းများသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် Co-tinine ဓာတ်များ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ သို့သော် များမကြာမီနှစ်များက အမေရိကန်တွင် ဆေးလိပ်သောက်သူများ နှင့် အတူနေသော ကလေးအရေအတွက်၊ လူကြီးဆေးလိပ်သောက် သူအရေအတွက် လျော့ကျသွားကြောင်း သိရသည်။

မိဘများ ဆေးလိပ်သောက်သုံးမှုကြောင့် ကလေးငယ်များ ဆေးလိပ်ငွေ့တစ်ဆင့်ခံရှူရှိုက်မိသော ပြဿနာများကို နားလည်မှု မရှိခြင်းမှာ ၎င်းတို့၏ ပညာအဆင့်အတန်း၊ ကျန်းမာရေးစောင့် ရှောက်မှု ခံယူနိုင်ခွင့်နှင့် အသိုင်းအဝိုင်းအတွင်း စံပြနေထိုင်မှုများနှင့် ဆက်စပ်နေကြောင်း သုတေသီများကပြောသည်။

မိဘများ ဆေးလိပ်သောက်ပါက ကလေးများလည်း ဆေး လိပ်သောက်သူများ ဖြစ်လာနိုင်ခြေ ပိုများသည်ဟု သုတေသီများက ပြောသည်။

နှလုံးသွေးကြောကို ထိခိုက်ပျက်စီးစေပြီး နှလုံးလုပ်ဆောင်ချက်ကို ထိခိုက်စေသည့်အပြင် ဆေးလိပ်ငွေ့တစ်ဆင့် ရှူရှိုက်မိခြင်း ကြောင့် အဝလွန်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်း၊ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာအသံုံးမချနိုင်ခြင်းတို့ အပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားလာနိုင်သည်။

Credit : 7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top