iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားနဲ႔မိန္းမ အတူေပါင္းသင္းတာက ခက္ခဲတဲ့အလုပ္ျဖစ္သလို အႏုပညာတစ္မ်ဳိးဆိုလည္း ဟုတ္ပါတယ္။ ဒီလိုေပါင္းသင္းရာမွာ ကိုယ့္ဘက္က တစ္ခုခုခြၽတ္ယြင္းတာပဲျဖစ္ျဖစ္ သူ႔ဘက္က တစ္ခုခုခြၽတ္ယြင္းတာပဲျဖစ္ျဖစ္ မလိုအပ္တဲ့ အတိုက္အခိုက္ေတြ ေပၚလာႏိုင္ပါတယ္။ တစ္ခါတေလ မိန္းကေလးတစ္ေယာက္ရဲ႕ မ်က္ေစာင္းတစ္ခ်က္၊ အျပဳအမႈတခ်ဳိ႕က ေယာက္်ားေတြကို အံႀကိတ္ေစႏိုင္ခဲ့တယ္။ သင္ရဲ႕ အိမ္ႀကီးရွင္မမွာ ေအာက္က ေယဘုယ်အခ်က္ေတြ ရွိပါသလား?

(၁) ခ်ိန္းေတြ႔ခ်ိန္ တမင္ေနာက္က်ျခင္း

"ခ်ိန္းေတြ႔ခ်ိန္ ေနာက္က်ျခင္းအႏုပညာ"ကို ဘယ္အခ်ိန္ကစၿပီး မိန္းကေလးေတြ ႏွစ္သက္ခဲ့မွန္းမသိပါဘူး။ ေယာက္်ားေလးရဲ႕ စိတ္ရွည္သည္းခံႏိုင္မႈအေပၚ လိုက္ၿပီး ခ်ိန္းထားခ်ိန္နဲ႔ (၅)မိနစ္၊ (၁ဝ)မိနစ္ထိ တခ်ဳိ႕က ဒီထက္ပိုေနာက္က်တတ္ၾကၿပီး ကိုယ့္အေပၚထားတဲ့ ေယာက္်ားေလးရဲ႕ခံစားခ်က္ကို စမ္းသပ္ခဲ့ၾကတယ္။

ေယာက္်ားေလး စိုးရိမ္တဲ့အထိ၊ စိတ္ပူတဲ့အထိ ၿပီးေတာ့ စိတ္တိုတဲ့အထိ ေစာင့္ခိုင္းေစၿပီး "ေနာက္တစ္ႀကိမ္ ဒီလိုမျဖစ္ေစနဲ႔"လို႔ ကိုယ့္ကို အသံမာနဲ႔ သူေအာ္ေငါက္ခဲ့ရင္ ေနာက္တစ္ႀကိမ္ ခ်ိန္းတဲ့အခါ မသြားဘဲ ေနလိုက္တတ္ၾကတယ္။ ဒါေပမယ့္ ေယာက္်ားေလးအမ်ားစုက ေအာင့္အီးသည္းခံၿပီး အၿပံဳးမ်က္ႏွာနဲ႔ "ကိစၥမရွိဘူး.. ကိုယ္လဲအခုမွေရာက္တယ္"လို႔ ေျပာတတ္ၾကတယ္။ တကယ္ေတာ့ ေစာင့္ေနရင္းက ေဆးလိပ္တစ္ထုပ္ကို စိတ္တိုတိုနဲ႔အားရပါးရ သူေသာက္ခဲ့ၿပီးျဖစ္တယ္။

(၂) တကယ္လို႔ ကြၽန္မနဲ႔ရွင့္ေမေမ ေရေခ်ာင္းထဲက်သြားရင္ ရွင္ဘယ္သူ႔ကိုအရင္ကယ္မွာလဲ?

ဒါဟာ ေရွးအရမ္းက်တဲ့ ခပ္တံုးတံုး ေရြးခ်ယ္မႈပုစာၦတစ္ပုဒ္ျဖစ္တယ္။ ဒီပုစာၦက လူမဆန္တဲ့အျပင္ စိတ္ၾကည္ႏူးစရာလည္း မေကာင္းပါဘူး။ ေယာက္်ားေလးအတြက္ အင္မတန္ရက္စက္တဲ့၊ ေရွ႕မတိုး ေနာက္မဆုတ္သာတဲ့ ေရြးခ်ယ္မႈျဖစ္တယ္။ ဒါဟာ ေယာက္်ားေလးကို ေခ်ာက္ထဲတြန္းခ်တာနဲ႔ မျခားပါဘူး။

(၃) "ကြၽန္မကိုခ်စ္လား?" "ဘယ္ေလာက္ထိခ်စ္လဲ?"

ဒီလိုအေမးေတြကို တစ္ေန႔ (n)အႀကိမ္ေျမာက္ေမးရလည္း မိန္းကေလးေတြက မၿငီးေငြ႔တတ္ၾကဘူး။ တကယ္လို႔ ေယာက္်ားေလးသာ စိတ္မရွည္ဘဲေျဖခဲ့မိရင္ ငါ့ကိုအေလးမထားဘူး၊ ဂရုမစိုက္ဘူးဆိုၿပီး ေယာက္်ားေလးဆီကေန ဂတိ၊ သစၥာေတြကို ေတာင္းခံတတ္တယ္။ မိန္းကေလးေတြထက္စာရင္ ေယာက္်ားေလးေတြရဲ႕ ဦးေႏွာက္ခံစားခ်က္နဲ႔ ေျပာဆိုဆက္ဆံေရးက သိပ္ဆက္သြယ္မထားဘူး။ ဒါေၾကာင့္ "နင့္ကိုငါခ်စ္တယ္"ဆိုတဲ့စကားကို သူတို႔အလြယ္တကူ မေျပာတတ္ၾကဘူး။ ဒီလိုအခ်ိန္မွာ ေယာက္်ားေလးေတြက သူတို႔ခံစားခ်က္ကို ထုတ္ေဖာ္တာမ်ဳိးမဟုတ္ဘဲ ကိစၥတစ္ခုကိုေျဖရွင္းေနတာမ်ဳိး ျဖစ္သြားတတ္တယ္။

(၄) ငိုတယ္၊ ရစ္တယ္ ၿပီးရင္လမ္းခဲြမယ္

ငိုတာကို လက္ခံႏိုင္ပါတယ္။ ငိုတယ္ဆိုတာ မိန္းမသားေတြရဲ႕မူပိုင္မို႔ လွပပါတယ္။ ရစ္တာက ေခါင္းေျခာက္စရာဆုိေပမယ့္ ခ်စ္စရာေကာင္းတဲ့အခ်ိန္လည္း ရွိပါတယ္။ ဒါေပမယ့္ "လမ္းခဲြမယ္" ဆိုတဲ့စကားက အက်ည္းတန္ဆံုးျဖစ္တယ္။ မိန္းကေလးတခ်ဳိ႕က ဓားထက္ထက္ေသြးၿပီး အစိမ္းသက္သက္ ခုတ္ျဖတ္မယ္ပံုစံနဲ႔ "သရုပ္အတုေဆာင္"ၿပီး ေယာက္်ားေလးကို ၿခိမ္းေျခာက္တတ္ၾကတယ္။ အဲဒီလိုအခ်ိန္မွာ မိန္းကေလးေတြေပးတဲ့ စိတ္ဖိအားကို မခံႏိုင္တဲ့ တခ်ဳိ႕ေယာက္်ားေလးေတြက တကယ္လမ္းခဲြလိုက္တတ္တယ္။

(၅) "Shakiraကို ႀကိဳက္လား?"

မိန္းကေလးတခ်ဳိ႕က ဒီလိုအေမးမ်ဳိးေမးၿပီး ေယာက္်ားေလးေျဖမယ့္အေျဖကို စိတ္ဝင္တစားနဲ႔ ေစာင့္ေနတတ္တယ္။ တကယ္ေတာ့ အမ်ားအားျဖင့္ မိန္းကေလးေတြက ေယာက္်ားေလးေတြဆီက "ၿပီးျပည့္စံုတဲ့အေျဖ"ကိုပဲၾကားခ်င္ၿပီး "တကယ့္ ရင္ထဲကလာတဲ့အေျဖ"ကို ၾကားခ်င္ခဲ့တာမဟုတ္ဘူး။ ဒီလိုအေမးက ေယာက္်ားေလးေတြကို အေျဖရၾကပ္ေစတယ္။ တျခားမိန္းကေလးေတြကို မၾကည့္ရႈ၊ မခံစားတတ္တဲ့ ေယာက္်ားေလးဆိုတာ မရွိပါဘူး။ ေယာက္်ားအမ်ားစုက မိန္းကေလးေတြကို ေငးေမာၿပီး စိတ္ကူးယဥ္တတ္ၾကတယ္။ ဒီသေဘာကို နားလည္ခဲ့ရင္ က်ားတစ္ေကာင္ကို အတင္းအဓမၼ ေၾကာင္လုပ္ခိုင္းၿပီး ၾကြက္ဖမ္းခိုင္းဖို႔ မသင့္ပါဘူး။

(၆) သူငယ္ခ်င္းက အေရးႀကီးတာလား? ကြၽန္မကအေရးႀကီးတာလား?

ခ်စ္သူရွိၿပီေဟ့ဆိုတာနဲ႔ ေယာက္်ားေလးေတြမွာ လြတ္လပ္မႈေတြ ဆံုး႐ႈံးကုန္တယ္။ တကယ္လို႔ သူငယ္ခ်င္းတခ်ဳိ႕နဲ႔ ေတြ႔ဆံုေပ်ာ္ပါးၿပီး ခ်စ္သူေကာင္မေလးအိမ္ကိုမီးေခ်ာင္းလဲဖို႔အေရာက္ေနာက္က်ခဲ့ရင္ ဒါဟာ မီးေတာင္ေပါက္ကဲြတာထက္ ပိုျပင္းထန္တဲ့ ကိစၥတစ္ရပ္ျဖစ္သြားႏိုင္တယ္။ မိဘေတြေရွ႕ မ်က္ႏွာလုပ္ၿပီး ကြၽန္မကိုသာ "တစ္,ေနရာ"မွာထားေၾကာင္း သူျပသခ်င္လိုျဖစ္တယ္။ တကယ္ေတာ့ ကိုယ့္ကို သူအေလးေပးသလို သူ႔မွာလည္း သူငယ္ခ်င္းေတြလိုေၾကာင္း မိန္းကေလးေတြ သိထားသင့္ပါတယ္။ သူ႔ကိုသီးသန္႔ခဲြၿပီး မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ခဲြထားခဲ့ရင္ သူ႔အတြက္ အိမ္ေထာင္ဆိုတာ ေထာင္နဲ႔မျခားေတာ့ပါဘူး။

(၇) စိန္လက္စြပ္မွ

တခ်ဳိ႕မိန္းကေလးက ၾကြားဝါၿပိဳင္ဆိုင္လိုစိတ္ ျပင္းၾကတယ္။ လက္ထပ္ခ်ိန္ သူ႔ဘက္က အဆင္ေျပ၊ မေျပမသိဘဲ "စိန္လက္စြပ္"မပါရင္ မရဘူးဆိုၿပီး ေယာက္်ားေလးေတြကို ဖိအားေပးတတ္တယ္။ လက္မထပ္မီ စိုးရိမ္ေၾကာင့္က်စိတ္က ေယာက္်ားေလးေတြကို အေဝးထြက္ေျပးခ်င္စိတ္ ျဖစ္ေစတတ္ပါတယ္။ တကယ္ေတာ့ အခ်စ္ကို ဂုဏ္ပကာသနေတြနဲ႔ ဝင့္ၾကြားသက္ေသျပစရာ မလိုပါဘူး။ မီွႏိုင္တဲ့ေယာက္်ား၊ ေပြ႔ဖက္ႏိုင္တဲ့ေယာက္်ားျဖစ္ဖို႔ပဲ လိုပါတယ္။

(၈) လူပံုအလည္မွာ သြန္သင္ၿပီး စားပဲြခံုေအာက္ကေန ေျခထိုးတတ္သူ

ေယာက္်ားေလးေတြက မ်က္ႏွာသာေပးတာကို လိုခ်င္ၾကတယ္။ ဇနီးေခ်ာေလး ပိုင္ဆိုင္ထားတယ္လို႔ သတင္းေမႊးၿပီး လူပံုအလည္မွာ အဲဒီဇနီးေခ်ာရဲ႕ အဆံုးအမကိုခံရမွာ ေယာက္်ားေလးေတြ အေၾကာက္ဆံုးျဖစ္တယ္။ ဒါဟာ သူတို႔ရဲ႕အရႈိက္ကိုထိေစၿပီး မယားေၾကာက္လို႔ အရွက္ရေစပါတယ္။ မယားေၾကာက္သူတစ္ေယာက္မွာ ဘာေလးစားမႈ၊ ဘာဂုဏ္ယူစရာေတြ ရွိႏိုင္ဦးမလဲ?

(၉) ေယာကၡမကို မ်က္ႏွာေသျပသူ

ေယာက္်ားေလးေတြ အေၾကာက္ဆံုးက ေယာကၡမနဲ႔ေခြၽးမ မတည့္တာပဲျဖစ္တယ္။ မိန္းမသားႏွစ္ေယာက္ရဲ႕ စစ္ပဲြမွာ ေနာက္ဆံုးဗံုးထိခံရသူက သူပဲျဖစ္ေနလို႔ျဖစ္တယ္။ ေယာကၡမနဲ႔ေခြၽးမ မတည့္ခဲ့ရင္ ျပႆနာေတြက အလိုလိုေနရင္း ေပၚေနတတ္တယ္။ ဒီလိုအေျခအေနမ်ဳိးမွာ ေယာက္်ားေလးက ငရဲေရာက္ေနတတ္တယ္။

(၁ဝ) ဖုန္းစစ္ေဆးသူ၊ အိတ္ကပ္ႏႈိက္သူ

ေယာက္်ားေလးရဲ႕ဖုန္းကို စစ္တတ္သူက သူ႔ရဲ႕"ေန႔စဥ္ဘဝကို" သတိထားသူျဖစ္ၿပီး အိတ္ကပ္ႏႈိက္သူက သူ႔ရဲ႕ "ေငြဝင္ေငြထြက္"ကို စစ္ေဆးသူျဖစ္တယ္။ တစ္ေနရာမွာ "ဘဏ္"အေသးစား ရွိေနမလား? ထိမ္ခ်န္ၿပီး စာရင္းျပသလား? ဝင္ေငြကိုေလ်ာ့ျပသလား? စတဲ့ "မယံုၾကည္မႈ"ေတြေၾကာင့္ျဖစ္တယ္။ ဒီလိုမိသားစုမွာ ဦးေဆာင္ရတဲ့ေယာက္်ားေတြက တကယ္ပဲဖိအားမ်ားၿပီး ပင္ပန္းရပါတယ္။ အမွားေတြ အလြယ္တကူ လုပ္မိတတ္ပါတယ္။

(၁၁) ေဘးအိမ္က ကားအသစ္လဲၿပီတဲ့!

မိန္းကေလးေတြရဲ႕ ဒီလို လိုအင္တပ္မက္မႈေတြက ေယာက္်ားတစ္ေယာက္ကို ဦးေႏွာက္ေျခာက္ေစသလို သိမ္ငယ္စိတ္ေတြ ဝင္ေစပါတယ္။ ကိုယ့္တပ္မက္စိတ္ရဲ႕ ဖိအားေၾကာင့္ ေယာက္်ားတခ်ဳိ႕ကသည္းမခံႏိုင္ဘဲ"ေဘးအိမ္ကမိန္းမအသစ္လဲၿပီ"တဲ့လို႔ ေျပာထြက္
တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ဳိးမွာ မိန္းမက သူ႔ဝင္ေငြနည္းတာကို ေလွာင္ေျပာင္ၿပီး သူ႔ဝင္ေငြနဲ႔ မိသားစုတန္ဖိုးကို ပိုင္းျဖတ္လိုက္တယ္လို႔ သူထင္တတ္ပါတယ္။ ဒါဟာ သူ႔ရဲ႕အသံုးမက်မႈကို မေထမဲ့ျမင္လုပ္ေနတာနဲ႔ အတူတူပဲျဖစ္တယ္။

မိသားစုတာဝန္၊ အိမ္ေထာင္တာဝန္ေတြနဲ႔ ဖိအားမ်ားလြန္းေပမယ့္ ေယာက္်ားေတြက အလြယ္တကူ မညည္းညဴတတ္ၾကဘူး။ ဆင္းရဲပင္ပန္းေပမယ့္ မ်က္ႏွာက အလြယ္တကူ မညိဳးက်တတ္ဘူး။ သူတို႔ရဲ႕အေၾကာတစ္ေခ်ာင္းဆဲြႏႈတ္လိုက္တာေတာင္မွ ေယာက္်ားေတြကႀကံ့ႀကံ့ခံ
ဟန္ေဆာင္ႏိုင္ၾကတယ္။ ဒါေပမယ့္ ကိုယ္ခ်စ္တဲ့ မိန္းမတစ္ေယာက္ရဲ႕ စကားတစ္ခြန္း၊ အျပဳအမႈတစ္ခု၊ မေတာ္တဆ ထိခိုက္နာက်င္မႈတစ္ခုက သူ႔တို႔ဘဝကို ဆံုး႐ႈံးေစႏိုင္ခဲ့တယ္။ ေယာက္်ားေတြထက္ မိန္းမေတြပုိအသက္ရွည္တာက ဒီသေဘာတရားပဲျဖစ္တယ္။ မိန္းမျမတ္တစ္ေယာက္က ေယာက္်ားတစ္ေယာက္ကို ထြက္လမ္းေလးေပးသင့္ပါတယ္။ တကယ္ေတာ့ ေယာက္်ားေတြက မိန္းမေတြရဲ႕ ဂရုစိုက္မႈကို ပိုလိုအပ္ခဲ့ၾကတယ္။

Credit:မနုိင္းနုိင္းရဲ့ အိမ္ေထာင္ေရးဗဟုသုတ


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောက်ျားနဲ့မိန်းမ အတူပေါင်းသင်းတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အနုပညာတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ ဒီလိုပေါင်းသင်းရာမှာ ကိုယ့်ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် သူ့ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အတိုက်အခိုက်တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ မျက်စောင်းတစ်ချက်၊ အပြုအမှုတချို့က ယောက်ျားတွေကို အံကြိတ်စေနိုင်ခဲ့တယ်။ သင်ရဲ့ အိမ်ကြီးရှင်မမှာ အောက်က ယေဘုယျအချက်တွေ ရှိပါသလား?

(၁) ချိန်းတွေ့ချိန် တမင်နောက်ကျခြင်း

"ချိန်းတွေ့ချိန် နောက်ကျခြင်းအနုပညာ"ကို ဘယ်အချိန်ကစပြီး မိန်းကလေးတွေ နှစ်သက်ခဲ့မှန်းမသိပါဘူး။ ယောက်ျားလေးရဲ့ စိတ်ရှည်သည်းခံနိုင်မှုအပေါ် လိုက်ပြီး ချိန်းထားချိန်နဲ့ (၅)မိနစ်၊ (၁ဝ)မိနစ်ထိ တချို့က ဒီထက်ပိုနောက်ကျတတ်ကြပြီး ကိုယ့်အပေါ်ထားတဲ့ ယောက်ျားလေးရဲ့ခံစားချက်ကို စမ်းသပ်ခဲ့ကြတယ်။

ယောက်ျားလေး စိုးရိမ်တဲ့အထိ၊ စိတ်ပူတဲ့အထိ ပြီးတော့ စိတ်တိုတဲ့အထိ စောင့်ခိုင်းစေပြီး "နောက်တစ်ကြိမ် ဒီလိုမဖြစ်စေနဲ့"လို့ ကိုယ့်ကို အသံမာနဲ့ သူအော်ငေါက်ခဲ့ရင် နောက်တစ်ကြိမ် ချိန်းတဲ့အခါ မသွားဘဲ နေလိုက်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားလေးအများစုက အောင့်အီးသည်းခံပြီး အပြုံးမျက်နှာနဲ့ "ကိစ္စမရှိဘူး.. ကိုယ်လဲအခုမှရောက်တယ်"လို့ ပြောတတ်ကြတယ်။ တကယ်တော့ စောင့်နေရင်းက ဆေးလိပ်တစ်ထုပ်ကို စိတ်တိုတိုနဲ့အားရပါးရ သူသောက်ခဲ့ပြီးဖြစ်တယ်။

(၂) တကယ်လို့ ကျွန်မနဲ့ရှင့်မေမေ ရေချောင်းထဲကျသွားရင် ရှင်ဘယ်သူ့ကိုအရင်ကယ်မှာလဲ?

ဒါဟာ ရှေးအရမ်းကျတဲ့ ခပ်တုံးတုံး ရွေးချယ်မှုပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။ ဒီပုစ္ဆာက လူမဆန်တဲ့အပြင် စိတ်ကြည်နူးစရာလည်း မကောင်းပါဘူး။ ယောက်ျားလေးအတွက် အင်မတန်ရက်စက်တဲ့၊ ရှေ့မတိုး နောက်မဆုတ်သာတဲ့ ရွေးချယ်မှုဖြစ်တယ်။ ဒါဟာ ယောက်ျားလေးကို ချောက်ထဲတွန်းချတာနဲ့ မခြားပါဘူး။

(၃) "ကျွန်မကိုချစ်လား?" "ဘယ်လောက်ထိချစ်လဲ?"

ဒီလိုအမေးတွေကို တစ်နေ့ (n)အကြိမ်မြောက်မေးရလည်း မိန်းကလေးတွေက မငြီးငွေ့တတ်ကြဘူး။ တကယ်လို့ ယောက်ျားလေးသာ စိတ်မရှည်ဘဲဖြေခဲ့မိရင် ငါ့ကိုအလေးမထားဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ယောက်ျားလေးဆီကနေ ဂတိ၊ သစ္စာတွေကို တောင်းခံတတ်တယ်။ မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေရဲ့ ဦးနှောက်ခံစားချက်နဲ့ ပြောဆိုဆက်ဆံရေးက သိပ်ဆက်သွယ်မထားဘူး။ ဒါကြောင့် "နင့်ကိုငါချစ်တယ်"ဆိုတဲ့စကားကို သူတို့အလွယ်တကူ မပြောတတ်ကြဘူး။ ဒီလိုအချိန်မှာ ယောက်ျားလေးတွေက သူတို့ခံစားချက်ကို ထုတ်ဖော်တာမျိုးမဟုတ်ဘဲ ကိစ္စတစ်ခုကိုဖြေရှင်းနေတာမျိုး ဖြစ်သွားတတ်တယ်။

(၄) ငိုတယ်၊ ရစ်တယ် ပြီးရင်လမ်းခွဲမယ်

ငိုတာကို လက်ခံနိုင်ပါတယ်။ ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့မူပိုင်မို့ လှပပါတယ်။ ရစ်တာက ခေါင်းခြောက်စရာဆိုပေမယ့် ချစ်စရာကောင်းတဲ့အချိန်လည်း ရှိပါတယ်။ ဒါပေမယ့် "လမ်းခွဲမယ်" ဆိုတဲ့စကားက အကျည်းတန်ဆုံးဖြစ်တယ်။ မိန်းကလေးတချို့က ဓားထက်ထက်သွေးပြီး အစိမ်းသက်သက် ခုတ်ဖြတ်မယ်ပုံစံနဲ့ "သရုပ်အတုဆောင်"ပြီး ယောက်ျားလေးကို ခြိမ်းခြောက်တတ်ကြတယ်။ အဲဒီလိုအချိန်မှာ မိန်းကလေးတွေပေးတဲ့ စိတ်ဖိအားကို မခံနိုင်တဲ့ တချို့ယောက်ျားလေးတွေက တကယ်လမ်းခွဲလိုက်တတ်တယ်။

(၅) "Shakiraကို ကြိုက်လား?"

မိန်းကလေးတချို့က ဒီလိုအမေးမျိုးမေးပြီး ယောက်ျားလေးဖြေမယ့်အဖြေကို စိတ်ဝင်တစားနဲ့ စောင့်နေတတ်တယ်။ တကယ်တော့ အများအားဖြင့် မိန်းကလေးတွေက ယောက်ျားလေးတွေဆီက "ပြီးပြည့်စုံတဲ့အဖြေ"ကိုပဲကြားချင်ပြီး "တကယ့် ရင်ထဲကလာတဲ့အဖြေ"ကို ကြားချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုအမေးက ယောက်ျားလေးတွေကို အဖြေရကြပ်စေတယ်။ တခြားမိန်းကလေးတွေကို မကြည့်ရှု၊ မခံစားတတ်တဲ့ ယောက်ျားလေးဆိုတာ မရှိပါဘူး။ ယောက်ျားအများစုက မိန်းကလေးတွေကို ငေးမောပြီး စိတ်ကူးယဉ်တတ်ကြတယ်။ ဒီသဘောကို နားလည်ခဲ့ရင် ကျားတစ်ကောင်ကို အတင်းအဓမ္မ ကြောင်လုပ်ခိုင်းပြီး ကြွက်ဖမ်းခိုင်းဖို့ မသင့်ပါဘူး။

(၆) သူငယ်ချင်းက အရေးကြီးတာလား? ကျွန်မကအရေးကြီးတာလား?

ချစ်သူရှိပြီဟေ့ဆိုတာနဲ့ ယောက်ျားလေးတွေမှာ လွတ်လပ်မှုတွေ ဆုံးရှုံးကုန်တယ်။ တကယ်လို့ သူငယ်ချင်းတချို့နဲ့ တွေ့ဆုံပျော်ပါးပြီး ချစ်သူကောင်မလေးအိမ်ကိုမီးချောင်းလဲဖို့အရောက်နောက်ကျခဲ့ရင် ဒါဟာ မီးတောင်ပေါက်ကွဲတာထက် ပိုပြင်းထန်တဲ့ ကိစ္စတစ်ရပ်ဖြစ်သွားနိုင်တယ်။ မိဘတွေရှေ့ မျက်နှာလုပ်ပြီး ကျွန်မကိုသာ "တစ်,နေရာ"မှာထားကြောင်း သူပြသချင်လိုဖြစ်တယ်။ တကယ်တော့ ကိုယ့်ကို သူအလေးပေးသလို သူ့မှာလည်း သူငယ်ချင်းတွေလိုကြောင်း မိန်းကလေးတွေ သိထားသင့်ပါတယ်။ သူ့ကိုသီးသန့်ခွဲပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခွဲထားခဲ့ရင် သူ့အတွက် အိမ်ထောင်ဆိုတာ ထောင်နဲ့မခြားတော့ပါဘူး။

(၇) စိန်လက်စွပ်မှ

တချို့မိန်းကလေးက ကြွားဝါပြိုင်ဆိုင်လိုစိတ် ပြင်းကြတယ်။ လက်ထပ်ချိန် သူ့ဘက်က အဆင်ပြေ၊ မပြေမသိဘဲ "စိန်လက်စွပ်"မပါရင် မရဘူးဆိုပြီး ယောက်ျားလေးတွေကို ဖိအားပေးတတ်တယ်။ လက်မထပ်မီ စိုးရိမ်ကြောင့်ကျစိတ်က ယောက်ျားလေးတွေကို အဝေးထွက်ပြေးချင်စိတ် ဖြစ်စေတတ်ပါတယ်။ တကယ်တော့ အချစ်ကို ဂုဏ်ပကာသနတွေနဲ့ ဝင့်ကြွားသက်သေပြစရာ မလိုပါဘူး။ မှီနိုင်တဲ့ယောက်ျား၊ ပွေ့ဖက်နိုင်တဲ့ယောက်ျားဖြစ်ဖို့ပဲ လိုပါတယ်။

(၈) လူပုံအလည်မှာ သွန်သင်ပြီး စားပွဲခုံအောက်ကနေ ခြေထိုးတတ်သူ

ယောက်ျားလေးတွေက မျက်နှာသာပေးတာကို လိုချင်ကြတယ်။ ဇနီးချောလေး ပိုင်ဆိုင်ထားတယ်လို့ သတင်းမွှေးပြီး လူပုံအလည်မှာ အဲဒီဇနီးချောရဲ့ အဆုံးအမကိုခံရမှာ ယောက်ျားလေးတွေ အကြောက်ဆုံးဖြစ်တယ်။ ဒါဟာ သူတို့ရဲ့အရှိုက်ကိုထိစေပြီး မယားကြောက်လို့ အရှက်ရစေပါတယ်။ မယားကြောက်သူတစ်ယောက်မှာ ဘာလေးစားမှု၊ ဘာဂုဏ်ယူစရာတွေ ရှိနိုင်ဦးမလဲ?

(၉) ယောက္ခမကို မျက်နှာသေပြသူ

ယောက်ျားလေးတွေ အကြောက်ဆုံးက ယောက္ခမနဲ့ချွေးမ မတည့်တာပဲဖြစ်တယ်။ မိန်းမသားနှစ်ယောက်ရဲ့ စစ်ပွဲမှာ နောက်ဆုံးဗုံးထိခံရသူက သူပဲဖြစ်နေလို့ဖြစ်တယ်။ ယောက္ခမနဲ့ချွေးမ မတည့်ခဲ့ရင် ပြဿနာတွေက အလိုလိုနေရင်း ပေါ်နေတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ယောက်ျားလေးက ငရဲရောက်နေတတ်တယ်။

(၁ဝ) ဖုန်းစစ်ဆေးသူ၊ အိတ်ကပ်နှိုက်သူ

ယောက်ျားလေးရဲ့ဖုန်းကို စစ်တတ်သူက သူ့ရဲ့"နေ့စဉ်ဘဝကို" သတိထားသူဖြစ်ပြီး အိတ်ကပ်နှိုက်သူက သူ့ရဲ့ "ငွေဝင်ငွေထွက်"ကို စစ်ဆေးသူဖြစ်တယ်။ တစ်နေရာမှာ "ဘဏ်"အသေးစား ရှိနေမလား? ထိမ်ချန်ပြီး စာရင်းပြသလား? ဝင်ငွေကိုလျော့ပြသလား? စတဲ့ "မယုံကြည်မှု"တွေကြောင့်ဖြစ်တယ်။ ဒီလိုမိသားစုမှာ ဦးဆောင်ရတဲ့ယောက်ျားတွေက တကယ်ပဲဖိအားများပြီး ပင်ပန်းရပါတယ်။ အမှားတွေ အလွယ်တကူ လုပ်မိတတ်ပါတယ်။

(၁၁) ဘေးအိမ်က ကားအသစ်လဲပြီတဲ့!

မိန်းကလေးတွေရဲ့ ဒီလို လိုအင်တပ်မက်မှုတွေက ယောက်ျားတစ်ယောက်ကို ဦးနှောက်ခြောက်စေသလို သိမ်ငယ်စိတ်တွေ ဝင်စေပါတယ်။ ကိုယ့်တပ်မက်စိတ်ရဲ့ ဖိအားကြောင့် ယောက်ျားတချို့ကသည်းမခံနိုင်ဘဲ"ဘေးအိမ်ကမိန်းမအသစ်လဲပြီ"တဲ့လို့ ပြောထွက်
တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိန်းမက သူ့ဝင်ငွေနည်းတာကို လှောင်ပြောင်ပြီး သူ့ဝင်ငွေနဲ့ မိသားစုတန်ဖိုးကို ပိုင်းဖြတ်လိုက်တယ်လို့ သူထင်တတ်ပါတယ်။ ဒါဟာ သူ့ရဲ့အသုံးမကျမှုကို မထေမဲ့မြင်လုပ်နေတာနဲ့ အတူတူပဲဖြစ်တယ်။

မိသားစုတာဝန်၊ အိမ်ထောင်တာဝန်တွေနဲ့ ဖိအားများလွန်းပေမယ့် ယောက်ျားတွေက အလွယ်တကူ မညည်းညူတတ်ကြဘူး။ ဆင်းရဲပင်ပန်းပေမယ့် မျက်နှာက အလွယ်တကူ မညိုးကျတတ်ဘူး။ သူတို့ရဲ့အကြောတစ်ချောင်းဆွဲနှုတ်လိုက်တာတောင်မှ ယောက်ျားတွေကကြံ့ကြံ့ခံ
ဟန်ဆောင်နိုင်ကြတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့ စကားတစ်ခွန်း၊ အပြုအမှုတစ်ခု၊ မတော်တဆ ထိခိုက်နာကျင်မှုတစ်ခုက သူ့တို့ဘဝကို ဆုံးရှုံးစေနိုင်ခဲ့တယ်။ ယောက်ျားတွေထက် မိန်းမတွေပိုအသက်ရှည်တာက ဒီသဘောတရားပဲဖြစ်တယ်။ မိန်းမမြတ်တစ်ယောက်က ယောက်ျားတစ်ယောက်ကို ထွက်လမ်းလေးပေးသင့်ပါတယ်။ တကယ်တော့ ယောက်ျားတွေက မိန်းမတွေရဲ့ ဂရုစိုက်မှုကို ပိုလိုအပ်ခဲ့ကြတယ်။

Credit:မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေးဗဟုသုတ


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top