iMyanmarHouse.com - Best Property Website for Myanmar
×





Credit : duwun

#Unicode Version

နွားနို့သောက်ပြီးရင်ဖြစ်ဖြစ် ချိစ်တို့လို နို့ထွက်ပစ္စည်းတွေ စားပြီးတိုင်းမှာ ခံတွင်းနံ့က ဆိုးလာတတ်ပါတယ်။ တကယ်လို့များ ညဘက်မှာစားပြီးအိပ်လိုက်လို့ မနက်မိုးလင်းရင် ကိုယ့်ခံတွင်းနံ့ကို ကိုယ်တိုင်စိတ်ပျက်သွားလောက်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပြီးလို့ ခံတွင်းနံ့ဆိုးရခြင်းကတော့ အစာခြေစနစ်ကြောင့်ပါပဲ။ ခံတွင်းထဲမှာရှိတဲ့ မိုက်ခရိုဘက်တီးရီးယားလေးတွေက အစာကိုဝါးပြီးနောက်ပိုင်း ခြေဖျက်ပေးပါတယ်။ ခံတွင်းထဲက အဲ့ဒီဘက်တီးရီးယားတွေဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ လက်တို့စ်၊ ပရိုတင်းနဲ့ လစ်ပစ်တို့လိုဓာတ်တွေနဲ့ တွေ့တဲ့အခါ ဟိုက်ဒြိုဂျင်ဆာလ်ဖိုက်ဓာတ်ပေါင်း ဖြစ်ပေါ်လာလို့ အနံ့ဆိုးထွက်လာရခြင်းဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းတွေစားမိလို့ ခံတွင်းနံ့ဆိုးတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းကတော့ သွားတိုက်တာပါပဲ။ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကိုသုံးပြီး သွားတိုက်ပေးရပါမယ်။ ခံတွင်းသန့်စင်ဆေးရည်ကို မသုံးပါနဲ့။ ခံတွင်းသန့်စင်ဆေးက မကောင်းတဲ့ဘက်တီးရီးယားတွေကို အကုန်လုံးဖျက်စီးပေးတာကြောင့် ခံတွင်းနံ့က ပိုဆိုးသွားနိုင်ပါတယ်။ အကောင်းဆုံးရလဒ်အတွက်တော့ နို့ထွက်ပစ္စည်းတွေကို စားပြီးတိုင်း ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးတာ အကောင်းဆုံးပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top