iMyanmarHouse.com - Best Property Website for Myanmar
×

ညသန္းေခါင္ေလာက္ဆို ဗိုက္က ဆာသလိုလိုနဲ႕ ဘာစားခ်င္မွန္းမသိေအာင္ အာသီသျပင္းျပေနတတ္ပါသလား။ ညအိပ္ခါနီး ဗုိက္ဆာတတ္တာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီအာသီသျပင္းျပေနမႈက က်န္းမာေရးနဲ႔ လုံးဝမကိုက္ညီသလုိ မိမိအိပ္စက္မႈကိုလည္း အေႏွာင့္အယွက္ျဖစ္ေစတတ္ပါတယ္။

ညအိပ္ခါနီး သၾကားဓာတ္ တစ္ေလွၾကီးပါတဲ့ ဘယ္ဟာမဆုိ စားေသာက္ဖုိ႔ စိတ္ကူးနဲ႔ေယာင္လုိ႔ေတာင္ မေတြးမိပါေစနဲ႔။ ဒီအခ်က္ကို သိထားသင့္ပါတယ္။ သၾကားမ်ားလြန္းတာက အိပ္မရျဖစ္ေစျပီး ညဘက္အျပည့္အဝ အိပ္စက္အနားယူလုိ႔မရေအာင္ အဟန္႔အတားျဖစ္ေစႏုိင္ပါတယ္။ အဲဒီအရာေတြထဲမွာ ေရခဲမုန္႔ကစ ဘူးနဲ႔ထုပ္ပိုးထားတဲ့ ဂ်ဳံနဲ႔လုပ္တဲ့ စားဖြယ္ေတြထိ အားလုံးပါဝင္ပါတယ္။ ေခ်ာကလက္နဲ႔လည္း ခပ္ကင္းကင္းေနသင့္ပါတယ္။

ညအိပ္ခါနီး အစာအိမ္က တဂြီဂြီျမည္ေနပါက ညဘက္မွာ လန္းဆန္းေစမယ့္အရာထက္ အိပ္ခ်င္စိတ္ကို တြန္းအားေပးမယ့္ ကီဝီသီးစတဲ့ အသီးေတြ အဆာေျပအျဖစ္ စားေပးပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညသန်းခေါင်လောက်ဆို ဗိုက်က ဆာသလိုလိုနဲ့ ဘာစားချင်မှန်းမသိအောင် အာသီသပြင်းပြနေတတ်ပါသလား။ ညအိပ်ခါနီး ဗိုက်ဆာတတ်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအာသီသပြင်းပြနေမှုက ကျန်းမာရေးနဲ့ လုံးဝမကိုက်ညီသလို မိမိအိပ်စက်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။

ညအိပ်ခါနီး သကြားဓာတ် တစ်လှေကြီးပါတဲ့ ဘယ်ဟာမဆို စားသောက်ဖို့ စိတ်ကူးနဲ့ယောင်လို့တောင် မတွေးမိပါစေနဲ့။ ဒီအချက်ကို သိထားသင့်ပါတယ်။ သကြားများလွန်းတာက အိပ်မရဖြစ်စေပြီး ညဘက်အပြည့်အဝ အိပ်စက်အနားယူလို့မရအောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အဲဒီအရာတွေထဲမှာ ရေခဲမုန့်ကစ ဘူးနဲ့ထုပ်ပိုးထားတဲ့ ဂျုံနဲ့လုပ်တဲ့ စားဖွယ်တွေထိ အားလုံးပါဝင်ပါတယ်။ ချောကလက်နဲ့လည်း ခပ်ကင်းကင်းနေသင့်ပါတယ်။

ညအိပ်ခါနီး အစာအိမ်က တဂွီဂွီမြည်နေပါက ညဘက်မှာ လန်းဆန်းစေမယ့်အရာထက် အိပ်ချင်စိတ်ကို တွန်းအားပေးမယ့် ကီဝီသီးစတဲ့ အသီးတွေ အဆာပြေအဖြစ် စားပေးပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top