iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္လင္ေယာက္်ားေတြကို ျပဳစုအားေပးခ်င္တဲ့ မိန္းမေတြအတြက္ ဒီမွာ ကြၽန္ေတာ္ ႀကိဳက္တဲ့ အျပဳအမူေလးေတြကို ေရးျပပါမယ္။ တစ္ေယာက္ေယာက္ကို ျပဳစုအားေပးခ်င္ရင္ေတာ့ အခ်ိန္ေပးၿပီး သူ႔အေၾကာင္း ေလ့လာရမွာပါ။ ကြၽန္ေတာ့္ကို ေပ်ာ္ေစတဲ့ အရာ ၇ ခုကို နမူနာအေနနဲ႔ ေရးျပပါမယ္။

၁. ကိုယ့္ဘာသာ ဂ႐ုစုိက္ပါ

မိန္းမ ေတာ္ေတာ္မ်ားမ်ားဟာ လင္ေတြ သားေတြကို ဂ႐ုစိုက္ရလို႔ ကိုယ့္ဘာသာ ဂ႐ုစိုက္ဖို႔ အခ်ိန္မေပးႏိုင္ၾကပါဘူး။ ကိုယ့္ဘာသာကိုယ္ အရင္ ဂ႐ုစိုက္တာဟာ တကိုယ္ေကာင္းဆန္တာ မဟုတ္ပါဘူး။ ကိုယ့္ဘာသာ လွပေနျခင္းနဲ႔ သူမ်ားေတြကို ေလးစားေပးတာပါ။

၂. နင္ ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္ရင္ ငါပိုခ်စ္တယ္ လို႔ ေျပာျခင္း

ေယာက္်ားတစ္ေယာက္အေနနဲ႔ မလုပ္ခ်င္ဆံုး အရာဟာ က်န္းမာေရးစစ္ေဆးရျခင္းပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ မိန္းမက ကြၽန္ေတာ္ က်န္းမာေရးလုပ္ရင္ သူပိုခ်စ္တယ္လို႔ ေျပာပါတယ္။ စစ္ေဆးျခင္းကစၿပီး ေဆးေသာက္ျခင္း၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစာ စားျခင္းထိပါ။ အဲဒီလိုေျပာတဲ့အခါ ကြၽန္ေတာ္ အလိုလို ပိုၿပီး က်န္းမာေရး ဂ႐ုစိုက္မိလာတာပါပဲ။

၃. ကြၽန္ေတာ့္ကို သူမရဲ႕ ဟီး႐ိုးတစ္ေယာက္လို ခံစားမိေစျခင္း

ကြၽန္ေတာ့္မိန္းမက ကြၽန္ေတာ့္ကို ေလးစားအားကိုးတဲ့ အၾကည့္နဲ႔ ၾကည့္တာဟာ ကမၻာ့အေကာင္းဆံုး ခံစားမႈ တစ္ခုပါပဲ။ ကြၽန္ေတာ္က သူမအတြက္ ဟီး႐ိုး ျဖစ္ခ်င္ပါတယ္။ အျမဲတမ္း သူမက သူမ မဖြင့္ႏိုင္တဲ့ ဘူးေတြ ကြၽန္ေတာ့္ဆီ ယူလာပါတယ္။ ကြၽန္ေတာ္က ဖြင့္ေပးလိုက္ရင္ ေျပာပါတယ္။ ကြၽန္ေတာ္က သူမရဲ႕ သူရဲေကာင္းပါ တဲ့။ အဲဒီ လို ေျပာခံရရင္ ကြၽန္ေတာ္ အရမ္း စိတ္ခ်မ္းသာပါတယ္။ ဘဝရဲ႕ အေသးစိတ္ေလးေတြမွာ သူရဲေကာင္းဆန္တာေလးေတြ ႐ွာေဖြၾကည့္ပါ။


၄. ကြၽန္ေတာ့္ကို သင္က ခ်စ္တယ္ဆိုတာ သိေအာင္ လုပ္ေပးရင္ ကြၽန္ေတာ္ကလဲ ျပန္လုပ္ပါမယ္

ကြၽန္ေတာ္တို႔အားလံုး ခ်စ္ေမတၱာကို ခံစားခ်င္ေပမယ့္ အခ်ိန္ ၾကာလာရင္ စစ ေတြ႕ျခင္းကေလာက္ မခံစားမိေတာ့ပါဘူး။ ကြၽန္ေတာ့္မိန္းမဟာ ကြၽန္ေတာ့္ကို ခ်ီးက်ဴးရမယ့္ ေနရာေလးေတြကို ႐ွာေဖြေနၿပီး ကြၽန္ေတာ့္ကို သူမခ်စ္တာ သိေစပါတယ္။ တစ္ခါတစ္ေလမွာေတာ့ ကြၽန္ေတာ့္ကို လက္ေဆာင္ေလးေတြ ေပးၿပီး ခ်စ္ရည္လႊမ္းတဲ့ အၾကည့္နဲ႔ ၾကည့္ေနတတ္ပါတယ္။
၅. ေယာက္်ားပီသျခင္းရဲ႕ ေ႐ွးစံႏႉန္းေတြကို ႏွစ္ေယာက္လံုး စြန္႔လႊတ္ပါ

ေယာက္်ား ပီသမႈရဲ႕ အဓိပၸါယ္ေတြဟာ အျမဲ ေျပာင္းလဲေနပါတယ္။ အရင္ကေတာ့ ေယာက္်ားျဖစ္လာရင္ လိုက္နာရမွာေတြ ႐ွိပါတယ္။ ခံစားခ်က္ မျပတာ၊ မငိုရတာ၊ အကူအညီ မေတာင္းရတာ၊ အျမဲ ေတာင့္ေတာင့္တင္းတင္း ေနရတာ လိုမ်ိဳးေပါ့။ ခုေခတ္ကေတာ့ ေယာက္်ားပန္ကန္ေဆးလို႔ရတဲ့ ေခတ္ပါ။

၆. ေယာက္်ားပီသမႈဟာ ျပသနာ မ႐ွိပါဘူး

ေယာက္်ားေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ ေယာက္်ားပီသမႈနဲ႔ ပါတ္သတ္ၿပီး မလံုမျခံဳ ခံစားရတတ္ပါတယ္။ မိန္းမေတြက အဲဒီလို ပူပန္ေနတာကို နားလည္ေပးရပါမယ္။ ေယာက္်ားေတြဟာ မိန္းကေလးနဲ႔ တူေနတာ၊ ေယာက္်ား မပီသမွာကို အရမ္း ပူပန္တတ္ၾကပါတယ္။ မိန္းမေတြဟာ သူတို႔ကို နားလည္ေပးၿပီး အားေပးသင့္ပါတယ္။ “You are my man” ဆိုတဲ့ စကားေလးလိုေပါ့။

၇. ေယာက္်ားေတြကို အ႐ွက္ရေအာင္ မလုပ္ပါနဲ႔

အ႐ွက္ဟာ ေယာက္်ားေတြအတြက္ ခံစားရအခက္ဆံုးအရာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကို အ႐ွက္ရေအာင္ မလုပ္ပါနဲ႔။ ဥပမာ – ကြၽန္မ စကားေျပာေနတဲ့အခါ ႐ွင္ ဂ႐ုမစိုက္ရင္ ကြၽန္မ စိတ္ညစ္တယ္ လို႔ ေျပာတာ အဆင္ေျပပါတယ္။ ကေလးကို မဲၿပီး ” နင္က ေအးတိေအးစက္နဲ႔ ဂ႐ုမစုိက္ဘူး။ နင့္အေဖလုိပဲ” လို႔ သြားမဆူပါနဲ႔။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနတုန္း သူတို႔က ကိုယ့္ေယာက္်ားကို ေလွာင္ရင္လဲ လက္သင့္မခံပါနဲ႔။


ေယာက္်ားေတြ ေပ်ာ္ရင္ အိမ္ ေထာင္တစ္ခုလံုး ေပ်ာ္မွာပါ။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ ေပ်ာ္ရင္၊ အခ်စ္ခံရရင္ ကြၽန္ေတာ္တို႔ကလဲ ျပန္ခ်စ္မွာ မို႔လို႔ပါပဲ။ လုပ္ရခက္ေပမယ့္ ထိုက္ထိုက္တန္တန္ ျပန္ရမွာပါ။


Credit:Gentleman

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်လင်ယောက်ျားတွေကို ပြုစုအားပေးချင်တဲ့ မိန်းမတွေအတွက် ဒီမှာ ကျွန်တော် ကြိုက်တဲ့ အပြုအမူလေးတွေကို ရေးပြပါမယ်။ တစ်ယောက်ယောက်ကို ပြုစုအားပေးချင်ရင်တော့ အချိန်ပေးပြီး သူ့အကြောင်း လေ့လာရမှာပါ။ ကျွန်တော့်ကို ပျော်စေတဲ့ အရာ ၇ ခုကို နမူနာအနေနဲ့ ရေးပြပါမယ်။

၁. ကိုယ့်ဘာသာ ဂရုစိုက်ပါ

မိန်းမ တော်တော်များများဟာ လင်တွေ သားတွေကို ဂရုစိုက်ရလို့ ကိုယ့်ဘာသာ ဂရုစိုက်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ ကိုယ့်ဘာသာကိုယ် အရင် ဂရုစိုက်တာဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ လှပနေခြင်းနဲ့ သူများတွေကို လေးစားပေးတာပါ။

၂. နင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရင် ငါပိုချစ်တယ် လို့ ပြောခြင်း

ယောက်ျားတစ်ယောက်အနေနဲ့ မလုပ်ချင်ဆုံး အရာဟာ ကျန်းမာရေးစစ်ဆေးရခြင်းပါ။ ဒါပေမယ့် ကျွန်တော့် မိန်းမက ကျွန်တော် ကျန်းမာရေးလုပ်ရင် သူပိုချစ်တယ်လို့ ပြောပါတယ်။ စစ်ဆေးခြင်းကစပြီး ဆေးသောက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားခြင်းထိပါ။ အဲဒီလိုပြောတဲ့အခါ ကျွန်တော် အလိုလို ပိုပြီး ကျန်းမာရေး ဂရုစိုက်မိလာတာပါပဲ။

၃. ကျွန်တော့်ကို သူမရဲ့ ဟီးရိုးတစ်ယောက်လို ခံစားမိစေခြင်း

ကျွန်တော့်မိန်းမက ကျွန်တော့်ကို လေးစားအားကိုးတဲ့ အကြည့်နဲ့ ကြည့်တာဟာ ကမ္ဘာ့အကောင်းဆုံး ခံစားမှု တစ်ခုပါပဲ။ ကျွန်တော်က သူမအတွက် ဟီးရိုး ဖြစ်ချင်ပါတယ်။ အမြဲတမ်း သူမက သူမ မဖွင့်နိုင်တဲ့ ဘူးတွေ ကျွန်တော့်ဆီ ယူလာပါတယ်။ ကျွန်တော်က ဖွင့်ပေးလိုက်ရင် ပြောပါတယ်။ ကျွန်တော်က သူမရဲ့ သူရဲကောင်းပါ တဲ့။ အဲဒီ လို ပြောခံရရင် ကျွန်တော် အရမ်း စိတ်ချမ်းသာပါတယ်။ ဘဝရဲ့ အသေးစိတ်လေးတွေမှာ သူရဲကောင်းဆန်တာလေးတွေ ရှာဖွေကြည့်ပါ။


၄. ကျွန်တော့်ကို သင်က ချစ်တယ်ဆိုတာ သိအောင် လုပ်ပေးရင် ကျွန်တော်ကလဲ ပြန်လုပ်ပါမယ်

ကျွန်တော်တို့အားလုံး ချစ်မေတ္တာကို ခံစားချင်ပေမယ့် အချိန် ကြာလာရင် စစ တွေ့ခြင်းကလောက် မခံစားမိတော့ပါဘူး။ ကျွန်တော့်မိန်းမဟာ ကျွန်တော့်ကို ချီးကျူးရမယ့် နေရာလေးတွေကို ရှာဖွေနေပြီး ကျွန်တော့်ကို သူမချစ်တာ သိစေပါတယ်။ တစ်ခါတစ်လေမှာတော့ ကျွန်တော့်ကို လက်ဆောင်လေးတွေ ပေးပြီး ချစ်ရည်လွှမ်းတဲ့ အကြည့်နဲ့ ကြည့်နေတတ်ပါတယ်။
၅. ယောက်ျားပီသခြင်းရဲ့ ရှေးစံနှူန်းတွေကို နှစ်ယောက်လုံး စွန့်လွှတ်ပါ

ယောက်ျား ပီသမှုရဲ့ အဓိပ္ပါယ်တွေဟာ အမြဲ ပြောင်းလဲနေပါတယ်။ အရင်ကတော့ ယောက်ျားဖြစ်လာရင် လိုက်နာရမှာတွေ ရှိပါတယ်။ ခံစားချက် မပြတာ၊ မငိုရတာ၊ အကူအညီ မတောင်းရတာ၊ အမြဲ တောင့်တောင့်တင်းတင်း နေရတာ လိုမျိုးပေါ့။ ခုခေတ်ကတော့ ယောက်ျားပန်ကန်ဆေးလို့ရတဲ့ ခေတ်ပါ။

၆. ယောက်ျားပီသမှုဟာ ပြသနာ မရှိပါဘူး

ယောက်ျားတော်တော်များများဟာ သူတို့ ယောက်ျားပီသမှုနဲ့ ပါတ်သတ်ပြီး မလုံမခြုံ ခံစားရတတ်ပါတယ်။ မိန်းမတွေက အဲဒီလို ပူပန်နေတာကို နားလည်ပေးရပါမယ်။ ယောက်ျားတွေဟာ မိန်းကလေးနဲ့ တူနေတာ၊ ယောက်ျား မပီသမှာကို အရမ်း ပူပန်တတ်ကြပါတယ်။ မိန်းမတွေဟာ သူတို့ကို နားလည်ပေးပြီး အားပေးသင့်ပါတယ်။ “You are my man” ဆိုတဲ့ စကားလေးလိုပေါ့။

၇. ယောက်ျားတွေကို အရှက်ရအောင် မလုပ်ပါနဲ့

အရှက်ဟာ ယောက်ျားတွေအတွက် ခံစားရအခက်ဆုံးအရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အရှက်ရအောင် မလုပ်ပါနဲ့။ ဥပမာ – ကျွန်မ စကားပြောနေတဲ့အခါ ရှင် ဂရုမစိုက်ရင် ကျွန်မ စိတ်ညစ်တယ် လို့ ပြောတာ အဆင်ပြေပါတယ်။ ကလေးကို မဲပြီး ” နင်က အေးတိအေးစက်နဲ့ ဂရုမစိုက်ဘူး။ နင့်အဖေလိုပဲ” လို့ သွားမဆူပါနဲ့။ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း သူတို့က ကိုယ့်ယောက်ျားကို လှောင်ရင်လဲ လက်သင့်မခံပါနဲ့။


ယောက်ျားတွေ ပျော်ရင် အိမ် ထောင်တစ်ခုလုံး ပျော်မှာပါ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ပျော်ရင်၊ အချစ်ခံရရင် ကျွန်တော်တို့ကလဲ ပြန်ချစ်မှာ မို့လို့ပါပဲ။ လုပ်ရခက်ပေမယ့် ထိုက်ထိုက်တန်တန် ပြန်ရမှာပါ။


Credit:Gentleman



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top