iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ကလူၾကီးေတြ အစားအေသာက္နဲ႔ ပတ္သတ္ျပီးေတာ့ ေျပာတတ္ၾကတာက ႏြားႏို႔ေသာက္ဖို႔ပါပဲ။ ဒါေပမယ့္ ခႏၶာကိုယ္အရိုးေတြ ခိုင္မာလာဖို႔ဆိုျပီး ႏြားႏို႔ေသာက္တဲ့သူေတြ အမ်ားၾကီးရိွတဲ့ၾကားထဲမွ ခႏၶာကိုယ္ အလွအပစိတ္ဝင္စားတဲ့ မိန္းကေလးေတြအတြက္ သတင္းေကာင္းေလးတစ္ခု ေျပာျပခ်င္ပါတယ္။ တစ္ရက္မွာ ႏို႕ထြက္ပစၥည္း အနည္းဆုံး ႏွစ္ၾကိမ္စားတယ္ဆိုရင္ ဗိုက္အဆီေတြ သိသိသာသာေလ်ာ့က်လာမွာ ျဖစ္ပါတယ္။ ဆိုျပီး ဟားဗတ္တကၠသိုလ္ သုေတသနျပဳလုပ္ထားခ်က္အရ သိရိွထားပါတယ္။ စစ္တမ္း ေကာက္ယူထားခ်က္အရ ႏို႔ထြက္ပစၥည္း တစ္ရက္ကို ႏွစ္ၾကိမ္စားတဲ့သူဟာ တစ္လတစ္ခါစားသုံးတဲ့သူထက္ ၃၇ ရာခိုင္ႏႈန္း ဗိုက္အဆီေလ်ာ့က်ေနတာကို ေတြ႕ရိွထားပါတယ္။

ႏြားႏို႔- ႏြားႏို႔ဟာ လူေတြရဲ႕ခါးအရြယ္အစားအေပၚ အမ်ားဆုံးသက္ေရာက္မႈရိွတဲ့ အစားအေသာက္ျဖစ္ပါတယ္။ ေန႔တိုင္းႏြားနို႔ေသာက္တဲ့သူဟာ မေသာက္တဲ့သူထက္ေတာ့ သိသိသာသာ ဗိုက္အဆီနည္းႏိုင္ေခ်ရိွပါတယ္။ အျခားႏို႔ထြက္ပစၥည္းေတြ ၾကည့္မယ္ဆိုရင္ေတာ့  ဒိန္ခ်ဥ္ဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔အတြက္ စားသုံးတဲ့သူေတြ မ်ားပါတယ္။

ျပသနာျဖစ္လာႏိုင္တာတစ္ခုကေတာ့ ႏြားႏို႔မွာ ပါဝင္တဲ့ ကယ္လ္ဆီယံပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ သတၱဳဓါတ္ေတြက ခါးကိုျဖတ္လာတဲ့ အဆီေတြကို ပိုျပီးမ်ားျပားေစပါတယ္။ ဒါေပမယ့္ စိတ္ပူစရာေတာ့ မရိွပါဘူး။ ႏို႔ထြက္ပစၥည္းမွာပါဝင္တဲ့ ကယ္လ္ဆီယံ ၂၁၄ မီလီဂရမ္ ေန႔စဥ္စားသုံးသူဟာ မစားတဲ့သူထက္ေတာ့ ဗိုက္အဆီထြက္ႏိုင္ေခ် ၁၇ ရာခိုင္ႏႈန္းေလာက္ နည္းပါတယ္။

ဒါေၾကာင့္ ကယ္လ္ဆီယံ ပါဝင္ႏႈန္းကို ထည့္မစဥ္းစားပဲနဲ႔ အဆီနည္းတဲ့ႏို႔ထြက္ပစၥည္း စားသုံးျခင္းဟာ ဗိုက္အဆီထြက္ေနတဲ့ မိန္းကေလးမ်ား သို႔မဟုတ္ ဗိုက္အဆီတက္မွာ စိုးရိမ္ေနတဲ့ မိန္းကေလးမ်ားအတြက္ ေန႔စဥ္စားသုံးဖို႔ သင့္ေတာ္တဲ့ အစားအေသာက္ျဖစ္ေၾကာင္း အသိေပးလိုက္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: ygnnews

Unicode Version

အိမ်ကလူကြီးတွေ အစားအသောက်နဲ့ ပတ်သတ်ပြီးတော့ ပြောတတ်ကြတာက နွားနို့သောက်ဖို့ပါပဲ။ ဒါပေမယ့် ခန္ဓာကိုယ်အရိုးတွေ ခိုင်မာလာဖို့ဆိုပြီး နွားနို့သောက်တဲ့သူတွေ အများကြီးရှိတဲ့ကြားထဲမှ ခန္ဓာကိုယ် အလှအပစိတ်ဝင်စားတဲ့ မိန်းကလေးတွေအတွက် သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ရက်မှာ နို့ထွက်ပစ္စည်း အနည်းဆုံး နှစ်ကြိမ်စားတယ်ဆိုရင် ဗိုက်အဆီတွေ သိသိသာသာလျော့ကျလာမှာ ဖြစ်ပါတယ်။ ဆိုပြီး ဟားဗတ်တက္ကသိုလ် သုတေသနပြုလုပ်ထားချက်အရ သိရှိထားပါတယ်။ စစ်တမ်း ကောက်ယူထားချက်အရ နို့ထွက်ပစ္စည်း တစ်ရက်ကို နှစ်ကြိမ်စားတဲ့သူဟာ တစ်လတစ်ခါစားသုံးတဲ့သူထက် ၃၇ ရာခိုင်နှုန်း ဗိုက်အဆီလျော့ကျနေတာကို တွေ့ရှိထားပါတယ်။

နွားနို့- နွားနို့ဟာ လူတွေရဲ့ခါးအရွယ်အစားအပေါ် အများဆုံးသက်ရောက်မှုရှိတဲ့ အစားအသောက်ဖြစ်ပါတယ်။ နေ့တိုင်းနွားနို့သောက်တဲ့သူဟာ မသောက်တဲ့သူထက်တော့ သိသိသာသာ ဗိုက်အဆီနည်းနိုင်ချေရှိပါတယ်။ အခြားနို့ထွက်ပစ္စည်းတွေ ကြည့်မယ်ဆိုရင်တော့  ဒိန်ချဉ်ဟာ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် စားသုံးတဲ့သူတွေ များပါတယ်။

ပြသနာဖြစ်လာနိုင်တာတစ်ခုကတော့ နွားနို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုဓါတ်တွေက ခါးကိုဖြတ်လာတဲ့ အဆီတွေကို ပိုပြီးများပြားစေပါတယ်။ ဒါပေမယ့် စိတ်ပူစရာတော့ မရှိပါဘူး။ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ကယ်လ်ဆီယံ ၂၁၄ မီလီဂရမ် နေ့စဉ်စားသုံးသူဟာ မစားတဲ့သူထက်တော့ ဗိုက်အဆီထွက်နိုင်ချေ ၁၇ ရာခိုင်နှုန်းလောက် နည်းပါတယ်။

ဒါကြောင့် ကယ်လ်ဆီယံ ပါဝင်နှုန်းကို ထည့်မစဉ်းစားပဲနဲ့ အဆီနည်းတဲ့နို့ထွက်ပစ္စည်း စားသုံးခြင်းဟာ ဗိုက်အဆီထွက်နေတဲ့ မိန်းကလေးများ သို့မဟုတ် ဗိုက်အဆီတက်မှာ စိုးရိမ်နေတဲ့ မိန်းကလေးများအတွက် နေ့စဉ်စားသုံးဖို့ သင့်တော်တဲ့ အစားအသောက်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ygnnews
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top