iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကိုယ္ကိုယ္ အျပစ္ေတာ့ မတင္လိုက္ပါနဲ႔။ သင့္ အစ္မေတြ၊ အေမေတြ၊ အေဒၚေတြကို ၾကည့္ၿပီး သင္အတုယူမိတာ ျဖစ္မွာပါ။ ဒါက ျဖစ္ေနၾကအမွားတစ္ခုျဖစ္ၿပီး လူတိုင္းလိုလိုလုပ္ေနၾကပါ။ အက်င့္တစ္ခုလိုျဖစ္ေနတာကေတာ့ ေရေမႊးကို လက္ေကာက္ဝတ္မွာ ဆြတ္လိုက္မယ္။ သင့္ရဲ့ ေရေမႊးဆြတ္ၿပီးတဲ့ လက္တစ္ဖက္နဲ႔ အျခားလက္တစ္ဖက္ရဲ့ လက္ေကာက္ဝတ္ကို ပြတ္လိုက္တယ္။ အနံ႔ကူးသြားသလိုလို၊ ဘာလိုလိုျဖစ္ေအာင္ဆိုၿပီး လက္ႏွစ္ဖက္ကို ပြတ္လိုက္၊ နမ္းလိုက္လုပ္တာကို ေျပာတာပါ။

တကယ္က ေရေမႊးမွာ အနံ႔ေလးေတြအမ်ားႀကီးနဲ႔ ဖဲြ႔စည္းထားတာျဖစ္ပါတယ္။ အန႔ံေတြက အခ်ိန္အတိုင္းအတာတစ္ခုအထိကို တစ္မ်ိဳး၊ အမ်ားဆံုး (၃)မ်ိဳးေျပာင္းေလ့ရွိတယ္။ ဥပမာ သင့္လက္မွာ ဆြတ္ဆြတ္ခ်င္း အနံ႔ကတစ္ခု၊ ေနာက္ ခႏၶာကိုယ္က အဆီနဲ႔ ဓာတ္ျပဳေပါင္းစပ္ၿပီး ထြက္လာတဲ့အနံ႔က တစ္ခု၊ ေနာက္ ေခၽြးနဲ႔ေပါင္းၿပီး ထြက္လာတဲ့အန႔ံက တစ္ခု၊ ေနာက္ဆံုး ေခၽြးတိတ္သြားတဲ့အခါမွာ ထြက္လာတ့ဲ အနံ႔က တစ္ခု (ဒါကေတာ့ ေတာ္ေတာ္ေကာင္းတဲ့ေရေမႊးေတြမွ ပါေလ့ရွိပါတယ္) စသျဖင့္ အဆင့္ဆင့္ရွိပါတယ္။

လက္ႏွစ္ဖက္ကို ပြတ္လိုက္တဲ့အခါမွာ ပထမဆံုးထြက္ရမယ့္အနံ႔က ေပ်ာ့သြားၿပီး ေကာင္းေကာင္းအနံ႔မထြက္ႏိုင္ေတာ့ပါဘူး။ ေနာက္ဒုတိယအဆင့္ သင့္ ခႏၶာကိုယ္က အဆီနဲ႔ ေပါင္းမယ္ဆိုတဲ့အခါမွာလည္း ေရေမႊးက သိပ္မရွိေတာ့ပါဘူး။ ေနာက္ဆံုးအဆင့္မွာေတာ့ အနံ႔ထြက္စရာ အားေတာင္မရွိရွာေတာ့ပါဘူး။ ေၾကာ္ျငာထဲကလို သင္ေခၽြးထြက္လည္း ဆက္စီျဖစ္တဲ့ အနံ႔ ထြက္မယ္ ဆိုတာေတြက အကုန္ အလကား တစ္လဲြေတြၾကီးလို႔ ထင္ပါလိမ့္မယ္။

လက္ေကာက္ဝတ္မွာ ဆြတ္တာကေတာ့ မွန္ကန္တဲ့ ေရေမႊးဆြတ္နည္းပါ။ လက္ႏွစ္ဖက္ပြတ္မယ့္အစား ဒီလိုေလးေျပာင္းလုပ္လိုက္ပါ။ ေရခ်ိဳးၿပီးတာနဲ႔ ေရသုတ္ထားတဲ့ လက္ေပၚမွာ လိုးရွင္းမလိမ္းမီ၊ အသားေလး ႏူးညံ့ေနစဥ္မွာ ေရေမႊးကို ျဖန္းတာ ဆြတ္တာ လုပ္လိုက္ပါ။ လက္ေကာက္ဝတ္ေသြးေၾကာေပၚမွာ ဆြတ္မယ္ဆိုရင္ ေသြးခုန္တာ၊ လက္က အပူထြက္တိုင္း အနံ႔က ပိုထြက္လာမွာပါ။ ဆြတ္ၿပီးရင္ ဘာနဲ႔မွ မထိဘဲ လက္ေပၚမွာ ေရေမႊးက သူ႔အလိုလိုေျခာက္သြားတဲ့အထိ ေစာင့္ေပးပါ။ ဒါဆို သင့္ အဖိုးတန္ ေရေမႊးရနံ႔က တစ္ေနကုန္ ေခၽြးပဲထြက္ထြက္၊ အဆီပဲထြက္ထြက္ အျမဲတမ္းကိုယ္သင္းနံ႔ေလး သင္းပ်ံ႕ေနေစမွာပါ။


Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ကိုယ်ကိုယ် အပြစ်တော့ မတင်လိုက်ပါနဲ့။ သင့် အစ်မတွေ၊ အမေတွေ၊ အဒေါ်တွေကို ကြည့်ပြီး သင်အတုယူမိတာ ဖြစ်မှာပါ။ ဒါက ဖြစ်နေကြအမှားတစ်ခုဖြစ်ပြီး လူတိုင်းလိုလိုလုပ်နေကြပါ။ အကျင့်တစ်ခုလိုဖြစ်နေတာကတော့ ရေမွှေးကို လက်ကောက်ဝတ်မှာ ဆွတ်လိုက်မယ်။ သင့်ရဲ့ ရေမွှေးဆွတ်ပြီးတဲ့ လက်တစ်ဖက်နဲ့ အခြားလက်တစ်ဖက်ရဲ့ လက်ကောက်ဝတ်ကို ပွတ်လိုက်တယ်။ အနံ့ကူးသွားသလိုလို၊ ဘာလိုလိုဖြစ်အောင်ဆိုပြီး လက်နှစ်ဖက်ကို ပွတ်လိုက်၊ နမ်းလိုက်လုပ်တာကို ပြောတာပါ။

တကယ်က ရေမွှေးမှာ အနံ့လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အနံ့တွေက အချိန်အတိုင်းအတာတစ်ခုအထိကို တစ်မျိုး၊ အများဆုံး (၃)မျိုးပြောင်းလေ့ရှိတယ်။ ဥပမာ သင့်လက်မှာ ဆွတ်ဆွတ်ချင်း အနံ့ကတစ်ခု၊ နောက် ခန္ဓာကိုယ်က အဆီနဲ့ ဓာတ်ပြုပေါင်းစပ်ပြီး ထွက်လာတဲ့အနံ့က တစ်ခု၊ နောက် ချွေးနဲ့ပေါင်းပြီး ထွက်လာတဲ့အနံ့က တစ်ခု၊ နောက်ဆုံး ချွေးတိတ်သွားတဲ့အခါမှာ ထွက်လာတဲ့ အနံ့က တစ်ခု (ဒါကတော့ တော်တော်ကောင်းတဲ့ရေမွှေးတွေမှ ပါလေ့ရှိပါတယ်) စသဖြင့် အဆင့်ဆင့်ရှိပါတယ်။

လက်နှစ်ဖက်ကို ပွတ်လိုက်တဲ့အခါမှာ ပထမဆုံးထွက်ရမယ့်အနံ့က ပျော့သွားပြီး ကောင်းကောင်းအနံ့မထွက်နိုင်တော့ပါဘူး။ နောက်ဒုတိယအဆင့် သင့် ခန္ဓာကိုယ်က အဆီနဲ့ ပေါင်းမယ်ဆိုတဲ့အခါမှာလည်း ရေမွှေးက သိပ်မရှိတော့ပါဘူး။ နောက်ဆုံးအဆင့်မှာတော့ အနံ့ထွက်စရာ အားတောင်မရှိရှာတော့ပါဘူး။ ကြော်ငြာထဲကလို သင်ချွေးထွက်လည်း ဆက်စီဖြစ်တဲ့ အနံ့ ထွက်မယ် ဆိုတာတွေက အကုန် အလကား တစ်လွဲတွေကြီးလို့ ထင်ပါလိမ့်မယ်။

လက်ကောက်ဝတ်မှာ ဆွတ်တာကတော့ မှန်ကန်တဲ့ ရေမွှေးဆွတ်နည်းပါ။ လက်နှစ်ဖက်ပွတ်မယ့်အစား ဒီလိုလေးပြောင်းလုပ်လိုက်ပါ။ ရေချိုးပြီးတာနဲ့ ရေသုတ်ထားတဲ့ လက်ပေါ်မှာ လိုးရှင်းမလိမ်းမီ၊ အသားလေး နူးညံ့နေစဉ်မှာ ရေမွှေးကို ဖြန်းတာ ဆွတ်တာ လုပ်လိုက်ပါ။ လက်ကောက်ဝတ်သွေးကြောပေါ်မှာ ဆွတ်မယ်ဆိုရင် သွေးခုန်တာ၊ လက်က အပူထွက်တိုင်း အနံ့က ပိုထွက်လာမှာပါ။ ဆွတ်ပြီးရင် ဘာနဲ့မှ မထိဘဲ လက်ပေါ်မှာ ရေမွှေးက သူ့အလိုလိုခြောက်သွားတဲ့အထိ စောင့်ပေးပါ။ ဒါဆို သင့် အဖိုးတန် ရေမွှေးရနံ့က တစ်နေကုန် ချွေးပဲထွက်ထွက်၊ အဆီပဲထွက်ထွက် အမြဲတမ်းကိုယ်သင်းနံ့လေး သင်းပျံ့နေစေမှာပါ။


Credit : duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...







 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top