iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာျပတ္တယ္ဆုိ္တာ အလ်င္အျမန္ႀကီးထြားလာျခင္းရဲ႕ ျပယုဂ္တစ္ခုပဲျဖစ္ပါတယ္။ အမ်ားအားျဖင့္ ကိုယ္အေလးခ်ိန္တိုးလာျခင္း၊ ကိုယ္ဝန္ေဆာင္ျခင္း၊ အပ်ိဳေဖာ္ဝင္ျခင္းနဲ႔ ခႏၶာကိုယ္ႀကီးထြားမႈႏႈန္း
 ျမန္ဆန္ျခင္း တုိ႔ေၾကာင့္ပဲ ျဖစ္ေလ့ရွိပါတယ္။ ရင္သားေတြဟာ ျမန္ဆန္စြာဖြ႔ံၿဖိဳးလာပါက အေၾကာျပတ္
ဒဏ္ရာေတြျဖစ္ေပၚ လာတတ္ပါတယ္။ ဒါေပမယ့္လည္း ရင္သားအေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္မယ့္
နည္းလမ္းမ်ားစြာရွိပါတယ္။ အခ်ိဳ႕သူေတြမွာေတာ့ အေၾကာျပတ္ဒဏ္ရာေတြပိုမိုျဖစ္ေလ့ရွိတာေၾကာင့္ လံုးဝဥႆံုမကာကြယ္ႏုိင္ေပမယ့္လည္း စနစ္တက်ကုသမႈခံယူျခင္းျဖင့္ ေမွးမွိန္ေအာင္ျပဳလုပ္ႏုိင္ပါတယ္။

1. Cocoa (သုိ႔) Shea Butter ႏွင့္ ျပဳလုပ္ထားတဲ့ အလွဆီေတြကို ေန႔စဥ္ရင္သားကိုလိမ္းေပးပါ

၎သဘာဝအလွဆီေတြဟာအစိုဓာတ္ပါဝင္မႈႏႈန္းျမင့္မား႐ံုသာမကအေရျပားက်ံဳ႕ႏုိင္ဆန္႔ႏုိင္စြမ္းအားကို
 ေကာင္းမြန္ေစတာေၾကာင့္ အေၾကာျပတ္ျခင္းကို ေလ်ာ့က်ေစႏုိင္ပါတယ္။

2. တစ္ေန႔လွ်င္ ႏွစ္ႀကိမ္ ရင္သားမ်ားကိုႏွိပ္နယ္ေပးပါ

ထုိကဲ့သို႔ ႏွိပ္နယ္ျခင္းျဖင့္ ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္ေစကာ ရင္သားသို႔ေသြးနဲ႔အာဟာရဓာတ္မ်ား အလြယ္တကူေရာက္ရွိေစပါတယ္။ ေနာက္ဆက္တြဲအေနျဖင့္ အေရျပားကိုပိုမိုက်န္းမာေစကာ အေၾကာျပတ္ျခင္းကို သက္သာေစပါတယ္။ အနည္းဆံုးစကၠန္႔ 90 ခန္႔ ရင္သားကို စက္ဝိုင္းသ႑ာန္ႏွိပ္နယ္ေပးပါ။

3. ေန႔စဥ္ေလ့က်င့္ခန္းျပဳလုပ္ပါ

  ႏွလံုးႏွင့္ေသြးေၾကာဆုိင္ရာ ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ေသြးလည္ပတ္မႈေကာင္းမြန္ေစ႐ံုသာမက ဒဏ္ရာအမာရြတ္ေတြကိုလည္း ေမွးမွိန္ေစပါတယ္။ ထုိ႔ျပင္ အေရျပားရဲ႕က်ံဳ႕ႏုိင္ဆန္႔ႏိုင္အားကိုလည္း ထိန္းသိမ္းေပးတာေၾကာင့္ အေၾကာျပတ္ဒဏ္ရာေတြျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။

4. ဗီတာမင္ E ေဆးလံုးကို ေဖာက္၍ အရည္ကို ရင္သားေပၚသို႔လိမ္းေပးပါ

  ဗီတာမင္ E သည္ အေရျပားက်န္းမာေရးအတြက္ မရွိမျဖစ္ျဖစ္ၿပီး အေရျပားေပၚသို႔ လိမ္းေပးျခင္းျဖင့္ လုိအပ္တဲ့အာဟာရဓာတ္မ်ားကို ျဖည့္တင္ေပးႏုိင္ပါတယ္။ အေကာင္းဆံုးအစြမ္းကိုျမင္ရေစဖုိပအတြက္ ေန႔စဥ္လိမ္းေပးဖို႔ေတာ့ လိုအပ္ပါတယ္။

5. ကေလးအလွဆီကို ရင္သားေပၚ၌ လိမ္းက်ံပါ

 အေရျပားေျခာက္ေသြ႔ေနပါက အေၾကာျပတ္ျခင္းပိုမုိျဖစ္ႏိုင္တာေၾကာင့္ ကေလးအလွဆီလိမ္းျခင္းျဖင့္
 ေရဓာတ္ျဖည့္ေပးႏုိင္႐ံုသာမက အေရျပားကိုလည္းႏူးညံ့ေစပါတယ္။

6. က်န္းမာေရးနဲ႔ ညီညြတ္မွ်တတဲ့ အစားအစာမ်ားကို စားသံုးပါ

 အာဟာရဓာတ္မျပည့္ဝပါက အေရျပားသည္ အေၾကာျပတ္ဒဏ္ရာေတြပိုမိုျဖစ္ေစႏိုင္ပါတယ္။
 ျဖည့္စြက္အားေဆးေတြထက္စာလွ်င္ လတ္ဆတ္တဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြမွ ဗီတာမင္နဲ႔ အာဟာရဓာတ္မ်ားကို ရယူပါ။

7. ေရမ်ားမ်ားေသာက္ပါ

  ေရအလံုအေလာက္မေသာက္သံုးသ၍အေရျပားသည္ ေရဓာတ္မျပည့္ဝ၍ ေျခာက္ေသြ႔ေနပါလိမ့္မယ္။
တစ္ေန႔လွ်င္ အနည္းဆံုး ေရ 2 လီတာခန္႔ ေသာက္သံုးသင့္ပါတယ္။


Credit: DrMyanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

အကြောပြတ်တယ်ဆိုတာ အလျင်အမြန်ကြီးထွားလာခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်အလေးချိန်တိုးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အပျိုဖော်ဝင်ခြင်းနဲ့ ခန္ဓာကိုယ်ကြီးထွားမှုနှုန်း
 မြန်ဆန်ခြင်း တို့ကြောင့်ပဲ ဖြစ်လေ့ရှိပါတယ်။ ရင်သားတွေဟာ မြန်ဆန်စွာဖွံ့ဖြိုးလာပါက အကြောပြတ်
ဒဏ်ရာတွေဖြစ်ပေါ် လာတတ်ပါတယ်။ ဒါပေမယ့်လည်း ရင်သားအကြောပြတ်ခြင်းကို ကာကွယ်နိုင်မယ့်
နည်းလမ်းများစွာရှိပါတယ်။ အချို့သူတွေမှာတော့ အကြောပြတ်ဒဏ်ရာတွေပိုမိုဖြစ်လေ့ရှိတာကြောင့် လုံးဝဥဿုံမကာကွယ်နိုင်ပေမယ့်လည်း စနစ်တကျကုသမှုခံယူခြင်းဖြင့် မှေးမှိန်အောင်ပြုလုပ်နိုင်ပါတယ်။

1. Cocoa (သို့) Shea Butter နှင့် ပြုလုပ်ထားတဲ့ အလှဆီတွေကို နေ့စဉ်ရင်သားကိုလိမ်းပေးပါ

၎င်းသဘာဝအလှဆီတွေဟာအစိုဓာတ်ပါဝင်မှုနှုန်းမြင့်မားရုံသာမကအရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်းအားကို
 ကောင်းမွန်စေတာကြောင့် အကြောပြတ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

2. တစ်နေ့လျှင် နှစ်ကြိမ် ရင်သားများကိုနှိပ်နယ်ပေးပါ

ထိုကဲ့သို့ နှိပ်နယ်ခြင်းဖြင့် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေကာ ရင်သားသို့သွေးနဲ့အာဟာရဓာတ်များ အလွယ်တကူရောက်ရှိစေပါတယ်။ နောက်ဆက်တွဲအနေဖြင့် အရေပြားကိုပိုမိုကျန်းမာစေကာ အကြောပြတ်ခြင်းကို သက်သာစေပါတယ်။ အနည်းဆုံးစက္ကန့် 90 ခန့် ရင်သားကို စက်ဝိုင်းသဏ္ဍာန်နှိပ်နယ်ပေးပါ။

3. နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပါ

  နှလုံးနှင့်သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးလည်ပတ်မှုကောင်းမွန်စေရုံသာမက ဒဏ်ရာအမာရွတ်တွေကိုလည်း မှေးမှိန်စေပါတယ်။ ထို့ပြင် အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကိုလည်း ထိန်းသိမ်းပေးတာကြောင့် အကြောပြတ်ဒဏ်ရာတွေဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

4. ဗီတာမင် E ဆေးလုံးကို ဖောက်၍ အရည်ကို ရင်သားပေါ်သို့လိမ်းပေးပါ

  ဗီတာမင် E သည် အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်ဖြစ်ပြီး အရေပြားပေါ်သို့ လိမ်းပေးခြင်းဖြင့် လိုအပ်တဲ့အာဟာရဓာတ်များကို ဖြည့်တင်ပေးနိုင်ပါတယ်။ အကောင်းဆုံးအစွမ်းကိုမြင်ရစေဖိုပအတွက် နေ့စဉ်လိမ်းပေးဖို့တော့ လိုအပ်ပါတယ်။

5. ကလေးအလှဆီကို ရင်သားပေါ်၌ လိမ်းကျံပါ

 အရေပြားခြောက်သွေ့နေပါက အကြောပြတ်ခြင်းပိုမိုဖြစ်နိုင်တာကြောင့် ကလေးအလှဆီလိမ်းခြင်းဖြင့်
 ရေဓာတ်ဖြည့်ပေးနိုင်ရုံသာမက အရေပြားကိုလည်းနူးညံ့စေပါတယ်။

6. ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာများကို စားသုံးပါ

 အာဟာရဓာတ်မပြည့်ဝပါက အရေပြားသည် အကြောပြတ်ဒဏ်ရာတွေပိုမိုဖြစ်စေနိုင်ပါတယ်။
 ဖြည့်စွက်အားဆေးတွေထက်စာလျှင် လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှ ဗီတာမင်နဲ့ အာဟာရဓာတ်များကို ရယူပါ။

7. ရေများများသောက်ပါ

  ရေအလုံအလောက်မသောက်သုံးသ၍အရေပြားသည် ရေဓာတ်မပြည့်ဝ၍ ခြောက်သွေ့နေပါလိမ့်မယ်။
တစ်နေ့လျှင် အနည်းဆုံး ရေ 2 လီတာခန့် သောက်သုံးသင့်ပါတယ်။


Credit: DrMyanmar




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top