iMyanmarHouse.com - Best Property Website for Myanmar
×

သားသမီး လိုခ်င္သူေတြ အေနနဲ႔ မျဖစ္မေန သိရွိထား သင့္တဲ့ အခ်က္ေတြ ရွိေနပါတယ္။

(၁) အသံုးျပဳ ေနေသာ သားဆက္ျခား နည္းမ်ား ကိုရပ္ပါ


သားသမီး မလိုခ်င္ ေသးလို႔ ပဋိသေႏၶ တားေဆး၊ ထိုးေဆးေတြ အသံုးျပဳတာ၊ ကြန္ဒံုးသံုးတာ၊ အမ်ိဳးသမီး သေႏၶတား ပစၥည္းထည့္တာ စတဲ့နည္း ေတြနဲ႔ သေႏၶတားခဲ့တယ္ ဆိုရင္ သားသမီး လိုခ်င္ၿပီဆို ရင္ေတာ့ ဒီနည္းေတြ ရပ္ဖို႔ လိုပါတယ္။ ပဋိသေႏၶတား နည္းေတြကို ရပ္လိုက္ေပမယ့္ ခ်က္ခ်င္း သားသမီး မရႏိုင္တာမ်ိဳး ျဖစ္ တတ္ပါတယ္ ။ အထူးသျဖင့္ ပဋိသေႏၶ တားေဆး၊ ထိုးေဆးေတြက သံုးတာကို ရပ္ လိုက္ေပမယ့္ ကေလး ခ်က္ခ်င္း မရႏိုင္ပါ။

(၂) ဆရာဝန္ႏွင့္ ေဆြးေႏြး တိုင္ပင္ပါ

ေသြးဖိအား၊ ကိုယ္အေလးခ်ိန္၊ ကူး စက္မဟုတ္တဲ့ နာတာ ရွည္ေရာဂါ (ဆီးခ်ိဳ ေသြးခ်ိဳ) ရွိ၊ မရွိေတြကို ဆရာဝန္ထံ ျပသ စစ္ေဆးဖို႔ လိုပါတယ္။ မိခင္က က်န္းမာ မွ က်န္းမာတဲ့ ရင္ေသြးကို ရရွိႏိုင္မွာပါ။

(၃) က်န္းမာေရးႏွင့္ ညီၫြတ္စြာ စားေသာက္ပါ


သားသမီး ရယူဖို႔ ႀကိဳးစားေနတဲ့ မိခင္ေလာင္း တစ္ေယာက္ဟာ အစားအေသာက္ကို က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး မွ်တစြာ စားေသာက္ဖို႔ လိုပါတယ္။ အသားဓာတ္၊ သစ္သီး၊ ဟင္းသီး ဟင္းရြက္ ၊ ေကာက္ႏွံ ေကြကာ ေတြကို အဓိက စားသံုးၿပီး အခ်ိဳ၊ အဆီနဲ႔ အဆင္သင့္ ျပဳျပင္ထားတဲ့ အစာေတြ ကိုေတာ့ ေလ်ာ့စား သင့္ပါတယ္။

(၄) ေဖာလစ္အက္စစ္ ျဖည္႕စြက္ ေသာက္သံုးပါ

ေဖာလစ္အက္စစ္က ေဖာလိတ္ရဲ႕ ျပဳျပင္ထားတဲ့ ပံုစံတစ္ခု ျဖစ္ၿပီး သေႏၶသားမွာ ေမြးရာပါ ခ်ိဳ႕ယြင္း ခ်က္ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ် ေပးပါတယ္။ သေႏၶသားမွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ ျဖစ္ေပၚတာက ကိုယ္ဝန္ ရွိၿပီလို႔ မသိရွိ ခင္ကတည္းက ျဖစ္ေန ႏိုင္ပါတယ္။ ဒါေၾကာင့္ မိခင္ေလာင္းေတြ အေနနဲ႔ သားသမီး ယူဖို႔ ႀကိဳးစားေနခ်ိန္ ကတည္းက ေဖာလစ္အက္စစ္ကို ျဖည့္စြက္ ေသာက္သံုးဖို႔ FDA အႀကံျပဳ ထားပါတယ္။

(၅) ေဆးလိပ္ႏွင့္ အရက္ျဖတ္ပါ

သားသမီး ယူဖို႔ ႀကိဳးစားေနခ်ိန္မွာ အမ်ိဳးသားေတြအေနနဲ႔ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ ေတြကို ျဖတ္ဖို႔ လိုပါတယ္။ ဒါေတြသံုးစြဲတာက အမ်ိဳး သားေတြရဲ႕ မ်ိဳးပြားႏိုင္စြမ္းကို ေလ်ာ့နည္း ေစတာေၾကာင့္ပါ။ ခ႐ိုမိုဇုမ္းပ်က္စီးတာ၊ သုက္ေကာင္ ေလးေတြရဲ႕ လႈပ္ရွားကူးခတ္ ႏိုင္စြမ္းေလ်ာ့နည္းတာ၊ ပန္းေသပန္းၫိႈးတာ စတာေတြေၾကာင့္ အမ်ိဳးသားေတြရဲ႕ မ်ိဳးပြားႏိုင္စြမ္းကို ေလ်ာ့နည္းေစတာပါ။

(၆) ဓမၼတာ စက္ဝန္းကို သိရွိပါေစ

ရာသီလာၿပီး ၁၄ ရက္ ေျမာက္ေန႔မွာ သားဥ ေၾကြက်ၿပီး သားသမီး ရရွိႏိုင္တဲ့ ေန႔ပါ။ ဒီလို ရက္မ်ိဳးမွာ အမ်ိဳးသားနဲ႔ အတူ ေနတာက သားသမီး ရရွိဖို႔ အခြင့္အလမ္း မ်ားႏိုင္ပါတယ္။ အမ်ိဳးသမီး တစ္ဦးနဲ႔တစ္ဦးက ရာသီစက္ဝန္းခ်င္း မတူညီ တတ္ပါဘူး။ တခ်ိဳ႕က ရက္ ၃၀ မွာ တစ္ႀကိမ္ ရာသီလာ တတ္ၿပီး တခ်ိဳ႕လည္း အဲဒီထက္ ေနာက္က် တတ္တာမ်ိဳး ရွိပါတယ္။ ရာသီ စက္ဝန္း မတူညီေပမယ့္ အဲဒီစက္ ဝန္းရဲ႕ အလယ္ရက္က သားဥေျြကရက္ပါ။

(၇) ကိုယ္အပူ ခ်ိန္ကို ေလ့လာပါ

ခႏၶာကိုယ္ အပူခ်ိန္က သင့္ကို သေႏၶေအာင္ေစႏိုင္တဲ့ အေကာင္းဆံုး အခ်ိန္ကို ၫႊန္ျပ ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သားဥေၾကြခ်ိန္မွာ ပ႐ိုဂ်က္စတုန္း ေဟာ္မုန္း ထုတ္လုပ္တာေၾကာင့္ သာမန္ ကိုယ္အပူ ခ်ိန္တက္ အနည္းငယ္ တက္ေန တတ္ပါတယ္။ သားသမီး ရရွိလိုသူေတြ အေနနဲ႔ ဒီလို အခ်ိန္ကို အေကာင္းဆံုး အသံုးခ် ႏိုင္ဖို႔ လိုပါတယ္။

(၈) မိန္းမကိုယ္မွ ထြက္ေသာ အခြ်ဲ အက်ိမ်ား သတိထားၾကည့္ပါ

သားဥေၾကြ ခ်ိန္မွာ မိန္းမကိုယ္ ကေန ေခ်ာမြတ္တဲ့ အရည္ၾကည္ ေလးေတြ ထြက္ပါတယ္။ သုက္ေကာင္ေလးေတြ အလြယ္တကူ ျဖတ္သန္း ဝင္ေရာက္ႏိုင္ ေအာင္ပါ။ မိန္းမကိုယ္မွ ၾကက္ဥ အကာလို အရည္ ၾကည္ေလးေတြ ထြက္တဲ့ အခ်ိန္ဟာ သား သမီးရရွိႏိုင္တဲ့ အခ်ိန္ ျဖစ္ပါတယ္။

(၉) အတြင္းခံ ေဘာင္းဘီကို ဂ႐ုစိုက္ပါ

အမ်ိဳးသမီးေတြ အေနနဲ႔ အတြင္းခံ ေဘာင္းဘီ တင္းက်ပ္ လြန္းတာ၊ ေလဝင္ ေလထြက္ မေကာင္း တာေတြက ေယာနိလမ္းေၾကာင္း ပိုးဝင္တာကို ျဖစ္ေစပါတယ္။ အမ်ိဳးသားေတြ မွာေတာ့ အတြင္း ခံေဘာင္း ဘီက်ပ္ လြန္းတာ၊ ေလဝင္ ေလထြက္ မရွိတာ ေတြေၾကာင့္ ေဝွးေစ့ကေန သုက္ေကာင္ ထုတ္လုပ္မႈကို ထိခိုက္ေစၿပီး မ်ိဳးေအာင္ ႏိုင္စြမ္းကို ေလ်ာ့နည္း ေစပါတယ္။

(၁၀) သာယာၾကည္ႏူးဖို့ အခ်ိန္ေပးပါ


သားသမီး ရရွိဖို႔က အမ်ိဳးသားနဲ႔အတူ သာယာၾကည္ႏူးဖို႔ အခ်ိန္ေပး တာက အဓိက က်ပါတယ္။ စိတ္ဖိစီး မႈေတြ၊ အလုပ္ေတြ အားလံုးကို ေမ့ေပ်ာက္ထား ၿပီး သာယာၾကည္ႏူးမႈ ေတြကို ဖန္တီးယူပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

အလင္း(ေဆးဝါး)

Credit:  အာယု (ျမ၀တီ)

#Unicode Version
သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ် ။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက် ၊ ကောက်နှံ ကွေကာ တွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန် ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင် လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥေြွကရက်ပါ။

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ

သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်း တာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

အလင်း(ဆေးဝါး)


Credit:  အာယု (မြဝတီ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top