iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြရဲ႕ဘဝမွာ မဂၤလာပြဲက အေလးနက္အထားဆံုး ေန႔ရက္တစ္ခုပါပဲ။ မဂၤလာေဆာင္တဲ့အခါ ဘယ္လိုဝတ္စံု ဝတ္မယ္ဆုိတာလည္း စိတ္ကူးယဥ္ခဲ့ဖူးၾကမွာပါ။ ကိုယ့္ရဲ႕မဂၤလာပြဲမွာ ဝတ္စံုေၾကာင့္ စိတ္မညစ္ရေအာင္ ဒါေလးကို ဖတ္ထားလိုက္ပါ။
 
၁။ မင္းသမီးေလးလို
မဂၤလာေဆာင္ရင္ ဂါဝန္ကို ပံုျပင္ထဲက မင္းသမီးေလးလို ဝတ္ခ်င္ၾကတာလည္း မိန္းကေလးေတြပါပဲ။ တကယ္တမ္းေတာ့ ဒါက စိတ္ကူးယဥ္ဖုိ႔ပဲ ေကာင္းပါတယ္။ အရမ္းကားကားႀကီးေတြ၊ အပြင့္အဖတ္ေတြက ကာတြန္းထဲမို႔လို႔သာ လွေနတာပါ။ ကိုယ့္ခႏၶာကိုယ္နဲ႔ အဆင္ေျပဖုိ႔ကိုသာ ဦးစားေပးသင့္ပါတယ္။ လွတာေရြးၿပီးမွ မဂၤလာပြဲမွာ သက္ေတာင့္သက္သာမရွိတာမ်ိဳး မျဖစ္ရေတာ့ဘူးေပါ့။
 
၂။ သူမ်ားေရြးေပးတာ
ဒါလည္းပဲ အဆင္မေျပပါဘူး။ တခ်ိဳ႕ေတြက မိတ္ကပ္နဲ႔ဝတ္စံု တြဲလ်က္စီစဥ္ေပးတာမ်ိဳး ရွိပါတယ္။ မိတ္ကပ္က ပြဲေန႔ေရာက္မွ လိမ္းလို႔ရေပမယ့္ ဝတ္စံုကိုေတာ့ ႀကိဳတင္ fitting ခ်မွ ျဖစ္မွာပါ။ ကိုယ္နဲ႔စမ္းဝတ္ၿပီး အဆင္ေျပတဲ့ဝတ္စံုကိုသာ ေရြးသင့္ပါတယ္။
 
၃။ ဝတ္စံုနဲ႔ မိတ္ကပ္လိမ္းတဲ့ေနရာ တျခားစီခြဲထားတာ
မိတ္ကပ္လိမ္းတဲ့လူက ဝတ္စံုကိုျမင္မွ ဘယ္လိုျခယ္သရမလဲဆုိတာ သိပါလိမ့္မယ္။ ဒါမွသာ အလိုက္ဖက္ဆံုးျဖစ္ေအာင္ ျပင္ဆင္ေပးမွာမို႔လို႔ ကိုယ္လည္း အလွဆံုးျဖစ္ရမွာေပါ့။ ေနာက္တစ္ခုကေတာ့ မိတ္ကပ္လိမ္းၿပီးတာေတာင္ ဝတ္စံုသယ္လာတဲ့လူက ကားပိတ္ၿပီး မေရာက္လာေသးလို႔ စိတ္ပူရတာလည္း သက္သာတယ္ေလ။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


 အမျိုးသမီးတွေရဲ့ဘဝမှာ မင်္ဂလာပွဲက အလေးနက်အထားဆုံး နေ့ရက်တစ်ခုပါပဲ။ မင်္ဂလာဆောင်တဲ့အခါ ဘယ်လိုဝတ်စုံ ဝတ်မယ်ဆိုတာလည်း စိတ်ကူးယဉ်ခဲ့ဖူးကြမှာပါ။ ကိုယ့်ရဲ့မင်္ဂလာပွဲမှာ ဝတ်စုံကြောင့် စိတ်မညစ်ရအောင် ဒါလေးကို ဖတ်ထားလိုက်ပါ။

၁။ မင်းသမီးလေးလို

မင်္ဂလာဆောင်ရင် ဂါဝန်ကို ပုံပြင်ထဲက မင်းသမီးလေးလို ဝတ်ချင်ကြတာလည်း မိန်းကလေးတွေပါပဲ။ တကယ်တမ်းတော့ ဒါက စိတ်ကူးယဉ်ဖို့ပဲ ကောင်းပါတယ်။ အရမ်းကားကားကြီးတွေ၊ အပွင့်အဖတ်တွေက ကာတွန်းထဲမို့လို့သာ လှနေတာပါ။ ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေဖို့ကိုသာ ဦးစားပေးသင့်ပါတယ်။ လှတာရွေးပြီးမှ မင်္ဂလာပွဲမှာ သက်တောင့်သက်သာမရှိတာမျိုး မဖြစ်ရတော့ဘူးပေါ့။

၂။ သူများရွေးပေးတာ

ဒါလည်းပဲ အဆင်မပြေပါဘူး။ တချို့တွေက မိတ်ကပ်နဲ့ဝတ်စုံ တွဲလျက်စီစဉ်ပေးတာမျိုး ရှိပါတယ်။ မိတ်ကပ်က ပွဲနေ့ရောက်မှ လိမ်းလို့ရပေမယ့် ဝတ်စုံကိုတော့ ကြိုတင် fitting ချမှ ဖြစ်မှာပါ။ ကိုယ်နဲ့စမ်းဝတ်ပြီး အဆင်ပြေတဲ့ဝတ်စုံကိုသာ ရွေးသင့်ပါတယ်။

၃။ ဝတ်စုံနဲ့ မိတ်ကပ်လိမ်းတဲ့နေရာ တခြားစီခွဲထားတာ

မိတ်ကပ်လိမ်းတဲ့လူက ဝတ်စုံကိုမြင်မှ ဘယ်လိုခြယ်သရမလဲဆိုတာ သိပါလိမ့်မယ်။ ဒါမှသာ အလိုက်ဖက်ဆုံးဖြစ်အောင် ပြင်ဆင်ပေးမှာမို့လို့ ကိုယ်လည်း အလှဆုံးဖြစ်ရမှာပေါ့။ နောက်တစ်ခုကတော့ မိတ်ကပ်လိမ်းပြီးတာတောင် ဝတ်စုံသယ်လာတဲ့လူက ကားပိတ်ပြီး မရောက်လာသေးလို့ စိတ်ပူရတာလည်း သက်သာတယ်လေ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top