iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ဒံုးဆိုတာ ရာဘာနဲ႔ ျပဳလုပ္ထားတဲ့အစြပ္တစ္ခုသာျဖစ္ၿပီးေတာ့ သားဆက္ျခားတဲ့ပစၥည္းတစ္ခု အျဖစ္ အသံုးျပဳၾကပါတယ္။ သားဆက္ျခားတယ္ဆိုတာ အမ်ိဳးသမီး သားအိမ္ထဲက သားဥေလးဟာ သုက္ပိုးနဲ႔ေတြ႕ၿပီး သေႏၶသားတည္တာကို တားဆီးေပးတဲ့အရာျဖစ္တာမုိ႔လို႔ ေတာ္ရုံနဲ႔ မေပါက္ျပဲႏိုင္၊ ေရ၊ ေလမဝင္ႏိုင္ေအာင္ အကာအကြယ္ေပးႏိုင္တဲ့အရာျဖစ္ပါတယ္။ ဒီ အသံုးအေဆာင္ဟာ တျခား သင္မထင္ထားတဲ့ ေနရာေတြမွာ အသံုးတည့္ေသးပါတယ္။

(၁) သစ္သီးေတြ ထည့္သိမ္းမယ္

ဟုတ္ပါတယ္။ ခရီးသြားတဲ့အခါ လမ္းက အစားအစာေတြက အျမဲတမ္းသန္႔ရွင္းမေနႏိုင္ပါဘူး။ ဒီေတာ့ ကြန္ဒံုးကို ေဖာက္၊ အထဲက ရာဘာအစြပ္ေလးကို အသံုးဝင္ေအာင္ သံုးလို႔ ရတဲ့ေနရာေတြ ရွိပါတယ္။ အထဲကို သစ္သီးဝလံေတြ ေသခ်ာေဆးေၾကာၿပီး ထည့္ထားလိုက္ပါ။ ၾကြပ္ၾကြပ္အိတ္နဲ႔ ထည့္လို႔ ရတယ္ဆိုေပမယ့္ နည္းနည္း ရက္ၾကာသြားတာနဲ႔ မဲသြားတာ၊ နာသြားတ ျဖစ္တတ္ပါတယ္။ ကြန္ဒံုးကေတာ့ ေလလည္း မဝင္တာမို႔ ဘာမွ အနာအဆာျဖစ္မွာ စိုးရိမ္စရာ မရွိပါဘူး။ လူေရွ႕သူေရွ႕ေတာ့ ကြန္ဒံုးနဲ႔ ထုပ္ထားတာကို ျဖည္မစားသင့္ပါဘူးေနာ္။ ကိုယ့္ဖာသာကိုယ္ ထုတ္ၿပီးမွ စားေပါ့။

(၂) ေရစိုခံ လက္ပတ္တီးအျဖစ္ စည္းမယ္

ေရထိလို႔မရတဲ့အနာေတြ၊ ပတ္တီးေသခ်ာစည္းရမယ့္ ဒဏ္ရာေတြကို စည္းလို႔ရပါတယ္။ ထိပ္ႏွစ္ဖက္ကို ျဖတ္လိုက္ၿပီးေတာ့ ရာဘာအပိုင္းျပတ္ေလးထဲကို ဒဏ္ရာအနာေပၚအုပ္မိေအာင္ေသခ်ာ ေနရာတက် စည္းေပးထားရင္ ခၽြတ္ရျပဳရလည္း လြယ္တယ္။ ေတာ္ရုံနဲ႔ ေနရာလည္း မေရြ႕ေတာ့ပါဘူး။

(၃) သားေရႀကိဳးအျဖစ္လည္း သံုးလို႔ရတယ္

ကြန္ဒံုးတစ္ခုကို အပိုင္းေလးေတြ ပိုင္းျဖတ္လိုက္ရင္ အိတ္ေတြ၊ အျခားအရာေတြကို စည္းေႏွာင္ဖို႔ သားေရကြင္းေလးေတြ ရပါၿပီ။

(၄) ေရစိုခံ ဖုန္းအိတ္

သၾကၤန္လို ေန႔ရက္ေတြမ်ိဳးမွာ ဖုန္းထည့္ဖို႔ဆိုၿပီး ေရစိုခံအိတ္ေတြ ေရာင္းတာဝယ္မယ့္အစား ကြန္ဒံုးသာ စြပ္သြားလိုက္ပါ။ သင့္ဖုန္း စခရင္မ္ (Screen) ကို ေကာင္းေကာင္းထိလို႔ ရတဲ့အျပင္ ဖုန္းနဲ႔လည္း တစ္သားတည္း ျဖစ္ေနမွာပါ။ လည္ပင္းတန္းလန္း တန္းလန္းနဲ႔ လည္း မျဖစ္ေတာ့ဘူး။ ေရကူးဖို႔ သြားတဲ့အခါ၊ ေရကစားၾကတဲ့အခါ ဓာတ္ပံုရုိက္ခ်င္လည္း လြယ္သြားပါၿပီ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: duwun

#Unicode Version

ကွန်ဒုံးဆိုတာ ရာဘာနဲ့ ပြုလုပ်ထားတဲ့အစွပ်တစ်ခုသာဖြစ်ပြီးတော့ သားဆက်ခြားတဲ့ပစ္စည်းတစ်ခု အဖြစ် အသုံးပြုကြပါတယ်။ သားဆက်ခြားတယ်ဆိုတာ အမျိုးသမီး သားအိမ်ထဲက သားဥလေးဟာ သုက်ပိုးနဲ့တွေ့ပြီး သန္ဓေသားတည်တာကို တားဆီးပေးတဲ့အရာဖြစ်တာမို့လို့ တော်ရုံနဲ့ မပေါက်ပြဲနိုင်၊ ရေ၊ လေမဝင်နိုင်အောင် အကာအကွယ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒီ အသုံးအဆောင်ဟာ တခြား သင်မထင်ထားတဲ့ နေရာတွေမှာ အသုံးတည့်သေးပါတယ်။

(၁) သစ်သီးတွေ ထည့်သိမ်းမယ်

ဟုတ်ပါတယ်။ ခရီးသွားတဲ့အခါ လမ်းက အစားအစာတွေက အမြဲတမ်းသန့်ရှင်းမနေနိုင်ပါဘူး။ ဒီတော့ ကွန်ဒုံးကို ဖောက်၊ အထဲက ရာဘာအစွပ်လေးကို အသုံးဝင်အောင် သုံးလို့ ရတဲ့နေရာတွေ ရှိပါတယ်။ အထဲကို သစ်သီးဝလံတွေ သေချာဆေးကြောပြီး ထည့်ထားလိုက်ပါ။ ကြွပ်ကြွပ်အိတ်နဲ့ ထည့်လို့ ရတယ်ဆိုပေမယ့် နည်းနည်း ရက်ကြာသွားတာနဲ့ မဲသွားတာ၊ နာသွားတ ဖြစ်တတ်ပါတယ်။ ကွန်ဒုံးကတော့ လေလည်း မဝင်တာမို့ ဘာမှ အနာအဆာဖြစ်မှာ စိုးရိမ်စရာ မရှိပါဘူး။ လူရှေ့သူရှေ့တော့ ကွန်ဒုံးနဲ့ ထုပ်ထားတာကို ဖြည်မစားသင့်ပါဘူးနော်။ ကိုယ့်ဖာသာကိုယ် ထုတ်ပြီးမှ စားပေါ့။

(၂) ရေစိုခံ လက်ပတ်တီးအဖြစ် စည်းမယ်

ရေထိလို့မရတဲ့အနာတွေ၊ ပတ်တီးသေချာစည်းရမယ့် ဒဏ်ရာတွေကို စည်းလို့ရပါတယ်။ ထိပ်နှစ်ဖက်ကို ဖြတ်လိုက်ပြီးတော့ ရာဘာအပိုင်းပြတ်လေးထဲကို ဒဏ်ရာအနာပေါ်အုပ်မိအောင်သေချာ နေရာတကျ စည်းပေးထားရင် ချွတ်ရပြုရလည်း လွယ်တယ်။ တော်ရုံနဲ့ နေရာလည်း မရွေ့တော့ပါဘူး။

(၃) သားရေကြိုးအဖြစ်လည်း သုံးလို့ရတယ်

ကွန်ဒုံးတစ်ခုကို အပိုင်းလေးတွေ ပိုင်းဖြတ်လိုက်ရင် အိတ်တွေ၊ အခြားအရာတွေကို စည်းနှောင်ဖို့ သားရေကွင်းလေးတွေ ရပါပြီ။

(၄) ရေစိုခံ ဖုန်းအိတ်

သင်္ကြန်လို နေ့ရက်တွေမျိုးမှာ ဖုန်းထည့်ဖို့ဆိုပြီး ရေစိုခံအိတ်တွေ ရောင်းတာဝယ်မယ့်အစား ကွန်ဒုံးသာ စွပ်သွားလိုက်ပါ။ သင့်ဖုန်း စခရင်မ် (Screen) ကို ကောင်းကောင်းထိလို့ ရတဲ့အပြင် ဖုန်းနဲ့လည်း တစ်သားတည်း ဖြစ်နေမှာပါ။ လည်ပင်းတန်းလန်း တန်းလန်းနဲ့ လည်း မဖြစ်တော့ဘူး။ ရေကူးဖို့ သွားတဲ့အခါ၊ ရေကစားကြတဲ့အခါ ဓာတ်ပုံရိုက်ချင်လည်း လွယ်သွားပါပြီ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top