iMyanmarHouse.com - Best Property Website for Myanmar
×

Descendants of the Sun မင္းသား ေဆာင္းဂၽြန္ကီနဲ႔ Love in the Moonlight ပါ့ခ္ဘုိဂမ္တုိ႔ဟာ Valentine's Day ေန႔ကို အတူတကြ ကုန္ဆံုးခဲ့ၾကတယ္လုိ႔လည္း သတင္းေတြ ထြက္ေနပါတယ္။

ေဆာင္းေဟက်ဳိနဲ႔ ခ်စ္သူေတြျဖစ္ေနတယ္လို႔လည္း ေကာလာဟလသတင္းေတြ ထြက္ေနတဲ့ ေဆာင္းဂၽြန္ကီဟာ သူနဲ႔ ပါ့ခ္ဘိုဂမ္တုိ႔ဟာ ညီအစ္ကိုဆုိတာထက္ မပိုေၾကာင္း ေျပာခဲ့ေပမဲ့ သူတုိ႔ႏွစ္ေယာက္ၾကားမွာ ဒီထက္ပိုတဲ့ ဆက္ဆံေရးရွိမယ္လုိ႔ ပရိသတ္က ထင္ေနၾကပါတယ္။

သူတုိ႔ထင္တာကလည္း မမွားပါဘူး။ ေဆာင္းဂၽြန္ကီဟာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ထိုင္းႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ ပါ့ခ္ဘိုဂမ္ရဲ႕ ပရိသတ္နဲ႔ေတြ႕ဆံုပြဲကို အထူးဧည့္သည္ေတာ္အျဖစ္ ေရာက္ရွိခဲ့ပါတယ္။

ဒါ့အျပင္ ဇန္နဝါရီလ ၂၃ ရက္ေန႔က ျပဳလုပ္တဲ့ ပါ့ခ္ဘိုဂမ္ရဲ႕ ထိုင္ဝမ္ပရိသတ္နဲ႔ေတြ႕ဆံုုပြဲကိုလည္း ေဆာင္းဂၽြန္ကီက သြားခဲ့ပါတယ္။ တုိက္ဆုိင္ပံုက အဲဒီရက္ေတြမွာ ေဆာင္းဂၽြန္ကီကိုယ္တုိင္က ထိုင္ဝမ္နဲ႔ ထုိင္းႏိုင္ငံတုိ႔မွာ ကိုယ္တုိင္ အလုပ္ကိစၥေလးေတြ ရွိေနခဲ့ပါတယ္။

အသက္ ၃၁ အရြယ္ ေဆာင္းဂၽြန္ကီက အသက္ ၂၃ ႏွစ္အရြယ္ ပါ့ခ္ဘိုဂမ္ကို အစားအစာေတြနဲ႔ တျခားပစၥည္းေတြ ဝယ္ေပးတယ္လို႔ သတင္းၾကားရသလို ပါ့ခ္ဘိုဂမ္ကိုယ္တုိင္ကလည္း သူတုိ႔ႏွစ္ဦးၾကားမွာ အျမဲတမ္းအဆက္အသြယ္ရွိတယ္လို႔ ဝန္ခံခဲ့ဖူးပါတယ္။

"ကၽြန္ေတာ္ Moonlight Drawn by Clouds ႐ိုက္တုန္းက အရမ္းကံေကာင္းတယ္လုိ႔ ခံစားရတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ကို အခ်ိန္တုိင္း အၾကံဉာဏ္ေတြေပးေနတဲ့ ေဆာင္းဂၽြန္ကီကို ေက်းဇူးတင္တယ္" လို႔ ၂၀၁၆ KBS Drama ဆုေပးပြဲမွာ ဆုလက္ခံယူရင္း ပါ့ခ္ဘုိဂမ္က ေျပာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ေက်းဇူးတင္စကားေၾကာင့္ ေဆာင္းဂၽြန္ကီတစ္ေယာက္ မ်က္ရည္က်ခဲ့ရပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Descendants of the Sun မင်းသား ဆောင်းဂျွန်ကီနဲ့ Love in the Moonlight ပါ့ခ်ဘိုဂမ်တို့ဟာ Valentine's Day နေ့ကို အတူတကွ ကုန်ဆုံးခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဆောင်းဟေကျိုနဲ့ ချစ်သူတွေဖြစ်နေတယ်လို့လည်း ကောလာဟလသတင်းတွေ ထွက်နေတဲ့ ဆောင်းဂျွန်ကီဟာ သူနဲ့ ပါ့ခ်ဘိုဂမ်တို့ဟာ ညီအစ်ကိုဆိုတာထက် မပိုကြောင်း ပြောခဲ့ပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ဒီထက်ပိုတဲ့ ဆက်ဆံရေးရှိမယ်လို့ ပရိသတ်က ထင်နေကြပါတယ်။

သူတို့ထင်တာကလည်း မမှားပါဘူး။ ဆောင်းဂျွန်ကီဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပါ့ခ်ဘိုဂမ်ရဲ့ ပရိသတ်နဲ့တွေ့ဆုံပွဲကို အထူးဧည့်သည်တော်အဖြစ် ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ ပါ့ခ်ဘိုဂမ်ရဲ့ ထိုင်ဝမ်ပရိသတ်နဲ့တွေ့ဆုံုပွဲကိုလည်း ဆောင်းဂျွန်ကီက သွားခဲ့ပါတယ်။ တိုက်ဆိုင်ပုံက အဲဒီရက်တွေမှာ ဆောင်းဂျွန်ကီကိုယ်တိုင်က ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှာ ကိုယ်တိုင် အလုပ်ကိစ္စလေးတွေ ရှိနေခဲ့ပါတယ်။

အသက် ၃၁ အရွယ် ဆောင်းဂျွန်ကီက အသက် ၂၃ နှစ်အရွယ် ပါ့ခ်ဘိုဂမ်ကို အစားအစာတွေနဲ့ တခြားပစ္စည်းတွေ ဝယ်ပေးတယ်လို့ သတင်းကြားရသလို ပါ့ခ်ဘိုဂမ်ကိုယ်တိုင်ကလည်း သူတို့နှစ်ဦးကြားမှာ အမြဲတမ်းအဆက်အသွယ်ရှိတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။

"ကျွန်တော် Moonlight Drawn by Clouds ရိုက်တုန်းက အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အချိန်တိုင်း အကြံဉာဏ်တွေပေးနေတဲ့ ဆောင်းဂျွန်ကီကို ကျေးဇူးတင်တယ်" လို့ ၂၀၁၆ KBS Drama ဆုပေးပွဲမှာ ဆုလက်ခံယူရင်း ပါ့ခ်ဘိုဂမ်က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူးတင်စကားကြောင့် ဆောင်းဂျွန်ကီတစ်ယောက် မျက်ရည်ကျခဲ့ရပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top