iMyanmarHouse.com - Best Property Website for Myanmar
×
(၁)သစ္စာရှိခြင်း
(၂)ယုံကြည်မှုရှိခြင်း
(၅)ရိုးသားခြင်း
Credit : shwemom
ပို့သပေးပါတယ်။
Unicode Version
ကိုယ့်ဘဝအတွက် တကယ့်လက်တွဲဖော်ကောင်းကို ဘယ်လိုရွေးမလဲ.?ဘယ်လိုစိတ်နေသဘောထားရှိတဲ့ သူကို လက်တွဲဖော်ကောင်း၊ယောက်ကျားကောင်းလို့ သတ်မှတ်နိုင်မလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။
(၁)သစ္စာရှိခြင်း
သစ္စာရှိတဲ့ ယောက်ျားကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ခွင့်ပြုချက်မရရင် ကိုယ့်ရဲ့ personal ကိစ္စတွေကို မစပ်စုတတ်တာမျိုး၊ကိုယ်လစ်တာ၊ကျောခိုင်းတာနဲ့ မဟုတ်တာ လုပ်တတ်တဲ့ စိတ်ရှိသူဆိုရင်တော့ ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။
(၂)ယုံကြည်မှုရှိခြင်း
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ယောက်ျားတစ်ယောက်မှာ သူ့ရဲ့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေရှိပြီး သင့်ကိုလည်း သူ့လိုပဲ စည်းနဲ့ကမ်းနဲ့နေစေချင်တတ်တဲ့သူမျိုးပါ။ဒီလိုလူမျိုးဟာ သူ့ဘဝအတွက် အနာဂတ် plan ကို သေချာရေးဆွဲထား တတ်သူဖြစ်တာကြောင့် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပေးသင့်ပါတယ်။
(၃)လူကြီးလူကောင်းဆန်ခြင်း
လူကြီးလူကောင်းဆန်တယ်ဆိုတယ် ပုံစံမျိုးစုံရှိပါတယ်။ယောက်ျားတစ်ယောက် လူကြီးလူကောင်းဆန်၊မဆန်ဆိုတာကိုတော့ သူ့ရဲ့ကိုယ့်အပေါ် အလေးထားမှုနဲ့လေးစားမှုတွေကို ကြည့်ခြင်းအား ဒီလူ လူကြီးလူကောင်းဆန်၊မဆန်သိနိုင်မှာဖြစ်ပါ တယ်။
(၄)အပြောင်းအလဲမရှိခြင်း
ပြီးပြည့်စုံတဲ့ လူတစ်ယောက်တော့ မဟုတ်ပေမယ့် ကိုယ်နဲ့ပတ်သက်လာရင် သူ့ရဲ့ရပ်တည်ချက်ဟာ ဘယ်တော့မှပြောင်း လဲတာမျိုးမရှိသူ ဆိုရင်တော့ ဒီလူကိုဟာ ကိုယ့်အနားမှာအမြဲရှိ၊အမြဲအားပေးနိုင်မယ့်သူမျိုးပါ။ဒီလိုမျိုးက သင့်ကို စိတ်ချ လုံခြုံမှု ပေးစွမ်းနိုင်မှာတော့ အသေအချာပါပဲ။
(၅)ရိုးသားခြင်း
ရိုးသားခြင်းဟ တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။သင့်ကို ပုံပြင်တွေမပြောတတ်တဲ့၊ညာမပြောတတ်တဲ့ လူတစ်ယောက်ကို ယုံကြည်အားကိုးလို့ရပါတယ်။တခါတရံမှာတော့ သူ့ရဲ့ရိုးသားမှုတွေကြောင့်လူ့ဂွဇာတစ်ယောက် လို ဖြစ်နေမယ်ဆိုရင်တောင်မှ ဒါဟာသူ့ရဲ့တကယ့်စိတ်ရင်း၊ရင်ထဲကလာတဲ့ ရိုးသားမှုဆိုတာကို မမေ့ပါနဲ့။နားလည်ပေးပါ။
(၆)ဂရုစိုက်၊အာရုံစိုက်တက်ခြင်း
ဂရုစိုက်၊အာရုံစိုက်တတ်တဲ့ စိတ်ရှိဖို့လိုကာ ကိုယ့်အပေါ် ကြင်နာသနား၊ဂရုစိုက်တတ်မှာဖြစ်ပါတယ်။ဒါမှသာ သင်စိတ်ညစ်တဲ့အခါမျိုးမှာ နားလည်အားပေးနှစ်သိမ့်ပေးနိုင်သူ တစ်ယောက်ဖြစ်လာမှာပါ။
Credit : shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top