iMyanmarHouse.com - Best Property Website for Myanmar
×

ပညာရပ္တစ္ခုကို သင္ယူတဲ့ေနရာမွာ ဆရာကလည္း အေရးၾကီးပါတယ္။ ဆရာက ေကာင္းေပမဲ့ ကိုယ့္အေျခအေနနဲ႔ မကိုက္ညီတဲ့အခါ သင္ၾကားမႈမွာ ေႏွာင့္ေႏွးရတာေတြ ၾကံဳရတတ္ပါတယ္။ ဒီ့အတြက္ အြန္လိုင္းမွာ ဆရာမ်ားစြာကို အလြယ္တကူရွာႏုိင္မယ့္ ဝက္ဘ္ဆုိက္တစ္ခုကို ေဖာ္ျပခ်င္ပါတယ္။  Sayar.com.mm ဆိုတဲ့ ဝက္ဘ္ဆုိက္ျဖစ္ပါတယ္။

Sayar.com.mm ဟာ ျမန္မာႏုိင္ငံမွာ ပထမဆံုး အခမဲ့ အသံုးျပဳလို႔ရတဲ့ ဆရာရွာေဖြေရးဝက္ဘ္ဆိုက္ျဖစ္ပါတယ္။ ရွာေဖြလို႔ရတဲ့ ဘာသာရပ္ေတြကလည္း မ်ားျပားပါတယ္။ ဘာသာစကားသင္ၾကားဖို႔ ဆရာရွာမယ္ဆို အဂၤလိပ္၊တရုတ္၊ ဂ်ပန္၊ထိုင္း၊ ျပင္သစ္ကစလို႔ ဟင္ဒီနဲ႔ သကၠတထိ ရွိပါတယ္။ လုပ္ငန္းခြင္အတြက္ အျခားစီးပြားေရးနဲ႔ အိုင္တီနည္းပညာရပ္ဆရာေတြကိုလည္း ရွာေဖြလို႔ရမွာျဖစ္ပါတယ္။

ေက်ာင္းသားအရြယ္လူငယ္ေတြအတြက္ အထက္တန္းပညာေရးနဲ႔သက္ဆုိင္တဲ့ ဇီဝေဗဒ၊ ရူပေဗဒ၊ ဓာတုေဗဒန႔ဲ စတဲ့ဘာသာရပ္ဆုိင္ရာ ဆရာေတြကိုလည္း ရွာေဖြႏုိင္မွာ ျဖစ္ပါတယ္။ ဂီတနဲ႔ပတ္သက္လို႔ ဂစ္တာ၊ စႏၵယား၊ စတဲ့တူရိယာေတြကို သင္ၾကားေပးမယ့္ဆရာေတြရွိသလို ကိုယ္ခံပညာအတြက္ သိုင္းေျပာင္းျပန္၊ ဗန္တိုပညာရပ္ေတြလည္း ရွိပါတယ္။ လက္ရွိမွာ ဘာသာရပ္ေပါင္း ၅၅ ခုနဲ႔ ဆရာေပါင္း ၄၀၀ ေက်ာ္ကို ဝက္ဆုိက္ထဲမွာ ရွာေဖြလို႔ရပါတယ္။

ဝက္ဘ္ဆုိက္ထဲ ဝင္လိုက္တာနဲ႔ ကိုယ္သင္ၾကားလိုတဲ့ ဘာသာရပ္နဲ႔အဆင့္၊ ကိုယ္သင္ၾကားမယ့္ ျမိဳ႕ကို ရိုက္ထည့္လိုက္တဲ့အခါ သင္ၾကားေပးမယ့္ ဆရာေတြ ေပၚလာမွာ ျဖစ္ပါတယ္။ ဒီထဲက ဆရာေတြရဲ႕ ကိုယ္ေရးအက်ဥ္း၊ ပညာေရး၊ လုပ္သက္အေတြ႕အၾကံဳနဲ႔ ဆက္သြယ္ရမယ့္ လိပ္စာေတြကိုေတြ႕ရွိမွာျဖစ္ပါတယ္။

ကိုယ္က ဆရာရွာမယ့္ ေက်ာင္းသားမဟုတ္ဘဲ သင္ၾကားခ်င္တဲ့ ဆရာဆိုရင္လည္း ဝက္ဘ္ဆုိက္မွာ မွတ္ပံုတင္စာရင္းသြင္းလုိ႔ရပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပညာရပ်တစ်ခုကို သင်ယူတဲ့နေရာမှာ ဆရာကလည်း အရေးကြီးပါတယ်။ ဆရာက ကောင်းပေမဲ့ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့အခါ သင်ကြားမှုမှာ နှောင့်နှေးရတာတွေ ကြုံရတတ်ပါတယ်။ ဒီ့အတွက် အွန်လိုင်းမှာ ဆရာများစွာကို အလွယ်တကူရှာနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို ဖော်ပြချင်ပါတယ်။  Sayar.com.mm ဆိုတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

Sayar.com.mm ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အခမဲ့ အသုံးပြုလို့ရတဲ့ ဆရာရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ရှာဖွေလို့ရတဲ့ ဘာသာရပ်တွေကလည်း များပြားပါတယ်။ ဘာသာစကားသင်ကြားဖို့ ဆရာရှာမယ်ဆို အင်္ဂလိပ်၊တရုတ်၊ ဂျပန်၊ထိုင်း၊ ပြင်သစ်ကစလို့ ဟင်ဒီနဲ့ သက္ကတထိ ရှိပါတယ်။ လုပ်ငန်းခွင်အတွက် အခြားစီးပွားရေးနဲ့ အိုင်တီနည်းပညာရပ်ဆရာတွေကိုလည်း ရှာဖွေလို့ရမှာဖြစ်ပါတယ်။

ကျောင်းသားအရွယ်လူငယ်တွေအတွက် အထက်တန်းပညာရေးနဲ့သက်ဆိုင်တဲ့ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ စတဲ့ဘာသာရပ်ဆိုင်ရာ ဆရာတွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်လို့ ဂစ်တာ၊ စန္ဒယား၊ စတဲ့တူရိယာတွေကို သင်ကြားပေးမယ့်ဆရာတွေရှိသလို ကိုယ်ခံပညာအတွက် သိုင်းပြောင်းပြန်၊ ဗန်တိုပညာရပ်တွေလည်း ရှိပါတယ်။ လက်ရှိမှာ ဘာသာရပ်ပေါင်း ၅၅ ခုနဲ့ ဆရာပေါင်း ၄၀၀ ကျော်ကို ဝက်ဆိုက်ထဲမှာ ရှာဖွေလို့ရပါတယ်။

ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်တာနဲ့ ကိုယ်သင်ကြားလိုတဲ့ ဘာသာရပ်နဲ့အဆင့်၊ ကိုယ်သင်ကြားမယ့် မြို့ကို ရိုက်ထည့်လိုက်တဲ့အခါ သင်ကြားပေးမယ့် ဆရာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီထဲက ဆရာတွေရဲ့ ကိုယ်ရေးအကျဉ်း၊ ပညာရေး၊ လုပ်သက်အတွေ့အကြုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကိုတွေ့ရှိမှာဖြစ်ပါတယ်။

ကိုယ်က ဆရာရှာမယ့် ကျောင်းသားမဟုတ်ဘဲ သင်ကြားချင်တဲ့ ဆရာဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင်စာရင်းသွင်းလို့ရပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top