iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Chelmo Team
ပို့သပေးပါတယ်။
Unicode Version
သူငယ်ချင်းရဲ့ ရည်းစားကို ချစ်မိသွားပြီ။ ကိုယ်ကြိုက်လိုက်တဲ့သူက အိမ်ထောင်ရှိပြီးသား ဖြစ်နေ ဒီလိုပြီး အခြေအနေက မထင်ထားပဲ ဖြစ်လာတတ်ပါတယ်။
ရာသီခွင်တွေထဲမှာ ဒီလိုအခြေအနေမျိုးကို ကြုံဖူးတဲ့သူလဲရှိမှာပေါ့နော်။ ဒါပင်မဲ့လည်း ဖွင့်ပြောဖို့ရန်တော့ ခက်သား။ ကဲရာသီခွင်အလိုက် အချစ်ရေးမှာ မီးဆော့ချင်တဲ့ ပိုးပါတဲ့ အချိုးလေးကို ကြည့်လိုက်ကြရအောင်။
★ ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
ခံစားချက်တွေနဲ့ အသက်ရှင်နေရတဲ့ သူပါ။ ချစ်လာပြီဆိုရင်လည်း ပိုင်ရှင်ရှိသူ၊မရှိသူ မဆိုင်ပါ။ သူ့အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မဲ့သူပါ။ ဒါကြောင့်လည်း အချစ်ရေးမှာ စိတ်ဆင်းရဲရတတ်ပါတယ်။
★ မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
ကလေးကစားသလို အချစ်ရေးကိုု အလေးမထားတဲ့အခါမျိုးရှိတတ်ပါတယ်။ တကယ်ချစ်လာပြီဆိုရင်တော့ တစ်ယောက်မှတစ်ယောက်ဖြစ်သွားတတ်ပါတယ်။ မီးဆော့ချင်တဲ့စိတ်ရှိတာကြောင့် မိန်းကလေးအချင်းချင်း အမုန်းခံရတတ်ပါတယ်။
★ မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
 ပြသာနာရှိမရှိ သိပ်မစဉ်းစားပါ။ လွယ်လွယ်နဲ့ လက်ခံလိုက်တဲ့အခါမျိုးလဲရှိပါလိမ့်မယ်။ ချစ်တယ်မချစ်ဘူးထက် အခြေအနေအပေါ်မူတည်ပြီး မီးဆော့တတ်တဲ့အတွက် သတိထားပါ။ မီးဆော့လွန်ရင်တော့ ကိုယ်ပဲ ခံစားရမှာပါ။
★ ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
ရာသီခွင်တွေထဲမှာ အလိမ္မာဆုံးသူဖြစ်ပါလိမ့်မယ်။ ပိုင်ရှင်ရှိပြီးသားသူကို ချစ်မိခဲ့ရင်လည်း ရင်ထဲမှာ ထာဝရသိမ်းထားမယ်ဆိုတဲ့သူပါ။
★ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
အချစ်ရေးကို ဖြည်းဖြည်းချင်း စဉ်းစားတွေးခေါ်တဲ့သူ ဖြစ်ပါလိမ့်မယ်။ ငွေရေးကြေးရေးကသာ အဓိကဖြစ်နေတတ်ပါတယ်။ လွတ်လပ်တဲ့သူကို ရွေးချယ်ဖို့တော့ လိုမယ်ထင်ပါတယ်။
★ သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
ပစ္စည်း၊ဥစ္စာအပေါ်မူတည်ပြီး ဆုံးဖြတ်တတ်တဲ့ သဘောရှိတဲ့သူပါ။ ပိုက်ဆံရှိသောသူက ပျော်ရင်၊ ကိုယ်လည်း ပျော်နေတတ်ပါတယ်။ အိမ်မက်ကလန့်နိုးလာချိန်မှာတော့ ငါဘာကြောင့် ဒီလူကို ချစ်နေတာလဲလို့ ထင်နေမိမှာ အမှန်ပါ။
★ မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
 ဒီရာသီခွင်ကတော့ လောကကြီးရဲ့ အပြစ်တင်မှုတွေ၊ အတင်းပြောတာတွေကို မုန်းတဲ့ ဒီလိုအချစ်မျိုးနဲ့ ကင်းကင်းနေတတ်ပါတယ်။
★ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
 ပြသာနာရှိတဲ့ အချစ်ကို ဝေးဝေးက ရှောင်တတ်သူပါ။ ဒါပင်မဲ့ တဘက်ကနေ ချဉ်းကပ်လာရင်တော့ ပျော့ပြီး လိုက်သွားတတ်လို့ သတိနဲ့နေနော်။
★ ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
အချစ်အတွက်ဆိုရင် အသက်ပဲပေးရပေးရပါ။ သူ့ကို ၁၀၀% မပိုင်ဆိုင်ရရင် စိတ်မချမ်းသာတဲ့သူ ဖြစ်တာကြောင့် ဖြစ်လာတဲ့ ပြသာနာကြောင့် စိတ်ဆင်းရဲရမယ်ဆိုရင်တော့ မီးမဆော့တာကောင်းပါတယ်။
★ ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
 ချုပ်ချယ်မှုကို အရမ်းမုန်းတဲ့ ရာသီခွင်ပါ။ ကိုယ်တိုင်လည်း မီးမဆော့ပင်မဲ့ ပတ်ဝန်းကျင်ကတော့ သူတို့ရဲ့ ချစ်သူကို ခိုးယူသွားသူလို့ ထင်မြင်နေကြမှာပါ။ အနေအထိုင် ဆင်ခြင်သင့်ပါတယ်။
★ ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
ပိုင်ရှင်ရှိသူ ဟုတ်မဟုတ် မစဉ်းစားပါ။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့အကျင့်ရှိတဲ့ သူပါ။ ပိုင်ရှင်ရှိသူတွေရဲ့ မုန်းတီးမှုကို ခံရတတ်တာကြောင့် သတိထားပါ။
★ မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
ခံစားချက်တွေနဲ့ ရှင်သန်နေရတဲ့ ရာသီခွင်ဖြစ်တဲ့အတွက် ချစ်လာပြီဆိုရင်တော့ တဇွတ်ထိုးလုပ်ချင်တဲ့ အကျင့်လေးရှိပါတယ်။ အချစ်ကို ၃ ယောက် ၁ ယောက်လုရမယ်ဆိုရင်လည်း နိုင်အောင်လုပ်မဲ့ အရည်အချင်းရှိပင်မဲ့လည်း ဆုံးရှုံးမှုတွေလည်း ရှိပါလိမ့်မယ်။
Credit: Chelmo Team
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top