iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ တေန႔ကို သၾကားပမာဏ ဘယ္ေလာက္စားသံုးမိတယ္ဆိုတာ သင္သတိထားမိပါသလား။  ေခ်ာကလက္၊ ေရခဲမုန္႔ နဲ႔ အျခားသေရစာေတြက ရလာမယ့္ သၾကားဓာတ္ေတြကိုေတာ့ သင္သတိျပဳမိေကာင္းျပဳမိပါမယ္။ ဒါေပမယ့္ သင္ လံုးဝသတိမထားမိတဲ့ အခ်က္ရွိပါတယ္။ ဒါကေတာ့ လူေတြေန႔စဥ္စားသံုးေနတဲ့ သၾကားေတြက အရည္အေနနဲ႔ အမ်ားဆံုး စားသံုးလိုက္တာပါတဲ့။ ေန႔စဥ္ဘဝထဲမွာေသာက္သံုးမိေနတဲ့ Ready Made Coffeemix ေတြ၊ Soft Drinks၊ Energy Drink နဲ႔ Juice ေတြကေန သၾကားပမာဏအမ်ားဆံုးရရွိေနမွာကို ေတြးၾကည့္လိုက္ပါ။

သင္ေသာက္လိုက္မိသမ်ွ စြမ္းအားျဖည့္အခ်ိဳရည္ေတြ၊ Coca Cola၊ အသီးေဖ်ာ္ရည္ စတဲ့ အရာေတြအားလံုးမွာပါတဲ့ သၾကားဓာတ္က သင္ထင္ထားတာထက္ အမ်ားၾကီးပိုမိုပါဝင္ပါတယ္။ အေအးဗူး တဗူးခ်င္းစီမွာ ပါဝင္တဲ့ သၾကားဓာတ္က သင့္ရဲ ႔ခႏၶာကိုယ္ထဲမွာ အဆီျဖစ္လာေစမွာပါ။ သင္ဟာ တေန႕ကို 250ml ရွိတဲ့ အေအးဗူးတဗူး ေန႔စဥ္ေသာက္သြားမယ္ဆိုရင္ တစ္ႏွစ္ျပည့္တဲ့အခါ သင့္ခႏၶာကိုယ္ထဲကို သၾကား 10 kgs ေရာက္ေနမွာပါ။  600ml ရွိတဲ့ အေအးတဘူးကို ေသာက္လိုက္မိတာဟာ သင္ေသာက္တ့ဲေကာ္ဖီ/လက္ဖက္ရည္ထဲကို သၾကားစားပြဲတင္ဇြန္း ၃၂ဇြန္း ထည့္ေသာက္တာနဲ႔အတူတူပါပဲတဲ့။ ဒီ့ထက္ ပိုရင္ေတာင္ပိုဦးမွာပါ။  ဒီလိုအခ်ိဳရည္ေတြေသာက္မိေနတာကို ရပ္လိုက္ဖို႔အတြက္ လိုအပ္တဲ့အေလ့အက်င့္ေလးေတြ လုပ္ေပးဖို႔ လိုအပ္ပါတယ္။

၁။ ဘယ္သြားသြား ေရဘူးအျမဲသယ္သြားပါ။ ေန႔လည္ေန႔ခင္း ေနပူပူမွာသြားလာေနၾကတဲ့ လူေတြအတြက္ေတာ့ ဒါဟာ အေလ့အက်င့္ေကာင္းတခုျဖစ္ေစမွာပါ။ အျမဲတမ္းေရဘူးပါေနေတာ့ ေရငတ္ရင္ အေအးေတြဝယ္မေသာက္မိေတာ့ဘူးေပါ႔။

၂။ အခ်ိဳပါဝင္မွုနည္းတာကို ေျပာင္းေသာက္ၾကည့္ပါ။ အၾကံေပးခ်င္တာကေတာ့ ေရထဲကို သံပရာသီး၊ အျခားအသီးအႏွံေတြထည့္ျပီး Detox Water လိုမ်ိဳးပါ။ (ပူရွိန္း (သို႔) Cool Mint ထည့္ျပီး အသစ္အဆန္း အေနနဲ႔ေသာက္ၾကည့္လို႔ရပါတယ္)

၃။ အေအးဗူးေတြကို မေတြ႔ေအာင္ေနပါ။ မွန္ပါတယ္။ မျမင္ရရင္မေသာက္ခ်င္ပါဘူး။ Convenience Store ေတြကိုေရာက္ရင္ အေအးဗူးေတြရွိတဲ့ဘက္ကို မသြားဘဲအျခားတခုခုကို အာရံုစိုက္ပါ။

ဒီလိုအက်င့္လုပ္ေပးတာက သင့္ရဲ ႔ေန႔စဥ္ဘဝနဲ႔က်န္းမာေရးအတြက္ ေရရွည္မွာ အက်ိဳးရွိေစမွာေသခ်ာပါတယ္။

Credit : trend myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ဟာ တနေ့ကို သကြားပမာဏ ဘယ်လောက်စားသုံးမိတယ်ဆိုတာ သင်သတိထားမိပါသလား။  ချောကလက်၊ ရေခဲမုန့် နဲ့ အခြားသရေစာတွေက ရလာမယ့် သကြားဓာတ်တွေကိုတော့ သင်သတိပြုမိကောင်းပြုမိပါမယ်။ ဒါပေမယ့် သင် လုံးဝသတိမထားမိတဲ့ အချက်ရှိပါတယ်။ ဒါကတော့ လူတွေနေ့စဉ်စားသုံးနေတဲ့ သကြားတွေက အရည်အနေနဲ့ အများဆုံး စားသုံးလိုက်တာပါတဲ့။ နေ့စဉ်ဘဝထဲမှာသောက်သုံးမိနေတဲ့ Ready Made Coffeemix တွေ၊ Soft Drinks၊ Energy Drink နဲ့ Juice တွေကနေ သကြားပမာဏအများဆုံးရရှိနေမှာကို တွေးကြည့်လိုက်ပါ။

သင်သောက်လိုက်မိသမျှ စွမ်းအားဖြည့်အချိုရည်တွေ၊ Coca Cola၊ အသီးဖျော်ရည် စတဲ့ အရာတွေအားလုံးမှာပါတဲ့ သကြားဓာတ်က သင်ထင်ထားတာထက် အများကြီးပိုမိုပါဝင်ပါတယ်။ အအေးဗူး တဗူးချင်းစီမှာ ပါဝင်တဲ့ သကြားဓာတ်က သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ အဆီဖြစ်လာစေမှာပါ။ သင်ဟာ တနေ့ကို 250ml ရှိတဲ့ အအေးဗူးတဗူး နေ့စဉ်သောက်သွားမယ်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲကို သကြား 10 kgs ရောက်နေမှာပါ။  600ml ရှိတဲ့ အအေးတဘူးကို သောက်လိုက်မိတာဟာ သင်သောက်တဲ့ကော်ဖီ/လက်ဖက်ရည်ထဲကို သကြားစားပွဲတင်ဇွန်း ၃၂ဇွန်း ထည့်သောက်တာနဲ့အတူတူပါပဲတဲ့။ ဒီ့ထက် ပိုရင်တောင်ပိုဦးမှာပါ။  ဒီလိုအချိုရည်တွေသောက်မိနေတာကို ရပ်လိုက်ဖို့အတွက် လိုအပ်တဲ့အလေ့အကျင့်လေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

၁။ ဘယ်သွားသွား ရေဘူးအမြဲသယ်သွားပါ။ နေ့လည်နေ့ခင်း နေပူပူမှာသွားလာနေကြတဲ့ လူတွေအတွက်တော့ ဒါဟာ အလေ့အကျင့်ကောင်းတခုဖြစ်စေမှာပါ။ အမြဲတမ်းရေဘူးပါနေတော့ ရေငတ်ရင် အအေးတွေဝယ်မသောက်မိတော့ဘူးပေါ့။

၂။ အချိုပါဝင်မှုနည်းတာကို ပြောင်းသောက်ကြည့်ပါ။ အကြံပေးချင်တာကတော့ ရေထဲကို သံပရာသီး၊ အခြားအသီးအနှံတွေထည့်ပြီး Detox Water လိုမျိုးပါ။ (ပူရှိန်း (သို့) Cool Mint ထည့်ပြီး အသစ်အဆန်း အနေနဲ့သောက်ကြည့်လို့ရပါတယ်)

၃။ အအေးဗူးတွေကို မတွေ့အောင်နေပါ။ မှန်ပါတယ်။ မမြင်ရရင်မသောက်ချင်ပါဘူး။ Convenience Store တွေကိုရောက်ရင် အအေးဗူးတွေရှိတဲ့ဘက်ကို မသွားဘဲအခြားတခုခုကို အာရုံစိုက်ပါ။

ဒီလိုအကျင့်လုပ်ပေးတာက သင့်ရဲ့နေ့စဉ်ဘဝနဲ့ကျန်းမာရေးအတွက် ရေရှည်မှာ အကျိုးရှိစေမှာသေချာပါတယ်။


Credit : trend myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top