iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေျခေထာက္ေလး ျဖဴေဖြးသန္႔စင္ၿပီး ပိုမို လွပလာေအာင္ အိမ္မွာပဲ ျပဳလုပ္လို႔ ရတဲ့ နည္းလမ္းေကာင္းေလး ရွိပါတယ္။ ေငြကုန္ေၾကးက်လည္း သက္သာၿပီး အမွန္တကယ္ ထိေရာက္ပါတယ္။ လွပေက်ာ့ရွင္းၿပီး ဝင္းပတဲ့ ေျခေထာက္ေလးကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေအာက္မွာေပးထားတဲ့ အခ်က္ေလးေတြ အတိုင္း လုပ္ၾကည့္လိုက္ပါ။ အဆင့္ (၃) ဆင့္ပဲ လိုအပ္ပါတယ္။

(၁) ေျခသည္း နွင့္ ေျခေထာက္မ်ား ကို သန္႔ရွင္းေအာင္ ျပဳလုပ္ျခင္း
ဝါဂြမ္း အနည္းငယ္ကိုယူၿပီး လက္သည္းဖ်က္ေဆး ဆြတ္ကာ ေျခသည္းမ်ားေပၚရွိ ေျခသည္းနီ အႂကြင္းအက်န္မ်ားကို ဖယ္ရွားရွင္းလင္းပါ။ ေရေႏြးေလး တစ္ပံုးကို အသင့္ျပင္ထားၿပီး သံပုရာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ ၂ ဇြန္း၊ ေခါင္းေလွ်ာ္ရည္ ၃ ဇြန္း ထည့္ကာ သမေအာင္ ေမႊေပးပါ။ ၿပီးတဲ့အခါ သင့္ေျခေထာက္ေလေတြကို ထည့္ၿပီး ၁၀ မိနစ္ေလာက္ စိမ္ထားေပးပါ။ ဆယ္မိနစ္ျပည့္တဲ့အခါ ေျခေထာက္ကို ေျခာက္ေသြ႕ေအာင္ ပုဝါေလးနဲ႔ အသာအယာ သုတ္ေပးပါ။


(၂) ေျခေထာက္ကို ပြတ္တိုက္ သန္႔စင္ျခင္း
မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၂ဇြန္း နဲ႔ သံပုရာရည္ ၂ ဇြန္း ကို သမေအာင္ ေရာေမႊထားၿပီး သြားတိုက္ေဆးကိုပါ အသံုးျပဳကာ ေျခသည္းေလးေတြကို ပြတ္တိုက္ သန္႔စင္ေပးပါ။ ၿပီးလွ်င္ ပထမအဆင့္တြင္ အသံုးျပဳခဲ့ေသာ ပံုးထဲမွာ ၅ မိနစ္ေလာက္ ေနာက္ထပ္တစ္ႀကိမ္ စိမ္ထားေပးပါ။ ၿပီးတဲ့အခါ ေျခေထာက္ကို ေျခာက္ေသြ႕ေအာင္ ပုဝါေလးနဲ႔ အသာအယာ သုတ္ေပးပါ။

(၃) ေျခေထာက္ေလးေတြ ၀င္းပျဖဴစင္သြားေအာင္ ျပဳလုပ္ျခင္း
Multani mitti (fuller's earth) လို႔ ေခၚတဲ့ ႐ြံေစးမႈန္႔ ၆ဇြန္း၊ သံပုရာရည္ ၁ ဇြန္း၊ ရွားေစာင္းလက္ပက္ Gel ၂ ဇြန္း၊ နွင့္ ေရ ၁ဇြန္းကို ပန္းကန္လံုး တစ္လံုးထဲမွာ ထည့္ၿပီး ေမႊပါ။  ေခါင္းေလွ်ာ္ရည္ အနည္းငယ္ ကို ေရျမႇုပ္ေက်ာက္ ေပၚတင္ၿပီး ေျခေထာက္ကို အသာအယာ ပြတ္တိုက္ ေပးပါ။ ၿပီးတဲ့အခါ ေရနဲ႔ ေဆးခ်ၿပီး ႐ႊံ႕ေစး - ရွားေစာင္းလက္ပက္ အေရာအေနွာ ကို ေျခေထာက္ေလးေတြေပၚ အသာအယာ လိမ္းႀကံေပးပါ။ ေျခေထာက္ ကို ၅ မိနစ္ေလာက္ နွိပ္နယ္ေပးၿပီး ၁၅ မိနစ္ေလာက္ၾကာေအာင္ ထားထားပါ။ၿပီးသြားရင္ ေျခေထာက္ကို ေဆးေၾကာၿပီး ေျခာက္ေသြ႕ေအာင္ သုတ္ကာ အစိုဓာတ္ထိန္းခရင္မ္ တမ်ိဳးမ်ိဳး လိမ္းေပးလိုက္ပါ။ တစ္ပတ္တစ္ခါ အားလပ္တဲ့အခ်ိန္တိုင္း ပံုမွန္လုပ္ေပးမယ္ ဆိုရင္ေတာ့ သင့္ေျခေထာက္ေလးေတြ လွပေၾကာ့ရွင္းၿပီး ျမင္သူတကာ ေငးေမာရေစမွာ အေသအခ်ာအပါပဲ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode version



သင့်ခြေထောက်လေး ဖြူဖွေးသန့်စင်ပြီး ပိုမို လှပလာအောင် အိမ်မှာပဲ ပြုလုပ်လို့ ရတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ငွေကုန်ကြေးကျလည်း သက်သာပြီး အမှန်တကယ် ထိရောက်ပါတယ်။ လှပကျော့ရှင်းပြီး ဝင်းပတဲ့ ခြေထောက်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ အချက်လေးတွေ အတိုင်း လုပ်ကြည့်လိုက်ပါ။ အဆင့် (၃) ဆင့်ပဲ လိုအပ်ပါတယ်။

(၁) ခြေသည်း နှင့် ခြေထောက်များ ကို သန့်ရှင်းအောင် ပြုလုပ်ခြင်း
ဝါဂွမ်း အနည်းငယ်ကိုယူပြီး လက်သည်းဖျက်ဆေး ဆွတ်ကာ ခြေသည်းများပေါ်ရှိ ခြေသည်းနီ အကြွင်းအကျန်များကို ဖယ်ရှားရှင်းလင်းပါ။ ရေနွေးလေး တစ်ပုံးကို အသင့်ပြင်ထားပြီး သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၂ ဇွန်း၊ ခေါင်းလျှော်ရည် ၃ ဇွန်း ထည့်ကာ သမအောင် မွှေပေးပါ။ ပြီးတဲ့အခါ သင့်ခြေထောက်လေတွေကို ထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ဆယ်မိနစ်ပြည့်တဲ့အခါ ခြေထောက်ကို ခြောက်သွေ့အောင် ပုဝါလေးနဲ့ အသာအယာ သုတ်ပေးပါ။

(၂) ခြေထောက်ကို ပွတ်တိုက် သန့်စင်ခြင်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ သံပုရာရည် ၂ ဇွန်း ကို သမအောင် ရောမွှေထားပြီး သွားတိုက်ဆေးကိုပါ အသုံးပြုကာ ခြေသည်းလေးတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ ပြီးလျှင် ပထမအဆင့်တွင် အသုံးပြုခဲ့သော ပုံးထဲမှာ ၅ မိနစ်လောက် နောက်ထပ်တစ်ကြိမ် စိမ်ထားပေးပါ။ ပြီးတဲ့အခါ ခြေထောက်ကို ခြောက်သွေ့အောင် ပုဝါလေးနဲ့ အသာအယာ သုတ်ပေးပါ။

(၃) ခြေထောက်လေးတွေ ဝင်းပဖြူစင်သွားအောင် ပြုလုပ်ခြင်း
Multani mitti (fuller's earth) လို့ ခေါ်တဲ့ ရွံစေးမှုန့် ၆ဇွန်း၊ သံပုရာရည် ၁ ဇွန်း၊ ရှားစောင်းလက်ပက် Gel ၂ ဇွန်း၊ နှင့် ရေ ၁ဇွန်းကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပြီး မွှေပါ။  ခေါင်းလျှော်ရည် အနည်းငယ် ကို ရေမြှုပ်ကျောက် ပေါ်တင်ပြီး ခြေထောက်ကို အသာအယာ ပွတ်တိုက် ပေးပါ။ ပြီးတဲ့အခါ ရေနဲ့ ဆေးချပြီး ရွှံ့စေး - ရှားစောင်းလက်ပက် အရောအနှော ကို ခြေထောက်လေးတွေပေါ် အသာအယာ လိမ်းကြံပေးပါ။ ခြေထောက် ကို ၅ မိနစ်လောက် နှိပ်နယ်ပေးပြီး ၁၅ မိနစ်လောက်ကြာအောင် ထားထားပါ။ပြီးသွားရင် ခြေထောက်ကို ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ကာ အစိုဓာတ်ထိန်းခရင်မ် တမျိုးမျိုး လိမ်းပေးလိုက်ပါ။ တစ်ပတ်တစ်ခါ အားလပ်တဲ့အချိန်တိုင်း ပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ သင့်ခြေထောက်လေးတွေ လှပကြော့ရှင်းပြီး မြင်သူတကာ ငေးမောရစေမှာ အသေအချာအပါပဲ။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top