iMyanmarHouse.com - Best Property Website for Myanmar
×

Kim Kardashian က စလို႔ ၾကယ္ပြင့္ေတာ္ေတာ္မ်ားမ်ားဟာ Waist Training နဲ႔ပတ္သက္လုိ႔ ေကာင္းက်ိဳးေတြကို ဆိုရွယ္မီဒီယာေပၚမွာ ေ၀မွ်ခဲ့ပါတယ္။ Waist Training ဆိုတာ တင္းက်ပ္တဲ့ ေကာ့ဆက္တစ္ခု ၀တ္ထားစဥ္မွာ ေလ့က်င့္ခန္းလုပ္ျခင္းကို ေခၚတာပါ။ ကင္မ္လို သဲနာရီပံုစံ ကိုယ္လံုး ခပ္မိုက္မိုက္ကို ပုိင္ဆုိင္ခ်င္တဲ့ သူေတြၾကား ေတာ္ေတာ္ေလးေရပန္းစားလာတဲ့ ေလ့က်င့္ခန္းတစ္ခုလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ တကယ္တမ္းWaist Trainingဆိုတာ အေရွ႕ဘက္နဲ႔ ၀မ္းဗိုက္ပိုင္းေအာက္နား၊ ခါးနားကို ကေလ႔က်င့္ခန္းလုပ္ျခင္းအားျဖင့္ တင္ပါးနဲ႔ အရိုးတည္ေဆာက္မႈေတြကို ပိုၿပီးေသးငယ္သြားေအာင္ လုပ္တာျဖစ္ပါတယ္။ ဒီလိုကစားျခင္းအားျဖင့္ ၾကြက္သားေတြကို ပိုၿပီးသန္မာေျဖာင့္တင္းေစတဲ့အျပင္ ပိုခ်ပ္ရပ္တဲ့ ၀မ္းဗိုက္နဲ႔ ေသးသြယ္တဲ့ခါးကို ရေစပါတယ္။ ဒီဘက္ေခတ္မွာေတာ့ အခ်ိန္ကုန္သက္သာၿပီး ျမန္ျမန္ဆန္ဆန္ နည္းအေနနဲ႔ ေကာ့ဆက္ေတြကို သံုးလာၾကတာျဖစ္ပါတယ္။

ေကာ့ဆက္ဘယ္ႏွစ္မ်ိဳးရွိသလဲ။
ေကာ့ဆက္ႏွစ္မ်ိဳးရွိပါတယ္။ ပထမတစ္ခုက ခါးပံုက်ဖို႔ လုပ္ထားတာျဖစ္ၿပီး ကိုယ္၀န္ေဆာင္ၿပီး အမ်ိဳးသမီးေတြ၊ ခါးေနာက္ေက်ာျပႆနာရွိသူေတြ ၀တ္ဆင္ၾကပါတယ္။ ဒုတိယတစ္ခုကေတာ့ ေလ့က်င့္ခန္းလုပ္ေနစဥ္မွာ ေခၽြးပိုထြက္ၿပီး အဆီေတြ ပိုေလာင္ကၽြမ္းေစဖို႔ ကိုယ္အပူခ်ိန္တိုးေအာင္လုပ္ထားတဲ့ေကာ့ဆက္ျဖစ္ပါတယ္။ Kim Kardashian ၀တ္တဲ့ ေကာ့ဆက္ကေတာ့ ႏွစ္ခုေရာထားတဲ့ ေကာ့ဆက္ပါ။

Waist training လုပ္တာက ခပ္မိုက္မိုက္သဲနာရီပံုစံ ကိုယ္လံုးကို ရေအာင္ျဖစ္ပါတယ္။ ဒီလိုလုပ္တာက သင့္ရဲ႕ တင္ပါးဆိုဒ္ကို ေျပာင္းလဲႏိုင္မယ္လို႔ေတာ့ မဆိုလိုေပမယ့္ သင့္တင့္တဲ့ ထရိန္နင္ေတြကေန ခါးတစ္၀ိုက္မွာရွိတဲ့အဆီပိုေတြကို ဖယ္ရွားႏိုင္ပါတယ္။ အဆီပိုေတြ မရွိေတာ့တဲ့အတြက္ သင့္ရဲ႕ ခါးက ေသးသိမ္သြားၿပီး တင္ပါးက ပိုၿပီး ထင္းထင္းရင္းရင္းရွိလာမွာ ျဖစ္ပါတယ္။

အေကာင္းဆံုးနည္းလမ္းမ်ား
အေကာင္းဆံုးထရိန္နင္က Gymမွာ အၿမဲမစတင္ပါဘူး။ သင့္အေနနဲ႔ ဘယ္ေလာက္ပဲ ေလ့က်င့္ခန္းလုပ္လုပ္ အစားအေသာက္ေတြ အလြန္အကၽြံစားေနရင္ အဆီေတြစုေနဦးမွာပါ။ ဒါေၾကာင့္ သင့္အေနနဲ႔ Waist Training လုပ္မွာေသခ်ာၿပီဆုိရင္ သင့္ရဲ႕ အစားအေသာက္ပံုစံကုိ ျပင္ဖို႔လိုအပ္ၿပီး အာဟာရျဖစ္မယ့္ အစားအေသာက္ေတြကို စားေပးဖို႔လိုပါတယ္။

တကယ္လို႔ သင္က အိုဗာ၀ိတ္ျဖစ္ေနတာ ဒါမွမဟုတ္ အသားမက်ဘူးလို႔ခံစားေနရရင္ Waist Training မလုပ္ခင္မွာ ကာဒီယိုသင္တန္းေတြ တက္ဖုိ႔ လိုအပ္ပါတယ္။ဒါက သင့္ကိုယ္လံုးက အဆီပိုေတြကို ဖယ္ရွားႏိုင္မယ့္ ေသာ့ခ်က္တစ္ခုျဖစ္ၿပီး တျခားတစ္ဖက္ကၾကည့္ရင္ အဆီအလႊာေတြေအာက္မွာ ကြယ္ေနတဲ့ ၾကြက္သားေတြကို ပိုၿပီးသန္မာေစပါတယ္။

တျခားတစ္ဖက္မွာ  သင္က Gymလည္း ပံုမွန္သြားတယ္ က်န္းမာၿပီး အားကစားလည္းလိုက္စားတယ္ဆိုေပမယ့္ ဘာမွတိုးတက္မလာဘူးဆိုရင္ သင္အနားယူဖို႔လိုအပ္ေနပါၿပီ။ ေယာဂသင္တန္းတစ္ခုတက္ပါ Messageလုပ္ပါ ခႏၶာကိုယ္ကို အနားေပးလိုက္ၿပီး ျပန္စၾကည့္ပါ။ သင့္ရဲ႕ ထရိန္နင္ရလဒ္ေတြမွာ တိုးတက္လာတာကို ေတြ႕ရမွာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Kim Kardashian က စလို့ ကြယ်ပွင့်တော်တော်များများဟာ Waist Training နဲ့ပတ်သက်လို့ ကောင်းကျိုးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့ပါတယ်။ Waist Training ဆိုတာ တင်းကျပ်တဲ့ ကော့ဆက်တစ်ခု ဝတ်ထားစဉ်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကို ခေါ်တာပါ။ ကင်မ်လို သဲနာရီပုံစံ ကိုယ်လုံး ခပ်မိုက်မိုက်ကို ပိုင်ဆိုင်ချင်တဲ့ သူတွေကြား တော်တော်လေးရေပန်းစားလာတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်းWaist Trainingဆိုတာ အရှေ့ဘက်နဲ့ ဝမ်းဗိုက်ပိုင်းအောက်နား၊ ခါးနားကို ကလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် တင်ပါးနဲ့ အရိုးတည်ဆောက်မှုတွေကို ပိုပြီးသေးငယ်သွားအောင် လုပ်တာဖြစ်ပါတယ်။ ဒီလိုကစားခြင်းအားဖြင့် ကြွက်သားတွေကို ပိုပြီးသန်မာဖြောင့်တင်းစေတဲ့အပြင် ပိုချပ်ရပ်တဲ့ ဝမ်းဗိုက်နဲ့ သေးသွယ်တဲ့ခါးကို ရစေပါတယ်။ ဒီဘက်ခေတ်မှာတော့ အချိန်ကုန်သက်သာပြီး မြန်မြန်ဆန်ဆန် နည်းအနေနဲ့ ကော့ဆက်တွေကို သုံးလာကြတာဖြစ်ပါတယ်။

ကော့ဆက်ဘယ်နှစ်မျိုးရှိသလဲ။
ကော့ဆက်နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက ခါးပုံကျဖို့ လုပ်ထားတာဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီး အမျိုးသမီးတွေ၊ ခါးနောက်ကျောပြဿနာရှိသူတွေ ဝတ်ဆင်ကြပါတယ်။ ဒုတိယတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ချွေးပိုထွက်ပြီး အဆီတွေ ပိုလောင်ကျွမ်းစေဖို့ ကိုယ်အပူချိန်တိုးအောင်လုပ်ထားတဲ့ကော့ဆက်ဖြစ်ပါတယ်။ Kim Kardashian ဝတ်တဲ့ ကော့ဆက်ကတော့ နှစ်ခုရောထားတဲ့ ကော့ဆက်ပါ။

Waist training လုပ်တာက ခပ်မိုက်မိုက်သဲနာရီပုံစံ ကိုယ်လုံးကို ရအောင်ဖြစ်ပါတယ်။ ဒီလိုလုပ်တာက သင့်ရဲ့ တင်ပါးဆိုဒ်ကို ပြောင်းလဲနိုင်မယ်လို့တော့ မဆိုလိုပေမယ့် သင့်တင့်တဲ့ ထရိန်နင်တွေကနေ ခါးတစ်ဝိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားနိုင်ပါတယ်။ အဆီပိုတွေ မရှိတော့တဲ့အတွက် သင့်ရဲ့ ခါးက သေးသိမ်သွားပြီး တင်ပါးက ပိုပြီး ထင်းထင်းရင်းရင်းရှိလာမှာ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းများ
အကောင်းဆုံးထရိန်နင်က Gymမှာ အမြဲမစတင်ပါဘူး။ သင့်အနေနဲ့ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် အစားအသောက်တွေ အလွန်အကျွံစားနေရင် အဆီတွေစုနေဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ Waist Training လုပ်မှာသေချာပြီဆိုရင် သင့်ရဲ့ အစားအသောက်ပုံစံကို ပြင်ဖို့လိုအပ်ပြီး အာဟာရဖြစ်မယ့် အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။

တကယ်လို့ သင်က အိုဗာဝိတ်ဖြစ်နေတာ ဒါမှမဟုတ် အသားမကျဘူးလို့ခံစားနေရရင် Waist Training မလုပ်ခင်မှာ ကာဒီယိုသင်တန်းတွေ တက်ဖို့ လိုအပ်ပါတယ်။ဒါက သင့်ကိုယ်လုံးက အဆီပိုတွေကို ဖယ်ရှားနိုင်မယ့် သော့ချက်တစ်ခုဖြစ်ပြီး တခြားတစ်ဖက်ကကြည့်ရင် အဆီအလွှာတွေအောက်မှာ ကွယ်နေတဲ့ ကြွက်သားတွေကို ပိုပြီးသန်မာစေပါတယ်။

တခြားတစ်ဖက်မှာ  သင်က Gymလည်း ပုံမှန်သွားတယ် ကျန်းမာပြီး အားကစားလည်းလိုက်စားတယ်ဆိုပေမယ့် ဘာမှတိုးတက်မလာဘူးဆိုရင် သင်အနားယူဖို့လိုအပ်နေပါပြီ။ ယောဂသင်တန်းတစ်ခုတက်ပါ Messageလုပ်ပါ ခန္ဓာကိုယ်ကို အနားပေးလိုက်ပြီး ပြန်စကြည့်ပါ။ သင့်ရဲ့ ထရိန်နင်ရလဒ်တွေမှာ တိုးတက်လာတာကို တွေ့ရမှာပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top