iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားထားတဲ႔ သူ ကိုယ္နဲ႔စရိုက္မတူသူကို ေရြးခ်ယ္မိထားေနၿပီလား?
ရည္းစားထားမဲ့သူေတြ႔ေရာ အဲ့လိုလူမ်ိဳးကို ေရြးခ်ယ္ဖို႔ စဥ္းစားေနၿပီလား?

”အဲ႔ဒါေလးကိုပဲ ခ်စ္ေနရတာလို႕ ”ဆိုတဲ႔ စကားက ရည္းစားသက္တမ္းနုစဥ္ အခါကေပါ့။ခုမ်ားေတာ့
စရိုက္အမွန္ေတြက ေပၚျပီေလ။ဟုတ္တယ္ေလ လူအေႀကာင္းေပါင္းမွသိဆိုသလို ခပ္ႀကာႀကာ တြဲမိကာမွ သူ႔အက်င့္ေတြ သိလာရေတာ့တယ္။စရိုက္မတူသူ လူနွစ္ဦးဟာ ေပါင္းဖက္လို႕ လြယ္မယ္မထင္ဘူးလို႕ ေတြးမိလာေတာ့တယ္။
”ေယာက်္ားေလးသူငယ္ခ်င္းေတြနဲ႔စကားမေျပာရဘူးေနာ္။ေဖ့ဘုတ္ခ္ ပက္စ္ဝဒ္ ေပးထားပါ ဝင္ခ်က္မယ္ ဆိုတာ က မယံုသကၤာ နဲ႔သူရဲ႕ စကားေတြေပါ့။ရည္းစားက ရည္းစားပဲ လူ႔အခြင့္အေရး က လူ႕အခြင့္ေရးလို႔ ခပ္ျမင့္ျမင့္ေတြးကာ ဒီလူ႔နွယ္ အေကာင့္နွစ္ခုသံုးေတာ့ သူသိမွာလား ဆိိုျပီး ဘယ္ေတာ႔မွမေပးဘူး။ကိိုယ္လည္း သူ႔ဆီက ပက္စ္ဝဒ္ မေတာင္းဘူး။” ဟုတ္တယ္ေလ အရာခပ္သိမ္း သူ႔ကို သံေတာ္ဦး မတင္နိုင္သူပါေမာင္ လို႔သာ ေအာ္လိုက္ခ်င္ေတာ့တယ္။ေနရာတကာ ခ်ဳပ္ခ်ယ္သလိုခံစားမိလာတယ္။
အဲ႔သလို အဲ႔သလို ဆန္႔က်င္ဘက္ အတြဲေပါ့။

” လုပ္မွ ျဖစ္မယ္လို႔ေတြးတဲ႔အရာတစ္ခုကို ကုိယ္က စိတ္ျမန္လက္ျမန္ လုပ္သေလာက္ သူကေတာ့ ေရွ႕ကိုတစ္မုိင္ေလာက္ေတြးကာ ခ်ိန္ဆေနျပန္တယ္။” ကိုယ္လည္း စိတ္ျမန္လို႔မွားတာေတြရွိေပမဲ့ ေနာက္က်တယ္ဆိုတာႀကီးကို လက္ခံစရာ မလိုေတာ့ဘူးေပါ့။ဟုတ္တယ္ေလ စဥ္းစားတာေကာင္းပါတယ္ ။ဒါေပမဲ႔ ကိိုယ္ဟာ စဥ္းစားလြန္းရင္လည္း မေကာင္းဘူးလို႕ လက္ခံထားမိသူ တစ္ေယာက္ပါ။
အဲ႕သလို အဲ႔သလို ဆန္႔က်င္ဘက္ အတြဲေပါ့။

‘အေပါင္းအသင္းနဲ႔ပက္သက္ ရင္ အျမဲလိိုက္ေလ်ာတတ္ ေပးကမ္းတတ္သူ သူ႕ကို တစ္ခါတစ္ေလ ဆြဲကုတ္ပစ္ခ်င္စိတ္ေတာင္ေပၚမိတယ္။ဟုတ္တယ္ေလ ကိုယ္ကိုယ္တိုင္ျပည္စံုပါမွ လွဴဖို႔ ေပးကမ္းဖို႔ေျပာျခင္း မဟုတ္ပါ။ကူညီသင့္သူကို ကူညီရင္း ဥေပကၡာ ျပဳဖို႕ထိုက္တန္သူကို ဥေပကၡာျပဳဖို႔ တရားေဟာပါေသာ္လည္း အေပါင္းအသင္းေတြႀကား သူဟာ မိတ္ေဆြေကာင္းျဖစ္ျမဲပဲ။ကိုယ္ကေတာ့ သူ႔ေႀကာင့္ လူယုတ္မာႀကီးလိုလို မာလိန္မူးႀကိီးလိုလိုနဲ႔ ေျပာခံရလာေတာ့တယ္။ အဲ႔သလို အဲ႔သလို ဆန္႕က်င္ဘက္အတြဲေလးေပါ့။

လူႀကားထဲလဲ ကိုယ္အတြက္ရယ္စရာ ကိစၥႀကံဳရင္ ဟက္ဟက္ပက္ဟက္ ရယ္တတ္တဲ႔ ကြ်န္မကို
လူႀကားမေရွာင္သူႀကားမေရွာင္ လုပ္ျပီ မိန္းကေလးတန္မဲ႔ဆိုျပီး ခပ္ေငါက္ေငါက္အျမဲဆိုတယ္။ဟုတ္တယ္ေလ သူကေတာ့ ရယ္စရာေတြ႕ေတာင္ ရယ္စရာမဟုတ္သလ္ုိ ခပ္တည္တည္ဟန္ေဆာင္ေနတတ္ေတာ့ သူ႕ခါးကို ကလိထိုးမွပဲ ရယ္ေတာ့မယ္ ထင္တယ္။ အဲ႔သလို အဲ႕သလို ဆန္႕က်င္ဘက္ အတြဲေလးေပါ့။

ဒီလိို ဘာမဟုတ္တာေလးေတြကအစ အျမင္ကမတူသလို ခဏ ခဏလည္း ရန္ျဖစ္ရျပန္တယ္။တစ္ခါတစ္ခါ သူနဲ႕ကိုယ္ဟာ ေရရွည္ျဖစ္ပါ့မလား ဆိုျပီး မိန္းကေလးပီပီ အေတြးလြန္မိတယ္။အခ်စ္အဘိဓမၼာ ဆရာမႀကီးေတြဆီက လက္ခ်ာယူမိတာကလည္း ”ဘယ္အတြဲမဆို စိတ္တူ ကိုယ္တူ ဝါသနာတူ စရိုက္တူ ဆိုတာ မျဖစ္နုိင္ဘူး။ခ်စ္ရင္ ခြင့္လႊတ္တတ္စျမဲေပါ့။ဒါဟာ ဒို႔မိန္းကေလးေတြရဲ႕ အားနည္းခ်က္တစ္ခု ဆိုရင္လည္း မမွားဘူး တဲ႔ေလ။”

အဲ့လိုေျပာေၾကးဆို ကၽြန္မကပဲ ကၽြန္မခ်စ္သူကို မခ်စ္သလိုလို။ကၽြန္မခ်စ္သူကို ခ်စ္ပါတယ္။ ဒါေပမယ့္ ကၽြန္မ ခံယူတာက ခ်စ္တယ္ဆိုတာနဲ႔ အရာအားလံုးကို ကိုယ့္ဘက္က ခြင့္လႊတ္သည္းခံတာထက္
နွစ္ဦးနွစ္ဘက္ညွိနိႈင္းႀကည့္မယ္။ဟုတ္တယ္ေလ ကိုယ္ကလည္း သူ႔ကိုအထင္ႀကီးမႈတစ္ခုတည္းနဲ႔ႀကိဳက္ခဲ႔တာ မဟုတ္သလို ကိုယ့္လက္သင့္ခံသင့္တာကို လက္ခံဖုိ႔ ဆံုးျဖတ္လိုက္မိတယ္။ကိုယ္တုုိ႔အတြဲဟာ channel မတူတဲ႔ လိုင္းေတြပါ။ကမ႓ာေျမကို ျပံဳးေစဖို႔ လက္တြဲကူဖုိ႕ တစ္ေယာက္တစ္မ်ိဳးႀကိဳးစားေနသူေတြပါ။အခ်င္းခ်င္း အေပးအယူမွ်ဖို႕ပဲ လိုပါတယ္။

ကဲ ေယာင္းေယာင္းတုိ႔ ေရာ ကိုယ့္ခ်စ္သူရဲ႕ အက်င့္ေတြနဲ႔ လက္တြဲဖိို႔အဆင္ေျပပါ့မလားလို႔ စဥ္းစားေနရရင္…ၫွီနႈန္းပါလို႔သာ အၾကံေပးခ်င္ပါတယ္။

Credit:For Her Myanmar)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရည်းစားထားတဲ့ သူ ကိုယ်နဲ့စရိုက်မတူသူကို ရွေးချယ်မိထားနေပြီလား?
ရည်းစားထားမဲ့သူတွေ့ရော အဲ့လိုလူမျိုးကို ရွေးချယ်ဖို့ စဉ်းစားနေပြီလား?

”အဲ့ဒါလေးကိုပဲ ချစ်နေရတာလို့ ”ဆိုတဲ့ စကားက ရည်းစားသက်တမ်းနုစဉ် အခါကပေါ့။ခုများတော့
စရိုက်အမှန်တွေက ပေါ်ပြီလေ။ဟုတ်တယ်လေ လူအကြောင်းပေါင်းမှသိဆိုသလို ခပ်ကြာကြာ တွဲမိကာမှ သူ့အကျင့်တွေ သိလာရတော့တယ်။စရိုက်မတူသူ လူနှစ်ဦးဟာ ပေါင်းဖက်လို့ လွယ်မယ်မထင်ဘူးလို့ တွေးမိလာတော့တယ်။
”ယောကျ်ားလေးသူငယ်ချင်းတွေနဲ့စကားမပြောရဘူးနော်။ဖေ့ဘုတ်ခ် ပက်စ်ဝဒ် ပေးထားပါ ဝင်ချက်မယ် ဆိုတာ က မယုံသင်္ကာ နဲ့သူရဲ့ စကားတွေပေါ့။ရည်းစားက ရည်းစားပဲ လူ့အခွင့်အရေး က လူ့အခွင့်ရေးလို့ ခပ်မြင့်မြင့်တွေးကာ ဒီလူ့နှယ် အကောင့်နှစ်ခုသုံးတော့ သူသိမှာလား ဆိုပြီး ဘယ်တော့မှမပေးဘူး။ကိုယ်လည်း သူ့ဆီက ပက်စ်ဝဒ် မတောင်းဘူး။” ဟုတ်တယ်လေ အရာခပ်သိမ်း သူ့ကို သံတော်ဦး မတင်နိုင်သူပါမောင် လို့သာ အော်လိုက်ချင်တော့တယ်။နေရာတကာ ချုပ်ချယ်သလိုခံစားမိလာတယ်။
အဲ့သလို အဲ့သလို ဆန့်ကျင်ဘက် အတွဲပေါ့။

” လုပ်မှ ဖြစ်မယ်လို့တွေးတဲ့အရာတစ်ခုကို ကိုယ်က စိတ်မြန်လက်မြန် လုပ်သလောက် သူကတော့ ရှေ့ကိုတစ်မိုင်လောက်တွေးကာ ချိန်ဆနေပြန်တယ်။” ကိုယ်လည်း စိတ်မြန်လို့မှားတာတွေရှိပေမဲ့ နောက်ကျတယ်ဆိုတာကြီးကို လက်ခံစရာ မလိုတော့ဘူးပေါ့။ဟုတ်တယ်လေ စဉ်းစားတာကောင်းပါတယ် ။ဒါပေမဲ့ ကိုယ်ဟာ စဉ်းစားလွန်းရင်လည်း မကောင်းဘူးလို့ လက်ခံထားမိသူ တစ်ယောက်ပါ။
အဲ့သလို အဲ့သလို ဆန့်ကျင်ဘက် အတွဲပေါ့။

‘အပေါင်းအသင်းနဲ့ပက်သက် ရင် အမြဲလိုက်လျောတတ် ပေးကမ်းတတ်သူ သူ့ကို တစ်ခါတစ်လေ ဆွဲကုတ်ပစ်ချင်စိတ်တောင်ပေါ်မိတယ်။ဟုတ်တယ်လေ ကိုယ်ကိုယ်တိုင်ပြည်စုံပါမှ လှူဖို့ ပေးကမ်းဖို့ပြောခြင်း မဟုတ်ပါ။ကူညီသင့်သူကို ကူညီရင်း ဥပေက္ခာ ပြုဖို့ထိုက်တန်သူကို ဥပေက္ခာပြုဖို့ တရားဟောပါသော်လည်း အပေါင်းအသင်းတွေကြား သူဟာ မိတ်ဆွေကောင်းဖြစ်မြဲပဲ။ကိုယ်ကတော့ သူ့ကြောင့် လူယုတ်မာကြီးလိုလို မာလိန်မူးကြီးလိုလိုနဲ့ ပြောခံရလာတော့တယ်။ အဲ့သလို အဲ့သလို ဆန့်ကျင်ဘက်အတွဲလေးပေါ့။

လူကြားထဲလဲ ကိုယ်အတွက်ရယ်စရာ ကိစ္စကြုံရင် ဟက်ဟက်ပက်ဟက် ရယ်တတ်တဲ့ ကျွန်မကို
လူကြားမရှောင်သူကြားမရှောင် လုပ်ပြီ မိန်းကလေးတန်မဲ့ဆိုပြီး ခပ်ငေါက်ငေါက်အမြဲဆိုတယ်။ဟုတ်တယ်လေ သူကတော့ ရယ်စရာတွေ့တောင် ရယ်စရာမဟုတ်သလို ခပ်တည်တည်ဟန်ဆောင်နေတတ်တော့ သူ့ခါးကို ကလိထိုးမှပဲ ရယ်တော့မယ် ထင်တယ်။ အဲ့သလို အဲ့သလို ဆန့်ကျင်ဘက် အတွဲလေးပေါ့။

ဒီလို ဘာမဟုတ်တာလေးတွေကအစ အမြင်ကမတူသလို ခဏ ခဏလည်း ရန်ဖြစ်ရပြန်တယ်။တစ်ခါတစ်ခါ သူနဲ့ကိုယ်ဟာ ရေရှည်ဖြစ်ပါ့မလား ဆိုပြီး မိန်းကလေးပီပီ အတွေးလွန်မိတယ်။အချစ်အဘိဓမ္မာ ဆရာမကြီးတွေဆီက လက်ချာယူမိတာကလည်း ”ဘယ်အတွဲမဆို စိတ်တူ ကိုယ်တူ ဝါသနာတူ စရိုက်တူ ဆိုတာ မဖြစ်နိုင်ဘူး။ချစ်ရင် ခွင့်လွှတ်တတ်စမြဲပေါ့။ဒါဟာ ဒို့မိန်းကလေးတွေရဲ့ အားနည်းချက်တစ်ခု ဆိုရင်လည်း မမှားဘူး တဲ့လေ။”

အဲ့လိုပြောကြေးဆို ကျွန်မကပဲ ကျွန်မချစ်သူကို မချစ်သလိုလို။ကျွန်မချစ်သူကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မ ခံယူတာက ချစ်တယ်ဆိုတာနဲ့ အရာအားလုံးကို ကိုယ့်ဘက်က ခွင့်လွှတ်သည်းခံတာထက်
နှစ်ဦးနှစ်ဘက်ညှိနှိုင်းကြည့်မယ်။ဟုတ်တယ်လေ ကိုယ်ကလည်း သူ့ကိုအထင်ကြီးမှုတစ်ခုတည်းနဲ့ကြိုက်ခဲ့တာ မဟုတ်သလို ကိုယ့်လက်သင့်ခံသင့်တာကို လက်ခံဖို့ ဆုံးဖြတ်လိုက်မိတယ်။ကိုယ်တိုု့အတွဲဟာ channel မတူတဲ့ လိုင်းတွေပါ။ကမ္ဘာမြေကို ပြုံးစေဖို့ လက်တွဲကူဖို့ တစ်ယောက်တစ်မျိုးကြိုးစားနေသူတွေပါ။အချင်းချင်း အပေးအယူမျှဖို့ပဲ လိုပါတယ်။

ကဲ ယောင်းယောင်းတို့ ရော ကိုယ့်ချစ်သူရဲ့ အကျင့်တွေနဲ့ လက်တွဲဖို့အဆင်ပြေပါ့မလားလို့ စဉ်းစားနေရရင်…ညှီနှုန်းပါလို့သာ အကြံပေးချင်ပါတယ်။

Credit:For Her Myanmar)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top