iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻေျမႀကီးရဲ့ ၇၀% မွာ ေရမ်ားျဖင့္ ဖဲြ႔စည္းထားတာ ျဖစ္ၿပီး လူ႔ခႏၶာကိုယ္တစ္ကိုယ္လံုးရဲ့ ၇၀% ကိုလည္း ေရမ်ားျဖင့္ ဖဲြ႔စည္းထားပါတယ္။ လူ႕ဦးေႏွာက္ရဲ့  ၉၅% ကလည္း ေရေတြနဲ႔ပဲ ဖဲြ႔စည္းထားတယ္။ ေသြးထဲမွာဆိုရင္ ၈၂% ထိ ပါဝင္ေနတာပါ။ ေရဓာတ္ ၁% ဆံုး႐ႈံးေနၿပီဆိုတာနဲ႔ ေရေသာက္ခ်င္တယ္၊ ေရငတ္တယ္လို႔ ခံစားလာရတာပါ။ ေရဓာတ္ ၂% ေလ်ာ့နည္းေနၿပီ ဆိုရင္ေတာ့ သင့္မွာ ေရဓာတ္ခမ္းေျခာက္ေနပါၿပီ။

ဒီလို ေရဓာတ္ဆံုးရႈံးလာရင္ ျဖစ္တတ္တဲ့ အပူရွပ္ျခင္း၊ သတိေမ့ေျမာျခင္း၊ ရုတ္တရက္ မွတ္ဉာဏ္ေလ်ာ့နည္းျခင္း၊ ဂဏန္းသခ်ၤာ အေပါင္းအႏုတ္စြမ္းရည္မ်ား ေလ်ာ့နည္းလာျခင္း၊ စာလံုးေသးေသးေလးမ်ားကို ဖတ္သည့္အခါမွာ မျမင္ရဘဲ ဝါးတားတားျဖစ္ေနျခင္း စတဲ့ ေဝဒနာေတြကို ခံစားလာရပါမယ္။

ေျမေအာက္ထဲမွ ရတဲ့ေရကို က်ိဳခ်က္ထားတဲ့ေရက ပလပ္စတစ္ဘူးထဲက ေရထက္ ပိုမိုသန္႔ရွင္းၿပီး က်န္းမာေရးအတြက္ ေသာက္သံုးရန္သင့္ေတာ္ပါတယ္။ ေသာက္သံုးရန္မသင့္ေသာ ေရ (၅) မ်ိဳးရွိတာကို သိပါသလား။ မီးဖိုေပၚမွာ အခ်ိန္အၾကာႀကီး ဆူပြက္ေအာင္ တည္ထားတဲ့ ေရေႏြး၊ ဓာတ္ဗူးထဲမွာ အၾကာႀကီးထည့္ထားတဲ့ ေရေႏြးနဲ႔  တစ္ညတာထက္ ပိုၿပီး ၾကာၾကာထားမိတဲ့ ေရေႏြး၊ ထပ္ခါထပ္ခါ ျပန္ၿပီး မႀကိဳထားေသာ ေရေႏြးကို လံုးဝ မေသာက္သံုးသင့္ပါဘူး။

သက္ရွိေတြအတြက္ မရွိမျဖစ္ ေရတစ္ခြက္

လူတစ္ေယာက္သည္ စားစရာမရွိရင္ေတာင္မွ ေသာက္စရာ ေရ ရွိမယ္ဆိုရင္ (၃၈) ရက္အထိ အသက္ရွင္ေနႏိုင္ပါတယ္။ က်န္းမာၾကံ့ခိုင္တဲ့ လူတစ္ေယာက္အေနနဲ႔ တစ္ရက္ကို ေရ (၄၀) ခြက္ (သို႔) သံုးဂါလံ အထိ ေသာက္သံုးႏိုင္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကမ္ဘာမြေကြီးရဲ့ ၇၀% မှာ ရေများဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပြီး လူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ ၇၀% ကိုလည်း ရေများဖြင့် ဖွဲ့စည်းထားပါတယ်။ လူ့ဦးနှောက်ရဲ့  ၉၅% ကလည်း ရေတွေနဲ့ပဲ ဖွဲ့စည်းထားတယ်။ သွေးထဲမှာဆိုရင် ၈၂% ထိ ပါဝင်နေတာပါ။ ရေဓာတ် ၁% ဆုံးရှုံးနေပြီဆိုတာနဲ့ ရေသောက်ချင်တယ်၊ ရေငတ်တယ်လို့ ခံစားလာရတာပါ။ ရေဓာတ် ၂% လျော့နည်းနေပြီ ဆိုရင်တော့ သင့်မှာ ရေဓာတ်ခမ်းခြောက်နေပါပြီ။

ဒီလို ရေဓာတ်ဆုံးရှုံးလာရင် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း၊ သတိမေ့မြောခြင်း၊ ရုတ်တရက် မှတ်ဉာဏ်လျော့နည်းခြင်း၊ ဂဏန်းသချၤာ အပေါင်းအနုတ်စွမ်းရည်များ လျော့နည်းလာခြင်း၊ စာလုံးသေးသေးလေးများကို ဖတ်သည့်အခါမှာ မမြင်ရဘဲ ဝါးတားတားဖြစ်နေခြင်း စတဲ့ ဝေဒနာတွေကို ခံစားလာရပါမယ်။

မြေအောက်ထဲမှ ရတဲ့ရေကို ကျိုချက်ထားတဲ့ရေက ပလပ်စတစ်ဘူးထဲက ရေထက် ပိုမိုသန့်ရှင်းပြီး ကျန်းမာရေးအတွက် သောက်သုံးရန်သင့်တော်ပါတယ်။ သောက်သုံးရန်မသင့်သော ရေ (၅) မျိုးရှိတာကို သိပါသလား။ မီးဖိုပေါ်မှာ အချိန်အကြာကြီး ဆူပွက်အောင် တည်ထားတဲ့ ရေနွေး၊ ဓာတ်ဗူးထဲမှာ အကြာကြီးထည့်ထားတဲ့ ရေနွေးနဲ့  တစ်ညတာထက် ပိုပြီး ကြာကြာထားမိတဲ့ ရေနွေး၊ ထပ်ခါထပ်ခါ ပြန်ပြီး မကြိုထားသော ရေနွေးကို လုံးဝ မသောက်သုံးသင့်ပါဘူး။

သက်ရှိတွေအတွက် မရှိမဖြစ် ရေတစ်ခွက်

လူတစ်ယောက်သည် စားစရာမရှိရင်တောင်မှ သောက်စရာ ရေ ရှိမယ်ဆိုရင် (၃၈) ရက်အထိ အသက်ရှင်နေနိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ လူတစ်ယောက်အနေနဲ့ တစ်ရက်ကို ရေ (၄၀) ခွက် (သို့) သုံးဂါလံ အထိ သောက်သုံးနိုင်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top