iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ကာယ အားကစားတုိင္းမွာ သက္ဆုိင္ရာ ေကာင္းက်ဳိးေတြရွိပါတယ္။ဒါေပမဲ့ေရကူးျခင္းဟာ တျခား
ေသာ အားကစား နည္းေတြနဲ႕မတူဘဲ အေရးၾကီးတဲ့ အခ်က္ေတြပါ၀င္ပါတယ္။ပထမဆုံးက သင္ေရကူးျပီဆုိရင္ သင္ရဲ႕ ခႏၶာကုိယ္ဟာ ေရထဲမွာ တစ္၀က္ တစ္ပ်က္ေပၚေနတဲ့ အတြက္ ေရကူးေနခ်ိန္မွာ သင္ရဲ႕ ၾကြက္သားေတြနဲ႕ အရိုးေတြဟာ ကမာၻေျမရဲ႕ ဆြဲအားမွ လြတ္ကင္းေနပါတယ္။

အ႐ိုးအဆစ္ ေရာင္ရမ္းနာ ေရာဂါသည္ေတြကုိ အေလးခ်ိန္ပါ၀င္တဲ့ အားကစားနည္းေတြလုပ္ခုိင္းရင္ သူတို႕အတြက္ ပင္ပန္းလြန္းပါတယ္။ဒါေၾကာင့္ အ႐ိုးအဆစ္ ေရာင္ရမ္းနာေရာဂါသည္ေတြအတြက္ ေရကူးျခင္းဟာ အေကာင္းဆုံး အားကစားနည္း ျဖစ္ပါတယ္။အ႐ိုးအဆစ္ ေရာင္ရမ္းနာေရာဂါသည္ေတြကုိ ေရကူး အားကစား လုပ္ခိုင္းရာမွာေတာ့
ေသြးေၾကာ ေတာင့္ခဲျခင္းေ၀ဒနာ၊နွလုံးေရာဂါ ေ၀ဒနာမ်ားကုိ သက္သာေစတာကုိ ေတြ႕ရွိခဲ့ရပါတယ္။
အေမရိကန္ႏုိင္ငံ တက္ဆက္စ္ တကၠသိုလ္မွ ခႏၶာကုိယ္ ၾကြက္သားလႈပ္ရွားမႈဆုိင္ရာ ပါေမာကၡ ျဖစ္သူ ဟီရုိ
ဖီမီ တနာခကေတာ့ ေသြးေပါင္ခ်ိန္ျမင့္မားေနသူမ်ားကုိ ေရကူးေလ့က်င့္ခန္းလုပ္ခုိင္းရာမွာ ေသြးဖိအား က်ဆင္းသြားတာကုိေတြ႕ရွိခဲ့ရျပီး  အ၀လြန္ေနတဲ့ လူေတြအတြက္ ေျပးျခင္း ၊တျခားေသာ ေအရိုးဗစ္ေလ့က်င့္ခန္းမ်ားဟာ ခက္ခဲလြန္းေနျပီး ေရကူးျခင္းကသာ အသင့္ေတာ္ ဆုံး ျဖစ္တယ္လို႕ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ေရဟာ ေလထက္ ပုိျပီးသိပ္သည္းတဲ့ အတြက္ ေရကူးျခင္းဟာ ခႏၶာကုိယ္အတြက္ ကုန္းေပၚမွာ ေလ့က်င့္ျခင္းထက္ေတာင္ ပုိျပီး ပင္ပန္းေစပါတယ္။သို႕ေပမဲ့ ေရကူးေနစဥ္ ဖိအားမ်ားအားလုံးဟာ ခႏၶာကုိယ္အေပၚသက္ေရာက္ေနျပီး ကုန္းေပၚမွာ ေလ့က်င့္ခန္းလုပ္စဥ္ကလုိ႕ ေျခေထာက္(သုိ႕)ဒူးေခါင္းမ်ားကုိသာ သက္ေရာက္မေနပဲ ခႏၶာကုိယ္တစ္ခုလုံးအေပၚ ညီမွ်စြာသက္ေရာက္ေနတဲ့ အတြက္ ေရကူးရတာဟာ ပုိျပီး သက္သာေစတယ္ လုိ႕ထင္ရတာ ျဖစ္ပါတယ္။

ေရကူးျခင္းနဲ႕ တျခားေသာအားကစားနည္းေတြ မတူ တဲ့ေနာက္ထပ္အခ်က္တစ္ခ်က္က ေတာ့ အသက္ရူျခင္းပါပဲ။ေျပးေနစဥ္ ဒါမမဟုတ္ စက္ဘီးနင္းေနစဥ္မွာ သင့္ရဲ႕ အသက္ရူျခင္းဟာ  ညွင္ညွင္သာသာ ရူျပီးေတာ့ ထြက္သက္ ကေတာ့ ျပင္းထန္ပါတယ္။ဒါေပမဲ့ သင္ေရကူးေနစဥ္မွာေတာ့ လူတစ္ေယာက္ဟာ အသက္ကုိ ျမန္ျမန္နဲ႕  ျပင္းထန္စြာ ရူထားရပါတယ္။ဘာေၾကာင့္လဲဆုိေတာ့ ေရကူးေနစဥ္ ေခါင္းက ေရေအာက္မွာ ေရာက္ေနတဲ့အတြက္ အသက္ကုိ ပုိျပီး ၾကာၾကာေအာင့္ႏုိင္ရန္ အသက္ ျပင္းျပင္းရူထားရတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ဒါေၾကာင့္ ဒီလုိေရကူး ေနစဥ္ အသက္ျပင္းျပင္းထန္ထန္ ရူ လုိက္ျခင္းဟာ အသက္ရူလမ္းေၾကာင္းဆိုင္ရာ ၾကြက္သားေတြကုိ သန္မာေစျပီး အဆုတ္ေလအိတ္မ်ားကိုလည္း သန္စြမ္းေစပါတယ္။

ဒါအျပင္ ေရကူးျခင္းဟာ သင္ရဲ႕ ေနာက္ေက်ာၾကြက္သားမ်ားကုိလည္း သန္မာေစပါတယ္။ေရျပင္ညီအတုိင္း ေရကူးတာ ပဲျဖစ္ျဖစ္ ပက္လက္ကူးတာပဲ ျဖစ္ျဖစ္ ေရကူးေနစဥ္ သင့္ရဲ႕ ၾကြက္သားမ်ားဟာ လႈပ္ရွားေနရပါတယ္။” ေျပးျခင္းတုိ႕ စက္ဘီးနင္းျခင္းတုိ႕ဟာ သင္ရဲ႕ ေနာက္ေက်ာကုိ ထိေရာက္မႈမရွိပါဘူး။ေရကူးေနစဥ္မွာေတာ့ သင့္ရဲ႕ ေနာက္ေက်ာပါ လႈပ္ရွားေနျပီး ရုံးအလုပ္လုပ္ကုိင္သူေတြ အထုိင္မ်ားသူေတြ ျဖစ္တတ္တဲ့ ေနာက္ေက်ာနာ ျခင္းကုိ ေပ်ာက္ကင္းေစျပီး သင့္ရဲ႕ ခႏၶာကုိယ္အေနအထားကုိပါ မွန္ကန္ေစပါတယ္။ ” လုိ႕  ဟီရုိ ဖီမီ တနာခက ဆုိပါတယ္။

ေရကူးျခင္းဟာ အသက္ရွည္ေစျခင္း၊နွလုံးေရာဂါကုိ ကာကြယ္ေပးျခင္း၊စိတ္ပုိင္းဆုိင္ရာ ျမွင့္တင္ေပးႏုိင္ျခင္း တဲ့ အက်ဳိးေက်းဇူးေတြကုိ ေပးစြမ္းႏုိင္ပါတယ္။” ဒါအျပင္လူေတြဟာ ေျပးျခင္း၊စက္ဘီးစီးျခင္းစတဲ့ အားကစားေတြထက္ ေရကူးျခင္းကုိ ပုိႏွစ္သက္ၾကပါတယ္။လူေတြဟာ က်န္းမာေရးအတြက္ ေလ့က်င့္ခန္းတစ္ခုခုကုိ စလုပ္မယ္ဆုိရင္ လအနည္းငယ္မွာပဲ လက္ေျမွာက္သြားၾကပါတယ္။ဒါေပမဲ့ ေရကူးတဲ့ ေလ့က်င့္ခန္းကုိေတာ့ သူတုိ႕ေတြ စြဲျမဲစြာ လုပ္ေဆာင္ႏုိင္ၾကပါတယ္။ ” လုိ႕ တနာခက ဆုိပါတယ္။

” ေရကူးေလ့က်င့္ခန္းစလုပ္ေတာ့မယ္ဆုိရင္ တစ္ေန႕ အခ်ိန္နည္းနည္းနဲ႕ စျပီးေလ့က်င့္သြားသင့္ပါတယ္။သင့္ေတာ္တဲ့ နည္းစနစ္တစ္ခုနဲ႕ စတင္ေလ့က်င့္ျပီးေတာ့ သင္ဟာ ေရတစ္ခါမွ မကူးေသးဖူးဘူးဆုိရင္ေတာ့ ေရထဲမွာ သက္ေတာင့္သက္သာေနတတ္ဖုိ႕က ခက္ေနဦးမွာပါ။ မိနစ္ ၃၀ ေရကူးေလက်င့္ခန္းကုိတစ္ပါတ္မွာ ၃ ၾကိမ္ေလာက္ျပဳလုပ္ေပးပါ။ေရကူးရတာ ေမာသြားတုိင္းလည္း ခဏတျဖဳတ္ အနားယူဖုိ႕မေမ့ပါနဲ႕ ” လုိ႕ တနာခက ဆုိပါတယ္။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ကာယ အားကစားတိုင်းမှာ သက်ဆိုင်ရာ ကောင်းကျိုးတွေရှိပါတယ်။ဒါပေမဲ့ရေကူးခြင်းဟာ တခြား
သော အားကစား နည်းတွေနဲ့မတူဘဲ အရေးကြီးတဲ့ အချက်တွေပါဝင်ပါတယ်။ပထမဆုံးက သင်ရေကူးပြီဆိုရင် သင်ရဲ့ ခန္ဓာကိုယ်ဟာ ရေထဲမှာ တစ်ဝက် တစ်ပျက်ပေါ်နေတဲ့ အတွက် ရေကူးနေချိန်မှာ သင်ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေဟာ ကမ္ဘာမြေရဲ့ ဆွဲအားမှ လွတ်ကင်းနေပါတယ်။

အရိုးအဆစ် ရောင်ရမ်းနာ ရောဂါသည်တွေကို အလေးချိန်ပါဝင်တဲ့ အားကစားနည်းတွေလုပ်ခိုင်းရင် သူတို့အတွက် ပင်ပန်းလွန်းပါတယ်။ဒါကြောင့် အရိုးအဆစ် ရောင်ရမ်းနာရောဂါသည်တွေအတွက် ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်း ဖြစ်ပါတယ်။အရိုးအဆစ် ရောင်ရမ်းနာရောဂါသည်တွေကို ရေကူး အားကစား လုပ်ခိုင်းရာမှာတော့
သွေးကြော တောင့်ခဲခြင်းဝေဒနာ၊နှလုံးရောဂါ ဝေဒနာများကို သက်သာစေတာကို တွေ့ရှိခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ တက်ဆက်စ် တက္ကသိုလ်မှ ခန္ဓာကိုယ် ကြွက်သားလှုပ်ရှားမှုဆိုင်ရာ ပါမောက္ခ ဖြစ်သူ ဟီရို
ဖီမီ တနာခကတော့ သွေးပေါင်ချိန်မြင့်မားနေသူများကို ရေကူးလေ့ကျင့်ခန်းလုပ်ခိုင်းရာမှာ သွေးဖိအား ကျဆင်းသွားတာကိုတွေ့ရှိခဲ့ရပြီး  အဝလွန်နေတဲ့ လူတွေအတွက် ပြေးခြင်း ၊တခြားသော အေရိုးဗစ်လေ့ကျင့်ခန်းများဟာ ခက်ခဲလွန်းနေပြီး ရေကူးခြင်းကသာ အသင့်တော် ဆုံး ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ရေဟာ လေထက် ပိုပြီးသိပ်သည်းတဲ့ အတွက် ရေကူးခြင်းဟာ ခန္ဓာကိုယ်အတွက် ကုန်းပေါ်မှာ လေ့ကျင့်ခြင်းထက်တောင် ပိုပြီး ပင်ပန်းစေပါတယ်။သို့ပေမဲ့ ရေကူးနေစဉ် ဖိအားများအားလုံးဟာ ခန္ဓာကိုယ်အပေါ်သက်ရောက်နေပြီး ကုန်းပေါ်မှာ လေ့ကျင့်ခန်းလုပ်စဉ်ကလို့ ခြေထောက်(သို့)ဒူးခေါင်းများကိုသာ သက်ရောက်မနေပဲ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ညီမျှစွာသက်ရောက်နေတဲ့ အတွက် ရေကူးရတာဟာ ပိုပြီး သက်သာစေတယ် လို့ထင်ရတာ ဖြစ်ပါတယ်။

ရေကူးခြင်းနဲ့ တခြားသောအားကစားနည်းတွေ မတူ တဲ့နောက်ထပ်အချက်တစ်ချက်က တော့ အသက်ရူခြင်းပါပဲ။ပြေးနေစဉ် ဒါမမဟုတ် စက်ဘီးနင်းနေစဉ်မှာ သင့်ရဲ့ အသက်ရူခြင်းဟာ  ညှင်ညှင်သာသာ ရူပြီးတော့ ထွက်သက် ကတော့ ပြင်းထန်ပါတယ်။ဒါပေမဲ့ သင်ရေကူးနေစဉ်မှာတော့ လူတစ်ယောက်ဟာ အသက်ကို မြန်မြန်နဲ့  ပြင်းထန်စွာ ရူထားရပါတယ်။ဘာကြောင့်လဲဆိုတော့ ရေကူးနေစဉ် ခေါင်းက ရေအောက်မှာ ရောက်နေတဲ့အတွက် အသက်ကို ပိုပြီး ကြာကြာအောင့်နိုင်ရန် အသက် ပြင်းပြင်းရူထားရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ဒီလိုရေကူး နေစဉ် အသက်ပြင်းပြင်းထန်ထန် ရူ လိုက်ခြင်းဟာ အသက်ရူလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို သန်မာစေပြီး အဆုတ်လေအိတ်များကိုလည်း သန်စွမ်းစေပါတယ်။

ဒါအပြင် ရေကူးခြင်းဟာ သင်ရဲ့ နောက်ကျောကြွက်သားများကိုလည်း သန်မာစေပါတယ်။ရေပြင်ညီအတိုင်း ရေကူးတာ ပဲဖြစ်ဖြစ် ပက်လက်ကူးတာပဲ ဖြစ်ဖြစ် ရေကူးနေစဉ် သင့်ရဲ့ ကြွက်သားများဟာ လှုပ်ရှားနေရပါတယ်။” ပြေးခြင်းတို့ စက်ဘီးနင်းခြင်းတို့ဟာ သင်ရဲ့ နောက်ကျောကို ထိရောက်မှုမရှိပါဘူး။ရေကူးနေစဉ်မှာတော့ သင့်ရဲ့ နောက်ကျောပါ လှုပ်ရှားနေပြီး ရုံးအလုပ်လုပ်ကိုင်သူတွေ အထိုင်များသူတွေ ဖြစ်တတ်တဲ့ နောက်ကျောနာ ခြင်းကို ပျောက်ကင်းစေပြီး သင့်ရဲ့ ခန္ဓာကိုယ်အနေအထားကိုပါ မှန်ကန်စေပါတယ်။ ” လို့  ဟီရို ဖီမီ တနာခက ဆိုပါတယ်။

ရေကူးခြင်းဟာ အသက်ရှည်စေခြင်း၊နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်ခြင်း တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။” ဒါအပြင်လူတွေဟာ ပြေးခြင်း၊စက်ဘီးစီးခြင်းစတဲ့ အားကစားတွေထက် ရေကူးခြင်းကို ပိုနှစ်သက်ကြပါတယ်။လူတွေဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခုကို စလုပ်မယ်ဆိုရင် လအနည်းငယ်မှာပဲ လက်မြှောက်သွားကြပါတယ်။ဒါပေမဲ့ ရေကူးတဲ့ လေ့ကျင့်ခန်းကိုတော့ သူတို့တွေ စွဲမြဲစွာ လုပ်ဆောင်နိုင်ကြပါတယ်။ ” လို့ တနာခက ဆိုပါတယ်။

” ရေကူးလေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုရင် တစ်နေ့ အချိန်နည်းနည်းနဲ့ စပြီးလေ့ကျင့်သွားသင့်ပါတယ်။သင့်တော်တဲ့ နည်းစနစ်တစ်ခုနဲ့ စတင်လေ့ကျင့်ပြီးတော့ သင်ဟာ ရေတစ်ခါမှ မကူးသေးဖူးဘူးဆိုရင်တော့ ရေထဲမှာ သက်တောင့်သက်သာနေတတ်ဖို့က ခက်နေဦးမှာပါ။ မိနစ် ၃၀ ရေကူးလေကျင့်ခန်းကိုတစ်ပါတ်မှာ ၃ ကြိမ်လောက်ပြုလုပ်ပေးပါ။ရေကူးရတာ မောသွားတိုင်းလည်း ခဏတဖြုတ် အနားယူဖို့မမေ့ပါနဲ့ ” လို့ တနာခက ဆိုပါတယ်။


Credit : Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top