iMyanmarHouse.com - Best Property Website for Myanmar
×
Credit : momolay
#Unicode Version
ပျိုပျိုမေတို့ ဆံသားတွေကို ပျက်စီးစေနိုင်ပြီး ဆံပင်ကျွတ်စေနိုင်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဆံပင်ကျွတ်စေနိုင်တဲ့ အချက်တွေကို လျော့ချလိုက်မယ်ဆိုရင် ဆံပင်ကျွတ်တာတွေ သက်သာသွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဆံပင်မကျွတ်စေဖို့ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်ပေးလို့လည်း ရပါတယ်။
ဆံပင်မကျွတ်စေဖို့ဆောင်ရန်၊ ရှောင်ရန်အချက်များ
နေ့စဉ်ခေါင်းလျှော်တာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။ အနည်းဆံုံးတော့ (၂) ရက်ခြား တစ်ကြိမ်လောက်သာ လျှော်ပေးပါ။ ရေပူပူနဲ့ ခေါင်းလျှော်တာမျိုး၊ ဆံပင်မြန်မြန်ခြောက်စေဖို့ Dryer အသုံးပြုတာမျိုး မပြုလုပ်ဖို့ လိုအပ်ပါတယ်။ ခေါင်းဘီးကို အရမ်းမာတာမျိုးတွေ မသုံးပါနဲ့။ ခေါင်းလျှော်ပြီးတိုင်း ဆံသားကို ခေါင်းလိမ်းဆီ တစ်မျိုးမျိုး လိမ်းပေးထားပါ။
ဆံပင်မကျွတ်စေဖို့ အကောင်းဆုံးသဘာဝနည်းလမ်း
ငှက်ပျောသီးတစ်လုံးကို သံလွင်ဆီ လက်ဖက်စားဇွန်း(၃) ဇွန်းနဲ့ ရောစပ်ပြီး ဆံပင်နေရာအနှံ့လိမ်းထားပေးပါ။ အနည်းဆုံး မိနစ်(၃၀) ကြာအောင် ထားပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါ အရမ်းကြီး ဆံသားတွေကို မပွတ်ချေမိစေဖို့ သတိထားပေးနော်။ ဒါဆိုရင်တော့ ဆံပင်ကျွတ်ခြင်းတွေ ကင်းဝေးသွားမှာ ဖြစ်ပြီး ဆံပင်အုံထူလာပါလိမ့်မယ်။
Credit : momolay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top