iMyanmarHouse.com - Best Property Website for Myanmar
×
ဒီအချိန်မှာ ယောင်္ကျားလေးတွေက အရမ်းကို ချစ်ရတဲ့ မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့်။
၀၁. ဖုန်းဆက်မရလည်း အေးဆေးပါပဲ။
အချိန်တိုင်းလိုလို သူ့ဆီကို ဖုန်းဆက်လိုက်ချိန်မှာ အမြဲဖုန်းကိုင်လိုက်စေချင်တယ်။ ဒါပင်မယ့်လည်း သူ့ကိုယုံကြည်မယ်ဆိုရင် ဘယ်နေရာမှာ ဘာလုပ်နေသလဲဆိုတာကို မမေးလည်း နေနိုင်ပါတယ်။
၀၂. သူ့ကို လိုချင်တာတွေ အများကြီး မပူစာပါ။
လူတိုင်းလိုချင်တာတွေနဲ့ပြည့်နေမှာပါ။ သူ့ကို အရမ်းအပူမကပ်တာ မကောင်းဘူးလား။ ချစ်သူတွေဖြစ်လာရင် ဝယ်ကိုဝယ်ပေးရမယ်ဆိုတာကတော့ မှားပါလိမ့်မယ်။
၀၃. သူ့ဘဝကို ဝင်မစွက်ဖက်သင့်ပါ။
သူ့နဲ့ချစ်သူတွေဖြစ်လာပြီဆိုရင် အချစ်ရေးအပြင်မှာ သူလုပ်သင့်တာတွေရှိနေတယ်ဆိုရင်လည်း မမှားပါ။ သူ့ရဲ့အချိန်တွေအားလုံးက ကိုယ်ပိုင်တယ်ဆိုရင်တော့ မှားလိမ့်မယ်ထင်ပါတယ်။
၀၄. ဘာမဆိုလျှောက်ပြောနေတာကို ရပ်သင့်ပါတယ်။
နှစ်ယောက်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို အကုန်လုံး SNS မှတက်ပြီးရေးနေရင်တော့ အရှက်တွေကွဲကုန်မှာပေါ့။ နှစ်ယောက်အတွင်းရေးကို လှိူ့ဝှတ်ထားသင့်တယ်မဟုတ်လား။
၀၅. ကိုယ့်ကိစ္စကို ကိုယ်တိုင်လုပ်သင့်ပါတယ်။
ကိုယ့်ကိစ္စကို ကိုယ်တိုင်လုပ်သင့်ပါတယ်။ အချိန်တိုင်းလိုလို သူ့ကို အားကိုးနေမယ်ဆိုရင် မကောင်းဘူးထင်တယ်။
၀၆. တယောက်တည်းလည်းနေတတ်အောင် ကြိုးစားပါ။
သူနဲ့အမြဲဆိုသလို အတူတူရှိနေတယ်ဆိုတာထက် တစ်ယောက်တည်း သူငယ်ချင်းတွေနဲ့ဈေးဝယ်၊ ဝါသနာပါတာလေးတွေကို လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပါ။
၀၇. ရန်ဖြစ်တယ်ဆိုရင်လည်း အေးအေးဆေးဆေး ဖြေရှင်းပါ။
သူနဲ့သဘောထား မတိုက်ဆိုင်တာတွေကို တွေ့ချိန်မှာ စိတ်တွေလှုပ်ရှားပြီး ဖြစ်ချင်ရဖြစ်ဆိုပြီး ရန်ဖြစ်တာထက် အေးအေးဆေးဆေး ဖြေရှင်းတတ်အောင် ကြိုးစားပါ။
၀၈. အရှိကိုအရှိအတိုင်း ပြနိုင်အောင် ကြိုးစားပါ။
ကိုယ်စဉ်းစားနေတာတွေကို သူ့ကို သေသေချာချာပြောနိုင်အောင် ကြိုးစားပါ။ စိတ်ဆိုးနေချိန်မှာ ငါကဘာကိုမှ မကြောက်ဘူးလို့ တင်းခံနေရင်တော့ သူကလည်း ကိုယ့်ကို နားလည်ပေးမှာ မဟုတ်ပါ။
၀၉. အိမ်ထောင်ရေးမှာ သူကလုပ်ကျွေးသမျှကို ထိုင်စားမယ်လို့တော့ မတွေးပါနဲ့။
သူကျွေးမှ စားရမယ်လို့ အမြဲတွေးနေမယ်ဆိုရင်တော့ မကောင်းပါ။ ကိုယ်လည်းတတ်နိုင်သလောက် အချိန်ရရင် ပိုက်ဆံရှာပြီး စုထားသင့်ပါတယ်။
၁၀. သူ့ရဲ့ဘဝရည်မှန်းချက်ဆိုတာ ကျွန်မရဲ့ရည်မှန်းချက်ဆိုရင်လည်း မမှားပါ။
သူဖြစ်ချင်တာကို ဖြစ်နိုင်အောင် ကူညီပံ့ပိုးပေးမယ့်သူကတော့ အတော်ဆုံးမိန်းကလေးတစ်ယောက်ပါ။
၁၁. သဘောထားမတိုင်ဆိုင်ချိန်မှာ လမ်းခွဲနိုင်ရမယ်။
အကယ်၍ သဘောထား မတိုင်ဆိုင်ချိန်ကို ရောက်နေပြီဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်နိုင်ဖို့ရန်သာ အရေးကြီးပါတယ်။
၁၂. သူ့နောက်မှာ နောက်တစ်ယောက် မထားသင့်ပါ။
သူ့ကို ချစ်နေပြီဆိုရင် သူတစ်ယောက်တည်းကိုသာ ရင်ထဲမှာသိမ်းထားလိုက်ပါ။ သူ့စိတ်ထိခိုက်စေမယ့် နောက်တစ်ယောက်ဆိုတာကိုတော့ မဖြစ်သင့်ပါ။
၁၃. သူ့အပေါ်မှာ မျှော်လင့်ချက်တွေ သင့်မထားသင့်ပါ။
ကိုယ့်အတွက်အောင်မြင်မှုကို ရရှိစေဖို့ရန် သူ့ကကြိုးစားမှသာလျှင် အောင်မြင်မှုတွေကို လက်ခံရရှိမယ်လို့တွေးထားရင်တော့ ဒီနေရာမှာတင် ရပ်လိုက်ပါ။ ကိုယ့်ရဲ့ပြသာနာအချို့ကို ကိုယ်တိုင်သာ ဖြေရှင်းလိုက်မယ်ဆိုရင် မကောင်းဘူးလား
၁၄. သူ့ကို အရင်လူနဲ့ လိုက်မတိုင်းပါနဲ့။
သူ့ကို ကိုယ်လိုချင်သလို ပုံသွင်းမယ်တွေးထားပြီး အရင်က ချစ်သူထက်စာရင် လိုအပ်ချက်တွေရှိပြီး စိတ်ထဲမှာ မတင်မကျဖြစ်နေတာတွေကို မေ့ထားလိုက်ပါ။ သူ့ဘဝကတော့ ဘဝပေးသမိုင်းအတိုင်းသွားမှာပါ။
၁၅. ပြောသင့်တာကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါစေ။
ကိုယ်စိတ်ထဲမှာ ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပွင်းလင်းမှသာ ဖြစ်လာမယ့်ပြသာနာတွေကို ကြိုတင်ရှောင်ရှားနိုင်မှာပါ။
၁၆. ကိုယ့်ကို နှိမ်နေမယ်ဆိုရင်တော့ လမ်းခွဲသင့်ပါတယ်။
သူ့ကကိုယ့်အပေါ်မှာ အမြဲဆိုသလို နှိမ်ပြီး ဆက်ဆံနေမယ်ဆိုရင်တော့ သူနဲ့လမ်းခွဲသင့်ပါတယ်။ ဘဝတစ်လျှောက်လုံး အနှိမ်ခံရမယ့်ဘဝကို ပျော်မွေ့မှာလား။
၁၇. သူရဲ့အရုပ်မဖြစ်သင့်ပါ။
ဝိတ်ချတာတွေ၊ အားကစားလိုက်လုပ်တာတွေက သူ့အတွက်မဟုတ်ပဲ ကိုယ့်အတွက်လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
၁၈. အခြားမိန်းကလေးတွေနဲ့ စကားပြောနေလည်း ပြသာနာ မရှာပါနဲ့။
အလုပ်ထဲမှာ၊ အပြင်မှာ သူက ကိုယ့်အပြင် အခြားမိန်းကလေး အကြောင်းကို ပြောနေပင်မယ့်လည်း စိတ်ထဲမှာ ဘယ်လိုမှ မထင်သင့်ပါ။ သူ့ရဲ့ရင်ထဲမှာ ကိုယ့်တစ်ယောက်တည်းဆိုတာကို သိထားလို့ပါ။
၁၉. အနာဂတ်မှာ လုပ်သင့်တာကို ပြောရဲရမယ်။
နှစ်ယောက်လက်တွဲသွားမယ့်အချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ရဲရဲဝံ့ဝံ့ပြောနိုင်ရမယ်။
၂၀. ယုံကြည်မှုရှိရမယ်။
သူကကိုယ့်ကို ချစ်နေတယ်ဆိုတာကို သူမပြောလည်း သိနေတယ်ဆိုတာကို စိတ်ထဲမှာ ထားလိုက်ပါ။ သူပြောမှ စိတ်အေးရမယ်ဆိုတဲ့ အတွေးကို စွန့်ပစ်လိုက်ပါ။
Credit:ChelmoTeam
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...