iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတို႕ရဲ႕ တစ္သက္တစ္ခါမဂၤလာလို႕ ေျပာၾကတဲ့ မဂၤလာပြဲကို ဆင္ႏႊဲၾကမဲ့ အခ်ိန္အခါမွာ ရိုးရာဓေလ့အတိုင္း ေတာင္းရမ္းမႈကလည္း အမ်ိဳးသမီးတစ္ေယာက္ကို ေလးစားမႈ တန္ဖိုးထားမႈကို ျပသရာ ေရာက္ပါတယ္။ ဓေလ့ထံုးတမ္းစဥ္လာေတြအရ ေတာင္းရမ္းတဲ့ပံုစံအမ်ိဳးမ်ိဳးရွိေပမဲ့ ေယာင္းတို႔အတြက္ အက္ဒ္မင့္ရဲ႕ ရုိးရာေတာင္းရမ္းပြဲ အေတြ႕အၾကံဳေလးကို ေျပာျပခ်င္တယ္ ေယာင္းေရ… ၿပီးေတာ့ ဘာေတြ တိုင္ပင္ရမလဲ ဆိုတာေရာေပါ့…

ေတာင္းရမ္းပြဲလုပ္ဖို႕ ရက္ေရြးထားပါ

ပထမဆံုး ဘယ္ေန႔မွာ ေယာင္းရဲ႕ ခ်စ္သူကလာေရာကေတာင္းရမ္းမွာလဲဆိုတာ အရင္ဆံုးတိုင္ပင္ထားပါ ေယာင္းေရ။ ႏွစ္ဦးသားလက္တြဲဖို႔ ပထမဆံုး ျပဳလုပ္ရတဲ့ပြဲဆိုေတာ့ ရက္ေကာင္းရက္သာေလးေတြေရြးၿပီး ႏွစ္ဘက္မိဘအဆင္ေျပမယ့္ေန႔ေလးကို ျပဳလုပ္သင့္တယ္ေနာ္။

ခ်စ္သူ အမ်ိဳးသားဘက္က ျပင္ဆင္ရမဲ့ ေတာင္းရမ္းပစၥည္းမ်ား

သတို႔သမီးေတာင္းရမ္းတဲ့ အုန္းပြဲ ငွက္ေပ်ာပြဲမွာ ပါဝင္မည့္ပစၥည္းေတြကေတာ့ ေရႊငွက္ေပ်ာ ဒါမွမဟုတ္ ရခိုင္ငွက္ေပ်ာ ၃ဖီး (ေရႊငွက္ေပ်ာနဲ႕ ေတာင္းရမ္းၾကသလို ရရင္ ခိုင္ျမဲေအာင္ဆိုတဲ့ အဓိပၸာယ္နဲ႕ ရခိုင္ငွက္ေပ်ာကို အသံုးျပဳတဲ့သူေတြလည္း ရွိပါတယ္ ေယာင္းတို႕စိတ္ႀကိဳက္ေပ့ါေနာ္)
အုန္းသီးလွလွေလး ၁လံုး
ကြမ္းယာ ၉ယာ (ပြဲထဲမွာထိုး)
ပန္း ၅ မ်ိဳး (အက္မင္တို႕တုန္းကေတာ့ ႏွင္းဆီ၊ စံပါယ္၊ ေရႊပန္း၊ ေငြပန္း နဲ႕ သေျပပန္းတို႕ကို ငွက္ေပ်ာပြဲမွာ အလွဆင္ထားပါတယ္)
လက္ဖက္အုပ္ (လက္ဖက္၊ ၾကက္သြန္ေၾကာ္၊ ႏွမ္း)
နံ႔သာရည္ နဲ႕ သေျပခက္ (ေငြဖလား အေသးထဲ နံ႔သာရည္ထည့္ၿပီး သေျပခက္စိုက္)
ေတာင္းရမ္းမဲ့ ေငြေၾကး နဲ႕ လက္စြပ္ (ဒါကေတာ့ ေယာင္းတို႕ႏွစ္ဦးတိုင္ပင္ထားရမွာပါ မဂၤလာေဆာင္ဖို႕ တင္ေတာင္းတဲ့ေငြေၾကးတစ္ခါတည္းထည့္မွာလား ဒါမွမဟုတ္ လက္စြပ္စြပ္ၿပီး အသိအမွတ္ျပဳမွာလား သတို႕သမီးအတြက္ သတို႕သားမိဘကေပးတဲ့လက္ေဆာင္ရွိမွာလားဆိုတာေတြက သတို႕သားဘက္ရဲ႕ တင္ေတာင္းမႈမွာ မူတည္ပါတယ္)
အေပၚက ေျပာျပခဲ့တဲ့ သတို႕သမီးေတာင္းရမ္းပစၥည္းေတြကို ေယာင္းရဲ႕ ခ်စ္သူအမ်ိဳးသားဘက္က စီစဥ္ခဲ့ရမွာပါ။ ေနာက္ၿပီး အဲဒီ အုန္းပြဲငွက္ေပ်ာပြဲကို ရြက္လာရမယ့္သူကေတာ့ သတို႕သားဘက္က ေဆြမ်ိဳးအမ်ိဳးသမီးႀကီး (သားဦးေမြးထားတဲ့သူဆို ပိုေကာင္းတယ္ဆိုတဲ့ ဓေလ့ရိုးရာေလးရွိတယ္ ဆိုတာကို အက္မင္တို႔ မဂၤလာေဆာင္တုန္းက ၾကားခဲ့ဖူးတယ္) ဒါမွမဟုတ္ ေယာင္းခ်စ္သူရဲ႕ မိခင္လည္း ရြက္လာလို႕ရပါတယ္။ သူတို႕ဘက္ကလဲ သူတို႕ရပ္ကြက္ရဲ႕လူႀကီး၊ မဂၤလာလမ္းေၾကာင္းေပးမယ့္ လူႀကီး၊ မိတ္ေဆြ အေပါင္းအသင္းေတြကို ေခၚလာရမွာပါ။
အက္ဒ္မင္တို႔ ေတာင္းရမ္းမဂၤလာပြဲတုန္းက

ကဲ ေယာင္းရဲ႕ခ်စ္သူအမ်ိဳးသားဘက္ကို ေျပာၿပီးၿပီဆိုေတာ့ ေယာင္းတို႕ဘက္ကျပင္ဆင္ထားရမွာေလးေတြ ၾကည့္ၾကရေအာင္..

ေငြဖလားနဲ႕ ပန္းအိုးအလွ ၂အိုးေလာက္ကို ညီအစ္မေတြ သူငယ္ခ်င္းေတြနဲ႕ အတူတူထုိးေပးထားပါ။
ဧည့္သည္ေတြကို ဧည့္ခံမယ့္ မုန္႕နဲ႔ ေကာ္ဖီေတြ (ဒါကေတာ့ကိုယ္ ႏွစ္သက္ရာေကၽြးႏုိင္ပါတယ္)
ဧည့္ခံမဲ့ လက္ဖက္ပြဲ
မဂၤလာလက္ေဆာင္ (ဒါကေတာ့ သတို႕သားဘက္ကလိုပဲ ေယာင္းတို႕ဘက္ကေပးမဲ့ လက္ေဆာင္ပစၥည္း ဒါမွမဟုတ္ လက္ဖြဲ႕ေငြေတြကို မိဘေတြက ေပးမယ္ဆိုရင္ တခါတည္းျပင္ဆင္ထားဖို႕လိုလိမ့္မယ္ေနာ္)
ေခၚထားရမဲ့ ဧည့္သည္ေတြကေတာ့

    ေတာင္းရမ္းပြဲကို လက္ခံမဲ့ အမ်ိဳးသမီးႀကီး (အေပၚက သတို႕သားအတိုင္း သားဦးေမြးတဲ့သူဆို ပိုေကာင္းပါတယ္ ဒါေပမဲ့ ကိုယ့္သေဘာအတိုင္း ကိုယ့္ရိုးရာနဲ႕ေတာ့ လုပ္လို႕ရပါတယ္)၊
    ရပ္ကြက္လူႀကီးေတြ
    မဂၤလာစကားေျပာေပးမယ့္လူႀကီး
    မိတ္ေဆြအေပါင္းအသင္းေတြကို ေခၚထားရမယ္ေနာ္
    ဒါေတြကေတာ့ ေယာင္းခ်စ္သူနဲ႕ ေယာင္းတို႕ဘက္က ျပင္ဆင္ထားရမဲ့ အေၾကာင္းအရာေတြေပါ့။

ေတာင္းရမ္းရက္ေရာက္ၿပီဆိုရင္ သတ္မွတ္ထားတဲ့အခ်ိန္မတိုင္ခင္ ေယာင္းတို႔အိမ္မွာ ဧည့္သည္လူႀကီးေတြကို ေခၚထားရမွာပါ။ ေယာင္းရဲ႕ ခ်စ္သူနဲ႕ ဧည့္သည္လူႀကီးေတြ ေရာက္ၿပီဆိုတာနဲ႕ အုန္းပြဲငွက္ေပ်ာပြဲကို ရြက္လာတဲ့အမ်ိဳးသမီးႀကီးက အေရွ႕ဆံုးကေနလာရမွာျဖစ္ၿပီး အိမ္အေပါက္ဝေရာက္ၿပီဆိုတာ ပြဲလက္ခံမဲ့ ေယာင္းဘက္က လက္ခံသူက ေမးခြန္းသံုးခုေမးရမွာျဖစ္ပါတယ္။

ေမးခြန္းေလးေတြက

ေရႊပါလား ေငြပါလား (အေျဖ – ေရႊလည္းပါတယ္ ေငြလည္းပါတယ္)

အေပၚကလာတာလား ေအာက္ကလာတာလား (အေျဖ – အေပၚကလာတာပါ)

ဆင္စီးလာလား ျမင္းစီးလာလား (အေျဖ – ဆင္စီးလာတာပါ)

အဲ့ဒီေမးခြန္းေလးေတြကို ေျဖၿပီးမွ ေတာင္းရမ္းအုန္းပြဲ၊ငွက္ေပ်ာပြဲကို ေယာင္းဘက္က လက္ခံယူမွသာ ပြဲကလက္ခံတယ္ဆိုတဲ့ သေဘာကို သက္ေရာက္မွာျဖစ္ပါတယ္။

သတို႕သမီးေတာင္းရမ္းမႈကို လက္ခံၿပီးၿပီဆိုရင္ေတာ့ သတို႕သားဘက္ကေန မဂၤလာလမ္းေၾကာင္းစကားေျပာရမွာပါ။ သတို႕သားဘက္ကေျပာၿပီးၿပီဆိုရင္ ေယာင္းဘက္က မဂၤလာစကားကိုေျပာမဲ့ လူႀကီးက ဆံုးမစကား စတာေတြကို ေျပာေပးမွာျဖစ္ပါတယ္။ ဂါရဝတရားမဂၤလာစကားေတြ ေျပာၿပီးၿပီဆိုရင္ မဂၤလာရက္၊ မဂၤလာပြဲကို သတ္မွတ္ၿပီး လက္ဖြဲ႕ပစၥည္းပါရင္ လက္ဖြဲ႕ပစၥည္းေပးရမွာျဖစ္ပါတယ္။ မပါရင္လည္း မဂၤလာရက္နဲ႕ မဂၤလာပြဲပဲသတ္မွတ္ရင္ရပါတယ္။

မဂၤလာေတာင္းရမ္းမႈအထေျမာက္သြားၿပီဆိုရင္ေတာ့ ႏွစ္ဘက္မိဘေတြက မဂၤလာသတို႕သားနဲ႕ သတို႕သမီးကို သေျပခက္နဲ႕ နံ႕သာရည္ျဖန္းပက္ေပးရမွာပါ။ ၿပီးရင္ေတာ့ ႏွစ္ဖက္မိဘေဆြမ်ိဳးလူႀကီးေတြကို မဂၤလာေမာင္ႏွံႏွစ္ဦး ဂါဝရျပဳကန္ေတာ့ၾကရမွာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဧည့္သည္ေဆြမ်ိဳးလူႀကီးမိဘေတြကို အသိအမွတ္ျပဳ လက္ဖက္ေကၽြးၿပီးၿပီဆိုရင္ေတာ့ ေယာင္းတို႕ႏွစ္ဦးရဲ႕ ေတာင္းရမ္းမဂၤလာက ေအာင္ျမင္စြာၿပီးေျမာက္ပါၿပီ ေယာင္းေရ… အားလံုးၿပီးၿပီဆိုရင္ေတာ့ ေယာင္းတို႕ထိုးထားတဲ့ ပန္းအိုးေတြ၊ ေတာင္းရမ္းအုန္းငွက္ေပ်ာပြဲနဲ႔ ေယာင္းတို႕ခ်စ္သူႏွစ္ဦး အလွဓါတ္ပံုေလးေတြ ရုိက္လို႔ ရၿပီေပါ့ေနာ္ (ဒါကအေရးအႀကီးဆံုးမဟုတ္လား 😛 ) ဒီအတြက္လည္း ေယာင္းတို႔ရဲ႕ ပြဲအစအဆံုးကို မွတ္တမ္းတင္ထားဖို႕ သူငယ္ခ်င္းမိတ္ေဆြေတြကို အကူအညီေတာင္းထားဖို႔ မေမ့နဲ႔ဦးေနာ္..

ကိုယ့္ခ်စ္ရတဲ့သူက အိမ္မွာလာေရာက္ေတာင္းရမ္းမွာကို အလွေတြျပင္ၿပီးေစာင့္ေနတဲ့ေယာင္းရဲ႕ ရင္ခုန္မႈက ဘာနဲ႕မွတန္ဖိုးမျဖတ္ႏုိင္ဘဲ အဲဒီအခ်ိန္ေလးေတြက မေျပာျပတတ္ေအာင္ စိတ္လႈပ္ရွားရင္ခုန္လႈိက္ေမာရမွာ မလြဲဘူးေယာင္းေရ။ ခ်စ္ရတဲ့ေယာင္းတို႕လည္း ေပ်ာ္ရႊင္ခ်မ္းေျမ့စရာ ေတာင္းရမ္းမဂၤလာေလးကို ခ်စ္တဲ့သူေတြနဲ႔ ဆင္ႏႊဲႏိုင္ၾကပါေစ။

Credit: May ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

မိန်းကလေးတို့ရဲ့ တစ်သက်တစ်ခါမင်္ဂလာလို့ ပြောကြတဲ့ မင်္ဂလာပွဲကို ဆင်နွှဲကြမဲ့ အချိန်အခါမှာ ရိုးရာဓလေ့အတိုင်း တောင်းရမ်းမှုကလည်း အမျိုးသမီးတစ်ယောက်ကို လေးစားမှု တန်ဖိုးထားမှုကို ပြသရာ ရောက်ပါတယ်။ ဓလေ့ထုံးတမ်းစဉ်လာတွေအရ တောင်းရမ်းတဲ့ပုံစံအမျိုးမျိုးရှိပေမဲ့ ယောင်းတို့အတွက် အက်ဒ်မင့်ရဲ့ ရိုးရာတောင်းရမ်းပွဲ အတွေ့အကြုံလေးကို ပြောပြချင်တယ် ယောင်းရေ… ပြီးတော့ ဘာတွေ တိုင်ပင်ရမလဲ ဆိုတာရောပေါ့…

တောင်းရမ်းပွဲလုပ်ဖို့ ရက်ရွေးထားပါ

ပထမဆုံး ဘယ်နေ့မှာ ယောင်းရဲ့ ချစ်သူကလာရောကတောင်းရမ်းမှာလဲဆိုတာ အရင်ဆုံးတိုင်ပင်ထားပါ ယောင်းရေ။ နှစ်ဦးသားလက်တွဲဖို့ ပထမဆုံး ပြုလုပ်ရတဲ့ပွဲဆိုတော့ ရက်ကောင်းရက်သာလေးတွေရွေးပြီး နှစ်ဘက်မိဘအဆင်ပြေမယ့်နေ့လေးကို ပြုလုပ်သင့်တယ်နော်။

ချစ်သူ အမျိုးသားဘက်က ပြင်ဆင်ရမဲ့ တောင်းရမ်းပစ္စည်းများ

သတို့သမီးတောင်းရမ်းတဲ့ အုန်းပွဲ ငှက်ပျောပွဲမှာ ပါဝင်မည့်ပစ္စည်းတွေကတော့ ရွှေငှက်ပျော ဒါမှမဟုတ် ရခိုင်ငှက်ပျော ၃ဖီး (ရွှေငှက်ပျောနဲ့ တောင်းရမ်းကြသလို ရရင် ခိုင်မြဲအောင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရခိုင်ငှက်ပျောကို အသုံးပြုတဲ့သူတွေလည်း ရှိပါတယ် ယောင်းတို့စိတ်ကြိုက်ပေ့ါနော်)
အုန်းသီးလှလှလေး ၁လုံး
ကွမ်းယာ ၉ယာ (ပွဲထဲမှာထိုး)
ပန်း ၅ မျိုး (အက်မင်တို့တုန်းကတော့ နှင်းဆီ၊ စံပါယ်၊ ရွှေပန်း၊ ငွေပန်း နဲ့ သပြေပန်းတို့ကို ငှက်ပျောပွဲမှာ အလှဆင်ထားပါတယ်)
လက်ဖက်အုပ် (လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်း)
နံ့သာရည် နဲ့ သပြေခက် (ငွေဖလား အသေးထဲ နံ့သာရည်ထည့်ပြီး သပြေခက်စိုက်)
တောင်းရမ်းမဲ့ ငွေကြေး နဲ့ လက်စွပ် (ဒါကတော့ ယောင်းတို့နှစ်ဦးတိုင်ပင်ထားရမှာပါ မင်္ဂလာဆောင်ဖို့ တင်တောင်းတဲ့ငွေကြေးတစ်ခါတည်းထည့်မှာလား ဒါမှမဟုတ် လက်စွပ်စွပ်ပြီး အသိအမှတ်ပြုမှာလား သတို့သမီးအတွက် သတို့သားမိဘကပေးတဲ့လက်ဆောင်ရှိမှာလားဆိုတာတွေက သတို့သားဘက်ရဲ့ တင်တောင်းမှုမှာ မူတည်ပါတယ်)
အပေါ်က ပြောပြခဲ့တဲ့ သတို့သမီးတောင်းရမ်းပစ္စည်းတွေကို ယောင်းရဲ့ ချစ်သူအမျိုးသားဘက်က စီစဉ်ခဲ့ရမှာပါ။ နောက်ပြီး အဲဒီ အုန်းပွဲငှက်ပျောပွဲကို ရွက်လာရမယ့်သူကတော့ သတို့သားဘက်က ဆွေမျိုးအမျိုးသမီးကြီး (သားဦးမွေးထားတဲ့သူဆို ပိုကောင်းတယ်ဆိုတဲ့ ဓလေ့ရိုးရာလေးရှိတယ် ဆိုတာကို အက်မင်တို့ မင်္ဂလာဆောင်တုန်းက ကြားခဲ့ဖူးတယ်) ဒါမှမဟုတ် ယောင်းချစ်သူရဲ့ မိခင်လည်း ရွက်လာလို့ရပါတယ်။ သူတို့ဘက်ကလဲ သူတို့ရပ်ကွက်ရဲ့လူကြီး၊ မင်္ဂလာလမ်းကြောင်းပေးမယ့် လူကြီး၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ခေါ်လာရမှာပါ။
အက်ဒ်မင်တို့ တောင်းရမ်းမင်္ဂလာပွဲတုန်းက

ကဲ ယောင်းရဲ့ချစ်သူအမျိုးသားဘက်ကို ပြောပြီးပြီဆိုတော့ ယောင်းတို့ဘက်ကပြင်ဆင်ထားရမှာလေးတွေ ကြည့်ကြရအောင်..

ငွေဖလားနဲ့ ပန်းအိုးအလှ ၂အိုးလောက်ကို ညီအစ်မတွေ သူငယ်ချင်းတွေနဲ့ အတူတူထိုးပေးထားပါ။
ဧည့်သည်တွေကို ဧည့်ခံမယ့် မုန့်နဲ့ ကော်ဖီတွေ (ဒါကတော့ကိုယ် နှစ်သက်ရာကျွေးနိုင်ပါတယ်)
ဧည့်ခံမဲ့ လက်ဖက်ပွဲ
မင်္ဂလာလက်ဆောင် (ဒါကတော့ သတို့သားဘက်ကလိုပဲ ယောင်းတို့ဘက်ကပေးမဲ့ လက်ဆောင်ပစ္စည်း ဒါမှမဟုတ် လက်ဖွဲ့ငွေတွေကို မိဘတွေက ပေးမယ်ဆိုရင် တခါတည်းပြင်ဆင်ထားဖို့လိုလိမ့်မယ်နော်)
ခေါ်ထားရမဲ့ ဧည့်သည်တွေကတော့

    တောင်းရမ်းပွဲကို လက်ခံမဲ့ အမျိုးသမီးကြီး (အပေါ်က သတို့သားအတိုင်း သားဦးမွေးတဲ့သူဆို ပိုကောင်းပါတယ် ဒါပေမဲ့ ကိုယ့်သဘောအတိုင်း ကိုယ့်ရိုးရာနဲ့တော့ လုပ်လို့ရပါတယ်)၊
    ရပ်ကွက်လူကြီးတွေ
    မင်္ဂလာစကားပြောပေးမယ့်လူကြီး
    မိတ်ဆွေအပေါင်းအသင်းတွေကို ခေါ်ထားရမယ်နော်
    ဒါတွေကတော့ ယောင်းချစ်သူနဲ့ ယောင်းတို့ဘက်က ပြင်ဆင်ထားရမဲ့ အကြောင်းအရာတွေပေါ့။

တောင်းရမ်းရက်ရောက်ပြီဆိုရင် သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ယောင်းတို့အိမ်မှာ ဧည့်သည်လူကြီးတွေကို ခေါ်ထားရမှာပါ။ ယောင်းရဲ့ ချစ်သူနဲ့ ဧည့်သည်လူကြီးတွေ ရောက်ပြီဆိုတာနဲ့ အုန်းပွဲငှက်ပျောပွဲကို ရွက်လာတဲ့အမျိုးသမီးကြီးက အရှေ့ဆုံးကနေလာရမှာဖြစ်ပြီး အိမ်အပေါက်ဝရောက်ပြီဆိုတာ ပွဲလက်ခံမဲ့ ယောင်းဘက်က လက်ခံသူက မေးခွန်းသုံးခုမေးရမှာဖြစ်ပါတယ်။

မေးခွန်းလေးတွေက

ရွှေပါလား ငွေပါလား (အဖြေ – ရွှေလည်းပါတယ် ငွေလည်းပါတယ်)

အပေါ်ကလာတာလား အောက်ကလာတာလား (အဖြေ – အပေါ်ကလာတာပါ)

ဆင်စီးလာလား မြင်းစီးလာလား (အဖြေ – ဆင်စီးလာတာပါ)

အဲ့ဒီမေးခွန်းလေးတွေကို ဖြေပြီးမှ တောင်းရမ်းအုန်းပွဲ၊ငှက်ပျောပွဲကို ယောင်းဘက်က လက်ခံယူမှသာ ပွဲကလက်ခံတယ်ဆိုတဲ့ သဘောကို သက်ရောက်မှာဖြစ်ပါတယ်။

သတို့သမီးတောင်းရမ်းမှုကို လက်ခံပြီးပြီဆိုရင်တော့ သတို့သားဘက်ကနေ မင်္ဂလာလမ်းကြောင်းစကားပြောရမှာပါ။ သတို့သားဘက်ကပြောပြီးပြီဆိုရင် ယောင်းဘက်က မင်္ဂလာစကားကိုပြောမဲ့ လူကြီးက ဆုံးမစကား စတာတွေကို ပြောပေးမှာဖြစ်ပါတယ်။ ဂါရဝတရားမင်္ဂလာစကားတွေ ပြောပြီးပြီဆိုရင် မင်္ဂလာရက်၊ မင်္ဂလာပွဲကို သတ်မှတ်ပြီး လက်ဖွဲ့ပစ္စည်းပါရင် လက်ဖွဲ့ပစ္စည်းပေးရမှာဖြစ်ပါတယ်။ မပါရင်လည်း မင်္ဂလာရက်နဲ့ မင်္ဂလာပွဲပဲသတ်မှတ်ရင်ရပါတယ်။

မင်္ဂလာတောင်းရမ်းမှုအထမြောက်သွားပြီဆိုရင်တော့ နှစ်ဘက်မိဘတွေက မင်္ဂလာသတို့သားနဲ့ သတို့သမီးကို သပြေခက်နဲ့ နံ့သာရည်ဖြန်းပက်ပေးရမှာပါ။ ပြီးရင်တော့ နှစ်ဖက်မိဘဆွေမျိုးလူကြီးတွေကို မင်္ဂလာမောင်နှံနှစ်ဦး ဂါဝရပြုကန်တော့ကြရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဧည့်သည်ဆွေမျိုးလူကြီးမိဘတွေကို အသိအမှတ်ပြု လက်ဖက်ကျွေးပြီးပြီဆိုရင်တော့ ယောင်းတို့နှစ်ဦးရဲ့ တောင်းရမ်းမင်္ဂလာက အောင်မြင်စွာပြီးမြောက်ပါပြီ ယောင်းရေ… အားလုံးပြီးပြီဆိုရင်တော့ ယောင်းတို့ထိုးထားတဲ့ ပန်းအိုးတွေ၊ တောင်းရမ်းအုန်းငှက်ပျောပွဲနဲ့ ယောင်းတို့ချစ်သူနှစ်ဦး အလှဓါတ်ပုံလေးတွေ ရိုက်လို့ ရပြီပေါ့နော် (ဒါကအရေးအကြီးဆုံးမဟုတ်လား 😛 ) ဒီအတွက်လည်း ယောင်းတို့ရဲ့ ပွဲအစအဆုံးကို မှတ်တမ်းတင်ထားဖို့ သူငယ်ချင်းမိတ်ဆွေတွေကို အကူအညီတောင်းထားဖို့ မမေ့နဲ့ဦးနော်..

ကိုယ့်ချစ်ရတဲ့သူက အိမ်မှာလာရောက်တောင်းရမ်းမှာကို အလှတွေပြင်ပြီးစောင့်နေတဲ့ယောင်းရဲ့ ရင်ခုန်မှုက ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘဲ အဲဒီအချိန်လေးတွေက မပြောပြတတ်အောင် စိတ်လှုပ်ရှားရင်ခုန်လှိုက်မောရမှာ မလွဲဘူးယောင်းရေ။ ချစ်ရတဲ့ယောင်းတို့လည်း ပျော်ရွှင်ချမ်းမြေ့စရာ တောင်းရမ်းမင်္ဂလာလေးကို ချစ်တဲ့သူတွေနဲ့ ဆင်နွှဲနိုင်ကြပါစေ။

Credit: May ( For Her Myanmar )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top